အလ်-အန်အာမ် · 82/165
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-အန်အာမ်
الَّذِينَ آمَنُوا وَلَمْ يَلْبِسُوا إِيمَانَهُم بِظُلْمٍ أُولَٰئِكَ لَهُمُ الْأَمْنُ وَهُم مُّهْتَدُونَ ۝٨٢
Allazeena aamanoo wa lam yalbisooo eemaanahum bizulmin ulaaa`ika lahumul amnu wa hum muhtadoon
📖 မြန်မာဘာသာ
အကြင်သူတို့သည် အီမာန် သက်ဝင် ယုံကြည်ကြ၏။ ၎င်းပြင် ထိုသူများသည် မိမိတို့ အီမာန် သက်ဝင်ယုံကြည်မှုကို (ရှစ်ရ်က်)တွဲဖက်ကိုးကွယ်မှုနှင့် ရောနှောခြင်းကိုလည်းမပြုခဲ့ကြချေ။ ဘေးရန်ကင်းငြိမ်းခြင်းသည် ထိုသူတို့အဖို့သာလျှင်ရှိ၏။ ၎င်းပြင် ထိုသူတို့သည်သာလျှင် ဖြောင့်မတ်မှန်ကန်သောတရားလမ်းကို ရရှိသောသူများ ဖြစ်ကြကုန်သတည်း။ (ရကူ)

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ၏ အဓိပ္ပာယ်:
  • လဲဗီးစူ (يَلْبِسُوا): မူရင်းအနက်မှာ "ဝတ်ဆင်စေသည်" သို့မဟုတ် "ရောနှောစေသည်" ဟု အဓိပ္ပာယ်ရသည်။ ဤနေရာတွင် အီမာန်နှင့် ရှိရ်က် (အလ္လာဟ်နှင့် တွဲဖက်ကိုးကွယ်မှု) ကို ရောနှောခြင်းကို ဆိုလိုသည်။
  • ဇုလ်မ် (ظُلْم): မူရင်းအနက်မှာ "မတရားမှု" ဖြစ်သည်။ ဤအာယသ်တွင် "ရှိရ်က်" (အလ္လာဟ်နှင့် အခြားအရာများကို တွဲဖက်ကိုးကွယ်ခြင်း) ကို ဆိုလိုသည်။
  • အလ်အမန် (الْأَمْنُ): လုံခြုံမှု၊ ဘေးကင်းမှု၊ စိတ်ချမ်းသာမှု။
  • မုဟ်သဒူန် (مُّهْتَدُونَ): လမ်းညွှန်ခံရသူများ၊ တရားလမ်းကို ရရှိသူများ။
  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်:

အလ္လာဟ်အရှင်မြတ်သည် ဤအာယသ်တော်တွင် အီမာန်သစ္စာရှိသူများ၏ ဂုဏ်သတ္တိကို ဖော်ပြထားသည်။ သူတို့သည် အလ္လာဟ်အရှင်မြတ်နှင့် ရစူလ်တမန်တော်ကို ယုံကြည်ကြပြီး သူတို့၏ အီမာန်ကို ရှိရ်က် (အလ္လာဟ်နှင့် အခြားအရာများကို တွဲဖက်ကိုးကွယ်ခြင်း) နှင့် ရောနှောမထားကြပါ။ သူတို့၏ အီမာန်သည် သန့်ရှင်းစင်ကြယ်ပြီး ရှိရ်က်၏ အညစ်အကြေးများ ကင်းစင်နေသည်။ ထိုကဲ့သို့သော သူများအတွက်သာ လုံခြုံမှု၊ ဘေးကင်းမှုနှင့် စိတ်ချမ်းသာမှု ရှိမည်ဖြစ်သည်။ သူတို့သည် ဤလောကတွင်သာမက နောင်တမလွန်ဘဝတွင်ပါ ကြောက်ရွံ့မှုနှင့် ဝမ်းနည်းမှုမှ ကင်းဝေးကြမည်။ ထို့အပြင် သူတို့သည် အလ္လာဟ်အရှင်မြတ်၏ လမ်းညွှန်မှုကို ရရှိသူများဖြစ်ပြီး တရားလမ်းကို ရှာဖွေတွေ့ရှိသူများ ဖြစ်ကြသည်။ အလ္လာဟ်အရှင်မြတ်သည် သူတို့အား ဖြောင့်မတ်သော လမ်းကို ညွှန်ပြပေးတော်မူခဲ့သည်။

