အလ်-အန်အာမ် · 83/165
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-အန်အာမ်
وَتِلْكَ حُجَّتُنَا آتَيْنَاهَا إِبْرَاهِيمَ عَلَىٰ قَوْمِهِ ۚ نَرْفَعُ دَرَجَاتٍ مَّن نَّشَاءُ ۗ إِنَّ رَبَّكَ حَكِيمٌ عَلِيمٌ ۝٨٣
Wa tilka hujjatunaaa aatainaahaaa Ibraaheema `alaa qawmih; narfa`u darajaatim man nashaaa`; inna Rabbaka Hakeemun `Aleem
📖 မြန်မာဘာသာ
ဤသည် ငါအရှင်မြတ်၏သက်သေ သာဓကဖြစ်သည်၊ ငါအရှင်မြတ်သည်ထိုသက်သေသာဓကကို (တမန်တော်)အစ်ဗ်ရာဟီမ်အား ၎င်း၏အမျိုးသားများ နှင့်ပြိုင်ဆိုင်ရာတွင် (အနိုင်ရစေရန်အလို့ငှာ) ခြီးမြှင့်တော်မူခဲ့၏။ ငါအရှင်မြတ်သည် မိမိအလိုရှိတော်မူသောသူအား ဂုဏ်ဒြပ်များခြီးမြှင့်တော်မူလေသည်။ စင်စစ်ဧကန် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် အမြော်အမြင်နှင့် ပြည့်စုံတော်မူသောအရှင်၊ အရာခပ်သိမ်းတို့ကို အကြွင်းမဲ့ သိရှိတော်မူသောအရှင် ဖြစ်တော်မူပေသည်။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

၁။ အာယသ်တော်တွင် ရှင်းလင်းဖွင့်ဆိုရန် လိုအပ်သော ဝေါဟာရများ

  • حُجَّتُنَا (ဟွဂျ္ဂျသုနာ) — ငါအရှင်မြတ်၏ သက်သေအထောက်အထား၊ ခိုင်လုံသော အကြောင်းပြချက်။
  • آتَيْنَاهَا (အာသယ်နာဟာ) — ငါအရှင်မြတ်သည် ထိုသက်သေကို ပေးအပ်ခဲ့သည်။
  • نَرْفَعُ دَرَجَاتٍ (နရ်ဖအု ဒရဂျာသ်) — ငါအရှင်မြတ်သည် အဆင့်အတန်းများကို မြှင့်တင်ပေးသည်။
  • حَكِيمٌ (ဟကီမ်) — ဉာဏ်ပညာနှင့် ပြည့်စုံတော်မူသော။
  • عَلِيمٌ (အလီမ်) — အရာခပ်သိမ်းကို အသိဉာဏ်တော်ဖြင့် သိတော်မူသော။

၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

ဤအာယသ်တော်သည် တမန်တော် အီဗရာဟီမ် (အလိုင်ဟိစ်စလာမ်) က သူ၏လူမျိုးများအား ချေပခဲ့သော သက်သေအထောက်အထားများကို ရည်ညွှန်းဖော်ပြထားခြင်း ဖြစ်သည်။ သူသည် နေ၊ လနှင့် ကြယ်များကို ကိုးကွယ်သူများဖြစ်သော မိမိလူမျိုးတို့အား ထိုအရာများသည် ကွယ်ပျောက်သွားနိုင်သော ဖန်ဆင်းခံများသာ ဖြစ်ကြောင်း၊ စစ်မှန်သော ကိုးကွယ်ရာအရှင်မှာ ဖန်ဆင်းရှင်တစ်ဆူတည်းသော အလ္လာဟ်အရှင်မြတ်သာ ဖြစ်ကြောင်း ခိုင်လုံသော အထောက်အထားများဖြင့် ရှင်းလင်းတင်ပြခဲ့သည်။ ထိုသက်သေအထောက်အထားများသည် အလ္လာဟ်အရှင်မြတ်ကိုယ်တော်တိုင် တမန်တော် အီဗရာဟီမ်အား ပေးအပ်ချီးမြှင့်တော်မူခဲ့သော သက်သေများ ဖြစ်သည်။ ထိုသက်သေများ၏ ခိုင်လုံမှုကြောင့် သူ၏လူမျိုးတို့သည် မိမိတို့၏ အယူအဆများ မှားယွင်းကြောင်း ဝန်ခံရန် မတတ်သာဖြစ်ခဲ့ရသည်။

