فَإِذَا جَاءَتْهُمُ الْحَسَنَةُ قَالُوا لَنَا هَٰذِهِ ۖ وَإِن تُصِبْهُمْ سَيِّئَةٌ يَطَّيَّرُوا بِمُوسَىٰ وَمَن مَّعَهُ ۗ أَلَا إِنَّمَا طَائِرُهُمْ عِندَ اللَّهِ وَلَٰكِنَّ أَكْثَرَهُمْ لَا يَعْلَمُونَ ١٣١
🔤 Transliteration
Fa izaa jaaa`at humul hasanatu qaaloo lanaa haazihee wa in tusibhum saiyi`atuny yattaiyaroo bi Moosaa wa mam ma`ah; alaaa innamaa taaa`iruhum `indal laahi wa laakinna aksarahum laa ya`lamoon
📖 ဘာသာပြန် (မြန်မာဘာသာ)
📖 မြန်မာဘာသာ
သို့ရာတွင် ၎င်းတို့သည် မိမိတို့၌ ကောင်းမွန်သောအခြေအနေ ဆိုက်ရောက်ခဲ့သောအခါ ဤသည် ငါတို့အဖို့(ဝါ) ငါတို့၏ ကံç ဉာဏ်ç ဝီရိယတို့ ကြောင့်ဖြစ်သည်ဟု ပြောဆိုကြလေသည်။ တစ်ဖန် အကယ်၍ ၎င်းတို့၌ ဘေးဥပဒ်တစ်စုံတစ်ရာ သက်ရောက်ခဲ့ပါမူ ၎င်းတို့က နဗီတမန်တော်(မူစာ)ကြောင့်လည်းကောင်း၊ ထိုတမန်တော်မူစာနှင့်အတူ ရှိကုန်သောသူတို့ကြောင့်လည်းကောင်း၊ (လာဘ်ပိတ်သည်)ဟု မကောင်းသော အတိတ်နမိတ်ကောက်ယူကြသည်။ (အို-ကြားနာသူအပေါင်းတို့၊ အသင်တို့သည် ကောင်း မွန်စွာ)မှတ်ယူကြလေကုန်၊ ၎င်း(ဖစ်ရ်အောင်န်၏အမျိုးသား)တို့၏ လာဘ်ပိတ်မှု(အကြောင်း)သည် အလ္လာဟ် အရှင်မြတ်၏ထံတော်၌ရှိသည်။သို့ရာတွင် ၎င်းတို့အနက် များစွာသောသူတို့သည် (ဤမျှလောက် ထင်ရှားလှစွာသောအကြောင်းကိုပင်) မသိနားမလည်ကြပေ။
🌐 Additional reference in ภาษาไทย
ကမ္မသကာ ဝေါဟာရများ၏ အဓိပ္ပာယ်များ الْحَسَنَةُ (အလ်-ဟာစနဟ်) — ကောင်းကျိုးချမ်းသာ၊ စည်းစိမ်ဥစ္စာ ပေါများခြင်း၊ သီးနှံများ ဖြစ်ထွန်းခြင်း၊ ဈေးနှုန်းသက်သာခြင်း။ سَيِّئَةٌ (စိုင်ယိအာ) — ဘေးအန္တရာယ်၊ မိုးခေါင်ခြင်း၊ ငတ်မွတ်ခေါင်းပါးခြင်း၊ ရောဂါဘယ များပြားခြင်း စသည့် ဆိုးကျိုးများ။ يَطَّيَّرُوا (ယသ်သိုင်ရူ) — မင်္ဂလာမဲ့သည်ဟု ယူဆခြင်း၊ ကံဆိုးသည်ဟု စွပ်စွဲခြင်း။ طَائِرُهُمْ (သွာအိရုဟွမ်) — သူတို့၏ ကံကြမ္မာ၊ သူတို့ထံ ရောက်လာသော ကောင်းကျိုးဆိုးကျိုး။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက် ဖိရ်အောင်န်နှင့် သူ၏လူမျိုးတို့ထံ ကောင်းကျိုးချမ်းသာ၊ စည်းစိမ်ဥစ္စာ ပေါများလာသောအခါ သူတို့က “ဤချမ်းသာသည် ငါတို့အတွက်သာ ဖြစ်သည်၊ ငါတို့သည် ထိုက်တန်သူများဖြစ်သည်” ဟု ပြောဆိုကြ၏။ သို့သော် ထိုချမ်းသာကို ပေးသနားတော်မူသော အလ္လာဟ်အရှင်မြတ်ကို သူတို့ ကျေးဇူးမတင်ကြပေ။