  1. ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် အစ္စလာမ်ဘာသာနှင့် ကုရ်အာန်ကို ချစ်မြတ်နိုးစေသော သင်ခန်းစာများ:
  • အီမာန်သည် သန့်ရှင်းစင်ကြယ်ရမည်။ အီမာန်တွင် ရှိရ်က် ရောနှောခြင်းသည် အီမာန်ကို ဖျက်ဆီးနိုင်သည်။ ထို့ကြောင့် အီမာန်ကို ရှိရ်က်မှ ကင်းစင်အောင် ထိန်းသိမ်းရမည်။
  • အလ္လာဟ်အရှင်မြတ်ကို စစ်မှန်စွာ ယုံကြည်ပြီး ရှိရ်က်မှ ကင်းစင်သူများအတွက် လုံခြုံမှုနှင့် စိတ်ချမ်းသာမှုသည် ကတိပြုထားသော ဆုလာဘ်ဖြစ်သည်။
  • ဤအာယသ်တော်သည် အစ္စလာမ်ဘ


📜 အာယာသ် 80-84 — စူရာ အလ်-အန်အာမ်

80وَحَاجَّهُ قَوْمُهُ ۚ قَالَ أَتُحَاجُّونِّي فِي اللَّهِ وَقَدْ هَدَانِ ۚ وَلَا أَخَافُ مَا تُشْرِكُونَ بِهِ إِلَّا أَن يَشَاءَ رَبِّي شَيْئًا ۗ وَسِعَ رَبِّي كُلَّ شَيْءٍ عِلْمًا ۗ أَفَلَا تَتَذَكَّرُونَ
၎င်းနောက် ထို(တမန်တော် အစ်ဗ်ရာဟီမ်)၏အမျိုးသားများသည် ထို(တမန်တော် အစ်ဗ်ရာဟီမ်)နှင့် အငြင်းအခုံ ပြုကြလေသည်။ ထိုအခါ (တမန်တော် အစ်ဗ်ရာဟီမ်)ကအသင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့် ပတ်သက်၍ပင် ငါနှင့်အငြင်းအခုံ ပြုလုပ်ကြသလော။ အမှန်မှာ ထိုအရှင်မြတ်သည်ငါ့အား တရားလမ်းမှန်ကို ပြတော်မူပြီးဖြစ်သည်။ ၎င်းပြင်ငါသည် အသင်တို့ ယှဉ်တွဲကိုးကွယ် ကြသောအရာများကိုမကြောက်ပေ။ သို့ရာတွင် ငါ၏အရှင်သည်ပင် တစ်စုံတစ်ရာကို အလိုရှိတော်မူပါသော် (ဖြစ်နိုင်၏။) ငါ၏အရှင်သည် အရာခပ်သိမ်းတို့ကို အသိပညာအားဖြင့် ဝန်းခြုံလျက်ရှိ တော်မူသည်။သို့ပါလျက် အသင်တို့သည် သတိမမူ ကြပါလော။
81وَكَيْفَ أَخَافُ مَا أَشْرَكْتُمْ وَلَا تَخَافُونَ أَنَّكُمْ أَشْرَكْتُم بِاللَّهِ مَا لَمْ يُنَزِّلْ بِهِ عَلَيْكُمْ سُلْطَانًا ۚ فَأَيُّ الْفَرِيقَيْنِ أَحَقُّ بِالْأَمْنِ ۖ إِن كُنتُمْ تَعْلَمُونَ
