အလ်-အာအ်ရာဖ် · 181/206
ဘာသာပြန် အသံနိုင်ငံ — အလ်-အာအ်ရာဖ်
وَمِمَّنْ خَلَقْنَا أُمَّةٌ يَهْدُونَ بِالْحَقِّ وَبِهِ يَعْدِلُونَ ۝١٨١
Wa mimman khalaqnaaa ummatuny yahdoona bilhaqqi wa bihee ya`diloon
📖 မြန်မာဘာသာ
၎င်းပြင် ငါအရှင်မြတ် ဖန်ဆင်းတော်မူသောသူတို့တွင် မှန်ကန်သော တရားဓမ္မနှင့်အညီ လမ်းညွှန်ကြသည့်ပြင်မိမိတို့ကိုယ်တိုင်လည်း ထိုတရားဓမ္မနှင့်အညီ(လိုက်နာ)စီရင်ဆုံးဖြတ်သော လူတစ်စုသည် ရှိကြကုန်၏။(ရကူ)
🎧 နားထောင်

📜 အာယာသ် 179-183 — အလ်-အာအ်ရာဖ်

179وَلَقَدْ ذَرَأْنَا لِجَهَنَّمَ كَثِيرًا مِّنَ الْجِنِّ وَالْإِنسِ ۖ لَهُمْ قُلُوبٌ لَّا يَفْقَهُونَ بِهَا وَلَهُمْ أَعْيُنٌ لَّا يُبْصِرُونَ بِهَا وَلَهُمْ آذَانٌ لَّا يَسْمَعُونَ بِهَا ۚ أُولَٰئِكَ كَالْأَنْعَامِ بَلْ هُمْ أَضَلُّ ۚ أُولَٰئِكَ هُمُ الْغَافِلُونَ
၎င်းပြင် ငါအရှင်မြတ်သည် ငရဲဘုံအတွက် လူနှင့် ဂျင်န်များအနက် မြောက်မြားစွာသောသူများကို ဖန်ဆင်းပေးထားတော်မူ၏။ ထိုသူတို့၌ စိတ်နှလုံးများကားရှိ၏။ သို့သော် ယင်းစိတ်နှလုံးများဖြင့် ထိုသူတို့သည် (စဉ်စားဆင်ခြင်နားလည်ခြင်း မရှိကြချေ။) ထိုသူတို့၌ စက္ခုအာရုံများကားရှိ၏။သို့သော် ထိုသူတို့သည် ယင်းစက္ခုအာရုံများဖြင့် မမြင်ကြချေ။ထိုသူတို့၌ သောတာရုံများရှိ၏။ သို့သော် ထိုသူတို့သည် ယင်းသောတာရုံများဖြင့် မကြားကြချေ။ ထိုသူများသည် တိရစ္ဆာန်များ�ှင့်တူကြသည်သာမက တိရစ္ဆာန်များထက်ပင် လွန်စွာမိုက်မဲ လမ်းလွဲသူများဖြစ်ကြ၏။ စင်စစ်ထိုသူများသည်(မိမိတို့၏တာဝန် ဝတ္တရားများကို) မေ့လျော့သူများသာ ဖြစ်ကြကုန်သတည်း။
180وَلِلَّهِ الْأَسْمَاءُ الْحُسْنَىٰ فَادْعُوهُ بِهَا ۖ وَذَرُوا الَّذِينَ يُلْحِدُونَ فِي أَسْمَائِهِ ۚ سَيُجْزَوْنَ مَا كَانُوا يَعْمَلُونَ
စင်စစ်သော်ကား အလ္လာဟ် အရှင်မြတ်၌ကောင်း မြတ်သောနာမံတော် (ဂုဏ်တော်)များ ရှိကြပေသည်။သို့ဖြစ်ပေရာ အသင်တို့သည် ထိုအရှင်မြတ်အား ယင်းနာမံတော်များဖြင့်သာ တသကြလေကုန်။ [(တစ်နည်း) ဆုတောင်းပတ္ထနာ ပြုကြလေကုန်။ ၎င်းပြင် အသင်တို့သည် ထိုအရှင်မြတ်၏နာမံတော်များနှင့်စပ်လျဉ်း၍ ချွတ်ချော်တိမ်းပါး ပြစ်မှားသူတို့ကို ပစ်ပယ်စွန့်ပစ်၍ထားကြလေကုန်။] ၎င်းတို့သည် မကြာမြင့်မီကာလတွင် မိမိတို့၏အပြုအမူများနှင့်စပ်လျဉ်း၍ အစားပေးခြင်းကိုခံကြရလတ္တံ။(တစ်နည်း)၎င်းပြင် ကောင်းမွန်မြင့်မြတ်သော(သီးသန့်)နာမံတော်များသည် အလ္လာဟ်အရှင်မြတ်၌(သီးခြား)ရှိသည်။သို့ဖြစ်ရာ အသင်တို့သည် ထိုနာမံတော်များနှင့် ထိုအရှင်မြတ်ကိုသာလျှင် တသကြကုန်။ (ထိုနာမံတော်များဖြင့် သူတစ်ပါးတို့ကိုမခေါ်ဝေါ်ကြကုန်လင့်။) ၎င်းပြင် အသင်တို့သည် ထိုအရှင်မြတ်၏ နာမံတော်များနှင့်ပတ်သက်၍ တိမ်းစောင်းရွေ့ပါး ပြစ်မှားသူတို့ကို စွန့်ပယ်ထားကြကုန်။ ၎င်းတို့သည် မကြာမီအတွင်းမိမိတို့၏ အပြုအမူများနှင့်စပ်လျဉ်း၍ အပြစ်ဒဏ်ပေးခြင်းခံကြရလိမ့်မည်။
181وَمِمَّنْ خَلَقْنَا أُمَّةٌ يَهْدُونَ بِالْحَقِّ وَبِهِ يَعْدِلُونَ
၎င်းပြင် ငါအရှင်မြတ် ဖန်ဆင်းတော်မူသောသူတို့တွင် မှန်ကန်သော တရားဓမ္မနှင့်အညီ လမ်းညွှန်ကြသည့်ပြင်မိမိတို့ကိုယ်တိုင်လည်း ထိုတရားဓမ္မနှင့်အညီ(လိုက်နာ)စီရင်ဆုံးဖြတ်သော လူတစ်စုသည် ရှိကြကုန်၏။(ရကူ)
182وَالَّذِينَ كَذَّبُوا بِآيَاتِنَا سَنَسْتَدْرِجُهُم مِّنْ حَيْثُ لَا يَعْلَمُونَ
၎င်းပြင် အကြင်သူတို့သည် ငါအရှင်မြတ်၏သက်သေလက္ခဏာတော်များကို မဟုတ်မမှန်ဟု ငြင်းပယ်ကြကုန်၏။ ငါအရှင်မြတ်သည် ထိုသူတို့အား (ဂျဟန္နမ်ဘက်သို့)ထိုသူတို့မသိသောနည်းဖြင့် တဖြည်းဖြည်း ဆွဲယူတော်မူအံ့။
183وَأُمْلِي لَهُمْ ۚ إِنَّ كَيْدِي مَتِينٌ
အမှန်သော်ကား ငါအရှင်မြတ်သည် ၎င်းတို့အား (ကာလကြာမြင့်စွာ) ရွှေ့ဆိုင်းခွင့်ပေးတော်မူ၏။ ဧကန်စင်စစ် ငါအရှင်မြတ်၏ လျှို့ဝှက်စွာ ကြံစည်မှုသည် အလွန်ခိုင်ခံ့လေသတည်း။
အလ်-အာအ်ရာဖ်ကုရ်အာန် ညွှန်းကိန်း
206အာယာသ်
MeccanRevelation
181အာယာသ်

ဘာသာပြန် — အလ်-အာအ်ရာဖ် 181

စူရာ အလ်-အာအ်ရာဖ် အာယာသ် 181 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ၎င်းပြင် ငါအရှင်မြတ် ဖန်ဆင်းတော်မူသောသူတို့တွင် မှန်ကန်သော တရားဓမ္မနှင့်အညီ လမ်းညွှန်ကြသည့်ပြင်မိမိတို့ကိုယ်တိုင်လည်း ထိုတရားဓမ္မနှင့်အညီ(လိုက်နာ)စီရင်ဆုံးဖြတ်သော လူတစ်စုသည် ရှိကြကုန်၏။(ရကူ)

စူရာ အာယာသ် 181/206 — အလ်-အာအ်ရာဖ် الأعراف (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: အလ်-အာအ်ရာဖ် နားထောင်, အလ်-အာအ်ရာဖ် ဘာသာပြန်, အလ်-အာအ်ရာဖ် mp3, အလ်-အာအ်ရာဖ် pdf. အာယာသ် 179–183. မြန်မာဘာသာ: ภาษาไทย.




ကုရ်အာန်ကျမ်း


Tuesday, August 18, 2026

Don't forget us in your sincere prayers