အန်-နီဆာ · 73/176
ဘာသာပြန် အသံနိုင်ငံ — စူရာ အန်-နီဆာ
وَلَئِنْ أَصَابَكُمْ فَضْلٌ مِّنَ اللَّهِ لَيَقُولَنَّ كَأَن لَّمْ تَكُن بَيْنَكُمْ وَبَيْنَهُ مَوَدَّةٌ يَا لَيْتَنِي كُنتُ مَعَهُمْ فَأَفُوزَ فَوْزًا عَظِيمًا ۝٧٣
Wa la`in asaabakum fadlum minal laahi la yaqoolanna ka al lam takum bainakum wa bainahoo mawaddatuny yaa laitanee kuntu ma`ahum fa afooza fawzan `azeemaa
📖 မြန်မာဘာသာ
သို့ရာတွင် အကယ်၍ အသင်တို့၌ အလ္လာဟ်အရှင်မြတ်ထံတော်မှ ကျေးဇူးတော်သည် ဆိုက်ရောက်ခဲ့မူ ထိုသူသည် အသင်တို့နှင့် ၎င်း၏အကြားတွင် ခင်မင်ရင်းနှီးမှု လုံးဝမရှိခဲ့ဘူးသည့်အလား၊ ဪ- ကျွန်ုပ်သည်လည်း ထိုသူတို့နှင့်အတူ (စစ်မြေပြင်သို့လိုက်ပါသွားသည်) ဖြစ်ခဲ့ပါလျှင် ကောင်းလေစွတကား။ သို့ (လိုက်ပါသွားခဲ့) ပါလျှင်၊ ကျွန်ုပ်သည်လည်း (၎င်းတို့ကဲ့သို့ပင်) ကြီးကျယ်လှစွာသော အောင်မြင်မှုကို ရရှိချေမည်တကား”ဟု ဧကန်မလွဲ (ဟစ်ကြွေး) ပြောဆိုလေသတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 71-75 — စူရာ အန်-နီဆာ

