အလ်-ဟရှ်ရ် · 6/24
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-ဟရှ်ရ်
وَمَا أَفَاءَ اللَّهُ عَلَىٰ رَسُولِهِ مِنْهُمْ فَمَا أَوْجَفْتُمْ عَلَيْهِ مِنْ خَيْلٍ وَلَا رِكَابٍ وَلَٰكِنَّ اللَّهَ يُسَلِّطُ رُسُلَهُ عَلَىٰ مَن يَشَاءُ ۚ وَاللَّهُ عَلَىٰ كُلِّ شَيْءٍ قَدِيرٌ ۝٦
Wa maaa afaaa`al laahu `alaaa Rasoolihee minhum famaaa awjaftum `alaihi min khailiinw wa laa rikaabinw wa laakinnal laaha yusallitu Rusulahoo `alaa many yashaaa`; wallaahu `alaa kulli shai`in Qadeer
📖 မြန်မာဘာသာ
ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် မိမိ ရစူလ်တမန်တော်မြတ်အား ၎င်းတို့ထံမှ ‘ဖိုင်အ်’ လက်ရပစ္စည်းအဖြစ် သိမ်းပိုက်စေတော်မူခဲ့သော အရာများမှာမူကား အသင်တို့သာ ယင်းပစ္စည်းများအပေါ်သို့ မြင်းများကို (စီးနင်း) မောင်းနှင်ခဲ့ကြသည်လည်း မဟုတ်ပေ၊ ကုလားအုတ်များကို(စီးနင်း)မောင်းနှင်ခဲ့ကြသည်လည်း မဟုတ်ပေ။ စင်စစ်မှာကား အလ္လာဟ်အရှင်မြတ်သည် မိမိ ရစူလ်တမန်တော်များအား မိမိအလိုရှိတော်မူသောသူတို့ အပေါ်ဝယ် လွှမ်းမိုးစေတော်မူ၏။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို စွမ်းနိုင်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

၁။ အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ

  • အဖာအ် (أَفَاءَ) — ဖိုင်အ် (ဖိုင်အူ) ဟူသည် စစ်တိုက်ခြင်းမရှိဘဲ ကာဖိရ်များထံမှ ရရှိသော ပစ္စည်းဥစ္စာကို ဆိုလိုသည်။ ဤနေရာတွင် အလ္လာဟ်အရှင်မြတ်သည် ရစူလ်တမန်တော်ထံ ပြန်လည်အပ်နှင်းတော်မူသော ပစ္စည်းဥစ္စာကို ဆိုလိုသည်။
  • အူဂျိဖ်သမ် (أَوْجَفْتُمْ) — သင်တို့သည် အလျင်အမြန် လှုပ်ရှားသွားလာခဲ့ကြသည်၊ မြင်းနှင့်စစ်သည်တို့ကို မောင်းနှင်ခဲ့ကြသည် ဟု ဆိုလိုသည်။
  • ခယ်လ် (خَيْلٍ) — မြင်းများ။
  • ရိကာဗ် (رِكَابٍ) — ကုလားအုတ်များ (စစ်ချီရာတွင် အသုံးပြုသော တိရစ္ဆာန်များ)။
  • ယုစလ်လိတွ် (يُسَلِّطُ) — အရှင်မြတ်သည် အုပ်စိုးနိုင်စေတော်မူသည်၊ လွှမ်းမိုးနိုင်စေတော်မူသည်။

၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

အလ္လာဟ်အရှင်မြတ်သည် ရစူလ်တမန်တော်ထံ ဗနူနနဒီရ် (ယဟူဒီမျိုးနွယ်) တို့ထံမှ ပြန်လည်အပ်နှင်းတော်မူသော ပစ္စည်းဥစ္စာများကို ရယူရန်အတွက် မွတ်စ်လင်မ်တို့သည် မြင်းများကိုလည်းကောင်း၊ ကုလားအုတ်များကိုလည်းကောင်း စီးနင်း၍ အလျင်အမြန် ချီတက်ခဲ့ကြခြင်း မရှိပေ။ ထိုပစ္စည်းဥစ္စာများကို ရယူရာတွင် မည်သည့် ပင်ပန်းခက်ခဲမှုကိုမျှ ကြုံတွေ့ခဲ့ကြရခြင်း မရှိပေ။ သို့သော် အလ္လာဟ်အရှင်မြတ်သည် မိမိအလိုတော်ရှိသူအပေါ် မိမိ၏ ရစူလ်တမန်တော်များကို အုပ်စိုးနိုင်စေတော်မူသည်။ အရှင်မြတ်သည် ရစူလ်တမန်တော်မြတ်ကို ဗနူနဒီရ်တို့အပေါ် လွှမ်းမိုးနိုင်စေတော်မူခဲ့သဖြင့် သူတို့၏ နယ်မြေများကို စစ်တိုက်ခြင်းမရှိဘဲ သိမ်းပိုက်နိုင်တော်မူခဲ့သည်။ အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းအပေါ် စွမ်းဆောင်နိုင်တော်မူသော အရှင်ဖြစ်တော်မူသည်။ မည်သည့်အရာမျှ အရှင်မြတ်ကို မစွမ်းဆောင်နိုင်စေနိုင်ပေ။