ကျွန်ုပ်သည် အသင်တို့ တွဲဖက်ကိုးကွယ်ကြသောအရာများကို အဘယ်ကြောင့်ကြောက်ရမည်နည်း။ အမှန်စင်စစ်အားဖြင့် အသင်တို့သည် အကြင်အရာများကို အလ္လာဟ်အရှင်မြတ်နှင့်တွဲဖက်၍ ကိုးကွယ်ကြ၏။ ၎င်းအရာများနှင့်စပ်လျဉ်း၍ ထိုအရှင်မြတ်သည် အသင်တို့ထံ မည်သည့်သက်သေသာဓကကိုမျှ ချပေးသနားတော်မူခဲ့သည် မဟုတ်ပေ။(ဤသို့ပြုလုပ်ကြသည်ကိုပင်) အသင်တို့ မကြောက် မရွံ့ကြပေ။သို့ဖြစ်ရာ (အုပ်စုနှစ်စု)အနက် မည်သည့်အုပ်စုသည် ဘေးရန်ကင်းငြိမ်းခြင်းကို ပိုမို၍ ထိုက်သနည်း။ အကယ်၍ အသင်တို့သိကြပါလျှင် (ပြောကြလေကုန်)။(တစ်နည်း)၎င်းပြင် ငါသည် အသင်တို့တွဲဖက်ကိုး ကွယ်ကြသည်များကို အသို့လျှင် ကြောက်ရွံ့ရပါမည်နည်း။ အမှန်စင်စစ်မူကား အသင်တို့သည် မိမိတို့အပေါ်၌ အလ္လာဟ် အရှင်မြတ်က သက်သေသာဓက တစ်စုံတစ်ရာမျှပင် အလျင်း ချပေးသနားတော်မူခြင်းမပြုခဲ့သော အရာများကို ထိုအရှင် မြတ်နှင့်တွဲဖက်နှိုင်းယှဉ် ကိုးကွယ်နေကြသည် အမှန်ဖြစ်ပါလျက် နှင့်ပင်ကြောက်ရွံ့ စိုးရိမ်ကြသည် မရှိချေ။ သို့ဖြစ်ပေရာ အုပ်စုနှစ်စုက် မည်သည့်အုပ်စုကား ဘေးရန်ကင်း ငြိမ်းခြင်းနှင့် ပိုမို၍ထိုက်သည်ကို အသင်တို့သည် အကယ်၍ သိရှိကြပါလျှင်(ပြော၍ပြကြလေကုန်)။
82الَّذِينَ آمَنُوا وَلَمْ يَلْبِسُوا إِيمَانَهُم بِظُلْمٍ أُولَٰئِكَ لَهُمُ الْأَمْنُ وَهُم مُّهْتَدُونَ
အကြင်သူတို့သည် အီမာန် သက်ဝင် ယုံကြည်ကြ၏။ ၎င်းပြင် ထိုသူများသည် မိမိတို့ အီမာန် သက်ဝင်ယုံကြည်မှုကို (ရှစ်ရ်က်)တွဲဖက်ကိုးကွယ်မှုနှင့် ရောနှောခြင်းကိုလည်းမပြုခဲ့ကြချေ။ ဘေးရန်ကင်းငြိမ်းခြင်းသည် ထိုသူတို့အဖို့သာလျှင်ရှိ၏။ ၎င်းပြင် ထိုသူတို့သည်သာလျှင် ဖြောင့်မတ်မှန်ကန်သောတရားလမ်းကို ရရှိသောသူများ ဖြစ်ကြကုန်သတည်း။ (ရကူ)
83وَتِلْكَ حُجَّتُنَا آتَيْنَاهَا إِبْرَاهِيمَ عَلَىٰ قَوْمِهِ ۚ نَرْفَعُ دَرَجَاتٍ مَّن نَّشَاءُ ۗ إِنَّ رَبَّكَ حَكِيمٌ عَلِيمٌ
ဤသည် ငါအရှင်မြတ်၏သက်သေ သာဓကဖြစ်သည်၊ ငါအရှင်မြတ်သည်ထိုသက်သေသာဓကကို (တမန်တော်)အစ်ဗ်ရာဟီမ်အား ၎င်း၏အမျိုးသားများ နှင့်ပြိုင်ဆိုင်ရာတွင် (အနိုင်ရစေရန်အလို့ငှာ) ခြီးမြှင့်တော်မူခဲ့၏။ ငါအရှင်မြတ်သည် မိမိအလိုရှိတော်မူသောသူအား ဂုဏ်ဒြပ်များခြီးမြှင့်တော်မူလေသည်။ စင်စစ်ဧကန် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် အမြော်အမြင်နှင့် ပြည့်စုံတော်မူသောအရှင်၊ အရာခပ်သိမ်းတို့ကို အကြွင်းမဲ့ သိရှိတော်မူသောအရှင် ဖြစ်တော်မူပေသည်။