71يَا أَيُّهَا الَّذِينَ آمَنُوا خُذُوا حِذْرَكُمْ فَانفِرُوا ثُبَاتٍ أَوِ انفِرُوا جَمِيعًا
အို- မုအ်မင်န် သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် မိမိတို့၏ (ကြိုတင်) ကာကွယ်မှုကို ပြင်ဆင်ပြုလုပ်ကြလေကုန်။ (တစ်နည်း- အသင်တို့သည် မိမိတို့၏လက်နက်များကို စွဲကိုင် ထားကြလေကုန်။) ထို့နောက် အသင်တို့သည် (ရန်သူတို့နှင့် ပြိုင်ဆိုင်တိုက်ခိုက်ကြရန်) အစုလိုက် ချီတက်ကြလေကုန်၊ သို့တည်းမဟုတ် အသင်တို့သည် တစ်စည်းတစ်လုံးတည်း ချီတက်ကြလေကုန်။
72وَإِنَّ مِنكُمْ لَمَن لَّيُبَطِّئَنَّ فَإِنْ أَصَابَتْكُم مُّصِيبَةٌ قَالَ قَدْ أَنْعَمَ اللَّهُ عَلَيَّ إِذْ لَمْ أَكُن مَّعَهُمْ شَهِيدًا
၎င်းပြင် မုချဧကန် အသင်တို့တွင် အကြင်ကဲ့သို့သောသူလည်းရှိ၏။ ထိုသူသည် (စစ် မြေပြင်သို့ လိုက်ပါသွားခြင်းမပြုဘဲ) ဖင့်နွဲ့ဆိုင်းတွ (ကျန်ရစ်) လေသည်။ တစ်ဖန် အကယ်၍ အသင်တို့၌ ဘေးအန္တရာယ် တစ်စုံတစ်ရာ ဆိုက်ရောက်ခဲ့မူ ထိုသူက “ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် ကျွန်ုပ်၏အပေါ်၌ ကျေးဇူးပြုတော်မူခဲ့လေပြီ။ ထို့အတွက်ကြောင့်ပင် ကျွန်ုပ်သည် ထိုသူတို့နှင့်အတူ (စစ်မြေပြင်သို့) လိုက်ပါသွားခြင်းမရှိခဲ့ပြီ” ဟု ပြောဆိုလေသည်။
73وَلَئِنْ أَصَابَكُمْ فَضْلٌ مِّنَ اللَّهِ لَيَقُولَنَّ كَأَن لَّمْ تَكُن بَيْنَكُمْ وَبَيْنَهُ مَوَدَّةٌ يَا لَيْتَنِي كُنتُ مَعَهُمْ فَأَفُوزَ فَوْزًا عَظِيمًا
သို့ရာတွင် အကယ်၍ အသင်တို့၌ အလ္လာဟ်အရှင်မြတ်ထံတော်မှ ကျေးဇူးတော်သည် ဆိုက်ရောက်ခဲ့မူ ထိုသူသည် အသင်တို့နှင့် ၎င်း၏အကြားတွင် ခင်မင်ရင်းနှီးမှု လုံးဝမရှိခဲ့ဘူးသည့်အလား၊ ဪ- ကျွန်ုပ်သည်လည်း ထိုသူတို့နှင့်အတူ (စစ်မြေပြင်သို့လိုက်ပါသွားသည်) ဖြစ်ခဲ့ပါလျှင် ကောင်းလေစွတကား။ သို့ (လိုက်ပါသွားခဲ့) ပါလျှင်၊ ကျွန်ုပ်သည်လည်း (၎င်းတို့ကဲ့သို့ပင်) ကြီးကျယ်လှစွာသော အောင်မြင်မှုကို ရရှိချေမည်တကား”ဟု ဧကန်မလွဲ (ဟစ်ကြွေး) ပြောဆိုလေသတည်း။
74۞ فَلْيُقَاتِلْ فِي سَبِيلِ اللَّهِ الَّذِينَ يَشْرُونَ الْحَيَاةَ الدُّنْيَا بِالْآخِرَةِ ۚ وَمَن يُقَاتِلْ فِي سَبِيلِ اللَّهِ فَيُقْتَلْ أَوْ يَغْلِبْ فَسَوْفَ نُؤْتِيهِ أَجْرًا عَظِيمًا
သို့ဖြစ်ပေရာ ပစ္စုပ္ပန်ဘဝကို နောင်တမလွန်ဘဝဖြင့် လဲလှယ်ရောင်းချကြသောသူတို့သည် အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ စစ်မက်ပြိုင်ဆိုင်တိုက်ခိုက်ကြရပေမည်။ (တစ်နည်း- သို့ဖြစ်ပေရာ ထိုသူသည် အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ အကြင်သူများနှင့် စစ်မက်ပြိုင်ဆိုင်တိုက်ခိုက်ရပေမည်။ ထိုသူတို့သည် မျက်မှောက်ဘဝကို နောင်တမလွန်ဘဝဖြင့် လဲလှယ်ဝယ်ယူကြ၏) စင်စစ်သော်ကား မည်သူမဆို အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ စစ်မက်ပြိုင်ဆိုင်တိုက်ခိုက်အံ့။ ထို့နောက် သို့တိုက်ခိုက်ရာတွင် ထိုသူသည် အသတ်ခံရသည်ဖြစ်စေ၊ အောင်နိုင်သည်ဖြစ်စေ ငါအရှင်သည် ထိုသူ့အား မကြာမြင့်မီအတွင်း ကြီးကျယ်မြင့်မြတ်သောအကျိုးကို ပေးသနားတော်မူအံ့။
75وَمَا لَكُمْ لَا تُقَاتِلُونَ فِي سَبِيلِ اللَّهِ وَالْمُسْتَضْعَفِينَ مِنَ الرِّجَالِ وَالنِّسَاءِ وَالْوِلْدَانِ الَّذِينَ يَقُولُونَ رَبَّنَا أَخْرِجْنَا مِنْ هَٰذِهِ الْقَرْيَةِ الظَّالِمِ أَهْلُهَا وَاجْعَل لَّنَا مِن لَّدُنكَ وَلِيًّا وَاجْعَل لَّنَا مِن لَّدُنكَ نَصِيرًا
စင်စစ်ဆိုသော် အသင်တို့၌ မည်သည့်အကြောင်းရှိချေသနည်း။ အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌လည်းကောင်း၊ အကြင် အင်အားချည့်နဲ့သော ယောက်ျား၊ မိန်းမနှင့် ကလေး သူငယ်တို့ (အား ကယ်တင်ရန်) အလို့ငှာလည်းကောင်း၊ စစ်မက်ပြိုင်ဆိုင်တိုက်ခိုက်ခြင်း မပြုကြချေ။ ထို (ယောက်ျား၊ မိန်းမနှင့် ကလေးသူငယ်) တို့သည်ကား၊ “အို- ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ အရှင်မြတ်သည် ကျွန်တော်မျိုးတို့အား ဤအကြင်မြို့ရွာမှ ထုတ်ဆောင်တော်မူပါ။ ထို မြို့ရွာသူမြို့ရွာသားများသည် မတရား နှိပ်စက်ညှဉ်းပန်းသူများဖြစ်ကြပါ၏။ ၎င်းပြင် အရှင်မြတ်သည် ကျွန်တော်မျိုးတို့အဖို့ မိမိအထံတော်မှ အဆွေခင်ပွန်းတစ်ဦးဦးကို ဖန်တီး၍ပေးသနားတော်မူပါ။ ထိုနည်းတူစွာ အရှင်မြတ်သည် ကျွန်တော်မျိုးတို့အဖို့ မိမိအထံတော်မှ ကာကွယ်စောင့်ရှောက်မည့်သူ တစ်ဦးဦးကိုလည်း ဖန်တီး၍ပေးသနားတော်မူပါ” ဟုလျှောက်ထားပန်ကြားလျက် ရှိကြကုန်သတည်း။
အန်-နီဆာကုရ်အာန် ညွှန်းကိန်း
176အာယာသ်
MedinanRevelation
73အာယာသ်

ဘာသာပြန် — အန်-နီဆာ 73

စူရာ အန်-နီဆာ အာယာသ် 73 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : သို့ရာတွင် အကယ်၍ အသင်တို့၌ အလ္လာဟ်အရှင်မြတ်ထံတော်မှ ကျေးဇူးတော်သည် ဆိုက်ရောက်ခဲ့မူ ထိုသူသည် အသင်တို့နှင့် ၎င်း၏အကြားတွင် ခင်မင်ရင်းနှီးမှု…

စူရာ အာယာသ် 73/176 — စူရာ အန်-နီဆာ النساء (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အန်-နီဆာ နားထောင်, စူရာ အန်-နီဆာ ဘာသာပြန်, စူရာ အန်-နီဆာ mp3, စူရာ အန်-နီဆာ pdf. အာယာသ် 71–75. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Monday, September 28, 2026

Don't forget us in your sincere prayers