အလ်-မာအိဒ · 15/120
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-မာအိဒ
يَا أَهْلَ الْكِتَابِ قَدْ جَاءَكُمْ رَسُولُنَا يُبَيِّنُ لَكُمْ كَثِيرًا مِّمَّا كُنتُمْ تُخْفُونَ مِنَ الْكِتَابِ وَيَعْفُو عَن كَثِيرٍ ۚ قَدْ جَاءَكُم مِّنَ اللَّهِ نُورٌ وَكِتَابٌ مُّبِينٌ ۝١٥
yaaa Ahlal kitaabi qad jaaa`akum Rasoolunaa yubaiyinu lakum kaseeram mimmmaa kuntum tukhfoona minal Kitaabi wa ya`foo `an kaseer; qad jaaa`akum minal laahi noorunw wa Kitaabum Mubeen
📖 မြန်မာဘာသာ
အို-‘ကိတာဗီ’ ရှေးအထက်ကျမ်းဂန်ရရှိသူအပေါင်းတို့၊ ငါအရှင်မြတ်၏ ရစူလ်တမန်တော် (မုဟမ္မဒ်) သည် အသင်တို့ထံသို့ မုချဧကန် ရောက်ရှိလာခဲ့ချေပြီ။ ထိုရစူလ်တမန်တော်သည် (တောင်ရာတ်နှင့်အိန်ဂျီလ်) ကျမ်းထဲမှ အသင်တို့ ထိန်ချန်လျှို့ဝှက် ဖုံးအုပ်ထားခဲ့သောအရာများအနက် များစွာသောအရာတို့ကို အသင်တို့အား ရှင်းလင်းထင်ရှားစွာ ဖော်ပြလေသည်။ ၎င်းပြင် များစွာသောအချက် တို့ကိုမူ အပြစ်မယူဘဲ ခွင့်လွှတ်လေသည်။ အသင်တို့ထံသို့ အလ္လာဟ်အရှင်မြတ်အထံတော်မှ (ထွန်းလင်းတောက်ပသော) ရောင်ခြည်တော် (ဝါ) နဗီတမန်တော် (မုဟမ္မဒ်) နှင့်တကွ ထင်ရှားလှစွာသော (ကုရ်အာန်) ကျမ်းတော်မြတ်သည် စင်စစ်ဧကန် ရောက်ရှိလာခဲ့ချေပြီ။ (တစ်နည်း) အသင်တို့ထံသို့ အလ္လာဟ်အရှင်မြတ်အထံတော်မှ ရောင်ခြည်တော်တည်းဟူသော ထင်ရှားသော (ကုရ်အာန်) ကျမ်းတော်မြတ်သည် စင်စစ်ဧကန် ရောက်ရှိလာခဲ့ချေပြီ။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. အခက်အခဲရှိသော စကားလုံးများ၏ အဓိပ္ပာယ်များ
  • يَا أَهْلَ الْكِتَابِ — အို ကျမ်းရရှိသူများ (ယဟူဒီများနှင့် ခရစ်ယာန်များ)။
  • رَسُولُنَا — ငါအရှင်မြတ်၏ တမန်တော် (တမန်တော်မုဟမ္မဒ် ဆွလ္လလ္လာဟု အလိုင်ဟိဝစလ္လမ်)။
  • تُخْفُونَ — သင်တို့ ဖုံးကွယ်ထားကြသည်။
  • يَعْفُو عَن كَثِيرٍ — အများအပြားကို ခွင့်လွှတ်တော်မူသည် (မဖော်ထုတ်ဘဲ လွန်တော်မူသည်)။
  • نُورٌ — အလင်း (လမ်းညွှန်မှု)။
  • كِتَابٌ مُّبِينٌ — ရှင်းလင်းထင်ရှားသော ကျမ်း (ကုရ်အာန်)။
  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

