အတ်-သူရ် စူရာ အာရဗ်ဘာသာ နှင့် မြန်မာ
အတ်-သူရ် စူရာကို မြန်မာဘာသာပြန် ပြည့်စုံစွာ နှင့် အသံ တိလာဝတ် နှင့် ဖတ်ပါ။ (49 အာယာသ် — مكية). အတ်-သူရ် နားထောင်, အတ်-သူရ် ဘာသာပြန်, အတ်-သူရ် mp3, အတ်-သူရ် pdf.အတ်-သူရ် စူရာ ဖတ်ရှူ နှင့် နားထောင်
🎧 အာယာသ်
M
Mishary Rashid Alafasy
✓
Mishary Rashid Alafasy
✓
M
Mahmoud Khalil Al-Husary
✓
Mahmoud Khalil Al-Husary
✓
A
Abdurrahman As-Sudais
✓
Abdurrahman As-Sudais
✓
M
Mohamed Siddiq Al-Minshawi
✓
Mohamed Siddiq Al-Minshawi
✓
A
Abdul Basit Abdul Samad
✓
Abdul Basit Abdul Samad
✓
A
Ali Al-Hudhaify
✓
Ali Al-Hudhaify
✓
A
Ahmed ibn Ali al-Ajamy
✓
Ahmed ibn Ali al-Ajamy
✓
A
Abu Bakr Ash-Shaatree
✓
Abu Bakr Ash-Shaatree
✓
M
Muhammad Ayyoub
✓
Muhammad Ayyoub
✓
A
Abdullah Basfar
✓
Abdullah Basfar
✓
A
Abdullah Al-Juhani
✓
Abdullah Al-Juhani
✓
M
Maher Al Muaiqly
✓
Maher Al Muaiqly
✓
—
x1
وَكِتَابٍ مَّسْطُورٍ ٢
📖 ဘာသာပြန်
အာယာသ် 2
၎င်းပြင်(ငါအရှင်မြတ်သည်)ရေးသားပြီးဖြစ်သော(ဤ)ကျမ်းဂန် (မှတ်တမ်း)တော်ကို သက်သေထူတော်မူ၏။
وَالْبَيْتِ الْمَعْمُورِ ٤
📖 ဘာသာပြန်
အာယာသ် 4
၎င်းပြင် စည်ပင်သာယာသော အိမ်တော်`ဗိုက်တိမအ်မူရ်` အိမ်တော်ကို သက်သေထူတော်မူ၏။
وَالسَّقْفِ الْمَرْفُوعِ ٥
📖 ဘာသာပြန်
အာယာသ် 5
ထို့ပြင် (ငါအရှင်မြတ်သည်) မြင့်စွင့်သော အမိုးကို သက်သေထူတော်မူ၏။
وَالْبَحْرِ الْمَسْجُورِ ٦
📖 ဘာသာပြန်
အာယာသ် 6
ထို့ပြင် (ငါအရှင်မြတ်သည်) လျှံတက်လျက်ရှိသော သမုဒ္ဒရာပင်လယ်ကို သက်သေထူတော်မူ၏။
إِنَّ عَذَابَ رَبِّكَ لَوَاقِعٌ ٧
📖 ဘာသာပြန်
အာယာသ် 7
ဧကန်မလွဲ အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ အပြစ်ဒဏ်သည် အမှန်ပင် ကျရောက်မည်ဖြစ်၏။
يَوْمَ تَمُورُ السَّمَاءُ مَوْرًا ٩
📖 ဘာသာပြန်
အာယာသ် 9
(ယင်းပြစ်ဒဏ်သည်)အကြင်နေ့တွင်(ကျရောက်ပေမည်)၊ ထိုနေ့တွင် မိုးကောင်းကင်မှာ တုန်လှုပ်အက်ကွဲ၍ သွားပေမည်။
فَوَيْلٌ يَوْمَئِذٍ لِّلْمُكَذِّبِينَ ١١
📖 ဘာသာပြန်
အာယာသ် 11
