အန်-နီဆာ · 72/176
ဘာသာပြန် အသံနိုင်ငံ — စူရာ အန်-နီဆာ
وَإِنَّ مِنكُمْ لَمَن لَّيُبَطِّئَنَّ فَإِنْ أَصَابَتْكُم مُّصِيبَةٌ قَالَ قَدْ أَنْعَمَ اللَّهُ عَلَيَّ إِذْ لَمْ أَكُن مَّعَهُمْ شَهِيدًا ۝٧٢
Wa inna minkum lamal la yubatti`anna fa in asaabatkum museebatun qaala qad an`amal laahu `alaiya iz lam akum ma`ahum shaheeda
📖 မြန်မာဘာသာ
၎င်းပြင် မုချဧကန် အသင်တို့တွင် အကြင်ကဲ့သို့သောသူလည်းရှိ၏။ ထိုသူသည် (စစ် မြေပြင်သို့ လိုက်ပါသွားခြင်းမပြုဘဲ) ဖင့်နွဲ့ဆိုင်းတွ (ကျန်ရစ်) လေသည်။ တစ်ဖန် အကယ်၍ အသင်တို့၌ ဘေးအန္တရာယ် တစ်စုံတစ်ရာ ဆိုက်ရောက်ခဲ့မူ ထိုသူက “ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် ကျွန်ုပ်၏အပေါ်၌ ကျေးဇူးပြုတော်မူခဲ့လေပြီ။ ထို့အတွက်ကြောင့်ပင် ကျွန်ုပ်သည် ထိုသူတို့နှင့်အတူ (စစ်မြေပြင်သို့) လိုက်ပါသွားခြင်းမရှိခဲ့ပြီ” ဟု ပြောဆိုလေသည်။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. စကားလုံးများ၏ အဓိပ္ပာယ်ရှင်းလင်းချက်
  • လယုဗသ်သိအန္န (لَيُبَطِّئَنَّ) — နောက်ကျအောင်လုပ်သူ၊ နှောင့်နှေးစေသူ၊ တိုက်ပွဲမှ နောက်ဆုတ်နေသူဟု အဓိပ္ပာယ်ရသည်။
  • မုဆီဗသ် (مُّصِيبَة) — ဘေးအန္တရာယ်၊ ဆုံးရှုံးမှု၊ သတ်ဖြတ်ခံရမှု သို့မဟုတ် ရှုံးနိမ့်မှုကို ဆိုလိုသည်။
  • ရှဟီဒန် (شَهِيدًا) — ဤနေရာတွင် သက်သေခံသူဟု မဟုတ်ဘဲ တိုက်ပွဲတွင် ပါဝင်တွေ့မြင်သူ၊ ရှေ့တန်းတွင် ရှိနေသူဟု အဓိပ္ပာယ်ရသည်။
  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

အို မွတ်စ်လင်မ်တို့၊ သင်တို့အထဲတွင် အချို့သောသူများသည် ရန်သူများနှင့် တိုက်ခိုက်ရန် ထွက်ခွာခြင်းကို နောက်ကျစေသူများ၊ မိမိတို့ကိုယ်တိုင်လည်း နောက်ဆုတ်နေပြီး အခြားသူများကိုပါ နောက်ကျအောင် တွန်းအားပေးသူများ ရှိကြသည်။ ထိုသူများသည် အီမာန်အားနည်းသူများနှင့် အယောင်ဆောင်သူများ ဖြစ်ကြသည်။ အကယ်၍ သင်တို့သည် တိုက်ပွဲတွင် သတ်ဖြတ်ခံရခြင်း သို့မဟုတ် ရှုံးနိမ့်ခြင်းကဲ့သို့သော ဘေးအန္တရာယ်တစ်ခုခုနှင့် ကြုံတွေ့ရလျှင် ထိုသူက မိမိ ဘေးကင်းလွတ်မြောက်ခဲ့သည့်အတွက် ဝမ်းသာအားရဖြင့် “အလ္လာဟ်အရှင်မြတ်သည် ကျွန်ုပ်အပေါ် ကျေးဇူးပြုတော်မူခဲ့သည်။ ကျွန်ုပ်သည် သူတို့နှင့်အတူ တိုက်ပွဲတွင် ပါဝင်ခဲ့ခြင်းမရှိခဲ့ပါ။ ထို့ကြောင့် သူတို့ကြုံတွေ့ခဲ့ရသော ဘေးအန္တရာယ်သည် ကျွန်ုပ်အပေါ် မကျရောက်ခဲ့ပါ” ဟု ပြောဆိုလေသည်။

