အလ်-မာအိဒ · 68/120
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-မာအိဒ
قُلْ يَا أَهْلَ الْكِتَابِ لَسْتُمْ عَلَىٰ شَيْءٍ حَتَّىٰ تُقِيمُوا التَّوْرَاةَ وَالْإِنجِيلَ وَمَا أُنزِلَ إِلَيْكُم مِّن رَّبِّكُمْ ۗ وَلَيَزِيدَنَّ كَثِيرًا مِّنْهُم مَّا أُنزِلَ إِلَيْكَ مِن رَّبِّكَ طُغْيَانًا وَكُفْرًا ۖ فَلَا تَأْسَ عَلَى الْقَوْمِ الْكَافِرِينَ ۝٦٨
Qul yaaa Ahlal Kitaabi lastum `alaa shai`in hattaa tuqeemut Tawraata wal Injeela wa maaa unzila ilaikum mir Rabbikum; wa layazeedanna kaseeram minhum maa unzila ilaika mir Rabbika tugh yaananw wa kufran falaa taasa `alal qawmil kaafireen
📖 မြန်မာဘာသာ
(အို- နဗီတမန်တော်) အသင်သည် (ဤသို့) ပြောကြားပါလေ၊ “အို- (ကိတာဗီ) ကျမ်းဂန်ရရှိသူအပေါင်းတို့ အသင်တို့သည်‘တောင်ရာတ်’ ကျမ်းကိုလည်းကောင်း၊ ‘အီန်ဂျီလ်’ ကျမ်းကိုလည်းကောင်း၊ အသင်တို့ထံ အသင်တို့၏အရှင်မြတ်အထံတော်မှ ကျရောက်လာသည့် (ကုရ်အာန်ကျမ်းမြတ်) ကိုလည်းကောင်း အတည် လိုက်နာခြင်းမရှိသမျှကာလပတ်လုံး အသင်တို့သည် မည်သည့် (မှန်ကန်သော) လမ်းစဉ်ပေါ်၌သာ တည်ရှိကြသည်မဟုတ်ပေ။ (ကိတာဗီများသည် မနှစ်မြို့ဖွယ်ဖြစ်သော အယူသန်မှုတွင် နစ်မွန်းလျက်ရှိကြ၏။ သို့ဖြစ်ပေရာ) အသင့်အားမွေးမြူတော်မူသော အရှင်မြတ်အထံတော်မှ အသင့်ထံသို့ ကျရောက်လာသော (ကုရ်အာန်ကျမ်းမြတ်သည်) ထိုသူတို့အနက် များစွာသောသူတို့၌ ကျူးလွန်မှုကိုလည်းကောင်း၊ သွေဖည်ငြင်းပယ်မှုကိုလည်းကောင်း အမှန်ပင် များပြားစေမည်ဖြစ်၏။ သို့ဖြစ်ပေရာ အသင်သည် ကာဖိရ် သွေဖည် ငြင်းပယ်သူတို့နှင့် ပတ်သက်၍ ပူပန်သောက မရှိလေနှင့်။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. ကမ္ဘာ့ကျမ်းတော်မြတ်ကုရ်အာန်၏ အလ်-မာအိဒဟ် စူရဟ် (၅)၊ အာယဟ် (၆၈) ကို ရှင်းလင်းတင်ပြပါမည်။

အဓိပ္ပာယ်ရှင်းလင်းချက်

  • အဟ်လုလ်ကီတာဗ် (أهل الكتاب) — ကျမ်းရရှိသူများ၊ ဆိုလိုသည်မှာ ယဟူဒီများနှင့် ခရစ်ယာန်များ။
  • တူကီမူ (تقيموا) — တည်ထောင်ကြပါ၊ လိုက်နာကျင့်သုံးကြပါ။
  • သုဂျ်ယာနန် (طغیانًا) — ပုန်ကန်မှု၊ မာန်မာနထောင်လွှားမှု။
  • ကုဖ်ရန် (كفرًا) — မယုံကြည်မှု၊ ငြင်းပယ်မှု။
  • တъအ်စ် (تأس) — ဝမ်းနည်းပူဆွေးခြင်း။