သို့ဖြစ်ပေရာ ထိုနေ့တွင် မဟုတ်�မှန်ဟူ၍ စွပ်စွဲ ငြင်းပယ်ကြကုန်သော သူတို့၌ ပျက်စီးခြင်းသည် ရှိချေမည်။
الَّذِينَ هُمْ فِي خَوْضٍ يَلْعَبُونَ ١٢
📖 ဘာသာပြန်
အာယာသ် 12
အကြင်သူတို့သည် အချည်းနှီးသော ပြောဆိုမှု၌ မွေ့လျော်လျက် ရှိကြကုန်၏။
يَوْمَ يُدَعُّونَ إِلَىٰ نَارِ جَهَنَّمَ دَعًّا ١٣
📖 ဘာသာပြန်
အာယာသ် 13
အကြင်နေ့တွင် ၎င်းတို့သည် ‘ဂျဟန္နမ်’ ငရဲ၏မီးရှိရာသို့ တွန်းပို့ခြင်းကို ခံကြရပေမည်။
هَٰذِهِ النَّارُ الَّتِي كُنتُم بِهَا تُكَذِّبُونَ ١٤
📖 ဘာသာပြန်
အာယာသ် 14
ဤသည်ပင် မဟုတ်မမှန်ဟူ၍ အသင်တို့ ငြင်းပယ်လျက်ရှိခဲ့ကြသော ငရဲမီးပင် ဖြစ်၏။
أَفَسِحْرٌ هَٰذَا أَمْ أَنتُمْ لَا تُبْصِرُونَ ١٥
📖 ဘာသာပြန်
အာယာသ် 15
သို့ဖြစ်ပေရာ ဤသည် စုန်းပယောဂ ဖြစ်လေသလော၊ သို့တည်းမဟုတ် အသင်တို့သည် (ယခုတိုင်) မမြင်ကြလေသလော။
اصْلَوْهَا فَاصْبِرُوا أَوْ لَا تَصْبِرُوا سَوَاءٌ عَلَيْكُمْ ۖ إِنَّمَا تُجْزَوْنَ مَا كُنتُمْ تَعْمَلُونَ ١٦
📖 ဘာသာပြန်
အာယာသ် 16
အသင်တို့သည် ယင်းငရဲမီးထဲသို့ ဝင်ရောက်ကြလေကုန်။ ထို့နောက် အသင်တို့သည် သည်းခံကြသည်ဖြစ်စေ၊ သည်းမခံကြသည်ဖြစ်စေ၊ အသင်တို့ အဖို့ အကြောင်းမထူးပြီ။အသင်တို့သည် မိမိတို့ ကျင့်မူခဲ့ကြသော အမှုကိစ္စများနှင့် စပ်လျဉ်း၍ အစားပေးခြင်းကို ခံကြရသည်သာတည်း။
إِنَّ الْمُتَّقِينَ فِي جَنَّاتٍ وَنَعِيمٍ ١٧
📖 ဘာသာပြန်
အာယာသ် 17
ဧကန်မလွဲ ‘မွတ္တကီ’ သူတော်စင်တို့မှာကား ဥယျာဉ်များ၌လည်းကောင်း၊ အံ့မခန်းသုခ၌လည်းကောင်း၊ ရှိကြပေမည်။
فَاكِهِينَ بِمَا آتَاهُمْ رَبُّهُمْ وَوَقَاهُمْ رَبُّهُمْ عَذَابَ الْجَحِيمِ ١٨
📖 ဘာသာပြန်
အာယာသ် 18
၎င်းတို့သည် ၎င်းတို့ကို ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်က ၎င်းတို့အား ချီးမြှင့်ပေးသနားတော်မူခဲ့သော သစ်သီးဝလံများကို စားသုံးလျက်ရှိကြပေမည်။ (တစ်နည်း) [ချီးမြှင့်ပေးသနားတော်မူခဲ့သော စည်းစိမ်များကြောင့် ဝမ်းမြောက်ပျော်ရွှင် လျက်ရှိကြပေမည်။] ထိုမှတစ်ပါး ၎င်းတို့ကို ၎င်းတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် အလျှံပြောင်ပြောင် တောက်လောင်လျက်ရှိသော ငရဲမီး ပြစ်ဒဏ်မှလည်း လွတ်ကင်းစေတော်မူပေမည်။
