အလ်-မာအိဒ · 23/120
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-မာအိဒ
قَالَ رَجُلَانِ مِنَ الَّذِينَ يَخَافُونَ أَنْعَمَ اللَّهُ عَلَيْهِمَا ادْخُلُوا عَلَيْهِمُ الْبَابَ فَإِذَا دَخَلْتُمُوهُ فَإِنَّكُمْ غَالِبُونَ ۚ وَعَلَى اللَّهِ فَتَوَكَّلُوا إِن كُنتُم مُّؤْمِنِينَ ۝٢٣
Qaala rajulaani minal lazeena yakhaafoona an`amal laahu `alaihimad khuloo `alaihimul baab, fa izaa dakhaltumoohu fa innakum ghaaliboon; wa `alal laahi fatawakkalooo in kuntum mu`mineen
📖 မြန်မာဘာသာ
(ထိုအခါ) အလ္လာဟ်အရှင်မြတ်ကို ကြောက်ရွံ့ကြကုန်သောသူတို့အနက်မှ အလ္လာဟ်အရှင်မြတ် ကျေးဇူးပြုတော်မူသော လူနှစ်ယောက်သည် (ဤသို့) ပြောဆိုကြလေသည်။ “(ဟယ်- အချင်းတို့) အသင်တို့သည် ၎င်းတို့ အားတိုက်ခိုက်ရင်း တံခါးဝအတွင်းသို့ ဝင်ရောက်ကြလေကုန်။ အကယ်၍သာ အသင်တို့သည် ယင်းတံခါးဝအတွင်းသို့ ဝင်ရောက်ခဲ့ကြပါလျှင် အသင်တို့သည်သာလျှင် (စစ်ရေး) အောင်မြင်သူများ ဖြစ်ကြလတ္တံ့။ ၎င်းပြင် အသင်တို့သည် အကယ်၍‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူများဖြစ်ကြပါလျှင် အလ္လာဟ်အရှင်မြတ်အပေါ်၌သာလျှင် ယုံကြည်စိတ်ချ အားထားကြလေကုန်။”