ထို့နောက် အလ္လာဟ်အရှင်မြတ်သည် မိမိအလိုတော်ရှိသော ကျေးကျွန်များကို ဤလောကီဘဝနှင့် နောင်တမလွန်ဘဝတွင် အဆင့်အတန်းများ မြှင့်တင်ပေးတော်မူကြောင်း မိန့်ကြားတော်မူသည်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် ဉာဏ်ပညာနှင့် ပြည့်စုံတော်မူသောအရှင်၊ အရာခပ်သိမ်းကို အသိဉာဏ်တော်ဖြင့် သိတော်မူသောအရှင် ဖြစ်တော်မူသည်။ အရာခပ်သိမ်းကို သင့်လျော်သော နေရာတွင် ထားရှိတော်မူပြီး မိမိကျေးကျွန်များ၏ အခြေအနေများကို အသေးစိတ် သိတော်မူသည်။

၃။ ဤအာယသ်တော်မှ ရရှိနိုင်သော အကျိုးကျေးဇူးများ

  • အလ္လာဟ်အရှင်မြတ်သည် မိမိအလိုတော်ရှိသော ကျေးကျွန်များကို အသိပညာနှင့် ဉာဏ်ပညာဖြင့် မြှင့်တင်ပေးတော်မူသည်။ ထို့ကြောင့် အသိပညာနှင့် သက်သေအထောက်အထားမျ


📜 အာယာသ် 81-85 — စူရာ အလ်-အန်အာမ်

81وَكَيْفَ أَخَافُ مَا أَشْرَكْتُمْ وَلَا تَخَافُونَ أَنَّكُمْ أَشْرَكْتُم بِاللَّهِ مَا لَمْ يُنَزِّلْ بِهِ عَلَيْكُمْ سُلْطَانًا ۚ فَأَيُّ الْفَرِيقَيْنِ أَحَقُّ بِالْأَمْنِ ۖ إِن كُنتُمْ تَعْلَمُونَ
ကျွန်ုပ်သည် အသင်တို့ တွဲဖက်ကိုးကွယ်ကြသောအရာများကို အဘယ်ကြောင့်ကြောက်ရမည်နည်း။ အမှန်စင်စစ်အားဖြင့် အသင်တို့သည် အကြင်အရာများကို အလ္လာဟ်အရှင်မြတ်နှင့်တွဲဖက်၍ ကိုးကွယ်ကြ၏။ ၎င်းအရာများနှင့်စပ်လျဉ်း၍ ထိုအရှင်မြတ်သည် အသင်တို့ထံ မည်သည့်သက်သေသာဓကကိုမျှ ချပေးသနားတော်မူခဲ့သည် မဟုတ်ပေ။(ဤသို့ပြုလုပ်ကြသည်ကိုပင်) အသင်တို့ မကြောက် မရွံ့ကြပေ။သို့ဖြစ်ရာ (အုပ်စုနှစ်စု)အနက် မည်သည့်အုပ်စုသည် ဘေးရန်ကင်းငြိမ်းခြင်းကို ပိုမို၍ ထိုက်သနည်း။ အကယ်၍ အသင်တို့သိကြပါလျှင် (ပြောကြလေကုန်)။(တစ်နည်း)၎င်းပြင် ငါသည် အသင်တို့တွဲဖက်ကိုး ကွယ်ကြသည်များကို အသို့လျှင် ကြောက်ရွံ့ရပါမည်နည်း။ အမှန်စင်စစ်မူကား အသင်တို့သည် မိမိတို့အပေါ်၌ အလ္လာဟ် အရှင်မြတ်က သက်သေသာဓက တစ်စုံတစ်ရာမျှပင် အလျင်း ချပေးသနားတော်မူခြင်းမပြုခဲ့သော အရာများကို ထိုအရှင် မြတ်နှင့်တွဲဖက်နှိုင်းယှဉ် ကိုးကွယ်နေကြသည် အမှန်ဖြစ်ပါလျက် နှင့်ပင်ကြောက်ရွံ့ စိုးရိမ်ကြသည် မရှိချေ။ သို့ဖြစ်ပေရာ အုပ်စုနှစ်စုက် မည်သည့်အုပ်စုကား ဘေးရန်ကင်း ငြိမ်းခြင်းနှင့် ပိုမို၍ထိုက်သည်ကို အသင်တို့သည် အကယ်၍ သိရှိကြပါလျှင်(ပြော၍ပြကြလေကုန်)။
82الَّذِينَ آمَنُوا وَلَمْ يَلْبِسُوا إِيمَانَهُم بِظُلْمٍ أُولَٰئِكَ لَهُمُ الْأَمْنُ وَهُم مُّهْتَدُونَ
အကြင်သူတို့သည် အီမာန် သက်ဝင် ယုံကြည်ကြ၏။ ၎င်းပြင် ထိုသူများသည် မိမိတို့ အီမာန် သက်ဝင်ယုံကြည်မှုကို (ရှစ်ရ်က်)တွဲဖက်ကိုးကွယ်မှုနှင့် ရောနှောခြင်းကိုလည်းမပြုခဲ့ကြချေ။ ဘေးရန်ကင်းငြိမ်းခြင်းသည် ထိုသူတို့အဖို့သာလျှင်ရှိ၏။ ၎င်းပြင် ထိုသူတို့သည်သာလျှင် ဖြောင့်မတ်မှန်ကန်သောတရားလမ်းကို ရရှိသောသူများ ဖြစ်ကြကုန်သတည်း။ (ရကူ)
83وَتِلْكَ حُجَّتُنَا آتَيْنَاهَا إِبْرَاهِيمَ عَلَىٰ قَوْمِهِ ۚ نَرْفَعُ دَرَجَاتٍ مَّن نَّشَاءُ ۗ إِنَّ رَبَّكَ حَكِيمٌ عَلِيمٌ
ဤသည် ငါအရှင်မြတ်၏သက်သေ သာဓကဖြစ်သည်၊ ငါအရှင်မြတ်သည်ထိုသက်သေသာဓကကို (တမန်တော်)အစ်ဗ်ရာဟီမ်အား ၎င်း၏အမျိုးသားများ နှင့်ပြိုင်ဆိုင်ရာတွင် (အနိုင်ရစေရန်အလို့ငှာ) ခြီးမြှင့်တော်မူခဲ့၏။ ငါအရှင်မြတ်သည် မိမိအလိုရှိတော်မူသောသူအား ဂုဏ်ဒြပ်များခြီးမြှင့်တော်မူလေသည်။ စင်စစ်ဧကန် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် အမြော်အမြင်နှင့် ပြည့်စုံတော်မူသောအရှင်၊ အရာခပ်သိမ်းတို့ကို အကြွင်းမဲ့ သိရှိတော်မူသောအရှင် ဖြစ်တော်မူပေသည်။