တစ်ဖန် မိုးခေါင်ခြင်း၊ ငတ်မွတ်ခေါင်းပါးခြင်း၊ ရောဂါဘယများပြားခြင်း စသည့် ဆိုးကျိုးတစ်စုံတစ်ရာ သူတို့ထံ ကျရောက်သောအခါ သူတို့သည် မူစာ (အလိုင်ဟိစ်စလာမ်) နှင့် သူနှင့်အတူရှိသော မုအ်မင်န်များကို အပြစ်တင်ကာ “ဤဘေးသည် သူတို့ကြောင့် ကျရောက်သည်” ဟု မင်္ဂလာမဲ့သည်ဟု ယူဆကြ၏။
သတိပြုပါ။ သူတို့ထံ ရောက်လာသော ကောင်းကျိုးဆိုးကျိုးအားလုံးသည် အလ္လာဟ်အရှင်မြတ်၏ ကိုယ်တော်တိုင်၏ စီမံခန့်ခွဲမှု၊ ကံကြမ္မာ အဆုံးအဖြတ်တော်အတိုင်း ဖြစ်ပေါ်လာခြင်းဖြစ်သည်။ မူစာနှင့် သူနှင့်အတူရှိသူများကြောင့် မဟုတ်ပေ။ သို့သော် သူတို့ထဲမှ အများစုသည် ဤအမှန်တရားကို မသိကြပေ။ အကြောင်းမှာ သူတို့သည် မောဟနှင့် လမ်းမှားမှုထဲတွင် နစ်မြုပ်နေကြသောကြောင့် ဖြစ်သည်။
ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ ကောင်းကျိုးချမ်းသာ ရောက်လာသောအခါ အလ္လာဟ်အရှင်မြတ်ကို ကျေးဇူးတင်ရမည်။ မိမိထိုက်တန်သည်ဟု ဂုဏ်ယူဝင့်ကြွားခြင်းသည် မှားယွင်းသော သဘောထားဖြစ်သည်။ ဆိုးကျိုးဘေးအန္တရာယ် ကျရောက်သောအခါ အခြားသူများကို အပြစ်တင်ခြင်း၊ မင်္ဂလာမဲ့သည်ဟု ယူဆခြင်းသည် မောဟ၏ လက္ခဏာဖြစ်သည်။ အရာခပ်သိမ်းသည် အလ္လာဟ
فَإِذَا جَآءَتۡهُمُ ٱلۡحَسَنَةُ قَالُواْ لَنَا هَٰذِهِۦۖ وَإِن تُصِبۡهُمۡ سَيِّئَةٌ يَطَّيَّرُواْ بِمُوسَىٰ وَمَن مَّعَهُۥٓۗ أَلَآ إِنَّمَا طَٰٓئِرُهُمۡ عِندَ ٱللَّهِ وَلَٰكِنَّ أَكۡثَرَهُمۡ لَا يَعۡلَمُونَ ١٣١
သို့ရာတွင် ၎င်းတို့သည် မိမိတို့၌ ကောင်းမွန်သောအခြေအနေ ဆိုက်ရောက်ခဲ့သောအခါ ဤသည် ငါတို့အဖို့(ဝါ) ငါတို့၏ ကံç ဉာဏ်ç ဝီရိယတို့ ကြောင့်ဖြစ်သည်ဟု ပြောဆိုကြလေသည်။ တစ်ဖန် အကယ်၍ ၎င်းတို့၌ ဘေးဥပဒ်တစ်စုံတစ်ရာ သက်ရောက်ခဲ့ပါမူ ၎င်းတို့က နဗီတမန်တော်(မူစာ)ကြောင့်လည်းကောင်း၊ ထိုတမန်တော်မူစာနှင့်အတူ ရှိကုန်သောသူတို့ကြောင့်လည်းကောင်း၊ (လာဘ်ပိတ်သည်)ဟု မကောင်းသော အတိတ်နမိတ်ကောက်ယူကြသည်။ (အို-ကြားနာသူအပေါင်းတို့၊ အသင်တို့သည် ကောင်း မွန်စွာ)မှတ်ယူကြလေကုန်၊ ၎င်း(ဖစ်ရ်အောင်န်၏အမျိုးသား)တို့၏ လာဘ်ပိတ်မှု(အကြောင်း)သည် အလ္လာဟ် အရှင်မြတ်၏ထံတော်၌ရှိသည်။သို့ရာတွင် ၎င်းတို့အနက် များစွာသောသူတို့သည် (ဤမျှလောက် ထင်ရှားလှစွာသောအကြောင်းကိုပင်) မသိနားမလည်ကြပေ။
