وَإِذَا نَادَيْتُمْ إِلَى الصَّلَاةِ اتَّخَذُوهَا هُزُوًا وَلَعِبًا ۚ ذَٰلِكَ بِأَنَّهُمْ قَوْمٌ لَّا يَعْقِلُونَ ٥٨
🔤 Transliteration
Wa izaa naadaitum ilas Salaatit takhazoohaa huzu wan`w wa la`ibaa; zaalika biannnahum qawmul laa ya`qiloon
📖 ဘာသာပြန် (မြန်မာဘာသာ)
📖 မြန်မာဘာသာ
ထို့ပြင်တဝ အသင်တို့သည် ‘ဆွလာသ်’ ဝတ်ပြုခြင်းငှာ (အဇာန်) ဟစ်ခေါ်ကြသောအခါ၊ ထိုသူတို့သည် ယင်းဟစ်ခေါ်ခြင်းကိုပင် ပြက်ရယ်ကျီစယ်ဖွယ်ရာနှင့် ကစားဖွယ်ရာလည်းကောင်း၊ ပြုလုပ်ကြပေသည်။ ယင်းကဲ့သို့ ပြုလုပ်ခြင်း၏အကြောင်းကား ထိုသူတို့သည် လုံးဝ အသိဉာဏ်ကင်းမဲ့သောလူတစ်စုပင် ဖြစ်သောကြောင့်သာတည်း။
🌐 Additional reference in ภาษาไทย
၁။ စကားလုံးများ၏ အဓိပ္ပာယ်ရှင်းလင်းချက်
နာဒိုင်တုမ်း (نَادَيْتُمْ ): သင်တို့သည် ခေါ်ဆိုကြသောအခါ။ ဤနေရာတွင် အဇာန်ခေါ်ခြင်း (ဆွလာသ်အတွက် ခေါ်ဆိုခြင်း) ကို ဆိုလိုသည်။ ဆွလာသ် (الصَّلَاة ): နမာဇ်၊ ဝတ်ပြုခြင်း။ ဟုဇုဝါ (هُزُوًا ): ပြောင်လှောင်ခြင်း၊ လှောင်ပြောင်ခြင်း။ လအိဗာ (لَعِبًا ): ကစားခြင်း၊ ပျော်ရွှင်မှုအဖြစ် သဘောထားခြင်း။ လာ ယအ်ကီလူန (لَا يَعْقِلُونَ ): သူတို့သည် မတွေးခေါ်နားလည်ကြပါ။ ၂။ အာယသ်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်
အလ္လာဟ်အရှင်မြတ်သည် ဤအာယသ်တွင် မုအ်မင်န်များအား ဤသို့မိန့်တော်မူသည်။ အကယ်၍ သင်တို့သည် ဆွလာသ် (နမာဇ်) အတွက် အဇာန်ခေါ်ဆိုကြသောအခါ ယဟူဒီများ၊ နတ်စ်ရာနီများနှင့် ရုပ်တုကိုးကွယ်သူများသည် ထိုခေါ်ဆိုမှုကို ပြောင်လှောင်ခြင်း၊ ကစားခြင်းအဖြစ် သဘောထားကြသည်။ သူတို့သည် ဆွလာသ်ကို ပြောင်လှောင်ကြသည်၊ သို့မဟုတ် အဇာန်ခေါ်ဆိုမှုကို ပြောင်လှောင်ကြသည်။ ဤသို့ပြုမူခြင်း၏ အကြောင်းရင်းမှာ သူတို့သည် အလ္လာဟ်အရှင်မြတ်နှင့် ပတ်သက်၍ အသိပညာမရှိကြသောကြောင့်ဖြစ်သည်။ သူတို့သည် အလ္လာဟ်အရှင်မြတ်၏ ဝတ်ပြုကိုးကွယ်မှုဆိုင်ရာ အဓိပ္ပာယ်များနှင့် အရှင်မြတ်ချမှတ်တော်မူသော သာသနာဥပဒေသများကို နားလည်တွေးခေါ်နိုင်စွမ်းမရှိကြပါ။ အမှန်စင်စစ် မိုက်မဲမှုသည် အမှန်တရားကို မသိခြင်းနှင့် ပြောင်လှောင်ခြင်းသို့ ပို့ဆောင်ပေးသည်။ သို့သော် ပညာရှိခြင်း၊ ဆင်ခြင်တုံတရားရှိခြင်းသည် ထိုသို့သော ပြောင်လှောင်မှုများမှ တားဆီးပေးသည်။
