အတ်-သူရ် · 22/49
ဘာသာပြန် အသံနိုင်ငံ — စူရာ အတ်-သူရ်
وَأَمْدَدْنَاهُم بِفَاكِهَةٍ وَلَحْمٍ مِّمَّا يَشْتَهُونَ ۝٢٢
Wa amdadnaahum bifaa kihatinw wa lahmim mimmaa yashtahoon
📖 မြန်မာဘာသာ
ထိုမှတစ်ပါး ငါအရှင်မြတ်သည် ထိုသူတို့အား ထိုသူတို့ အလိုဆန္ဒရှိကြလေသော အမျိုးအစားမှ သစ်သီးဝလံများကိုလည်းကောင်း၊ အသားများကိုလည်းကောင်း၊ အစဉ်မပြတ် တိုး၍ ပေးသနားတော်မူပေမည်။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 20-24 — စူရာ အတ်-သူရ်

20مُتَّكِئِينَ عَلَىٰ سُرُرٍ مَّصْفُوفَةٍ ۖ وَزَوَّجْنَاهُم بِحُورٍ عِينٍ
(၎င်းတို့သည်) စနစ်တကျ ခင်းကျင်း၍ထားရှိသော သလွန်များထက်ဝယ် မှီအုံးများ မှီလျက်ရှိကြပေမည်။ ထိုမှတစ်ပါး ငါအရှင်မြတ်သည် ၎င်းတို့အား လွန်စွာဖြူ၍ လှပတင့်တယ်သော၊ မျက်စိလှပသော မိန်းမများနှင့် ထိမ်းမြား၍ ပေးတော်မူအံ့သတည်း။
21وَالَّذِينَ آمَنُوا وَاتَّبَعَتْهُمْ ذُرِّيَّتُهُم بِإِيمَانٍ أَلْحَقْنَا بِهِمْ ذُرِّيَّتَهُمْ وَمَا أَلَتْنَاهُم مِّنْ عَمَلِهِم مِّن شَيْءٍ ۚ كُلُّ امْرِئٍ بِمَا كَسَبَ رَهِينٌ
ထိုမှတစ်ပါး အကြင်သူတို့သည် သက်ဝင် ယုံကြည်ခဲ့ကြကုန်၏။ ထို့ပြင် ၎င်းတို့၏သားမြေး တို့သည်လည်း’အီမာန်’ သက်ဝင် ယုံကြည်မှုနှင့်တကွ ၎င်းတို့၏နောက်သို့လိုက်ခဲ့ကြကုန်၏။ ငါအရှင်မြတ်သည် ၎င်းတို့၏သားမြေးတို့အား ၎င်းတို့နှင့်အတူ ပူးပေါင်းထားတော်မူပေမည်။ ထို့ပြင် ငါအရှင်မြတ်သည် ၎င်းတို့၏ ကျင့်မူဆောင်ရွက်ချက်တို့ အနက်မှလည်း မည်သည့် တစ်စုံတစ်ရာကိုမျှ လျော့နည်းစေတော်မူမည် မဟုတ်ပြီ။ လူတိုင်းမှာ မိမိရှာဖွေဆည်းပူးမှု၌ ပေါင်နှံ ချုပ်နှောင်ထားပြီး ဖြစ်၏။
22وَأَمْدَدْنَاهُم بِفَاكِهَةٍ وَلَحْمٍ مِّمَّا يَشْتَهُونَ
ထိုမှတစ်ပါး ငါအရှင်မြတ်သည် ထိုသူတို့အား ထိုသူတို့ အလိုဆန္ဒရှိကြလေသော အမျိုးအစားမှ သစ်သီးဝလံများကိုလည်းကောင်း၊ အသားများကိုလည်းကောင်း၊ အစဉ်မပြတ် တိုး၍ ပေးသနားတော်မူပေမည်။
23يَتَنَازَعُونَ فِيهَا كَأْسًا لَّا لَغْوٌ فِيهَا وَلَا تَأْثِيمٌ
၎င်းတို့မှာ ယင်း ‘ဂျန္နတ်’ သုခဘုံ၌ အရက်အပြည့်ရှိသော ခွက်များကို လုယက်ယူငင်ကြပေမည်။ ယင်းအရက်(ကိုသောက်သုံးခြင်း)၌ အချည်းနှီးသော စကားပြောဆိုမှု ရှိလိမ့်မည်မဟုတ်ပေ။ အပြစ်ဖြစ်ရန် အကြောင်းလည်း ရှိချိမ့်မည် မဟုတ်ပေ။
24۞ وَيَطُوفُ عَلَيْهِمْ غِلْمَانٌ لَّهُمْ كَأَنَّهُمْ لُؤْلُؤٌ مَّكْنُونٌ
ထိုမှတစ်ပါး ၎င်းတို့ထံ ၎င်းတို့ ပိုင်ဆိုင်ကြကုန်သော လုလင်တို့သည် (ထိုမှ-ဤမှ) လှည့်ပတ် သွားလာလျက် ရှိကြပေမည်။ ထို ကံကျွေးလုလင်တို့မှာ လုံခြုံစွာထားရှိသော ပုလဲများကဲ့သို့ပင် ရှိကြပေမည်။
အတ်-သူရ်ကုရ်အာန် ညွှန်းကိန်း
49အာယာသ်
MeccanRevelation
22အာယာသ်

ဘာသာပြန် — အတ်-သူရ် 22

စူရာ အတ်-သူရ် အာယာသ် 22 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထိုမှတစ်ပါး ငါအရှင်မြတ်သည် ထိုသူတို့အား ထိုသူတို့ အလိုဆန္ဒရှိကြလေသော အမျိုးအစားမှ သစ်သီးဝလံများကိုလည်းကောင်း၊ အသားများကိုလည်းကောင်း၊ အစဉ်မပြတ် တိုး၍…

စူရာ အာယာသ် 22/49 — စူရာ အတ်-သူရ် الطور (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အတ်-သူရ် နားထောင်, စူရာ အတ်-သူရ် ဘာသာပြန်, စူရာ အတ်-သူရ် mp3, စူရာ အတ်-သူရ် pdf. အာယာသ် 20–24. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Wednesday, September 30, 2026

Don't forget us in your sincere prayers