🖼️ Save Image
🎬 Save Video
📜 အာယာသ် 129-133 — စူရာ အလ်-အာအ်ရာဖ်
129 قَالُوا أُوذِينَا مِن قَبْلِ أَن تَأْتِيَنَا وَمِن بَعْدِ مَا جِئْتَنَا ۚ قَالَ عَسَىٰ رَبُّكُمْ أَن يُهْلِكَ عَدُوَّكُمْ وَيَسْتَخْلِفَكُمْ فِي الْأَرْضِ فَيَنظُرَ كَيْفَ تَعْمَلُونَ
ထိုအခါ ၎င်း(နဗီတမန်တော်မူစာ)၏ အမျိုးသားတို့က အို-နဗီတမန်တော်(မူစာ) ကျွန်ုပ်တို့သည် အသင်ကျွန်ုပ်တို့ထံ မရောက်မီကလည်း ညှဉ်းပန်း နှိပ်စက်ခြင်းကို ခံခဲ့ကြရသည်။ အသင်ကျွန်ုပ်တို့ထံ ရောက်လာပြီးနောက်တွင်လည်းညှဉ်းပန်းနှိပ်စက်ခြင်း ကို ခံနေကြရပါသည်ဟု ပြောဆိုကြလေသည်။ (ထိုအခါ) နဗီတမန်တော်(မူစာ)က (အချင်းတို့)အသင်တို့အား မွေးမြူဖန်ဆင်းတော်မူသော အရှင်မြတ်သည်မကြာမီ အသင်တို့၏ရန်သူကို သေကျေပျက်စီးစေတော်မူ၍အသင်တို့အား တိုင်းပြည် တွင် အုပ်စိုးစေတော်မူမည်ဖြစ်သည်။ထို့နောက် အသင်တို့သည် မည်သို့ကျင့်မူကြသည်ကို ရှုစားတော်မူလိမ့်မည်ဟု ပြောကြားလေသည်။(ရကူ)
130 وَلَقَدْ أَخَذْنَا آلَ فِرْعَوْنَ بِالسِّنِينَ وَنَقْصٍ مِّنَ الثَّمَرَاتِ لَعَلَّهُمْ يَذَّكَّرُونَ
၎င်းပြင် ငါအရှင်မြတ်သည် ဧကန်စင်စစ် ဖစ်ရ်အောင်န်၏ အမျိုးသားတို့အား နောင်တတရား ရစိမ့်သောငှာမိုးခေါင်ရေရှားစေခြင်းဖြင့်လည်းကောင်း၊ သစ်သီးဝလံ ရှားပါးစေခြင်းဖြင့်လည်းကောင်း၊ ဖမ်းဆီးကွပ်နှိပ် အပြစ်ပေးတော်မူခဲ့လေသည်။
131 فَإِذَا جَاءَتْهُمُ الْحَسَنَةُ قَالُوا لَنَا هَٰذِهِ ۖ وَإِن تُصِبْهُمْ سَيِّئَةٌ يَطَّيَّرُوا بِمُوسَىٰ وَمَن مَّعَهُ ۗ أَلَا إِنَّمَا طَائِرُهُمْ عِندَ اللَّهِ وَلَٰكِنَّ أَكْثَرَهُمْ لَا يَعْلَمُونَ
သို့ရာတွင် ၎င်းတို့သည် မိမိတို့၌ ကောင်းမွန်သောအခြေအနေ ဆိုက်ရောက်ခဲ့သောအခါ ဤသည် ငါတို့အဖို့(ဝါ) ငါတို့၏ ကံç ဉာဏ်ç ဝီရိယတို့ ကြောင့်ဖြစ်သည်ဟု ပြောဆိုကြလေသည်။ တစ်ဖန် အကယ်၍ ၎င်းတို့၌ ဘေးဥပဒ်တစ်စုံတစ်ရာ သက်ရောက်ခဲ့ပါမူ ၎င်းတို့က နဗီတမန်တော်(မူစာ)ကြောင့်လည်းကောင်း၊ ထိုတမန်တော်မူစာနှင့်အတူ ရှိကုန်သောသူတို့ကြောင့်လည်းကောင်း၊ (လာဘ်ပိတ်သည်)ဟု မကောင်းသော အတိတ်နမိတ်ကောက်ယူကြသည်။ (အို-ကြားနာသူအပေါင်းတို့၊ အသင်တို့သည် ကောင်း မွန်စွာ)မှတ်ယူကြလေကုန်၊ ၎င်း(ဖစ်ရ်အောင်န်၏အမျိုးသား)တို့၏ လာဘ်ပိတ်မှု(အကြောင်း)သည် အလ္လာဟ် အရှင်မြတ်၏ထံတော်၌ရှိသည်။သို့ရာတွင် ၎င်းတို့အနက် များစွာသောသူတို့သည် (ဤမျှလောက် ထင်ရှားလှစွာသောအကြောင်းကိုပင်) မသိနားမလည်ကြပေ။
132 وَقَالُوا مَهْمَا تَأْتِنَا بِهِ مِنْ آيَةٍ لِّتَسْحَرَنَا بِهَا فَمَا نَحْنُ لَكَ بِمُؤْمِنِينَ
၎င်းပြင် ထို(ဖစ်ရ်အောင်န်၏ အမျိုးသား) တို့က(ဤသို့) ပြောဆိုကြကုန်၏။ (အို-မူစာ) အသင်သည် ကျွန်ုပ်တို့အား ပြုစားရန် မည်သို့ပင် သက်သေလက္ခဏာများကို ကျွန်ုပ်တို့ရှေ့ဝယ် ယူဆောင်၍ လာသော်ငြားလည်း ကျွန်ုပ်တို့မူကားအသင့်အား ယုံကြည်ကြမည် မဟုတ်ပေ။
133 فَأَرْسَلْنَا عَلَيْهِمُ الطُّوفَانَ وَالْجَرَادَ وَالْقُمَّلَ وَالضَّفَادِعَ وَالدَّمَ آيَاتٍ مُّفَصَّلَاتٍ فَاسْتَكْبَرُوا وَكَانُوا قَوْمًا مُّجْرِمِينَ
သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် ၎င်းတို့ အပေါ်၌ လေပြင်းမုန်တိုင်း ကိုလည်းကောင်း၊ ကျိုင်းကောင်များကိုလည်းကောင်း၊ ပိုးမွှားများ၊ သန်းကောင်များကိုလည်းကောင်း၊ဖားများ(ဖားများ)ကိုလည်းကောင်း၊ သွေးများကိုလည်းကောင်း၊အသီးသီးအသက ထင်ရှားသောသက်သေလက္ခဏာများ အဖြစ်ပို့တော်မူခဲ့လေသည်။ သို့ပါလျက် မထီမဲ့မြင် (ပြုမြဲ)ပြုလျက်ပင်ရှိခဲ့ကြလေသည်။ စင်စစ်သော်ကား ၎င်းတို့သည် ပြစ်မှုကျူးလွန်(လေ့ရှိ)သူများပင် ဖြစ်ကြကုန်သတည်း။
ဘာသာပြန် — အလ်-အာအ်ရာဖ် 131 စူရာ အလ်-အာအ်ရာဖ် အာယာသ် 131 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : သို့ရာတွင် ၎င်းတို့သည် မိမိတို့၌ ကောင်းမွန်သောအခြေအနေ ဆိုက်ရောက်ခဲ့သောအခါ ဤသည် ငါတို့အဖို့(ဝါ) ငါတို့၏ ကံç ဉာဏ်ç…
စူရာ အာယာသ် 131/206 — စူရာ အလ်-အာအ်ရာဖ် الأعراف (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-အာအ်ရာဖ် နားထောင်, စူရာ အလ်-အာအ်ရာဖ် ဘာသာပြန်, စူရာ အလ်-အာအ်ရာဖ် mp3, စူရာ အလ်-အာအ်ရာဖ် pdf. အာယာသ် 129–133. မြန်မာဘာသာ: ภาษาไทย.