၃။ ဤအာယသ်မှ ရရှိသော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ
ဆွလာသ်သည် အလ္လာဟ်အရှင်မြတ်နှင့် အနီးစပ်ဆုံးဖြစ်စေသော အကြီးမြတ်ဆုံးသော ဝတ်ပြုမှုဖြစ်ကြောင်း သိရှိစေသည်။ အဇာန်ခေါ်ဆိုခြင်းသည် မုအ်မင်န်များအတွက် ဂုဏ်ယူဖွယ်ရာနှင့် ကောင်းချီးမင်္ဂလာဖြစ်ကြောင်း နားလည်စေသည်။ အစ္စလာမ်သာသနာသည် ဆင်ခြင်တုံတရားနှင့် ပညာကို အလေးထားသော သာသနာဖြစ်ကြောင်း ထင်ရှားစေသည်။ မိမိတို့၏ ဝတ်ပြုမှုများကို ဂုဏ်ယူစွာဖြင့် ဆက်လက်ထမ်းဆောင်ရန် အားပေးတိုက်တွန်းသည်။ အစ္စလာမ်သာသနာသည် လူသားအားလုံးအတွက် ငြိမ်းချမ်းမှု၊ သန့်ရှင်းမှုနှင့် ဆင်ခြင်တုံတရားကို ပေးဆောင်သော သာသနာဖြစ်ကြောင်း သိမြင်စေသည်။ ဆွလာသ်နှ
وَإِذَا نَادَيۡتُمۡ إِلَى ٱلصَّلَوٰةِ ٱتَّخَذُوهَا هُزُوًا وَلَعِبًاۚ ذَٰلِكَ بِأَنَّهُمۡ قَوۡمٌ لَّا يَعۡقِلُونَ ٥٨
ထို့ပြင်တဝ အသင်တို့သည် ‘ဆွလာသ်’ ဝတ်ပြုခြင်းငှာ (အဇာန်) ဟစ်ခေါ်ကြသောအခါ၊ ထိုသူတို့သည် ယင်းဟစ်ခေါ်ခြင်းကိုပင် ပြက်ရယ်ကျီစယ်ဖွယ်ရာနှင့် ကစားဖွယ်ရာလည်းကောင်း၊ ပြုလုပ်ကြပေသည်။ ယင်းကဲ့သို့ ပြုလုပ်ခြင်း၏အကြောင်းကား ထိုသူတို့သည် လုံးဝ အသိဉာဏ်ကင်းမဲ့သောလူတစ်စုပင် ဖြစ်သောကြောင့်သာတည်း။
🖼️ Save Image
🎬 Save Video
📜 အာယာသ် 56-60 — စူရာ အလ်-မာအိဒ
56 وَمَن يَتَوَلَّ اللَّهَ وَرَسُولَهُ وَالَّذِينَ آمَنُوا فَإِنَّ حِزْبَ اللَّهِ هُمُ الْغَالِبُونَ
အမှန်စင်စစ် မည်သူမဆို အလ္လာဟ်အရှင်မြတ်ကိုလည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော်ကိုလည်းကောင်း၊ ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သော သူတို့ကိုလည်းကောင်း၊ ကလျာဏ မိတ်သဟာယ အဆွေခင်ပွန်းများ ပြုလုပ်ကြပါလျှင် (ထိုသို့သောသူများသည် အလ္လာဟ်အရှင်မြတ်၏ ဘက်တော်သားများဖြစ်ကြ၏) ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်ဘက်တော်သားများသည်သာလျှင် အောင်မြင်သောသူများ ဖြစ်ကြပေသတည်း။ (ရကူ)