84وَوَهَبْنَا لَهُ إِسْحَاقَ وَيَعْقُوبَ ۚ كُلًّا هَدَيْنَا ۚ وَنُوحًا هَدَيْنَا مِن قَبْلُ ۖ وَمِن ذُرِّيَّتِهِ دَاوُودَ وَسُلَيْمَانَ وَأَيُّوبَ وَيُوسُفَ وَمُوسَىٰ وَهَارُونَ ۚ وَكَذَٰلِكَ نَجْزِي الْمُحْسِنِينَ
၎င်းပြင် ငါအရှင်သည် 4င်း(တမန်တော်) အစ်ဗ်ရာဟီမ်အား (သားတော်တမန်တော်)အစ္စဟာက်နှင့် (မြေးတော်တမန်တော်)ယအ်ကူဗ်တို့ကို ခြီးမြှင့်ပေးသနား တော်မူခဲ့၏။ ငါအရှင်မြတ်သည် (ထိုတမန်တော် အစ္စဟာက် တမန်တော် ယအ်ကူဗ်) အသီးသီးတို့အား တရားလမ်းမှန်သို့ ပို့ဆောင်တော်မူခဲ့၏။ ထိုနည်းတူ ငါအရှင်မြတ်သည် (တမန်တော်အစ်ဗ်ရာ ဟီမ်) အလျင် ရှေးယခင်က တမန်တော် နူဟ်အား တရားလမ်းမှန်သို့ ပို့ဆောင်တော်မူခဲ့ပြီးဖြစ်၏။ ထိုမှတစ်ပါး ငါအရှင်မြတ်သည် (ထိုတမန်တော်)အစ်ဗ်ရာဟီမ်၏သားမြေးတို့အနက်မှ(တမန်တော်)ဒါဝူဒ်၊(တမန်တော်)စိုလိုင်မန်၊(တမန်တော်)အိုင်ယူဗ်၊ (တမန်တော်)ယူစွတ်ဖ်၊ (တမန်တော်)မူစာနှင့် (တမန်တော်)ဟာရုန် တို့အား(လည်း တရား လမ်းမှန်သို့ပို့ဆောင်တော် မူခဲ့လေသည်)။ စင်စစ်သော်ကား ငါအရှင်မြတ်သည် သူတော်စင်သူတော်ကောင်းတို့အား ဤနည်းအတိုင်းပင် အကျိုးပေးလေ့ရှိတော်မူ၏။
85وَزَكَرِيَّا وَيَحْيَىٰ وَعِيسَىٰ وَإِلْيَاسَ ۖ كُلٌّ مِّنَ الصَّالِحِينَ
ထို့ပြင်တဝ (ငါအရှင်မြတ်သည်)(တမန်တော်)ဇကရီယာ၊ (တမန်တော်)ယဟ်ယာ၊ (တမန်တော်)အီစာနှင့်(တမန်တော်)အစ်လ်ယာစ်၊ တို့အား(လည်း တရားလမ်းမှန်သို့ပို့ဆောင်တော်မူခဲ့၏။ ထိုနဗီတမန်တော်) အသီးသီးတို့သည်သူတော်စင်တို့ အနက်မှပင် ဖြစ်ကြကုန်သတည်း။
အလ်-အန်အာမ်ကုရ်အာန် ညွှန်းကိန်း
165အာယာသ်
MeccanRevelation
83အာယာသ်

ဘာသာပြန် — အလ်-အန်အာမ် 83

စူရာ အလ်-အန်အာမ် အာယာသ် 83 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ဤသည် ငါအရှင်မြတ်၏သက်သေ သာဓကဖြစ်သည်၊ ငါအရှင်မြတ်သည်ထိုသက်သေသာဓကကို (တမန်တော်)အစ်ဗ်ရာဟီမ်အား ၎င်း၏အမျိုးသားများ နှင့်ပြိုင်ဆိုင်ရာတွင် (အနိုင်ရစေရန်အလို့ငှာ) ခြီးမြှင့်တော်မူခဲ့၏။ ငါအရှင်မြတ်သည်…

စူရာ အာယာသ် 83/165 — စူရာ အလ်-အန်အာမ် الأنعام (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-အန်အာမ် နားထောင်, စူရာ အလ်-အန်အာမ် ဘာသာပြန်, စူရာ အလ်-အန်အာမ် mp3, စူရာ အလ်-အန်အာမ် pdf. အာယာသ် 81–85. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 1, 2026

Don't forget us in your sincere prayers