ဤအာယသ်တော်သည် ဗနူနဒီရ်တို့ သူတို့၏ နေအိမ်များနှင့် ဥစ္စာပစ္စည်းများကို စွန့်ခွာထွက်ပြေးသွားကြသောအခါ မွတ်စ်လင်မ်တို့သည် ခိုင်ဗရ်တိုက်ပွဲကဲ့သို့ ခွဲဝေယူကြရန် တောင်းဆိုကြသဖြင့် ဤအာယသ်တော် ကျရောက်လာခဲ့ခြင်း ဖြစ်သည်။ ဤပစ္စည်းဥစ္စာများသည် ရစူလ်တမန်တော်မြတ်အတွက် သီးသန့်ဖြစ်သည်။ အကြောင်းမှာ မွတ်စ်လင်မ်တို့သည် ထိုပစ္စည်းများကို ရယူရန် မြင်းများ၊ က



📜 အာယာသ် 4-8 — စူရာ အလ်-ဟရှ်ရ်

4ذَٰلِكَ بِأَنَّهُمْ شَاقُّوا اللَّهَ وَرَسُولَهُ ۖ وَمَن يُشَاقِّ اللَّهَ فَإِنَّ اللَّهَ شَدِيدُ الْعِقَابِ
ယင်းသို့ ဖြစ်ရခြင်းမှာ ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်အားလည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော်မြတ်အားလည်းကောင်း၊ ဆန့်ကျင်ဖီလာ ပြုလုပ်ခဲ့ကြသောကြောင့်ပင်။ စင်စစ်သော်ကား မည်သူမဆို အလ္လာဟ်အရှင်မြတ်အား ဆန့်ကျင်ဖီလာပြုလုပ်ခဲ့မူ ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် ပြင်းထန်စွာ ပြစ်ဒဏ်ခတ်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။
5مَا قَطَعْتُم مِّن لِّينَةٍ أَوْ تَرَكْتُمُوهَا قَائِمَةً عَلَىٰ أُصُولِهَا فَبِإِذْنِ اللَّهِ وَلِيُخْزِيَ الْفَاسِقِينَ
စွန်ပလွံပင်များကို အသင်တို့ ခုတ်လှဲဖြတ်တောက်ခဲ့ကြခြင်း၊ သို့မဟုတ် ယင်းစွန်ပလွံပင်များကို ၎င်းတို့၏ အောက်ခြေအမြစ်များပေါ်၌ ရပ်တည်လျက် ချန်ထားခဲ့ကြခြင်းသည် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်နှင့်အညီပင် ဖြစ်သည်။ ထို့ပြင်တစ်ဝ ထိုအရှင်မြတ်သည် အမိန့်တော်ကို သွေဖည်သောသူတို့အား အရှက်တကွဲ ဖြစ်စေတော်မူအံ့သောငှာ ဖြစ်ပေသတည်း။
6وَمَا أَفَاءَ اللَّهُ عَلَىٰ رَسُولِهِ مِنْهُمْ فَمَا أَوْجَفْتُمْ عَلَيْهِ مِنْ خَيْلٍ وَلَا رِكَابٍ وَلَٰكِنَّ اللَّهَ يُسَلِّطُ رُسُلَهُ عَلَىٰ مَن يَشَاءُ ۚ وَاللَّهُ عَلَىٰ كُلِّ شَيْءٍ قَدِيرٌ
ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် မိမိ ရစူလ်တမန်တော်မြတ်အား ၎င်းတို့ထံမှ ‘ဖိုင်အ်’ လက်ရပစ္စည်းအဖြစ် သိမ်းပိုက်စေတော်မူခဲ့သော အရာများမှာမူကား အသင်တို့သာ ယင်းပစ္စည်းများအပေါ်သို့ မြင်းများကို (စီးနင်း) မောင်းနှင်ခဲ့ကြသည်လည်း မဟုတ်ပေ၊ ကုလားအုတ်များကို(စီးနင်း)မောင်းနှင်ခဲ့ကြသည်လည်း မဟုတ်ပေ။ စင်စစ်မှာကား အလ္လာဟ်အရှင်မြတ်သည် မိမိ ရစူလ်တမန်တော်များအား မိမိအလိုရှိတော်မူသောသူတို့ အပေါ်ဝယ် လွှမ်းမိုးစေတော်မူ၏။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို စွမ်းနိုင်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။
7مَّا أَفَاءَ اللَّهُ عَلَىٰ رَسُولِهِ مِنْ أَهْلِ الْقُرَىٰ فَلِلَّهِ وَلِلرَّسُولِ وَلِذِي الْقُرْبَىٰ وَالْيَتَامَىٰ وَالْمَسَاكِينِ وَابْنِ السَّبِيلِ كَيْ لَا يَكُونَ دُولَةً بَيْنَ الْأَغْنِيَاءِ مِنكُمْ ۚ وَمَا آتَاكُمُ الرَّسُولُ فَخُذُوهُ وَمَا نَهَاكُمْ عَنْهُ فَانتَهُوا ۚ وَاتَّقُوا اللَّهَ ۖ إِنَّ اللَّهَ شَدِيدُ الْعِقَابِ