84وَوَهَبْنَا لَهُ إِسْحَاقَ وَيَعْقُوبَ ۚ كُلًّا هَدَيْنَا ۚ وَنُوحًا هَدَيْنَا مِن قَبْلُ ۖ وَمِن ذُرِّيَّتِهِ دَاوُودَ وَسُلَيْمَانَ وَأَيُّوبَ وَيُوسُفَ وَمُوسَىٰ وَهَارُونَ ۚ وَكَذَٰلِكَ نَجْزِي الْمُحْسِنِينَ
၎င်းပြင် ငါအရှင်သည် 4င်း(တမန်တော်) အစ်ဗ်ရာဟီမ်အား (သားတော်တမန်တော်)အစ္စဟာက်နှင့် (မြေးတော်တမန်တော်)ယအ်ကူဗ်တို့ကို ခြီးမြှင့်ပေးသနား တော်မူခဲ့၏။ ငါအရှင်မြတ်သည် (ထိုတမန်တော် အစ္စဟာက် တမန်တော် ယအ်ကူဗ်) အသီးသီးတို့အား တရားလမ်းမှန်သို့ ပို့ဆောင်တော်မူခဲ့၏။ ထိုနည်းတူ ငါအရှင်မြတ်သည် (တမန်တော်အစ်ဗ်ရာ ဟီမ်) အလျင် ရှေးယခင်က တမန်တော် နူဟ်အား တရားလမ်းမှန်သို့ ပို့ဆောင်တော်မူခဲ့ပြီးဖြစ်၏။ ထိုမှတစ်ပါး ငါအရှင်မြတ်သည် (ထိုတမန်တော်)အစ်ဗ်ရာဟီမ်၏သားမြေးတို့အနက်မှ(တမန်တော်)ဒါဝူဒ်၊(တမန်တော်)စိုလိုင်မန်၊(တမန်တော်)အိုင်ယူဗ်၊ (တမန်တော်)ယူစွတ်ဖ်၊ (တမန်တော်)မူစာနှင့် (တမန်တော်)ဟာရုန် တို့အား(လည်း တရား လမ်းမှန်သို့ပို့ဆောင်တော် မူခဲ့လေသည်)။ စင်စစ်သော်ကား ငါအရှင်မြတ်သည် သူတော်စင်သူတော်ကောင်းတို့အား ဤနည်းအတိုင်းပင် အကျိုးပေးလေ့ရှိတော်မူ၏။
အလ်-အန်အာမ်ကုရ်အာန် ညွှန်းကိန်း
165အာယာသ်
MeccanRevelation
82အာယာသ်

ဘာသာပြန် — အလ်-အန်အာမ် 82

စူရာ အလ်-အန်အာမ် အာယာသ် 82 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : အကြင်သူတို့သည် အီမာန် သက်ဝင် ယုံကြည်ကြ၏။ ၎င်းပြင် ထိုသူများသည် မိမိတို့ အီမာန် သက်ဝင်ယုံကြည်မှုကို (ရှစ်ရ်က်)တွဲဖက်ကိုးကွယ်မှုနှင့်…

စူရာ အာယာသ် 82/165 — စူရာ အလ်-အန်အာမ် الأنعام (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-အန်အာမ် နားထောင်, စူရာ အလ်-အန်အာမ် ဘာသာပြန်, စူရာ အလ်-အန်အာမ် mp3, စူရာ အလ်-အန်အာမ် pdf. အာယာသ် 80–84. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 1, 2026

Don't forget us in your sincere prayers