كُلُوا وَاشْرَبُوا هَنِيئًا بِمَا كُنتُمْ تَعْمَلُونَ ١٩
📖 ဘာသာပြန်
အာယာသ် 19
(ထိုမှတစ်ပါး ၎င်းတို့သည် ဤသို့ မိန့်ကြားတော်မူခြင်းကို ခံကြရပေမည်)။ အသင်တို့သည် မိမိတို့ ကျင့်မူလျက် ရှိခဲ့ကြလေသော ကောင်းမှုတို့၏အစား အရသာခံစားကြလျက်(မြိန်ရှက်စွာ) စားသောက်ကြလေကုန်။
مُتَّكِئِينَ عَلَىٰ سُرُرٍ مَّصْفُوفَةٍ ۖ وَزَوَّجْنَاهُم بِحُورٍ عِينٍ ٢٠
📖 ဘာသာပြန်
အာယာသ် 20
(၎င်းတို့သည်) စနစ်တကျ ခင်းကျင်း၍ထားရှိသော သလွန်များထက်ဝယ် မှီအုံးများ မှီလျက်ရှိကြပေမည်။ ထိုမှတစ်ပါး ငါအရှင်မြတ်သည် ၎င်းတို့အား လွန်စွာဖြူ၍ လှပတင့်တယ်သော၊ မျက်စိလှပသော မိန်းမများနှင့် ထိမ်းမြား၍ ပေးတော်မူအံ့သတည်း။
وَالَّذِينَ آمَنُوا وَاتَّبَعَتْهُمْ ذُرِّيَّتُهُم بِإِيمَانٍ أَلْحَقْنَا بِهِمْ ذُرِّيَّتَهُمْ وَمَا أَلَتْنَاهُم مِّنْ عَمَلِهِم مِّن شَيْءٍ ۚ كُلُّ امْرِئٍ بِمَا كَسَبَ رَهِينٌ ٢١
📖 ဘာသာပြန်
အာယာသ် 21
ထိုမှတစ်ပါး အကြင်သူတို့သည် သက်ဝင် ယုံကြည်ခဲ့ကြကုန်၏။ ထို့ပြင် ၎င်းတို့၏သားမြေး တို့သည်လည်း’အီမာန်’ သက်ဝင် ယုံကြည်မှုနှင့်တကွ ၎င်းတို့၏နောက်သို့လိုက်ခဲ့ကြကုန်၏။ ငါအရှင်မြတ်သည် ၎င်းတို့၏သားမြေးတို့အား ၎င်းတို့နှင့်အတူ ပူးပေါင်းထားတော်မူပေမည်။ ထို့ပြင် ငါအရှင်မြတ်သည် ၎င်းတို့၏ ကျင့်မူဆောင်ရွက်ချက်တို့ အနက်မှလည်း မည်သည့် တစ်စုံတစ်ရာကိုမျှ လျော့နည်းစေတော်မူမည် မဟုတ်ပြီ။ လူတိုင်းမှာ မိမိရှာဖွေဆည်းပူးမှု၌ ပေါင်နှံ ချုပ်နှောင်ထားပြီး ဖြစ်၏။
وَأَمْدَدْنَاهُم بِفَاكِهَةٍ وَلَحْمٍ مِّمَّا يَشْتَهُونَ ٢٢
📖 ဘာသာပြန်
အာယာသ် 22
ထိုမှတစ်ပါး ငါအရှင်မြတ်သည် ထိုသူတို့အား ထိုသူတို့ အလိုဆန္ဒရှိကြလေသော အမျိုးအစားမှ သစ်သီးဝလံများကိုလည်းကောင်း၊ အသားများကိုလည်းကောင်း၊ အစဉ်မပြတ် တိုး၍ ပေးသနားတော်မူပေမည်။
يَتَنَازَعُونَ فِيهَا كَأْسًا لَّا لَغْوٌ فِيهَا وَلَا تَأْثِيمٌ ٢٣
📖 ဘာသာပြန်
အာယာသ် 23
၎င်းတို့မှာ ယင်း ‘ဂျန္နတ်’ သုခဘုံ၌ အရက်အပြည့်ရှိသော ခွက်များကို လုယက်ယူငင်ကြပေမည်။ ယင်းအရက်(ကိုသောက်သုံးခြင်း)၌ အချည်းနှီးသော စကားပြောဆိုမှု ရှိလိမ့်မည်မဟုတ်ပေ။ အပြစ်ဖြစ်ရန် အကြောင်းလည်း ရှိချိမ့်မည် မဟုတ်ပေ။