ဤအာယသ်တော်သည် မုနာဖိကူန်များ၏ သဘောထားကို ဖော်ပြထားခြင်း ဖြစ်သည်။ သူတို့သည် အစ္စလာမ့်အသိုင်းအဝိုင်း၏ အကျိုးအတွက် စွန့်လွှတ်အနစ်နာခံရန် ဝန်လေးကြပြီး၊ တိုက်ပွဲမှ နောက်ဆုတ်ရန် အကြောင်းပြချက်များကို ရှာဖွေကြသည်။ သို့သော် မွတ်စ်လင်မ်များ ဘေးအန္တရာယ်နှင့် ကြုံတွေ့ရသောအခါ သူတို့သည် မိမိတို့ ဘေးကင်းခဲ့သည့်အတွက် ဂုဏ်ယူဝမ်းသာကြပြီး၊ ထိုဘေးသည် မိမိတို့အပေါ် မကျရောက်ခဲ့သည်ကို အလ္လာဟ်၏ ကျေးဇူးတော်အဖြစ် ရှုမြင်ကြသည်။ ဤသည်မှာ သူတို့၏ စိတ်နှလုံးထဲတွင် အီမာန်မရှိကြောင်း၊ မွတ်စ်လင်မ်အသိုင်းအဝိုင်းအပေါ် စာနာမှုမရှိကြောင်း ထင်ရှားစေသည်။ အမှန်တကယ် အီမာန်ရှိသူများမှာမူ အသိုင်းအဝိုင်း၏ ဝန်ထုပ်ဝန်ပိုးကို မျှဝေထမ်းရွက်ကြပြီး၊ ဘေးအန္