အာယဟ်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

အို တမန်တော်မုဟမ္မဒ်၊ အဟ်လုလ်ကီတာဗ် (ကျမ်းရရှိသူများ) ဖြစ်ကြသော ယဟူဒီများနှင့် ခရစ်ယာန်များအား ပြောကြားလိုက်ပါ — သင်တို့သည် တောင်ရဟ်ကျမ်းနှင့် အိန်ဂျီလ်ကျမ်းတွင် ပါရှိသည့် သွန်သင်ချက်များကို အမှန်တကယ် လိုက်နာကျင့်သုံးခြင်းမရှိသရွေ့၊ ထို့အပြင် သင်တို့ထံ သခင်အရှင်မြတ်ထံမှ ချပေးခဲ့သည့် ကုရ်အာန်ကျမ်းတော်မြတ်ကိုလည်း လိုက်နာကျင့်သုံးခြင်းမရှိသရွေ့ သင်တို့သည် မည်သည့်တရားအပေါ်တွင်မျှ အခြေမခိုင်မာကြပါ။ သင်တို့၏ ယုံကြည်မှုသည် အခြေအမြစ်မရှိသော ယုံကြည်မှုသာဖြစ်သည်။

ထို့နောက် အလ္လာဟ်အရှင်မြတ်သည် တမန်တော်မုဟမ္မဒ်အား ဤသို့အသိပေးတော်မူသည် — သင့်ထံ သခင်အရှင်မြတ်ထံမှ ချပေးခဲ့သည့် ကုရ်အာန်ကျမ်းတော်မြတ်သည် ကျမ်းရရှိသူများအနက် များစွာသောသူတို့အတွက် ပုန်ကန်မှုနှင့် မယုံကြည်မှုကို ပို၍ပို၍ တိုးပွားစေမည်သာဖြစ်သည်။ အကြောင်းမှာ သူတို့သည် မနာလိုဝန်တိုမှုနှင့် မာန်မာနထောင်လွှားမှုတို့ဖြင့် ပြည့်နှက်နေကြသောကြောင့်ဖြစ်သည်။ ထို့ကြောင့် အို တမန်တော်၊ မယုံကြည်သော လူမျိုးတို့အတွက် ဝမ်းနည်းပူဆွေးခြင်း မပြုလေနှင့်။ အကြောင်းမှာ သင့်ကို လိုက်နာသော မုအ်မင်န်သက်ဝင်ယုံကြည်သူများထဲတွင် သင့်အတွက် လုံလောက်သော အားထားရာရှိပြီးဖြစ်သည်။

ဤအာယဟ်မှ ရရှိသော အကျိုးကျေးဇူးများ

ဤအာယဟ်သည် ကျမ်းရရှိသူများအား ၎င်းတို့၏ ကျမ်းများကို အမှန်တကယ် လိုက်နာကျင့်သုံးရန် ဖိတ်ခေါ်ထားသည်။ အကယ်၍ သူတို့သည် တောင်ရဟ်နှင့် အိန်ဂျီလ်ကျမ်းများကို စစ်မှန်စွာ လိုက်နာကျင့်သုံးကြမည်ဆိုလျှင် ထိုကျမ်းများက