۞ وَيَطُوفُ عَلَيْهِمْ غِلْمَانٌ لَّهُمْ كَأَنَّهُمْ لُؤْلُؤٌ مَّكْنُونٌ ٢٤
📖 ဘာသာပြန်
အာယာသ် 24
ထိုမှတစ်ပါး ၎င်းတို့ထံ ၎င်းတို့ ပိုင်ဆိုင်ကြကုန်သော လုလင်တို့သည် (ထိုမှ-ဤမှ) လှည့်ပတ် သွားလာလျက် ရှိကြပေမည်။ ထို ကံကျွေးလုလင်တို့မှာ လုံခြုံစွာထားရှိသော ပုလဲများကဲ့သို့ပင် ရှိကြပေမည်။
وَأَقْبَلَ بَعْضُهُمْ عَلَىٰ بَعْضٍ يَتَسَاءَلُونَ ٢٥
📖 ဘာသာပြန်
အာယာသ် 25
ထို့ပြင် ၎င်းတို့အနက် တစ်ဦးသည်တစ်ဦး၏ ဘက်သို့လှည့်ကာ အချင်းချင်း စုံစမ်းမေးမြန်းကြပေမည်။
قَالُوا إِنَّا كُنَّا قَبْلُ فِي أَهْلِنَا مُشْفِقِينَ ٢٦
📖 ဘာသာပြန်
အာယာသ် 26
၎င်းတို့သည် (ဤသို့) ပြောဆိုကြပေမည်။ ဧကန်စင်စစ် ကျွန်ုပ်တို့သည် ယခင်က မိမိတို့အိမ်သူ အိမ်သားတို့နှင့်ရှိနေစဉ် ကြောက်ရွံ့စိုးရိမ်လျက် ရှိခဲ့ကြကုန်၏။
فَمَنَّ اللَّهُ عَلَيْنَا وَوَقَانَا عَذَابَ السَّمُومِ ٢٧
📖 ဘာသာပြန်
အာယာသ် 27
သို့ရာတွင် အလ္လာဟ်အရှင်မြတ်သည် ကျွန်ုပ်တို့အပေါ်၌ ကျေးဇူးပြုတော်မူခဲ့၏။ ၎င်းပြင် ထိုအရှင်မြတ်သည် ကျွန်ုပ်တို့အား အပူအရှိန် ပြင်းလှစွာသော ‘ဂျဟန္နမ်’ ငရဲ၏ပြစ်ဒဏ်မှလည်း ကင်းလွတ်စေတော် မူခဲ့၏။
إِنَّا كُنَّا مِن قَبْلُ نَدْعُوهُ ۖ إِنَّهُ هُوَ الْبَرُّ الرَّحِيمُ ٢٨
📖 ဘာသာပြန်
အာယာသ် 28
ဧကန်အမှန် ကျွန်ုပ်တို့သည် ရှေးအထက်ကျော်ကာလ၌ ထိုအရှင်မြတ်အထံတော်တွင် ဆုတောင်းလျက် ရှိခဲ့ကြကုန်၏။ ဧကန်မလွဲ ထိုအရှင်မြတ်မှာကား လွန်စွာ ကျေးဇူးပြုတော်မူသောအရှင်၊ လွန်စွာ သနားကြင်နာတော်မူသောအရှင် ဖြစ်တော်မူပေသတည်း။
فَذَكِّرْ فَمَا أَنتَ بِنِعْمَتِ رَبِّكَ بِكَاهِنٍ وَلَا مَجْنُونٍ ٢٩
📖 ဘာသာပြန်
အာယာသ် 29
သို့ဖြစ်ပေရာ (အို-နဗီတမန်တော်၊)အသင်သည် သတိပေးဆုံးမလျက် ရှိပါလေ။ စင်စစ်သော်ကား အသင်သည် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ ကျေးဇူးတော်အားဖြင့် အနာဂတ်ဟော ဆရာလည်း မဟုတ်ပေ၊ရူးသွပ်သူလည်း မဟုတ်ပေ။
أَمْ يَقُولُونَ شَاعِرٌ نَّتَرَبَّصُ بِهِ رَيْبَ الْمَنُونِ ٣٠
📖 ဘာသာပြန်
အာယာသ် 30