အို ကျမ်းရရှိသူများ (ယဟူဒီများနှင့် ခရစ်ယာန်များ)။ သင်တို့ထံသို့ ငါအရှင်မြတ်၏ တမန်တော်မုဟမ္မဒ် (ဆွလ္လလ္လာဟု အလိုင်ဟိဝစလ္လမ်) ရောက်ရှိလာပြီဖြစ်သည်။ သူသည် သင်တို့ ကျမ်းများ (တောင်ရာသ်နှင့် အိန်ဂျီလ်) ထဲမှ သင်တို့ ဖုံးကွယ်ထားခဲ့ကြသော အကြောင်းအရာ အများအပြားကို သင်တို့အတွက် ရှင်းလင်းဖော်ပြပေးသည်။ ဥပမာ — တမန်တော်မုဟမ္မဒ်၏ ဂုဏ်တော်များ၊ တောင်ရာသ်ထဲရှိ ကျောက်ခဲပစ်သတ်ခြင်း (ရဂျ်မ်) ဆိုင်ရာ ပြဋ္ဌာန်းချက်၊ အိန်ဂျီလ်ထဲရှိ တမန်တော်အီစာက အဟ်မဒ်အမည်ဖြင့် သတင်းကောင်းပေးခဲ့သည့် အကြောင်းအရာများ စသည်တို့ဖြစ်သည်။ ထို့အပြင် သင်တို့ ဖုံးကွယ်ထားသည့် အကြောင်းအရာ အများအပြားကို ခွင့်လွှတ်တော်မူပြီး ဖော်ထုတ်ခြင်းမပြုဘဲ လွန်တော်မူသည်။ အကြောင်းမှာ ထိုအရာများကို ဖော်ထုတ်ခြင်းသည် သင်တို့အတွက် အကျိုးမရှိဘဲ အရှက်ရခြင်းသာ ဖြစ်စေမည်ဖြစ်သောကြောင့်တည်း။

သင်တို့ထံသို့ အလ္လာဟ်အရှင်မြတ်ထံတော်မှ အလင်းတစ်ပါးနှင့် ရှင်းလင်းထင်ရှားသော ကျမ်းတစ်စောင် ရောက်ရှိလာပြီဖြစ်သည်။ ထို အလင်းတော်မှာ တမန်တော်မုဟမ္မဒ် (ဆွလ္လလ္လာဟု အလိုင်ဟိဝစလ္လမ်) ဖြစ်ပြီး၊ ထို ရှင်းလင်းထင်ရှားသော ကျမ်းမှာ ကုရ်အာန်ကျမ်းတော်မြတ်ဖြစ်သည်။ ကုရ်အာန်သည် လူသားတို့၏ လောကီရေးရာနှင့် လောကီနှင့်တမလွန်ဘဝဆိုင်ရာ လိုအပ်ချက်အားလုံးကို ရှင်းလင်းစွာ ဖော်ပြပေးသော ကျမ်းတော်ဖြစ်သည်။ ထိုကျမ်းတော်သည် လမ်းမှားမှ လမ်းမှန်သို့ ပို့ဆောင်ပေးသော အလင်းတော်လည်းဖြစ်သည်။

  1. ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ
  • အလ္လာဟ်အရှင်မြတ်သည် မိမိ