📜 အာယာသ် 66-70 — စူရာ အလ်-မာအိဒ

66وَلَوْ أَنَّهُمْ أَقَامُوا التَّوْرَاةَ وَالْإِنجِيلَ وَمَا أُنزِلَ إِلَيْهِم مِّن رَّبِّهِمْ لَأَكَلُوا مِن فَوْقِهِمْ وَمِن تَحْتِ أَرْجُلِهِم ۚ مِّنْهُمْ أُمَّةٌ مُّقْتَصِدَةٌ ۖ وَكَثِيرٌ مِّنْهُمْ سَاءَ مَا يَعْمَلُونَ
ထိုမှတစ်ပါး အကယ်၍သာ ၎င်းတို့သည် တောင်ရာတ်၊ အီန်ဂျီလ်ကျမ်းများနှင့်တကွ ၎င်းတို့၏အရှင်မြတ်အထံတော်မှ ၎င်းတို့ထံ (နဗီတမန်တော်မုဟမ္မဒ်မှတစ်ဆင့်) ကျရောက်လာသော (ကုရ်အာန်) ကျမ်းတော်မြတ်ကိုပါ အတည်ပြုလိုက်နာကြပါသော် မုချဧကန် ထိုသူတို့သည် မိမိတို့အထက်မှလည်းကောင်း၊ မိမိတို့၏ ခြေဖျားအောက်မှလည်းကောင်း (ခဲဘွယ်ဘောဇဉ်များကို ဖေါဖေါသီသီ) စားသုံးကြလတ္တံ့။ ထိုသူတို့တွင် ဖြောင့်မတ်မှန်ကန်သောလမ်းကို လိုက်သောလူတစ်စုသည် (လည်း) ရှိကြပေသည်။ သို့ရာတွင် ထိုသူတို့အနက် အများစု၏ပြုမူချက်တို့ကား ဆိုးရွားလှချေသတည်း။ (ရကူ)
67۞ يَا أَيُّهَا الرَّسُولُ بَلِّغْ مَا أُنزِلَ إِلَيْكَ مِن رَّبِّكَ ۖ وَإِن لَّمْ تَفْعَلْ فَمَا بَلَّغْتَ رِسَالَتَهُ ۚ وَاللَّهُ يَعْصِمُكَ مِنَ النَّاسِ ۗ إِنَّ اللَّهَ لَا يَهْدِي الْقَوْمَ الْكَافِرِينَ
အို- ရစူလ်တမန်တော်၊ အသင်သည် မိမိအရှင်မြတ်အထံတော်မှ မိမိထံသို့ ကျရောက်လာသမျှသော ဒေသနာတော်များကို (လူခပ်သိမ်းတို့ထံသို့) ပို့ဆောင်ဟောကြားပါလေ။ အကယ်တန္တု အသင်သည် (ထိုကဲ့သို့ ပို့ဆောင်ဟောကြားခြင်း) မပြုခဲ့ပါလျှင် အသင်သည် ထိုအရှင်မြတ်၏အကြောင်းကြားချက်များကို ပို့ဆောင် (ဟောကြား) သည် မမည်ချေ။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အသင့်အား လူတို့၏ (ဘေးရန်ခပ်သိမ်းတို့) မှ ထိန်းသိမ်းစောင့်ရှောက်တော်မူမည်ဖြစ်သည်။ စင်စစ်ဧကန် အလ္လာဟ်အရှင်မြတ်သည်‘ကာဖိရ်’ ငြင်းပယ်သောသူတို့အား (အသင့်ကို လာရောက်ဖျက်ဆီးနိုင်ရန်) လမ်းပေးတော်မူမည်မဟုတ်ပေ။
68قُلْ يَا أَهْلَ الْكِتَابِ لَسْتُمْ عَلَىٰ شَيْءٍ حَتَّىٰ تُقِيمُوا التَّوْرَاةَ وَالْإِنجِيلَ وَمَا أُنزِلَ إِلَيْكُم مِّن رَّبِّكُمْ ۗ وَلَيَزِيدَنَّ كَثِيرًا مِّنْهُم مَّا أُنزِلَ إِلَيْكَ مِن رَّبِّكَ طُغْيَانًا وَكُفْرًا ۖ فَلَا تَأْسَ عَلَى الْقَوْمِ الْكَافِرِينَ
(အို- နဗီတမန်တော်) အသင်သည် (ဤသို့) ပြောကြားပါလေ၊ “အို- (ကိတာဗီ) ကျမ်းဂန်ရရှိသူအပေါင်းတို့ အသင်တို့သည်‘တောင်ရာတ်’ ကျမ်းကိုလည်းကောင်း၊ ‘အီန်ဂျီလ်’ ကျမ်းကိုလည်းကောင်း၊ အသင်တို့ထံ အသင်တို့၏အရှင်မြတ်အထံတော်မှ ကျရောက်လာသည့် (ကုရ်အာန်ကျမ်းမြတ်) ကိုလည်းကောင်း အတည် လိုက်နာခြင်းမရှိသမျှကာလပတ်လုံး အသင်တို့သည် မည်သည့် (မှန်ကန်သော) လမ်းစဉ်ပေါ်၌သာ တည်ရှိကြသည်မဟုတ်ပေ။ (ကိတာဗီများသည် မနှစ်မြို့ဖွယ်ဖြစ်သော အယူသန်မှုတွင် နစ်မွန်းလျက်ရှိကြ၏။ သို့ဖြစ်ပေရာ) အသင့်အားမွေးမြူတော်မူသော အရှင်မြတ်အထံတော်မှ အသင့်ထံသို့ ကျရောက်လာသော (ကုရ်အာန်ကျမ်းမြတ်သည်) ထိုသူတို့အနက် များစွာသောသူတို့၌ ကျူးလွန်မှုကိုလည်းကောင်း၊ သွေဖည်ငြင်းပယ်မှုကိုလည်းကောင်း အမှန်ပင် များပြားစေမည်ဖြစ်၏။ သို့ဖြစ်ပေရာ အသင်သည် ကာဖိရ် သွေဖည် ငြင်းပယ်သူတို့နှင့် ပတ်သက်၍ ပူပန်သောက မရှိလေနှင့်။
69إِنَّ الَّذِينَ آمَنُوا وَالَّذِينَ هَادُوا وَالصَّابِئُونَ وَالنَّصَارَىٰ مَنْ آمَنَ بِاللَّهِ وَالْيَوْمِ الْآخِرِ وَعَمِلَ صَالِحًا فَلَا خَوْفٌ عَلَيْهِمْ وَلَا هُمْ يَحْزَنُونَ
စင်စစ်ဧကန် ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူများသည်လည်းကောင်း၊ ယဟူဒီများသည်လည်းကောင်း၊ ဆွာဗီ များသည်လည်းကောင်း၊ ရစ်ယာန်များသည်လည်းကောင်း မည်သူမဆို အလ္လာဟ်အရှင်မြတ်နှင့် နောက်ဆုံးနေ့ကိုယုံကြည်ပြီး ကောင်းမြတ်သော ကိုယ်ကျင့်တရားများကို ဆောက်တည်ခဲ့ပါလျှင် ထိုကဲ့သို့သောသူတို့အဖို့ မည်သည့်စိုးရိမ်မှုမျှမရှိ။ ၎င်းတို့သည် ပူဆွေးကြမည်လည်း မဟုတ်ပေ။
70لَقَدْ أَخَذْنَا مِيثَاقَ بَنِي إِسْرَائِيلَ وَأَرْسَلْنَا إِلَيْهِمْ رُسُلًا ۖ كُلَّمَا جَاءَهُمْ رَسُولٌ بِمَا لَا تَهْوَىٰ أَنفُسُهُمْ فَرِيقًا كَذَّبُوا وَفَرِيقًا يَقْتُلُونَ
ဧကန်မုချ ငါအရှင်မြတ်သည် အစ္စရာအီလီမျိုးနွယ်တို့ထံမှ ပဋိညာဉ်ကို ယူတော်မူခဲ့၏။ ၎င်းပြင် ငါအရှင်မြတ်သည် ၎င်းတို့ထံသို့ (များစွာသော) ရစူလ်တမန်တော်များကိုလည်း စေလွှတ်တော်မူခဲ့၏။ မည်သည့်အခါမျိုးမဆို ထိုသူတို့ထံသို့ ရစူလ်တမန်တော်တစ်ပါးပါးသည် ထိုသူတို့မကြိုက်မနှစ်သက်သော အမိန့်ပညတ်တော်ကို ယူဆောင်လာခဲ့သည်ရှိသော် ထိုသူတို့သည် အချို့ (ရစူလ်တမန်တော်များ) ကို မုသာဝါဒီများဟူ၍ ပြောဆိုငြင်းပယ်ခဲ့ကြ၏။ အချို့တမန်တော်များကိုမူ သတ်ဖြတ်ခဲ့ကြ၏။
အလ်-မာအိဒကုရ်အာန် ညွှန်းကိန်း
120အာယာသ်
MedinanRevelation
68အာယာသ်

ဘာသာပြန် — အလ်-မာအိဒ 68

စူရာ အလ်-မာအိဒ အာယာသ် 68 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : (အို- နဗီတမန်တော်) အသင်သည် (ဤသို့) ပြောကြားပါလေ၊ “အို- (ကိတာဗီ) ကျမ်းဂန်ရရှိသူအပေါင်းတို့ အသင်တို့သည်‘တောင်ရာတ်’ ကျမ်းကိုလည်းကောင်း၊…

စူရာ အာယာသ် 68/120 — စူရာ အလ်-မာအိဒ المائدة (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-မာအိဒ နားထောင်, စူရာ အလ်-မာအိဒ ဘာသာပြန်, စူရာ အလ်-မာအိဒ mp3, စူရာ အလ်-မာအိဒ pdf. အာယာသ် 66–70. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Monday, October 19, 2026

Don't forget us in your sincere prayers