သို့တည်းမဟုတ် ၎င်းတို့က (ဤမုဟမ္မဒ်) (ဆွလ္လလာဟု အလိုင်ဟိဝစလာမ်)သည် ကဗျာဆရာဖြစ်သည်။ ကျွန်ုပ်တို့သည် ၎င်းနှင့်ပတ်သက်၍ ကံအားလျော်စွာ ဆိုက်ရောက်လာအံ့သော ခေတ်ကာလ၏ဘေးအန္တရာယ်ကို ဆိုက်ရောက်လာအံ့သော သေဘေးကို စောင့်ဆိုင်း၍ နေကြသည်ဟု ပြောဆိုကြလေသလော။
قُلْ تَرَبَّصُوا فَإِنِّي مَعَكُم مِّنَ الْمُتَرَبِّصِينَ ٣١
📖 ဘာသာပြန်
အာယာသ် 31
(အို-နဗီတမန်တော်၊) အသင်သည် ပြောကြားပါလေ။ (အချင်းတို့၊) အသင်တို့သည် စောင့်ဆိုင်း၍ နေကြလေကုန်။ သို့ဖြစ်လျှင် ဧကန်အမှန် ငါသည်လည်း အသင်တို့နှင့်အတူ စောင့်ဆိုင်းသူတို့တွင် အပါအဝင်ဖြစ်၏။
أَمْ تَأْمُرُهُمْ أَحْلَامُهُم بِهَٰذَا ۚ أَمْ هُمْ قَوْمٌ طَاغُونَ ٣٢
📖 ဘာသာပြန်
အာယာသ် 32
သို့တည်းမဟုတ် ၎င်းတို့၏ အသိဉာဏ်များက ဤသည်နှင့်စပ်လျဉ်း၍ ၎င်းတို့အား အမိန့်ပေးလေသလော။သို့တည်းမဟုတ် ၎င်းတို့ကိုယ်တိုင်ပင် ဆိုးသွမ်းသူများ ဖြစ်ကြလေသလော။
أَمْ يَقُولُونَ تَقَوَّلَهُ ۚ بَل لَّا يُؤْمِنُونَ ٣٣
📖 ဘာသာပြန်
အာယာသ် 33
သို့တည်းမဟုတ် ၎င်းတို့က ထိုသူ(တမန်တော်မြတ်)သည် ဤ(ကုရ်အာန်ကျမ်းတော်မြတ်)ကို ကြံစည်ဖန်တီးခဲ့သည်ဟု ပြောဆိုကြလေသလော။ ထိုသို့ အလျှင်းမဟုတ်၊ စင်စစ်မှာကား ၎င်းတို့ ကိုယ်တိုင် သက်ဝင်ယုံကြည်ခြင်းမရှိကြပေ။
فَلْيَأْتُوا بِحَدِيثٍ مِّثْلِهِ إِن كَانُوا صَادِقِينَ ٣٤
📖 ဘာသာပြန်
အာယာသ် 34
သို့ဖြစ်လျှင် အကယ်၍ ၎င်းတို့သည် သစ္စာဝါဒီများဖြစ်ကြလျှင် ယင်း(ကုရ်အာန်ကျမ်းမြတ်)ကဲ့သို့သော အာယတ်တော် တစ်စုံတစ်ရာကို ၎င်းတို့ ယူဆောင်၍ လာကြရပေမည်။
أَمْ خُلِقُوا مِنْ غَيْرِ شَيْءٍ أَمْ هُمُ الْخَالِقُونَ ٣٥
📖 ဘာသာပြန်
အာယာသ် 35
သို့တည်းမဟုတ် ၎င်းတို့သည် (ဖန်ဆင်းသူ) တစ်စုံတစ်ယောက်မျှ မရှိဘဲ ဖန်ဆင်းခြင်း ခံခဲ့ကြရလေသလော။သို့တည်းမဟုတ် ၎င်းတို့ကိုယ်တိုင် (မိမိ တို့ကိုယ်ကို) ဖန်ဆင်းသူများ ဖြစ်လေသလော။
أَمْ خَلَقُوا السَّمَاوَاتِ وَالْأَرْضَ ۚ بَل لَّا يُوقِنُونَ ٣٦
📖 ဘာသာပြန်
အာယာသ် 36
သို့တည်းမဟုတ် ထိုသူတို့သည် မိုးကောင်းကင်များနှင့်ပထဝီမြေကို ဖန်ဆင်းခဲ့ကြလေသလော။ စင်စစ်မှာကား ၎င်းတို့သည် ယုံကြည်ကြသည် မဟုတ်ပေ။
أَمْ عِندَهُمْ خَزَائِنُ رَبِّكَ أَمْ هُمُ الْمُصَيْطِرُونَ ٣٧
📖 ဘာသာပြန်
အာယာသ် 37
