وَإِذَا لَمْ تَأْتِهِم بِآيَةٍ قَالُوا لَوْلَا اجْتَبَيْتَهَا ۚ قُلْ إِنَّمَا أَتَّبِعُ مَا يُوحَىٰ إِلَيَّ مِن رَّبِّي ۚ هَٰذَا بَصَائِرُ مِن رَّبِّكُمْ وَهُدًى وَرَحْمَةٌ لِّقَوْمٍ يُؤْمِنُونَ ٢٠٣
🔤 Transliteration
Wa izaa lam taatihim bi aayatin qaaloo law lajtabai tahaa; qul innamaaa attabi`u maa yoohaaa ilaiya mir Rabbee; haazaa basaaa`iru mir Rabbikum wa hudanw wa rahmatul liqawminy yu`minoon
📖 ဘာသာပြန် (မြန်မာဘာသာ)
📖 မြန်မာဘာသာ
ထို့ပြင် အသင်သည် ထိုသူတို့ထံ(၎င်းတို့ တောင်းဆိုကုန်သော) တန်ခိုးပြာဋိဟာ သက်သေလက္ခဏာ တစ်စုံတစ်ရာကို ယူဆောင်လာခြင်းကို မပြုသောအခါ ၎င်းတို့က အသင်သည်(မိမိကိုယ်တိုင်) ထိုတန်ခိုးပြာဋိဟာ သက်သေလက္ခဏာကိုအဘယ်ကြောင့် ရွေးချယ်၍မယူခဲ့ဘိသနည်း ဟုပြောဆိုကြကုန်၏။ အသင်သည် (၎င်းတို့အားဤသို့) ဖြေကြားပါလေ။(အချင်းတို့) ငါသည် မိမိအရှင့်ထံတော်မှ မိမိထံ ပေးပို့တော်မူသော ဝဟ်ယ် အမိန့်တော်ကို လိုက်နာသူသာလျှင် ဖြစ်ပေသည်။ ဤ(ကုရ်အာန်ကျမ်းတော်မြတ်)သည်ပင်လျှင် အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်အထံ တော်မှ(ထုတ်ပြန်ချမှတ်ပေးသနားတော်မူအပ်သော) အထင်အရှားသိမြင်နိုင်သော (တန်ခိုးပြာဋိဟာ) သက်သေသာဓကများလည်းဖြစ်သည်။ ထိုမှတစ်ပါး သက်ဝင်ယုံကြည်သော သူတို့အဖို့မှန်ကန်သော တရားလမ်းညွှန်ဖြစ်သည့်ပြင် ကရုဏာတရားလည်း ဖြစ်ချေသတည်း။
🌐 Additional reference in ภาษาไทย
၁။ အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ آيَةٍ (အာယသ်) — တမန်တော်မြတ်ထံ ဝဟီအဖြစ် ဆင်းသက်လာသော ကုရ်အာန်အာယသ်တော် သို့မဟုတ် အံ့ဖွယ်သက်သေတစ်ခု။لَوْلَا اجْتَبَيْتَهَا (လောင်လာ အိဂျ်သဗိုင်သဟာ) — “သင်သည် ယင်းကို မိမိဖက်မှ ဖန်တီးဖွဲ့စည်းသင့်သည်မဟုတ်လော” ဟု ဆိုလိုသည်။ သူတို့သည် တမန်တော်မြတ်အား မိမိစိတ်အလိုအတိုင်း အာယသ်အသစ်များ ဖန်တီးပေးရန် တောင်းဆိုခြင်းဖြစ်သည်။بَصَائِرُ (ဗဆွာအိရ်) — “ဗဆွာအိရ်” သည် “ဗဆီရဟ်” ၏ အများကိန်းဖြစ်ပြီး အလင်း၊ ထင်ရှားသော သက်သေအထောက်အထား၊ နှလုံးသားကို လမ်းညွှန်ပေးသော အထောက်အထားများ ဟု အဓိပ္ပာယ်ရသည်။هُدًى (ဟုဒါ) — လမ်းမှန်သို့ ညွှန်ပြခြင်း၊ လမ်းညွှန်မှု။رَحْمَةٌ (ရဟ်မဟ်) — ကရုဏာတော်၊ ကျေးဇူးတော်။၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက် ဤအာယသ်တော်သည် တမန်တော်မြတ် (ဆွလ္လလ္လာဟု အလိုင်ဟိ ဝစလ္လမ်) နှင့် မက္ကာမြို့ရှိ မုရှ်ရိက် (အလ္လာဟ်နှင့် တွဲဖက်ကိုးကွယ်သူ) များအကြား ဖြစ်ပွားခဲ့သော အခြေအနေတစ်ခုကို ဖော်ပြထားသည်။ ထိုသူများသည် တမန်တော်မြတ်ထံသို့ ကုရ်အာန်အာယသ်တော်များ ဆင်းသက်လာပြီး ဖတ်ကြားပြသသောအခါ မယုံကြည်ဘဲ ငြင်းပယ်ကြသည်။ သို့သော် အာယသ်တော်အသစ်တစ်ခု ဆင်းသက်လာခြင်းမရှိဘဲ အချိန်အတန်ကြာ နေသောအခါ သူတို့က “သင်သည် မိမိဖက်မှ အာယသ်တစ်ခုကို အဘယ်ကြောင့် ဖန်တီးဖွဲ့စည်းမပေးသနည်း” ဟု စော်ကားသလို တောင်းဆိုကြသည်။ သူတို့၏ ရည်ရွယ်ချက်မှာ တမန်တော်မြတ်အား မိမိစိတ်အလိုအတိုင်း အာယသ်များ ဖန်တီးပေးရန် ဖိအားပေးခြင်းဖြစ်သည်။
ထိုအခါ အလ္လာဟ်အရှင်မြတ်သည် တမန်တော်မြတ်အား ဤသို့ ဖြေကြားရန် မိန့်ကြားတော်မူသည် — “ကျွန်ုပ်သည် ကျွန်ုပ်၏ ရဗ်ဗ် (အရှင်မြတ်) ထံမှ ဝဟီ (ဗျာဒိတ်တော်) အဖြစ် ဆင်းသက်လာသည့်အတိုင်းသာ လိုက်နာသည်။ ကျွန်ုပ်သည် မိမိဖက်မှ အာယသ်များ ဖန်တီးပိုင်ခွင့်မရှိပါ။” ထို့နောက် အလ္လာဟ်အရှင်မြတ်သည် ကုရ်အာန်တော်မြတ်၏ ဂုဏ်တော်များကို ဖော်ပြတော်မူသည် — ဤကုရ်အာန်သည် သင်တို့၏ ရဗ်ဗ်ထံမှ ထင်ရှားသော သက်သေအထောက်အထားများ၊ နှလုံးသားကို အလင်းပေးသော ဗဆွာအိရ်များ ဖြစ်သည်။ ၎င်းသည် လမ်းညွှန်မှု (
وَإِذَا لَمۡ تَأۡتِهِم بِـَٔايَةٍ قَالُواْ لَوۡلَا ٱجۡتَبَيۡتَهَاۚ قُلۡ إِنَّمَآ أَتَّبِعُ مَا يُوحَىٰٓ إِلَيَّ مِن رَّبِّيۚ هَٰذَا بَصَآئِرُ مِن رَّبِّكُمۡ وَهُدًى وَرَحۡمَةٌ لِّقَوۡمٍ يُؤۡمِنُونَ ٢٠٣
ထို့ပြင် အသင်သည် ထိုသူတို့ထံ(၎င်းတို့ တောင်းဆိုကုန်သော) တန်ခိုးပြာဋိဟာ သက်သေလက္ခဏာ တစ်စုံတစ်ရာကို ယူဆောင်လာခြင်းကို မပြုသောအခါ ၎င်းတို့က အသင်သည်(မိမိကိုယ်တိုင်) ထိုတန်ခိုးပြာဋိဟာ သက်သေလက္ခဏာကိုအဘယ်ကြောင့် ရွေးချယ်၍မယူခဲ့ဘိသနည်း ဟုပြောဆိုကြကုန်၏။ အသင်သည် (၎င်းတို့အားဤသို့) ဖြေကြားပါလေ။(အချင်းတို့) ငါသည် မိမိအရှင့်ထံတော်မှ မိမိထံ ပေးပို့တော်မူသော ဝဟ်ယ် အမိန့်တော်ကို လိုက်နာသူသာလျှင် ဖြစ်ပေသည်။ ဤ(ကုရ်အာန်ကျမ်းတော်မြတ်)သည်ပင်လျှင် အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်အထံ တော်မှ(ထုတ်ပြန်ချမှတ်ပေးသနားတော်မူအပ်သော) အထင်အရှားသိမြင်နိုင်သော (တန်ခိုးပြာဋိဟာ) သက်သေသာဓကများလည်းဖြစ်သည်။ ထိုမှတစ်ပါး သက်ဝင်ယုံကြည်သော သူတို့အဖို့မှန်ကန်သော တရားလမ်းညွှန်ဖြစ်သည့်ပြင် ကရုဏာတရားလည်း ဖြစ်ချေသတည်း။
🖼️ Save Image
🎬 Save Video
📜 အာယာသ် 201-205 — စူရာ အလ်-အာအ်ရာဖ်
201 إِنَّ الَّذِينَ اتَّقَوْا إِذَا مَسَّهُمْ طَائِفٌ مِّنَ الشَّيْطَانِ تَذَكَّرُوا فَإِذَا هُم مُّبْصِرُونَ
မလွဲဧကန် (အလ္လာဟ်အရှင်မြတ်အား)ကြောက်ရွံ့ရိုသေခန့်ညားသောသူတို့မူကား ရှိုင်တွာန် မိစ္ဆာကောင်၏ထံမှ တစ်စုံတစ်ရာ စိုးရိမ်ဖွယ်ရာသည် ထိုသူတို့၌ သက်ရောက်ခဲ့သောအခါ (အလ္လာဟ်အရှင်မြတ်အား ချက်ချင်း) အောက်မေ့တသကြကုန်၏။ သို့ဖြစ်လျှင် ၎င်းတို့သည် ရုတ်တရက်ပင်(အမှန် ကို) မြင်လာကြကုန်သတည်း။
202 وَإِخْوَانُهُمْ يَمُدُّونَهُمْ فِي الْغَيِّ ثُمَّ لَا يُقْصِرُونَ
သို့ရာတွင် ယင်း ရှိုင်တွာန် မိစ္ဆာကောင်တို့၏ ညီသားအစ်ကိုတို့မူကား ၎င်းတို့အား ယင်း ရှိုင်တွာန်မိစ္ဆာကောင်တို့သည် လမ်းမှားသို့ဆွဲငင်(ခေါ်ယူ)လျက်ပင် ရှိကြကုန်၏။ ထို့နောက် ၎င်းတို့သည်(ထိုကဲ့သို့ ဆွဲငင်ခေါ်ယူခြင်းကို)ရပ်စဲကြ သည်မဟုတ်ပေ။ (မိုက်မြဲတိုင်း ဆက်လက်မိုက်လျက်ရှိကြကုန်သတည်း။)
203 وَإِذَا لَمْ تَأْتِهِم بِآيَةٍ قَالُوا لَوْلَا اجْتَبَيْتَهَا ۚ قُلْ إِنَّمَا أَتَّبِعُ مَا يُوحَىٰ إِلَيَّ مِن رَّبِّي ۚ هَٰذَا بَصَائِرُ مِن رَّبِّكُمْ وَهُدًى وَرَحْمَةٌ لِّقَوْمٍ يُؤْمِنُونَ
ထို့ပြင် အသင်သည် ထိုသူတို့ထံ(၎င်းတို့ တောင်းဆိုကုန်သော) တန်ခိုးပြာဋိဟာ သက်သေလက္ခဏာ တစ်စုံတစ်ရာကို ယူဆောင်လာခြင်းကို မပြုသောအခါ ၎င်းတို့က အသင်သည်(မိမိကိုယ်တိုင်) ထိုတန်ခိုးပြာဋိဟာ သက်သေလက္ခဏာကိုအဘယ်ကြောင့် ရွေးချယ်၍မယူခဲ့ဘိသနည်း ဟုပြောဆိုကြကုန်၏။ အသင်သည် (၎င်းတို့အားဤသို့) ဖြေကြားပါလေ။(အချင်းတို့) ငါသည် မိမိအရှင့်ထံတော်မှ မိမိထံ ပေးပို့တော်မူသော ဝဟ်ယ် အမိန့်တော်ကို လိုက်နာသူသာလျှင် ဖြစ်ပေသည်။ ဤ(ကုရ်အာန်ကျမ်းတော်မြတ်)သည်ပင်လျှင် အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်အထံ တော်မှ(ထုတ်ပြန်ချမှတ်ပေးသနားတော်မူအပ်သော) အထင်အရှားသိမြင်နိုင်သော (တန်ခိုးပြာဋိဟာ) သက်သေသာဓကများလည်းဖြစ်သည်။ ထိုမှတစ်ပါး သက်ဝင်ယုံကြည်သော သူတို့အဖို့မှန်ကန်သော တရားလမ်းညွှန်ဖြစ်သည့်ပြင် ကရုဏာတရားလည်း ဖြစ်ချေသတည်း။
204 وَإِذَا قُرِئَ الْقُرْآنُ فَاسْتَمِعُوا لَهُ وَأَنصِتُوا لَعَلَّكُمْ تُرْحَمُونَ
၎င်းပြင် အသင်တို့သည် (မိမိတို့ရှေ့ဝယ်) ကုရ်အာန် ကျမ်းတော်မြတ်ကို ဖတ်ရွတ်သရဇ္ဈယ် သောအခါ ထိုကုရ်အာန်ကျမ်းတော်မြတ်ကို ဂရုပြု၍ ဆိတ်ငြိမ်စွာ နားစိုက်ကြလေကုန်။ သို့မှသာလျှင် အသင်တို့သည် (အလ္လာဟ်အရှင်မြတ်၏) ကရုဏာ တော်ကို ခံစားကြရလတ္တံ။
205 وَاذْكُر رَّبَّكَ فِي نَفْسِكَ تَضَرُّعًا وَخِيفَةً وَدُونَ الْجَهْرِ مِنَ الْقَوْلِ بِالْغُدُوِّ وَالْآصَالِ وَلَا تَكُن مِّنَ الْغَافِلِينَ
ထိုမှတစ်ပါး (အို-နဗီတမန်တော်) အသင်သည်နံနက်မိုးသောက်ယံ၌လည်းကောင်း၊ ညနေချမ်း၌ လည်းကောင်း၊ မိမိကို ဖန်�င်း မွေးမြူတော်မူသော အရှင်မြတ်အားမိမိစိတ်နှလုံးတွင်းဝယ် နိဝါတတရားထားရှိ၍ ကြောက်ရွံ့ရိုသေလျက် ကျယ်လောင် စွာမဟုတ်သည့်အသံဖြင့် အောက်မေ့တသသတိရပါလေ။ ထို့ပြင် အသင်သည် အလေးမမူဂရုမပြု ပမာမထားသောသူတို့တွင် အပါအဝင် မဖြစ်ပါလင့်။
ဘာသာပြန် — အလ်-အာအ်ရာဖ် 203 စူရာ အလ်-အာအ်ရာဖ် အာယာသ် 203 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထို့ပြင် အသင်သည် ထိုသူတို့ထံ(၎င်းတို့ တောင်းဆိုကုန်သော) တန်ခိုးပြာဋိဟာ သက်သေလက္ခဏာ တစ်စုံတစ်ရာကို ယူဆောင်လာခြင်းကို မပြုသောအခါ ၎င်းတို့က…
စူရာ အာယာသ် 203/206 — စူရာ အလ်-အာအ်ရာဖ် الأعراف (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-အာအ်ရာဖ် နားထောင်, စူရာ အလ်-အာအ်ရာဖ် ဘာသာပြန်, စူရာ အလ်-အာအ်ရာဖ် mp3, စူရာ အလ်-အာအ်ရာဖ် pdf. အာယာသ် 201–205. မြန်မာဘာသာ: ภาษาไทย.