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 21-25 — စူရာ အလ်-မာအိဒ

21يَا قَوْمِ ادْخُلُوا الْأَرْضَ الْمُقَدَّسَةَ الَّتِي كَتَبَ اللَّهُ لَكُمْ وَلَا تَرْتَدُّوا عَلَىٰ أَدْبَارِكُمْ فَتَنقَلِبُوا خَاسِرِينَ
“အို- ကျွန်ုပ်၏အမျိုးသားအပေါင်းတို့ အသင်တို့သည် မိမိတို့အဖို့ အလ္လာဟ်အရှင်မြတ်က (သတ်မှတ်) ရေးသားတော်မူပြီးဖြစ်သော ထွတ်မြတ်သည့် (နယ်) အတွင်းသို့ ဝင်ရောက်ကြလေကုန်။ ၎င်းပြင် အသင်တို့သည် မိမိတို့၏နောက်ဘက်သို့လှည့်၍ ပြန်မသွားကြကုန်လင့်။ သို့ပြန်လှည့်သွားကြပါမူ အသင်တို့သည် ဆုံးရှုံးပျက်စီးသူများ ဖြစ်သွားကြရပေမည်။”
22قَالُوا يَا مُوسَىٰ إِنَّ فِيهَا قَوْمًا جَبَّارِينَ وَإِنَّا لَن نَّدْخُلَهَا حَتَّىٰ يَخْرُجُوا مِنْهَا فَإِن يَخْرُجُوا مِنْهَا فَإِنَّا دَاخِلُونَ
၎င်း (အမျိုးသား) တို့ကမူ (ဤသို့) ဖြေကြားခဲ့ကြလေသည်။ “အို- မူစာ၊ မုချဧကန် ထို (နယ်) မြေ၌ လုံးရပ်အင်အားကြီးမားသော လူမျိုးတစ်မျိုးသည် ရှိနေကြကုန်၏။ ထိုလူမျိုးတို့သည် ၎င်း (နယ်) မြေအတွင်းမှ ထွက်ခွာ၍မသွားသမျှကာလပတ်လုံး ကျွန်ုပ်တို့သည် ယင်း (နယ်) မြေအတွင်းသို့ အလျင်းဝင်ရောက်ကြမည်မဟုတ်ပေ။ အကယ်၍ ထိုလူမျိုးတို့သည် ၎င်း (နယ်) မြေအတွင်းမှ ထွက်ခွာသွားကြပါမူ၊ ကျွန်ုပ်တို့သည် ဧကန်စင်စစ် (ထိုနယ်မြေအတွင်းသို့) ဝင်ရောက်ကြလတ္တံ့။”
23قَالَ رَجُلَانِ مِنَ الَّذِينَ يَخَافُونَ أَنْعَمَ اللَّهُ عَلَيْهِمَا ادْخُلُوا عَلَيْهِمُ الْبَابَ فَإِذَا دَخَلْتُمُوهُ فَإِنَّكُمْ غَالِبُونَ ۚ وَعَلَى اللَّهِ فَتَوَكَّلُوا إِن كُنتُم مُّؤْمِنِينَ
(ထိုအခါ) အလ္လာဟ်အရှင်မြတ်ကို ကြောက်ရွံ့ကြကုန်သောသူတို့အနက်မှ အလ္လာဟ်အရှင်မြတ် ကျေးဇူးပြုတော်မူသော လူနှစ်ယောက်သည် (ဤသို့) ပြောဆိုကြလေသည်။ “(ဟယ်- အချင်းတို့) အသင်တို့သည် ၎င်းတို့ အားတိုက်ခိုက်ရင်း တံခါးဝအတွင်းသို့ ဝင်ရောက်ကြလေကုန်။ အကယ်၍သာ အသင်တို့သည် ယင်းတံခါးဝအတွင်းသို့ ဝင်ရောက်ခဲ့ကြပါလျှင် အသင်တို့သည်သာလျှင် (စစ်ရေး) အောင်မြင်သူများ ဖြစ်ကြလတ္တံ့။ ၎င်းပြင် အသင်တို့သည် အကယ်၍‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူများဖြစ်ကြပါလျှင် အလ္လာဟ်အရှင်မြတ်အပေါ်၌သာလျှင် ယုံကြည်စိတ်ချ အားထားကြလေကုန်။”
24قَالُوا يَا مُوسَىٰ إِنَّا لَن نَّدْخُلَهَا أَبَدًا مَّا دَامُوا فِيهَا ۖ فَاذْهَبْ أَنتَ وَرَبُّكَ فَقَاتِلَا إِنَّا هَاهُنَا قَاعِدُونَ
ထိုအခါ အမျိုးသားတို့က အို- မူစာ ၎င်းတို့သည် ထို (နယ်) မြေအတွင်း ရှိနေသမျှကာလပတ်လုံး မုချဧကန် ကျွန်ုပ်တို့သည် ယင်း (နယ်) မြေအတွင်းသို့ မည်သည့်အခါမျှ အလျင်း ဝင်ရောက်ကြမည်မဟုတ်ပေ။ သို့ဖြစ်ပေရာ အသင်ကိုယ်တိုင် မိမိအရှင်မြတ်နှင့်တကွ သွားရောက်ပြီး အသင်တို့နှစ်ဦးသာလျှင် တိုက်ခိုက်ကြလေကုန်။ ကျွန်ုပ်တို့မူကား ဤနေရာ၌ပင် ထိုင်၍နေကြကုန်အံ့” ဟု ပြောဆိုကြကုန်သတည်း။
25قَالَ رَبِّ إِنِّي لَا أَمْلِكُ إِلَّا نَفْسِي وَأَخِي ۖ فَافْرُقْ بَيْنَنَا وَبَيْنَ الْقَوْمِ الْفَاسِقِينَ
ထိုရောအခါဝယ် (နဗီတမန်တော်) မူစာက “အို- ကျွန်တော်မျိုး၏အရှင်မြတ်၊ ကျွန်တော်မျိုးသည် မိမိကိုယ်နှင့် မိမိ၏နောင်တော် (နဗီတမန်ဟာရွန်) မှတစ်ပါး အခြား မည်သူ့အပေါ်၌မျှ အခွင့်အာဏာ ပိုင်ဆိုင်သည်မရှိပါ။ သို့ဖြစ်ရာ အရှင်မြတ်သည် ကျွန်တော်မျိုးနှင့် (ဤ) စည်းကမ်းဖောက်ဖျက် သွေဖည်ငြင်းဆန်သော လူမျိုးတို့၏စပ်ကြားတွင် အဆုံးအဖြတ်ပေးတော်မူပါ”ဟု လျှောက်ထားပန်ကြားခဲ့လေသည်။
အလ်-မာအိဒကုရ်အာန် ညွှန်းကိန်း
120အာယာသ်
MedinanRevelation
23အာယာသ်

ဘာသာပြန် — အလ်-မာအိဒ 23

စူရာ အလ်-မာအိဒ အာယာသ် 23 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : (ထိုအခါ) အလ္လာဟ်အရှင်မြတ်ကို ကြောက်ရွံ့ကြကုန်သောသူတို့အနက်မှ အလ္လာဟ်အရှင်မြတ် ကျေးဇူးပြုတော်မူသော လူနှစ်ယောက်သည် (ဤသို့) ပြောဆိုကြလေသည်။ “(ဟယ်- အချင်းတို့)…

စူရာ အာယာသ် 23/120 — စူရာ အလ်-မာအိဒ المائدة (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-မာအိဒ နားထောင်, စူရာ အလ်-မာအိဒ ဘာသာပြန်, စူရာ အလ်-မာအိဒ mp3, စူရာ အလ်-မာအိဒ pdf. အာယာသ် 21–25. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Wednesday, September 30, 2026

Don't forget us in your sincere prayers