57 يَا أَيُّهَا الَّذِينَ آمَنُوا لَا تَتَّخِذُوا الَّذِينَ اتَّخَذُوا دِينَكُمْ هُزُوًا وَلَعِبًا مِّنَ الَّذِينَ أُوتُوا الْكِتَابَ مِن قَبْلِكُمْ وَالْكُفَّارَ أَوْلِيَاءَ ۚ وَاتَّقُوا اللَّهَ إِن كُنتُم مُّؤْمِنِينَ
အို-‘မုအ်မင်န်’ သက်ဝင်ယုံကြည်ကြသူအပေါင်းတို့၊ အသင်တို့သည် မိမိတို့အလျင် ကျမ်းဂန်ရရှိသောသူတို့အနက်မှ အသင်တို့၏သာသနာကို ပြက်ရယ်ကျီစယ်ဖွယ်ရာ၊ ကစားဖွယ်ရာပြုလုပ်သော သူများအားလည်းကောင်း၊ ကာဖိရ်များအားလည်းကောင်း၊ မိတ်ဆွေခင်ပွန်းများ မပြုလုပ်ကြကုန်လင့်၊ ထို့ပြင် အသင်တို့သည် ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူများဖြစ်ကြပါလျှင် အလ္လာဟ်အရှင်မြတ်ကိုသာလျှင် ကြောက်ရွံ့ကြလေကုန်။
58 وَإِذَا نَادَيْتُمْ إِلَى الصَّلَاةِ اتَّخَذُوهَا هُزُوًا وَلَعِبًا ۚ ذَٰلِكَ بِأَنَّهُمْ قَوْمٌ لَّا يَعْقِلُونَ
ထို့ပြင်တဝ အသင်တို့သည် ‘ဆွလာသ်’ ဝတ်ပြုခြင်းငှာ (အဇာန်) ဟစ်ခေါ်ကြသောအခါ၊ ထိုသူတို့သည် ယင်းဟစ်ခေါ်ခြင်းကိုပင် ပြက်ရယ်ကျီစယ်ဖွယ်ရာနှင့် ကစားဖွယ်ရာလည်းကောင်း၊ ပြုလုပ်ကြပေသည်။ ယင်းကဲ့သို့ ပြုလုပ်ခြင်း၏အကြောင်းကား ထိုသူတို့သည် လုံးဝ အသိဉာဏ်ကင်းမဲ့သောလူတစ်စုပင် ဖြစ်သောကြောင့်သာတည်း။
59 قُلْ يَا أَهْلَ الْكِتَابِ هَلْ تَنقِمُونَ مِنَّا إِلَّا أَنْ آمَنَّا بِاللَّهِ وَمَا أُنزِلَ إِلَيْنَا وَمَا أُنزِلَ مِن قَبْلُ وَأَنَّ أَكْثَرَكُمْ فَاسِقُونَ
(အို- နဗီတမန်တော်) အသင်သည် (ရှေးအထက်ကျမ်းဂန်ရရှိသူ ယဟူဒီနှင့်ခရစ်ယာန်တို့အား ဤသို့) ပြောဆိုပါလေ။ “အို- ကျမ်းဂန်ရရှိသူအပေါင်းတို့၊ အကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်နှင့်တကွ မိမိတို့ထံကျရောက်လာသော ဓမ္မဒေသနာတော်နှင့် ရှေးအထက်ကျော်ကာလက ကျရောက်ခဲ့လေသော ဓမ္မဒေသနာတော်များကိုပါ သက်ဝင်ယုံကြည်ကြသည်ကိုသာလျှင် အသင်တို့သည် အကျွန်ုပ်တို့အပေါ်၌ ကဲ့ရဲ့ပြစ်တင်နေကြသည် မဟုတ်ပါလော။ အမှန်စင်စစ်သော်ကား အသင်တို့အနက် များစွာသောသူတို့သည် စည်းကမ်းဖေါက်ဖျက်သောသူများပင် ဖြစ်ကြပေသတည်း။”