📜 အာယာသ် 13-17 — စူရာ အလ်-မာအိဒ

13فَبِمَا نَقْضِهِم مِّيثَاقَهُمْ لَعَنَّاهُمْ وَجَعَلْنَا قُلُوبَهُمْ قَاسِيَةً ۖ يُحَرِّفُونَ الْكَلِمَ عَن مَّوَاضِعِهِ ۙ وَنَسُوا حَظًّا مِّمَّا ذُكِّرُوا بِهِ ۚ وَلَا تَزَالُ تَطَّلِعُ عَلَىٰ خَائِنَةٍ مِّنْهُمْ إِلَّا قَلِيلًا مِّنْهُمْ ۖ فَاعْفُ عَنْهُمْ وَاصْفَحْ ۚ إِنَّ اللَّهَ يُحِبُّ الْمُحْسِنِينَ
ထိုနောက် ၎င်း (အစ္စရာအီလီမျိုးနွယ်) တို့သည် မိမိတို့ပဋိညာဉ်�ို ဖောက်ဖျက်ခြင်းကြောင့် ငါအရှင်မြတ်သည် ၎င်းတို့အား (မိမိ၏) ကရုဏာတော်မှ ကင်းဝေးစေတော်မူခဲ့၏။ ထိုပြင် ၎င်းတို့၏ စိတ်နှလုံးများကိုလည်း ခက်ထန်မာကျောအောင် ပြုလုပ်တော်မူခဲ့၏။ ထိုသူတို့သည် မုက္ခပါဌ်တော်များကို ၎င်းတို့၏မူရင်းနေရာမှများမှ ရွေ့ပြောင်းကြသည်။ ၎င်းပြင် ထိုသူတို့သည် မိမိတို့အား ဆုံးမထားသော အဆုံးအမဩဝါဒများအနက်မှ (ကြီးကျယ် သော) အစိတ်အပိုင်းတစ်ခုကိုလည်း မေ့ပစ်ခဲ့ကြလေသည်။ အမှန်သော်ကား အသင်သည် ၎င်းတို့အနက်မှ တချို့သောသူတို့မှတစ်ပါး ကျန်လူများ၏ သစ္စာဖောက်မှုတစ်ခုခုကို အမြဲပင် ကြားသိလျက်ရှိနေပေမည်။ သို့ရာတွင် အသင်သည် ၎င်းတို့အား ခွင့်လွှတ်ပါလေ။ ထို့ပြင် (၎င်းတို့ဘက်မှ) မျက်နှာလွှဲရှောင်ပါလေ။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် ကောင်းမှုပြုသောသူတို့အား ချစ်မြတ်နိုးတော်မူလေသတည်း။
14وَمِنَ الَّذِينَ قَالُوا إِنَّا نَصَارَىٰ أَخَذْنَا مِيثَاقَهُمْ فَنَسُوا حَظًّا مِّمَّا ذُكِّرُوا بِهِ فَأَغْرَيْنَا بَيْنَهُمُ الْعَدَاوَةَ وَالْبَغْضَاءَ إِلَىٰ يَوْمِ الْقِيَامَةِ ۚ وَسَوْفَ يُنَبِّئُهُمُ اللَّهُ بِمَا كَانُوا يَصْنَعُونَ
ထိုနည်းတူစွာ ငါအရှင်မြတ်သည် (မိမိတို့ကိုယ်ကို) “အကျွန်ုပ်တို့သည် ‘နဆွာရာ’ ခရစ်ယာန်များဖြစ်ကြသည်” ဟု ပြောဆိုကြကုန်သောသူတို့ထံမှလည်း (ငါအရှင်မြတ်၏အမိန့်တော်များကို လိုက်နာကြရန်) ပဋိညာဉ်ဝန်ခံချက်ကို ယူတော်မူခဲ့လေသည်။ သို့ပါလျက် ယင်းသူတို့သည် ဆိုဆုံးမခဲ့ပြီးဖြစ်သော ဆုံးမဩဝါဒတို့အနက်မှ (အကြီးအကျယ်ဆုံး) အစိတ်အပိုင်းကို မေ့လျော့ပစ်ခဲ့ကြကုန်၏။ သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် ၎င်းတို့တွင် ‘ကိယာမတ်’ ရှင်ပြန်ထမည့်နေ့တိုင်အောင် ရန်ငြိုးထားမှုနှင့် မုန်းတီးမှုတို့ကို ထည့်သွင်းပေးတော်မူခဲ့လေသည်။ ၎င်းပြင် အလ္လာဟ်အရှင်မြတ်သည် ထိုသူတို့အား ၎င်းတို့ ပြုလုပ်လေ့ရှိခဲ့ကြသောအရာများကို မကြာမြင့်မီ သိမြင်စေတော်မူအံ့။
