ဂါဖီရ် · 50/85
ဘာသာပြန် အသံနိုင်ငံ — စူရာ ဂါဖီရ်
قَالُوا أَوَلَمْ تَكُ تَأْتِيكُمْ رُسُلُكُم بِالْبَيِّنَاتِ ۖ قَالُوا بَلَىٰ ۚ قَالُوا فَادْعُوا ۗ وَمَا دُعَاءُ الْكَافِرِينَ إِلَّا فِي ضَلَالٍ ۝٥٠
Qaalooo awalam taku taateekum Rusulukum bilbaiyinaati qaaloo balaa` qaaloo fad`oo; wa maa du`aaa`ul kaafireena illaa fee dalaal
📖 မြန်မာဘာသာ
(ထိုရောအခါဝယ်) ထိုအစောင့်အကြပ်တို့က "အသင်တို့၏ ရစူလ်တမန်တော်များသည် အသင်တို့ထံ ထင်ရှားစွာသော သက်သေလက္ခဏာတော်များကို ယူဆောင်လာလေ့ရှိခဲ့ကြသည် မဟုတ်လော" ဟု ပြောဆို(မေးမြန်း)လေသော်၊ ၎င်းတို့က "အဘယ်ကြောင့် မဟုတ်ပါသနည်း။"(အမှန်ပင် ယူဆောင်ခဲ့ကြပေသည်)ဟု ပြောဆို(ဖြေကြား)ကြပေမည်။ (ထိုအခါ)ထိုအစောင့်အကြပ်တို့က "သို့ဖြစ်လျှင် အသင်တို့ ကိုယ်တိုင်ပင် ဆုတောင်းပတ္ထနာ ပြုကြကုန်လော့။" ဟု ပြန်ကြားကြပေမည်။ စင်စစ်သော်ကား (နောင်တမလွန်ဘဝ၌)"ကာဖိရ်"သွေဖည်ငြင်းပယ်သောသူတို့၏ ဆုတောင်းပတ္ထနာသည် အချည်းနှီးပင်