သို့တည်းမဟုတ် ၎င်းတို့ထံ အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ ဘဏ္ဍာတော်များ ရှိလေသလော။ သို့တည်းမဟုတ် ၎င်းတို့သည် ကွပ်ကဲ အုပ်ချုပ်သူများပင် ဖြစ်ကြလေသလော။
أَمْ لَهُمْ سُلَّمٌ يَسْتَمِعُونَ فِيهِ ۖ فَلْيَأْتِ مُسْتَمِعُهُم بِسُلْطَانٍ مُّبِينٍ ٣٨
📖 ဘာသာပြန်
အာယာသ် 38
သို့တည်းမဟုတ် ၎င်းတို့၌ လှေကား တစ်စုံတစ်ခုရှိနေ၍ ၎င်းတို့သည် ထိုလှေကားဖြင့် (မိုးကောင်းကင်မ� စကားများကို) နားထောင်ကြလေသလော။ သို့ဖြစ်လျှင် ၎င်းတို့အနက်မှ နားထောင်သောသူသည် ထင်ရှားစွာသော သက်သေသာဓကကို ဆောင်ယူခဲ့ရပေမည်။
أَمْ لَهُ الْبَنَاتُ وَلَكُمُ الْبَنُونَ ٣٩
📖 ဘာသာပြန်
အာယာသ် 39
သို့တည်းမဟုတ် ထိုအရှင်မြတ်၌ သမီးမိန်းကလေးများ ရှိကြပြီး၊ ၎င်းတို့၌မူ သားယောက်ျားကလေးများ ရှိကြလေသလော။
أَمْ تَسْأَلُهُمْ أَجْرًا فَهُم مِّن مَّغْرَمٍ مُّثْقَلُونَ ٤٠
📖 ဘာသာပြန်
အာယာသ် 40
သို့တည်းမဟုတ် အသင်သည် ၎င်းတို့ထံ အခကျေးဇူးတစ်စုံတစ်ရာကို တောင်းဆိုသောကြောင့် ၎င်းတို့သည် ကြွေးမြီပေးဆပ်ရန် တာဝန်၌ပိလျက် ရှိနေကြလေသလော။
أَمْ عِندَهُمُ الْغَيْبُ فَهُمْ يَكْتُبُونَ ٤١
📖 ဘာသာပြန်
အာယာသ် 41
သို့တည်းမဟုတ် ၎င်းတို့ထံတွင် အကွယ်၌ ရှိသည်တို့ကို (သိစွမ်းနိုင်သော အသိပညာရှိသောကြောင့်) ၎င်းတို့သည် ရေးမှတ်ထားကြလေသလော။
أَمْ يُرِيدُونَ كَيْدًا ۖ فَالَّذِينَ كَفَرُوا هُمُ الْمَكِيدُونَ ٤٢
📖 ဘာသာပြန်
အာယာသ် 42
သို့တည်းမဟုတ် ၎င်းတို့သည် တစ်စုံတစ်ရာမကောင်း ကြံစည်ရန် ရည်ရွယ်ကြလေသလော။ သို့ ဖြစ်လျှင် `ကာဖိရ်` သွေဖည် ငြင်းပယ်ကြကုန်သော သူတို့သည်ပင်လျှင် မကောင်းသော အကြံအစည်၌ မိနေကြကုန်၏။
أَمْ لَهُمْ إِلَٰهٌ غَيْرُ اللَّهِ ۚ سُبْحَانَ اللَّهِ عَمَّا يُشْرِكُونَ ٤٣
📖 ဘာသာပြန်
အာယာသ် 43
သို့တည်းမဟုတ် ၎င်းတို့၌ အလ္လာဟ်အရှင်မြတ် အပြင် ကိုးကွယ်ရာအရှင်မြတ် တစ်ပါးပါးရှိလေသလော။အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့ တွဲဖက် ကိုးကွယ်ကြသည်တို့မှ လုံးဝစင်ကြယ် သန့်ရှင်းတော်မူပေသတည်း။
وَإِن يَرَوْا كِسْفًا مِّنَ السَّمَاءِ سَاقِطًا يَقُولُوا سَحَابٌ مَّرْكُومٌ ٤٤
📖 ဘာသာပြန်
အာယာသ် 44
