အလ်-အာအ်ရာဖ် · 202/206
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-အာအ်ရာဖ်
وَإِخْوَانُهُمْ يَمُدُّونَهُمْ فِي الْغَيِّ ثُمَّ لَا يُقْصِرُونَ ۝٢٠٢
Wa ikhwaanuhum yamuddoonahum fil ghaiyi summa laa yuqsiroon
📖 မြန်မာဘာသာ
သို့ရာတွင် ယင်း ရှိုင်တွာန် မိစ္ဆာကောင်တို့၏ ညီသားအစ်ကိုတို့မူကား ၎င်းတို့အား ယင်း ရှိုင်တွာန်မိစ္ဆာကောင်တို့သည် လမ်းမှားသို့ဆွဲငင်(ခေါ်ယူ)လျက်ပင် ရှိကြကုန်၏။ ထို့နောက် ၎င်းတို့သည်(ထိုကဲ့သို့ ဆွဲငင်ခေါ်ယူခြင်းကို)ရပ်စဲကြ သည်မဟုတ်ပေ။ (မိုက်မြဲတိုင်း ဆက်လက်မိုက်လျက်ရှိကြကုန်သတည်း။)

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

၁။ အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ

  • وَإِخْوَانُهُمْ (ဝဟ်အိခ်ဝါနုဟွမ်း) — “သူတို့၏ ညီအစ်ကိုများ” ဟု အဓိပ္ပာယ်ရသည်။ ဤနေရာတွင် ရည်ညွှန်းသည်မှာ ရှိုင်သွာန်များ၏ ညီအစ်ကိုများဖြစ်သော ကာဖိရ်များ၊ မုရှ်ရိက်များနှင့် မကောင်းမှုကို ကျူးလွန်သူများကို ဆိုလိုသည်။
  • يَمُدُّونَهُمْ (ယမုဒ္ဒူနဟွမ်း) — “သူတို့ကို ကူညီထောက်ပံ့ကြသည်၊ တိုးပွားစေကြသည်” ဟု အဓိပ္ပာယ်ရသည်။ ဤနေရာတွင် မကောင်းမှုနှင့် လမ်းလွဲမှုတွင် ထပ်ဆင့်တိုးပွားစေခြင်းကို ဆိုလိုသည်။
  • الْغَيِّ (အလ်ဂိုင်းယိ) — “လမ်းလွဲမှု၊ မိုက်မဲမှု၊ ဖျက်ဆီးခြင်း” ဟု အဓိပ္ပာယ်ရသည်။ အမှန်တရားမှ သွေဖည်သော လမ်းစဉ်ကို ဆိုလိုသည်။
  • لَا يُقْصِرُونَ (လာ ယုက်ဆွီရူန်း) — “သူတို့သည် ရပ်တန့်ကြမည် မဟုတ်ပေ၊ လက်မလျှော့ကြပေ” ဟု အဓိပ္ပာယ်ရသည်။

၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

ရှိုင်သွာန်များ၏ ညီအစ်ကိုများဖြစ်ကြသော ကာဖိရ်များနှင့် မကောင်းမှုကျူးလွန်သူများကို ရှိုင်သွာန်များသည် လမ်းလွဲမှုထဲတွင် ထပ်ဆင့်၍ ထပ်ဆင့်၍ တိုးပွားစေကြသည်။ သူတို့သည် အပြစ်တစ်ခုပြီးတစ်ခု ကျူးလွန်လေလေ၊ ရှိုင်သွာန်များက လမ်းလွဲမှုကို ပို၍ပို၍ လှုံ့ဆော်ပေးလေလေ ဖြစ်သည်။ ရှိုင်သွာန်များသည်လည်း လူသားများကို လမ်းလွဲစေရန် လက်မလျှော့ကြပေ။ လူသားများထဲမှ မကောင်းမှုကျူးလွန်သူများသည်လည်း ရှိုင်သွာန်များ၏ လှုံ့ဆော်မှုကို လိုက်နာပြီး မကောင်းမှုကို ဆက်လက်ကျူးလွန်ရန် ရပ်တန့်ကြမည် မဟုတ်ပေ။ ဤသို့ဖြင့် နှစ်ဖက်စလုံးမှ အပြစ်နှင့် လမ်းလွဲမှုတွင် အဆက်မပြတ် တိုးပွားလျက်ရှိကြသည်။