15يَا أَهْلَ الْكِتَابِ قَدْ جَاءَكُمْ رَسُولُنَا يُبَيِّنُ لَكُمْ كَثِيرًا مِّمَّا كُنتُمْ تُخْفُونَ مِنَ الْكِتَابِ وَيَعْفُو عَن كَثِيرٍ ۚ قَدْ جَاءَكُم مِّنَ اللَّهِ نُورٌ وَكِتَابٌ مُّبِينٌ
အို-‘ကိတာဗီ’ ရှေးအထက်ကျမ်းဂန်ရရှိသူအပေါင်းတို့၊ ငါအရှင်မြတ်၏ ရစူလ်တမန်တော် (မုဟမ္မဒ်) သည် အသင်တို့ထံသို့ မုချဧကန် ရောက်ရှိလာခဲ့ချေပြီ။ ထိုရစူလ်တမန်တော်သည် (တောင်ရာတ်နှင့်အိန်ဂျီလ်) ကျမ်းထဲမှ အသင်တို့ ထိန်ချန်လျှို့ဝှက် ဖုံးအုပ်ထားခဲ့သောအရာများအနက် များစွာသောအရာတို့ကို အသင်တို့အား ရှင်းလင်းထင်ရှားစွာ ဖော်ပြလေသည်။ ၎င်းပြင် များစွာသောအချက် တို့ကိုမူ အပြစ်မယူဘဲ ခွင့်လွှတ်လေသည်။ အသင်တို့ထံသို့ အလ္လာဟ်အရှင်မြတ်အထံတော်မှ (ထွန်းလင်းတောက်ပသော) ရောင်ခြည်တော် (ဝါ) နဗီတမန်တော် (မုဟမ္မဒ်) နှင့်တကွ ထင်ရှားလှစွာသော (ကုရ်အာန်) ကျမ်းတော်မြတ်သည် စင်စစ်ဧကန် ရောက်ရှိလာခဲ့ချေပြီ။ (တစ်နည်း) အသင်တို့ထံသို့ အလ္လာဟ်အရှင်မြတ်အထံတော်မှ ရောင်ခြည်တော်တည်းဟူသော ထင်ရှားသော (ကုရ်အာန်) ကျမ်းတော်မြတ်သည် စင်စစ်ဧကန် ရောက်ရှိလာခဲ့ချေပြီ။
16يَهْدِي بِهِ اللَّهُ مَنِ اتَّبَعَ رِضْوَانَهُ سُبُلَ السَّلَامِ وَيُخْرِجُهُم مِّنَ الظُّلُمَاتِ إِلَى النُّورِ بِإِذْنِهِ وَيَهْدِيهِمْ إِلَىٰ صِرَاطٍ مُّسْتَقِيمٍ
အလ္လာဟ်အရှင်မြတ်သည် ထို (ကုရ်အာန်) ကျမ်းတော်မြတ်ဖြင့် မိမိ၏နှစ်သက်မှုကို လိုက်နာသောသူတို့အား ငြိမ်းချမ်းသာယာခြင်း၏လမ်းများကို ပြသတော်မူ၏။ ၎င်းပြင် ယင်းသူတို့အား မိမိအမိန့် တော်နှင့် (ဝါ) မိမိသတ်မှတ်ပြဌာန်းထားတော်မူသော ဥပဒေစည်းမျဉ်းအတိုင်း ‘ကုဖ်ရ်’ တည်းဟူသော အမှောင်ထုကြီးအတွင်းမှ (အစ္စလာမ်တည်းဟူသော) အလင်းရောင်သို့ ထုတ်ယူပို့ဆောင်တော်မူ၏။ ၎င်းပြင် ထိုအရှင်မြတ်သည် ထိုသူတို့အား ဖြောင့်မတ်မှန်ကန်သော တရားလမ်းကိုလည်း ပြသတော်မူ၏။
