နူဟ် · 5/28
ဘာသာပြန် အသံနိုင်ငံ — စူရာ နူဟ်
قَالَ رَبِّ إِنِّي دَعَوْتُ قَوْمِي لَيْلًا وَنَهَارًا ۝٥
Qaala rabbi innee da`awtu qawmee lailanw wa naharaa
📖 မြန်မာဘာသာ
(ထို့နောက်) ထို(နဗီတမန်တော်"နူဟ်")သည်(ဤသို့)လျှောက်ထားခဲ့၏။ အို-ကျွန်တော်မျိုးအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ ဧကန်အမှန် ကျွန်တော်မျိုးသည် မိမိအမျိုးသားတို့အား နေ့ညဉ့် (မပြတ်) ဖိတ်ခေါ်ခဲ့ပါ၏။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 3-7 — စူရာ နူဟ်

3أَنِ اعْبُدُوا اللَّهَ وَاتَّقُوهُ وَأَطِيعُونِ
အသင်တို့သည် ၎င်းအရှင်မြတ်အားသာလျှင် ဆည်းကပ်ကိုးကွယ်ကြလေကုန်၊ အသင်တို့သည် ထိုအရှင်မြတ်အား ကြောက်ရွံ့ကြလေကုန်၊ အသင်တို့သည် ငါ၏အမိန့်ကိုနာခံကြလေကုန်။
4يَغْفِرْ لَكُم مِّن ذُنُوبِكُمْ وَيُؤَخِّرْكُمْ إِلَىٰ أَجَلٍ مُّسَمًّى ۚ إِنَّ أَجَلَ اللَّهِ إِذَا جَاءَ لَا يُؤَخَّرُ ۖ لَوْ كُنتُمْ تَعْلَمُونَ
ထိုအရှင်မြတ်သည် အသင်တို့၏ ပြစ်မှုဒုစရိုက်များကို ခွင့်လွှတ် ချမ်းသာပေးတော်မူမည့်ပြင် ထိုအရှင်မြတ်သည် အသင်တို့အား သတ်မှတ်ပြဋ္ဌာန်းပြီးဖြစ်သော အချိန်ကာလတိုင်အောင် ရွှေ့ဆိုင်းခွင့် ပေးတော်မူပေမည်။ မလွဲဧကန် အလ္လာဟ်အရှင်မြတ် ပြဋ္ဌာန်းတော် မူသောအချိန်ကာလသည် ဆိုက်ရောက်လာသောအခါ ရွှေ့ဆိုင်း၍ရမည် မဟုတ်ပေ။ အကယ်၍ အသင်တို့ သည် (ဤသည်ကို) သိရှိကြပါလျှင် ကောင်းလေစွတကား။
5قَالَ رَبِّ إِنِّي دَعَوْتُ قَوْمِي لَيْلًا وَنَهَارًا
(ထို့နောက်) ထို(နဗီတမန်တော်"နူဟ်")သည်(ဤသို့)လျှောက်ထားခဲ့၏။ အို-ကျွန်တော်မျိုးအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ ဧကန်အမှန် ကျွန်တော်မျိုးသည် မိမိအမျိုးသားတို့အား နေ့ညဉ့် (မပြတ်) ဖိတ်ခေါ်ခဲ့ပါ၏။
6فَلَمْ يَزِدْهُمْ دُعَائِي إِلَّا فِرَارًا
သို့တစေလည်း ကျွန်တော်မျိုး၏ ဖိတ်ခေါ်ချက်သည် ၎င်းတို့၌ ထွက်ပြေး တိမ်းရှောင်မှုကိုသာလျှင် တိုးတက်စေခဲ့ပါ၏။
7وَإِنِّي كُلَّمَا دَعَوْتُهُمْ لِتَغْفِرَ لَهُمْ جَعَلُوا أَصَابِعَهُمْ فِي آذَانِهِمْ وَاسْتَغْشَوْا ثِيَابَهُمْ وَأَصَرُّوا وَاسْتَكْبَرُوا اسْتِكْبَارًا
ထိုမှတစ်ပါး အရှင်မြတ်သည် ၎င်းတို့အား ခွင့်လွှတ်တော်မူအံ့သောငှာ မည်သည့်အခါမျိုးမဆို ကျွန်တော်မျိုးသည် ၎င်းတို့အား ဖိတ်ခေါ်ခဲ့ပါလျှင် ၎င်းတို့သည် မိမိတို့၏လက်ချောင်းများကို မိမိတို့နားများ၌ ထည့်သွင်းထားခဲ့ကြပါ၏။ ထို့ပြင် ၎င်းတို့သည် မိမိတို့၏အဝတ်များကို (မိမိတို့ကိုယ်များပေါ်၌) လွှမ်းခြုံ ဖုံးအုပ်ထားခဲ့ကြပါ၏။ ထို့ပြင် ၎င်းတို့သည် (မိမိတို့၏ သွေဖည်ငြင်းပယ်မှုပေါ်၌) ဇွတ်မှိတ်၍သာ နေခဲ့ကြသည့်ပြင် လွန်စွာ မာန်မာန ထောင်လွှားခြင်းကိုလည်း ပြုခဲ့ကြပါ၏။
နူဟ်ကုရ်အာန် ညွှန်းကိန်း
28အာယာသ်
MeccanRevelation
5အာယာသ်

ဘာသာပြန် — နူဟ် 5

စူရာ နူဟ် အာယာသ် 5 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : (ထို့နောက်) ထို(နဗီတမန်တော်"နူဟ်")သည်(ဤသို့)လျှောက်ထားခဲ့၏။ အို-ကျွန်တော်မျိုးအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ ဧကန်အမှန် ကျွန်တော်မျိုးသည် မိမိအမျိုးသားတို့အား နေ့ညဉ့် (မပြတ်) ဖိတ်ခေါ်ခဲ့ပါ၏။

စူရာ အာယာသ် 5/28 — စူရာ နူဟ် نوح (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ နူဟ် နားထောင်, စူရာ နူဟ် ဘာသာပြန်, စူရာ နူဟ် mp3, စူရာ နူဟ် pdf. အာယာသ် 3–7. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Tuesday, September 29, 2026

Don't forget us in your sincere prayers