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 48-52 — စူရာ ဂါဖီရ်

48قَالَ الَّذِينَ اسْتَكْبَرُوا إِنَّا كُلٌّ فِيهَا إِنَّ اللَّهَ قَدْ حَكَمَ بَيْنَ الْعِبَادِ
(ထိုအခါ) အကြီးအကဲတို့က "ဧကန်စင်စစ် ကျွန်ုပ်တို့အားလုံးတို့သည်ပင် ယင်းငရဲမီး၌ ရှိနေကြကုန်၏။ ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် (မိမိ) ကျွန်တို့၏အကြားဝယ် (ယတိပြတ်)စီရင်ဆုံးဖြတ်တော် မူလိုက်လေပြီ" ဟု ပြောဆိုဖြေကြားကြပေမည်။
49وَقَالَ الَّذِينَ فِي النَّارِ لِخَزَنَةِ جَهَنَّمَ ادْعُوا رَبَّكُمْ يُخَفِّفْ عَنَّا يَوْمًا مِّنَ الْعَذَابِ
ထို့နောက် ငရဲမီး၌ရှိကြသူ(အားလုံး)တို့သည် "ဂျဟန္နမ်" ငရဲဘုံကိုစောင့်ကြပ်သော("မလာအိကဟ်"ကောင်းကင်တမန်)တို့အား "အသင်တို့သည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်တွင် ဆုတောင်းပတ္ထနာပြုကြပါလျှင် ထိုအရှင်မြတ်သည် တစ်နေ့တလေမျှပင် ပြစ်ဒဏ်ကို ကျွန်ုပ်တို့မှ ပေါ့လျော့စေတော်မူမည်"ဟု ပြောဆို(အသနားခံ)ကြပေမည်။
50قَالُوا أَوَلَمْ تَكُ تَأْتِيكُمْ رُسُلُكُم بِالْبَيِّنَاتِ ۖ قَالُوا بَلَىٰ ۚ قَالُوا فَادْعُوا ۗ وَمَا دُعَاءُ الْكَافِرِينَ إِلَّا فِي ضَلَالٍ
(ထိုရောအခါဝယ်) ထိုအစောင့်အကြပ်တို့က "အသင်တို့၏ ရစူလ်တမန်တော်များသည် အသင်တို့ထံ ထင်ရှားစွာသော သက်သေလက္ခဏာတော်များကို ယူဆောင်လာလေ့ရှိခဲ့ကြသည် မဟုတ်လော" ဟု ပြောဆို(မေးမြန်း)လေသော်၊ ၎င်းတို့က "အဘယ်ကြောင့် မဟုတ်ပါသနည်း။"(အမှန်ပင် ယူဆောင်ခဲ့ကြပေသည်)ဟု ပြောဆို(ဖြေကြား)ကြပေမည်။ (ထိုအခါ)ထိုအစောင့်အကြပ်တို့က "သို့ဖြစ်လျှင် အသင်တို့ ကိုယ်တိုင်ပင် ဆုတောင်းပတ္ထနာ ပြုကြကုန်လော့။" ဟု ပြန်ကြားကြပေမည်။ စင်စစ်သော်ကား (နောင်တမလွန်ဘဝ၌)"ကာဖိရ်"သွေဖည်ငြင်းပယ်သောသူတို့၏ ဆုတောင်းပတ္ထနာသည် အချည်းနှီးပင်
51إِنَّا لَنَنصُرُ رُسُلَنَا وَالَّذِينَ آمَنُوا فِي الْحَيَاةِ الدُّنْيَا وَيَوْمَ يَقُومُ الْأَشْهَادُ
မလွဲဧကန် ငါအရှင်မြတ်သည် မိမိရစူလ်တမန်တော်တို့အား လည်းကောင်း၊ "မုအ်မင်န်"သက်ဝင်ယုံကြည်သူတို့အား လည်းကောင်း၊ ၎င်းမျက်မှောက်လောကီဘဝ၌လည်း ကူညီစောင်မလျက်ရှိတော်မူ၏။ သက်သေများရပ်ကြမည့်("ကိယာမတ်"ရှင်ပြန်ထမည့်) နေ့တွင်လည်း (ကူညီစောင်မတော်မူမည်။)
52يَوْمَ لَا يَنفَعُ الظَّالِمِينَ مَعْذِرَتُهُمْ ۖ وَلَهُمُ اللَّعْنَةُ وَلَهُمْ سُوءُ الدَّارِ
အကြင်နေ့တွင် ကျူးလွန်သူတို့အား ၎င်းတို့၏အကြောင်းပြချက်သည် အကျိုးမပေးမည်သာမက၊ ၎င်းတို့၌ ကရုဏာတော်မှ ကင်းဝေးခြင်းသည်လည်း ရှိပေမည်။ ထိုမှတစ်ပါး ၎င်းတို့၌ ဆိုးရွားလှသော ဌာနလည်းရှိပေမည်။
ဂါဖီရ်ကုရ်အာန် ညွှန်းကိန်း
85အာယာသ်
MeccanRevelation
50အာယာသ်

ဘာသာပြန် — ဂါဖီရ် 50

စူရာ ဂါဖီရ် အာယာသ် 50 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : (ထိုရောအခါဝယ်) ထိုအစောင့်အကြပ်တို့က "အသင်တို့၏ ရစူလ်တမန်တော်များသည် အသင်တို့ထံ ထင်ရှားစွာသော သက်သေလက္ခဏာတော်များကို ယူဆောင်လာလေ့ရှိခဲ့ကြသည် မဟုတ်လော" ဟု…

စူရာ အာယာသ် 50/85 — စူရာ ဂါဖီရ် غافر (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ ဂါဖီရ် နားထောင်, စူရာ ဂါဖီရ် ဘာသာပြန်, စူရာ ဂါဖီရ် mp3, စူရာ ဂါဖီရ် pdf. အာယာသ် 48–52. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Wednesday, September 30, 2026

Don't forget us in your sincere prayers