စင်စစ်သော်ကား အကယ်၍သာ ၎င်းတို့သည် မိုးကောင်းကင်၏ အစိတ်အပိုင်းတစ်ခုခု ကျလာသည် ကိုတွေ့မြင်ကြသည် ရှိအံ့ငြားလည်း (ဤသည်)အထပ်ထပ် ထပ်ဆင့်ထားသော မိုးတိမ်သာလျှင် ဖြစ်သည်ဟု ဆိုကြဦးပေမည်။
فَذَرْهُمْ حَتَّىٰ يُلَاقُوا يَوْمَهُمُ الَّذِي فِيهِ يُصْعَقُونَ ٤٥
📖 ဘာသာပြန်
အာယာသ် 45
သို့ဖြစ်ပေရာ (အို-နဗီတမန်တော်) အသင်သည် ၎င်းတို့အား ၎င်းတို့၏အကြင်နေ့နှင့် တွေ့ကြုံကြရသည်အထိ စွန့်လွှတ်၍ ထားရှိပါလေ၊ ထိုနေ့တွင် ၎င်းတို့သေဆုံးကြပေမည်။
يَوْمَ لَا يُغْنِي عَنْهُمْ كَيْدُهُمْ شَيْئًا وَلَا هُمْ يُنصَرُونَ ٤٦
📖 ဘာသာပြန်
အာယာသ် 46
အကြင်နေ့တွင် ၎င်းတို့အဖို့ ��င်းတို့၏အကြံအစည်သည် လုံးဝအသုံးမဝင်မည့်အပြင် ၎င်းတို့သည် ကူညီစောင်မခြင်းကိုလည်း ခံကြရမည်မဟုတ်ပေ။
وَإِنَّ لِلَّذِينَ ظَلَمُوا عَذَابًا دُونَ ذَٰلِكَ وَلَٰكِنَّ أَكْثَرَهُمْ لَا يَعْلَمُونَ ٤٧
📖 ဘာသာပြန်
အာယာသ် 47
ထိုမှတစ်ပါး မတရားမှုကို ကျူးလွန်ခဲ့ကြသောသူတို့၌ ယင်းသည့်အလျင်လည်း ပြစ်ဒဏ်(ကျရောက် မည်ဖြစ်၏၊) သို့ရာတွင် ၎င်းတို့အနက် အများစုသောသူတို့မှာ သိရှိကြသည်မဟုတ်ပေ။
وَاصْبِرْ لِحُكْمِ رَبِّكَ فَإِنَّكَ بِأَعْيُنِنَا ۖ وَسَبِّحْ بِحَمْدِ رَبِّكَ حِينَ تَقُومُ ٤٨
📖 ဘာသာပြန်
အာယာသ် 48
(သို့ဖြစ်ပေရာ) အသင်သည် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏အမိန့်တော်ကို သည်းခံ၍စောင့်ဆိုင်းပါလေ။ အကြောင်းသော်ကား အသင်သည် ငါအရှင်မြတ်၏ ကြည့်ရှုစောင့်ရှောက်မှုအောက်တွင် ရှိနေသောကြောင့်ပင်။ ထိုမှတစ်ပါး အသင်သည် (ထိုင်ရာမှပြန်)ထသောအခါ အသင့်အား မွေးမြူဖန်ဆင်းတော်မူသော အရှင်မြတ်အား ချီးမွမ်း ထောပနာပြုခြင်းနှင့်တကွ (ထိုအရှင်မြတ်)စင်ကြယ် သန့်ရှင်းတော်မူကြောင်း မြွက်ဆိုပါလေ။
وَمِنَ اللَّيْلِ فَسَبِّحْهُ وَإِدْبَارَ النُّجُومِ ٤٩
📖 ဘာသာပြန်
အာယာသ် 49
ထိုမှတစ်ပါး အသင်သည် ညဉ့်၌လည်းကောင်း၊ကြယ်များ (ကွယ်ပျောက်သွားသည့်) နောက်ပိုင်းတွင် လည်းကောင်း၊ ထိုအရှင်မြတ် စင်ကြယ်သန့်ရှင်းတော်မူကြောင်း မြွက်ဆိုပါလေ။
ဖတ်ရန် အတ်-သူရ် စူရာ မြန်မာဘာသာ – ဘာသာပြန် နှင့် အသံ
ကုရ်အာန်ကျမ်း
Tuesday, August 18, 2026
Don't forget us in your sincere prayers