17لَّقَدْ كَفَرَ الَّذِينَ قَالُوا إِنَّ اللَّهَ هُوَ الْمَسِيحُ ابْنُ مَرْيَمَ ۚ قُلْ فَمَن يَمْلِكُ مِنَ اللَّهِ شَيْئًا إِنْ أَرَادَ أَن يُهْلِكَ الْمَسِيحَ ابْنَ مَرْيَمَ وَأُمَّهُ وَمَن فِي الْأَرْضِ جَمِيعًا ۗ وَلِلَّهِ مُلْكُ السَّمَاوَاتِ وَالْأَرْضِ وَمَا بَيْنَهُمَا ۚ يَخْلُقُ مَا يَشَاءُ ۚ وَاللَّهُ عَلَىٰ كُلِّ شَيْءٍ قَدِيرٌ
အလ္လာဟ်အရှင်မြတ်သည် ဧကန်မလွဲ မရ်�မ်၏ သားတော် မစီဟ် (အီစာ) ပင်ဖြစ်သည်ဟူ၍ ပြောဆိုကြကုန်သောသူတို့ကား ဧကန်စင်စစ် သွေဖည်ငြင်းပယ်သူများ ဖြစ်ခဲ့ကြချေပြီ။ (အို- နဗီတမန်တော်) အသင်သည် (ထိုသူတို့အား ဤသို့ချေပ) ပြောဆိုပါလေ။ “(ဟယ်-အချင်းတို့) သို့ဖြစ်လျှင် အကယ်၍သာ ထိုအလ္လာဟ်အရှင်မြတ်သည် ‘မရ်ယမ်’ ၏သားတော် ‘မစီဟ်’ကိုလည်းကောင်း၊ ထို‘မစီဟ်’၏ မယ်တော်ကိုလည်းကောင်း၊ ကမ္ဘာမြေပြင်ဝယ် ရှိရှိသမျှအားလုံးတို့ကို ဖျက်ဆီးလိုတော်မူပါလျှင် အလ္လာဟ်အရှင်မြတ်၏အမိန့်တော်၌ တစ်စုံတစ်ရာ ဝင်ရောက်စွက်ဖက် ကန့်ကွက်နိုင်သူကား မည်သူရှိသနည်း။ အမှန်စင်စစ်သော်ကား မိုးကောင်းကင်များကိုလည်းကောင်း၊ ကမ္ဘာမြေကြီးကိုလည်းကောင်း၊ မိုးနှင့်မြေကြားရှိ အရာဝတ္ထုအားလုံးတို့ကိုလည်းကောင်း၊ အလ္လာဟ်အရှင်မြတ်သာလျှင် စိုးပိုင်တော်မူ၏။ ထိုအရှင်မြတ်သည် မိမိအလိုတော်ရှိရာကို ဖန်ဆင်းတော်မူ၏။ စင်စစ်သော် ကားအလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို စွမ်းဆောင်နိုင်တော်မူသောအရှင် ဖြစ်တော်မူ၏။
အလ်-မာအိဒကုရ်အာန် ညွှန်းကိန်း
120အာယာသ်
MedinanRevelation
15အာယာသ်

ဘာသာပြန် — အလ်-မာအိဒ 15

စူရာ အလ်-မာအိဒ အာယာသ် 15 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : အို-‘ကိတာဗီ’ ရှေးအထက်ကျမ်းဂန်ရရှိသူအပေါင်းတို့၊ ငါအရှင်မြတ်၏ ရစူလ်တမန်တော် (မုဟမ္မဒ်) သည် အသင်တို့ထံသို့ မုချဧကန် ရောက်ရှိလာခဲ့ချေပြီ။ ထိုရစူလ်တမန်တော်သည်…

စူရာ အာယာသ် 15/120 — စူရာ အလ်-မာအိဒ المائدة (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-မာအိဒ နားထောင်, စူရာ အလ်-မာအိဒ ဘာသာပြန်, စူရာ အလ်-မာအိဒ mp3, စူရာ အလ်-မာအိဒ pdf. အာယာသ် 13–17. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 1, 2026

Don't forget us in your sincere prayers