60 قُلْ هَلْ أُنَبِّئُكُم بِشَرٍّ مِّن ذَٰلِكَ مَثُوبَةً عِندَ اللَّهِ ۚ مَن لَّعَنَهُ اللَّهُ وَغَضِبَ عَلَيْهِ وَجَعَلَ مِنْهُمُ الْقِرَدَةَ وَالْخَنَازِيرَ وَعَبَدَ الطَّاغُوتَ ۚ أُولَٰئِكَ شَرٌّ مَّكَانًا وَأَضَلُّ عَن سَوَاءِ السَّبِيلِ
အသင်သည် ‘ကိတာဗီ’ ရှေးအထက် ကျမ်းဂန်ရရှိသောသူတို့အား (ဤသို့) ပြောကြားပါလေ။ ငါသ�် အလ္လာဟ်အရှင်မြတ်အထံတော်၌ အကျိုးအားဖြင့် ထို့ထက်ဆိုးရွားသောအဖြစ်အပျက်ကို အသင်တို့အား ထုတ်ဖော်ပြောဆိုရမည်လော။ (၎င်းအဖြစ်အပျက်မှာကား) အကြင်သူတို့ (၏ အဖြစ်အပျက်) ပင်တည်း။ အလ္လာဟ်အရှင်မြတ်သည် ထိုသူတို့အား (မိမိ) ကရုဏာတော်မှ ကင်းဝေစေတော်မူခဲ့၏။ ၎င်းပြင် ယင်းသူတို့အပေါ်၌ အမျက်တော်လည်း ပွားတော်မူခဲ့၏။ ၎င်းပြင် ထိုသူတို့အနက်မှ မျောက်တိရစ္ဆာန်များနှင့် ဝက်တိရစ္ဆာန်များလည်း ဖြစ်စေတော်မူခဲ့၏။ ၎င်းပြင် ထိုသူတို့သည် ‘ရှိုင်တွာန်’ မိစ္ဆာကောင်ကိုလည်း ဆည်းကပ်ကိုးကွယ်ခဲ့ကြ၏။ ထိုသူတို့သည် (လားရာ) နေရာဌာနအားဖြင့်လည်း အဆိုးရွားဆုံးသောသူများပင် ဖြစ်ကြ၏။ ၎င်းပြင် ဖြောင့်မတ်မှန်ကန်သော တရားလမ်းတော်မှလည်း အလွန် ဝေးကွာလျက်ရှိသောသူများပင် ဖြစ်ကြ၏။
ဘာသာပြန် — အလ်-မာအိဒ 58 စူရာ အလ်-မာအိဒ အာယာသ် 58 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထို့ပြင်တဝ အသင်တို့သည် ‘ဆွလာသ်’ ဝတ်ပြုခြင်းငှာ (အဇာန်) ဟစ်ခေါ်ကြသောအခါ၊ ထိုသူတို့သည် ယင်းဟစ်ခေါ်ခြင်းကိုပင် ပြက်ရယ်ကျီစယ်ဖွယ်ရာနှင့် ကစားဖွယ်ရာလည်းကောင်း၊…
စူရာ အာယာသ် 58/120 — စူရာ အလ်-မာအိဒ المائدة (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-မာအိဒ နားထောင်, စူရာ အလ်-မာအိဒ ဘာသာပြန်, စူရာ အလ်-မာအိဒ mp3, စူရာ အလ်-မာအိဒ pdf. အာယာသ် 56–60. မြန်မာဘာသာ: ภาษาไทย.