၃။ ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် အစ္စလာမ်ဘာသာတော်ကို ချစ်မြတ်နိုးစေသော သင်ခန်းစာများ

၁။ ရှိုင်သွာန်၏ လှုံ့ဆော်မှုကို သတိထားရမည် — ရှိုင်သွာန်သည် လူသားကို လမ်းလွဲစေရန် အဆက်မပြတ် ကြိုးစားလျက်ရှိသည်။ ထို့ကြောင့် အလ္လာဟ်အရှင်မြတ်ကို အမြဲအောက်မေ့ခြင်းဖြင့် မိမိကိုယ်ကို ကာကွယ်ရမည်။

၂။ မကောင်းမှုသည် အဆင့်ဆင့် တိုးပွားလာနိုင်သည် — အပြစ်တစ်ခုကို ကျူးလွန်လိုက်ပါက နောက်ထပ် အပြစ်များ ဆက်တိုက် လိုက်ပါလာနိုင်သည်။ ထို့ကြ



📜 အာယာသ် 200-204 — စူရာ အလ်-အာအ်ရာဖ်

200وَإِمَّا يَنزَغَنَّكَ مِنَ الشَّيْطَانِ نَزْغٌ فَاسْتَعِذْ بِاللَّهِ ۚ إِنَّهُ سَمِيعٌ عَلِيمٌ
ထို့ပြင် အကယ်၍ ရှိုင်တွာန်၏ထံမှ တစ်စုံတစ်ရာ အကြံပေးချက်သည် အသင်(၏စိတ်နှလုံး)၌ သက် ရောက်ခဲ့ါမူ အသင်သည်(ချက်ချင်းပင်)အလ္လာဟ် ရှင်မြတ်၏ကာကွယ်စောင့်ရှောက်မှုကို ဆည်းပူးရှာဖွေ (ရယူ)ပါလေ။ စင်စစ်ဧကန် ထိုအရှင်မြတ်သည် (အလုံးစုံကို) အကြွင်းမဲ့ ကြားတော်မူ သောအရှင်၊ (အရာခပ်သိမ်းတို့ကို) အကြွင်းမဲ့ သိရှိတော်မူသောအရှင်မြတ်ပင်တည်း။
201إِنَّ الَّذِينَ اتَّقَوْا إِذَا مَسَّهُمْ طَائِفٌ مِّنَ الشَّيْطَانِ تَذَكَّرُوا فَإِذَا هُم مُّبْصِرُونَ
မလွဲဧကန် (အလ္လာဟ်အရှင်မြတ်အား)ကြောက်ရွံ့ရိုသေခန့်ညားသောသူတို့မူကား ရှိုင်တွာန် မိစ္ဆာကောင်၏ထံမှ တစ်စုံတစ်ရာ စိုးရိမ်ဖွယ်ရာသည် ထိုသူတို့၌ သက်ရောက်ခဲ့သောအခါ (အလ္လာဟ်အရှင်မြတ်အား ချက်ချင်း) အောက်မေ့တသကြကုန်၏။ သို့ဖြစ်လျှင် ၎င်းတို့သည် ရုတ်တရက်ပင်(အမှန် ကို) မြင်လာကြကုန်သတည်း။
202وَإِخْوَانُهُمْ يَمُدُّونَهُمْ فِي الْغَيِّ ثُمَّ لَا يُقْصِرُونَ
သို့ရာတွင် ယင်း ရှိုင်တွာန် မိစ္ဆာကောင်တို့၏ ညီသားအစ်ကိုတို့မူကား ၎င်းတို့အား ယင်း ရှိုင်တွာန်မိစ္ဆာကောင်တို့သည် လမ်းမှားသို့ဆွဲငင်(ခေါ်ယူ)လျက်ပင် ရှိကြကုန်၏။ ထို့နောက် ၎င်းတို့သည်(ထိုကဲ့သို့ ဆွဲငင်ခေါ်ယူခြင်းကို)ရပ်စဲကြ သည်မဟုတ်ပေ။ (မိုက်မြဲတိုင်း ဆက်လက်မိုက်လျက်ရှိကြကုန်သတည်း။)
203وَإِذَا لَمْ تَأْتِهِم بِآيَةٍ قَالُوا لَوْلَا اجْتَبَيْتَهَا ۚ قُلْ إِنَّمَا أَتَّبِعُ مَا يُوحَىٰ إِلَيَّ مِن رَّبِّي ۚ هَٰذَا بَصَائِرُ مِن رَّبِّكُمْ وَهُدًى وَرَحْمَةٌ لِّقَوْمٍ يُؤْمِنُونَ