အလ္လာဟ်အရှင်မြတ်သည် မိမိရစူလ်တမန်တော်မြတ်အား မြို့ရွာများတွင် နေထိုင်သောသူတို့ထံမှ ‘ဖိုင်အ်’လက်ရပစ္စည်းအဖြစ် သိမ်းပိုက်စေတော်မူခဲ့သော အရာများကား အလ္လာဟ်အရှင်မြတ်နှင့်သာ သက်ဆိုင်၏။ ထို့ပြင် ရစူလ်တမန်တော်မြတ်နှင့်လည်းကောင်း၊ (ထိုရစူလ်တမန်တော်မြတ်၏)ဆွေရင်းသားရင်းတို့နှင့် လည်းကောင်း၊ ဖမဲ့ကလေးသူငယ်တို့နှင့်လည်းကောင်း၊ သူဆင်းရဲတို့နှင့်လည်းကောင်း၊ ခရီးသည်တို့နှင့်လည်း ကောင်း၊ သက်ဆိုင်၏။ (ယင်းကဲ့သို့ ပြဋ္ဌာန်းတော်မူခြင်းမှာ) ယင်းလက်ရပစ္စည်းများသည် အသင်တို့အနက် ကုံလုံ ကြွယ်ဝသောသူတို့၏ အကြား၌သာ လည်နေသောပစ္စည်းများ မဖြစ်စေရန် (ပြဋ္ဌာန်းတော်မူခြင်း)ပင်။ ထို့ပြင် အသင်တို့သည် မိမိတို့အား ရစူလ်တမန်တော်မြတ်က ပေးခဲ့သည်ကို ယူကြလေကုန်။ ထိုနည်းတူစွာ ထိုရစူလ်တမန်တော်မြတ်က တားမြစ်တော်မူသည်မှ ရှောင်ကြဉ်ကြလေကုန်။ ထိုမှတစ်ပါး အသင်တို့သည် အလ္လာဟ်အရှင် မြတ်အားကြောက်ရွံ့ကြလေကုန်။ ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် ပြင်းထန်စွာ အပြစ်ပေးတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
8لِلْفُقَرَاءِ الْمُهَاجِرِينَ الَّذِينَ أُخْرِجُوا مِن دِيَارِهِمْ وَأَمْوَالِهِمْ يَبْتَغُونَ فَضْلًا مِّنَ اللَّهِ وَرِضْوَانًا وَيَنصُرُونَ اللَّهَ وَرَسُولَهُ ۚ أُولَٰئِكَ هُمُ الصَّادِقُونَ
အကြင် ‘မုဟာဂျီရီန်’ (မက္ကာမြို့တော်မှ)ရွှေ့ပြောင်းခဲ့ကြသော သူဆင်းရဲတို့နှင့် (အထူး) သက်ဆိုင်၏။ ထိုသူတို့သည် မိမိတို့၏နေအိမ်များကိုလည်း ကောင်း၊ မိမိတို့၏ ပစ္စည်းဥစ္စာများကိုလည်းကောင်း၊ စွန့်၍ ထွက်ခဲ့ကြရကုန်၏။ ထိုသူတို့မှာကား အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်ကိုလည်းကောင်း၊ ကျေနပ်မှုကိုလည်းကောင်း၊ ရှာဖွေဆည်းပူးလျက် ရှိကြကုန်၏။ ထို့ပြင် ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်အားလည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော်မြတ်အားလည်းကောင်း၊ ကူညီကြကုန်၏။ ထိုသူတို့သည်ပင်လျှင် သစ္စာဝါဒီများ ဖြစ်ကြကုန်၏။
အလ်-ဟရှ်ရ်ကုရ်အာန် ညွှန်းကိန်း
24အာယာသ်
MedinanRevelation
6အာယာသ်

ဘာသာပြန် — အလ်-ဟရှ်ရ် 6

စူရာ အလ်-ဟရှ်ရ် အာယာသ် 6 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် မိမိ ရစူလ်တမန်တော်မြတ်အား ၎င်းတို့ထံမှ ‘ဖိုင်အ်’ လက်ရပစ္စည်းအဖြစ် သိမ်းပိုက်စေတော်မူခဲ့သော အရာများမှာမူကား အသင်တို့သာ…

စူရာ အာယာသ် 6/24 — စူရာ အလ်-ဟရှ်ရ် الحشر (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-ဟရှ်ရ် နားထောင်, စူရာ အလ်-ဟရှ်ရ် ဘာသာပြန်, စူရာ အလ်-ဟရှ်ရ် mp3, စူရာ အလ်-ဟရှ်ရ် pdf. အာယာသ် 4–8. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 1, 2026

Don't forget us in your sincere prayers