📜 အာယာသ် 70-74 — စူရာ အန်-နီဆာ

70ذَٰلِكَ الْفَضْلُ مِنَ اللَّهِ ۚ وَكَفَىٰ بِاللَّهِ عَلِيمًا
ဤသည်ကား၊ အလ္လာဟ်အရှင်မြတ်အထံတော်မှ ကျေးဇူးတော်ပင်တည်း။ စင်စစ်မူကား အလ္လာဟ်အရှင်မြတ်သည်ပင်လျှင် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့သိရှိတော်မူသော အရှင်မြတ်အဖြစ် လုံလောက်လှတော်မူပေသတည်း။
71يَا أَيُّهَا الَّذِينَ آمَنُوا خُذُوا حِذْرَكُمْ فَانفِرُوا ثُبَاتٍ أَوِ انفِرُوا جَمِيعًا
အို- မုအ်မင်န် သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် မိမိတို့၏ (ကြိုတင်) ကာကွယ်မှုကို ပြင်ဆင်ပြုလုပ်ကြလေကုန်။ (တစ်နည်း- အသင်တို့သည် မိမိတို့၏လက်နက်များကို စွဲကိုင် ထားကြလေကုန်။) ထို့နောက် အသင်တို့သည် (ရန်သူတို့နှင့် ပြိုင်ဆိုင်တိုက်ခိုက်ကြရန်) အစုလိုက် ချီတက်ကြလေကုန်၊ သို့တည်းမဟုတ် အသင်တို့သည် တစ်စည်းတစ်လုံးတည်း ချီတက်ကြလေကုန်။
72وَإِنَّ مِنكُمْ لَمَن لَّيُبَطِّئَنَّ فَإِنْ أَصَابَتْكُم مُّصِيبَةٌ قَالَ قَدْ أَنْعَمَ اللَّهُ عَلَيَّ إِذْ لَمْ أَكُن مَّعَهُمْ شَهِيدًا
၎င်းပြင် မုချဧကန် အသင်တို့တွင် အကြင်ကဲ့သို့သောသူလည်းရှိ၏။ ထိုသူသည် (စစ် မြေပြင်သို့ လိုက်ပါသွားခြင်းမပြုဘဲ) ဖင့်နွဲ့ဆိုင်းတွ (ကျန်ရစ်) လေသည်။ တစ်ဖန် အကယ်၍ အသင်တို့၌ ဘေးအန္တရာယ် တစ်စုံတစ်ရာ ဆိုက်ရောက်ခဲ့မူ ထိုသူက “ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် ကျွန်ုပ်၏အပေါ်၌ ကျေးဇူးပြုတော်မူခဲ့လေပြီ။ ထို့အတွက်ကြောင့်ပင် ကျွန်ုပ်သည် ထိုသူတို့နှင့်အတူ (စစ်မြေပြင်သို့) လိုက်ပါသွားခြင်းမရှိခဲ့ပြီ” ဟု ပြောဆိုလေသည်။
73وَلَئِنْ أَصَابَكُمْ فَضْلٌ مِّنَ اللَّهِ لَيَقُولَنَّ كَأَن لَّمْ تَكُن بَيْنَكُمْ وَبَيْنَهُ مَوَدَّةٌ يَا لَيْتَنِي كُنتُ مَعَهُمْ فَأَفُوزَ فَوْزًا عَظِيمًا
သို့ရာတွင် အကယ်၍ အသင်တို့၌ အလ္လာဟ်အရှင်မြတ်ထံတော်မှ ကျေးဇူးတော်သည် ဆိုက်ရောက်ခဲ့မူ ထိုသူသည် အသင်တို့နှင့် ၎င်း၏အကြားတွင် ခင်မင်ရင်းနှီးမှု လုံးဝမရှိခဲ့ဘူးသည့်အလား၊ ဪ- ကျွန်ုပ်သည်လည်း ထိုသူတို့နှင့်အတူ (စစ်မြေပြင်သို့လိုက်ပါသွားသည်) ဖြစ်ခဲ့ပါလျှင် ကောင်းလေစွတကား။ သို့ (လိုက်ပါသွားခဲ့) ပါလျှင်၊ ကျွန်ုပ်သည်လည်း (၎င်းတို့ကဲ့သို့ပင်) ကြီးကျယ်လှစွာသော အောင်မြင်မှုကို ရရှိချေမည်တကား”ဟု ဧကန်မလွဲ (ဟစ်ကြွေး) ပြောဆိုလေသတည်း။
74۞ فَلْيُقَاتِلْ فِي سَبِيلِ اللَّهِ الَّذِينَ يَشْرُونَ الْحَيَاةَ الدُّنْيَا بِالْآخِرَةِ ۚ وَمَن يُقَاتِلْ فِي سَبِيلِ اللَّهِ فَيُقْتَلْ أَوْ يَغْلِبْ فَسَوْفَ نُؤْتِيهِ أَجْرًا عَظِيمًا
သို့ဖြစ်ပေရာ ပစ္စုပ္ပန်ဘဝကို နောင်တမလွန်ဘဝဖြင့် လဲလှယ်ရောင်းချကြသောသူတို့သည် အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ စစ်မက်ပြိုင်ဆိုင်တိုက်ခိုက်ကြရပေမည်။ (တစ်နည်း- သို့ဖြစ်ပေရာ ထိုသူသည် အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ အကြင်သူများနှင့် စစ်မက်ပြိုင်ဆိုင်တိုက်ခိုက်ရပေမည်။ ထိုသူတို့သည် မျက်မှောက်ဘဝကို နောင်တမလွန်ဘဝဖြင့် လဲလှယ်ဝယ်ယူကြ၏) စင်စစ်သော်ကား မည်သူမဆို အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ စစ်မက်ပြိုင်ဆိုင်တိုက်ခိုက်အံ့။ ထို့နောက် သို့တိုက်ခိုက်ရာတွင် ထိုသူသည် အသတ်ခံရသည်ဖြစ်စေ၊ အောင်နိုင်သည်ဖြစ်စေ ငါအရှင်သည် ထိုသူ့အား မကြာမြင့်မီအတွင်း ကြီးကျယ်မြင့်မြတ်သောအကျိုးကို ပေးသနားတော်မူအံ့။
အန်-နီဆာကုရ်အာန် ညွှန်းကိန်း
176အာယာသ်
MedinanRevelation
72အာယာသ်

ဘာသာပြန် — အန်-နီဆာ 72

စူရာ အန်-နီဆာ အာယာသ် 72 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ၎င်းပြင် မုချဧကန် အသင်တို့တွင် အကြင်ကဲ့သို့သောသူလည်းရှိ၏။ ထိုသူသည် (စစ် မြေပြင်သို့ လိုက်ပါသွားခြင်းမပြုဘဲ) ဖင့်နွဲ့ဆိုင်းတွ (ကျန်ရစ်)…

စူရာ အာယာသ် 72/176 — စူရာ အန်-နီဆာ النساء (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အန်-နီဆာ နားထောင်, စူရာ အန်-နီဆာ ဘာသာပြန်, စူရာ အန်-နီဆာ mp3, စူရာ အန်-နီဆာ pdf. အာယာသ် 70–74. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Monday, November 9, 2026

Don't forget us in your sincere prayers