ထို့ပြင် အသင်သည် ထိုသူတို့ထံ(၎င်းတို့ တောင်းဆိုကုန်သော) တန်ခိုးပြာဋိဟာ သက်သေလက္ခဏာ တစ်စုံတစ်ရာကို ယူဆောင်လာခြင်းကို မပြုသောအခါ ၎င်းတို့က အသင်သည်(မိမိကိုယ်တိုင်) ထိုတန်ခိုးပြာဋိဟာ သက်သေလက္ခဏာကိုအဘယ်ကြောင့် ရွေးချယ်၍မယူခဲ့ဘိသနည်း ဟုပြောဆိုကြကုန်၏။ အသင်သည် (၎င်းတို့အားဤသို့) ဖြေကြားပါလေ။(အချင်းတို့) ငါသည် မိမိအရှင့်ထံတော်မှ မိမိထံ ပေးပို့တော်မူသော ဝဟ်ယ် အမိန့်တော်ကို လိုက်နာသူသာလျှင် ဖြစ်ပေသည်။ ဤ(ကုရ်အာန်ကျမ်းတော်မြတ်)သည်ပင်လျှင် အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်အထံ တော်မှ(ထုတ်ပြန်ချမှတ်ပေးသနားတော်မူအပ်သော) အထင်အရှားသိမြင်နိုင်သော (တန်ခိုးပြာဋိဟာ) သက်သေသာဓကများလည်းဖြစ်သည်။ ထိုမှတစ်ပါး သက်ဝင်ယုံကြည်သော သူတို့အဖို့မှန်ကန်သော တရားလမ်းညွှန်ဖြစ်သည့်ပြင် ကရုဏာတရားလည်း ဖြစ်ချေသတည်း။
204وَإِذَا قُرِئَ الْقُرْآنُ فَاسْتَمِعُوا لَهُ وَأَنصِتُوا لَعَلَّكُمْ تُرْحَمُونَ
၎င်းပြင် အသင်တို့သည် (မိမိတို့ရှေ့ဝယ်) ကုရ်အာန် ကျမ်းတော်မြတ်ကို ဖတ်ရွတ်သရဇ္ဈယ် သောအခါ ထိုကုရ်အာန်ကျမ်းတော်မြတ်ကို ဂရုပြု၍ ဆိတ်ငြိမ်စွာ နားစိုက်ကြလေကုန်။ သို့မှသာလျှင် အသင်တို့သည် (အလ္လာဟ်အရှင်မြတ်၏) ကရုဏာ တော်ကို ခံစားကြရလတ္တံ။
အလ်-အာအ်ရာဖ်ကုရ်အာန် ညွှန်းကိန်း
206အာယာသ်
MeccanRevelation
202အာယာသ်

ဘာသာပြန် — အလ်-အာအ်ရာဖ် 202

စူရာ အလ်-အာအ်ရာဖ် အာယာသ် 202 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : သို့ရာတွင် ယင်း ရှိုင်တွာန် မိစ္ဆာကောင်တို့၏ ညီသားအစ်ကိုတို့မူကား ၎င်းတို့အား ယင်း ရှိုင်တွာန်မိစ္ဆာကောင်တို့သည် လမ်းမှားသို့ဆွဲငင်(ခေါ်ယူ)လျက်ပင် ရှိကြကုန်၏။…

စူရာ အာယာသ် 202/206 — စူရာ အလ်-အာအ်ရာဖ် الأعراف (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-အာအ်ရာဖ် နားထောင်, စူရာ အလ်-အာအ်ရာဖ် ဘာသာပြန်, စူရာ အလ်-အာအ်ရာဖ် mp3, စူရာ အလ်-အာအ်ရာဖ် pdf. အာယာသ် 200–204. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Sunday, October 18, 2026

Don't forget us in your sincere prayers