အလ်-အန်ဖာလ် · 15/75
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-အန်ဖာလ်
يَا أَيُّهَا الَّذِينَ آمَنُوا إِذَا لَقِيتُمُ الَّذِينَ كَفَرُوا زَحْفًا فَلَا تُوَلُّوهُمُ الْأَدْبَارَ ۝١٥
Yaaa aiyuhal lazeena aamanoo izaa laqeetumul lazeena kafaroo zahfan falaa tuwalloohumul adbaar
📖 မြန်မာဘာသာ
အို- မုအ်မင်န် သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် ကာဖိရ် မယုံမကြည် သွေဖည်ငြင်းပယ်သော သူတို့အား (စစ်တပ်ကြီးဖွဲ့လျက်)(တနည်း)စစ်ပွဲ၌ ၊စစ်မြေပြင်၌တွေ့ဆုံကြသောအခါ 4င်းတို့အား ကျောခိုင်း၍ မသွားကြကုန်လင့်။(ဝါ) ထွက်မပြေးကြကုန်လင့်။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. ကမ္မဋ္ဌာန်းပါဒကများ
  • زَحْفًا (ဇဟ်ဖန်): တစ်ဖက်နှင့်တစ်ဖက် ရင်ဆိုင်တိုက်ခိုက်ရန် နီးကပ်စွာ ချဉ်းကပ်လာခြင်း၊ တဖြည်းဖြည်း ရွေ့လျားတိုက်ခိုက်ခြင်း။
  • فَلَا تُوَلُّوهُمُ الْأَدْبَارَ (ဖလာ တုဝလ္လူဟုမုလ် အက်ဒ်ဗာရ်): သူတို့အား ကျောခိုင်း၍ ထွက်ပြေးခြင်းကို မပြုလုပ်ကြပါနှင့်။
  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

အို အီမာန်ယုံကြည်သူတို့၊ အလ္လာဟ်အရှင်မြတ်နှင့် ရစူလ်တမန်တော်ကို ယုံကြည်၍ သူ၏ သာသနာတော်အတိုင်း လိုက်နာကျင့်သုံးသူတို့၊ သင်တို့သည် ကာဖိရ်မယုံကြည်သူတို့နှင့် စစ်မြေပြင်တွင် ရင်ဆိုင်တွေ့ဆုံကြသောအခါ၊ သူတို့သည် သင်တို့ထံ နီးကပ်စွာ ချဉ်းကပ်လာပြီး ရင်ဆိုင်တိုက်ခိုက်ရန် အသင့်ဖြစ်နေကြသောအခါ၊ သူတို့အား ကျောခိုင်း၍ မထွက်ပြေးကြပါနှင့်။ သူတို့ရှေ့မှောက်တွင် ရဲရဲဝံ့ဝံ့ ရပ်တည်ကြပါ။ သူတို့နှင့် ရင်ဆိုင်ရာတွင် ဇွဲရှိရှိ ခံနိုင်ရည်ထားကြပါ။ အကြောင်းမှာ အလ္လာဟ်အရှင်မြတ်သည် သင်တို့နှင့်အတူ ရှိတော်မူပြီး၊ သင်တို့အား ကူညီစောင်မတော်မူမည် ဖြစ်သောကြောင့် ဖြစ်သည်။

  1. ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများ
  • အီမာန်ယုံကြည်သူများသည် အခက်အခဲနှင့် ရင်ဆိုင်ရာတွင် ရဲစွမ်းသတ္တိရှိရမည်။ ထွက်ပြေးခြင်းသည် အားနည်းခြင်း၏ လက္ခဏာဖြစ်သည်။
  • အလ္လာဟ်အရှင်မြတ်သည် ယုံကြည်သူများနှင့်အတူ ရှိတော်မူကြောင်း သိရှိခြင်းသည် စိတ်ရဲစွမ်းသတ္တိကို ဖြစ်ပေါ်စေသည်။
  • သာသနာ့တာဝန်များကို ထမ်းဆောင်ရာတွင် ဇွဲလုံ့လနှင့် ခံနိုင်ရည်ရှိခြင်းသည် အောင်မြင်မှု၏ သော့ချက်ဖြစ်သည်။
  • အစ္စလာမ်သာသနာသည် ရဲစွမ်းသတ္တိနှင့် ဇွဲလုံ့လကို အားပေးသော သာသနာဖြစ်ကြောင်း ဤအာယသ်တော်က ဖော်ပြသည်။
  • အလ္လာဟ်အရှင်မြတ်ကို ယုံကြည်ကိုးစားခြင်းဖြင့် မည်သည့်အခက်အခဲကိုမဆို ရင်ဆိုင်နိုင်စွမ်းရှိကြောင်း သင်ခန်းစာရရှိသည်။


📜 အာယာသ် 13-17 — စူရာ အလ်-အန်ဖာလ်

13ذَٰلِكَ بِأَنَّهُمْ شَاقُّوا اللَّهَ وَرَسُولَهُ ۚ وَمَن يُشَاقِقِ اللَّهَ وَرَسُولَهُ فَإِنَّ اللَّهَ شَدِيدُ الْعِقَابِ
ဤ(အမိန့်တော်)သည်ကား ယင်း(မုရှ်ရစ်က်)တို့သည် အလ္လာဟ်အရှင်မြတ်အားလည်းကောင်း၊ အရှင်မြတ်၏ရစူလ်တမန်တော်အား လည်းကောင်း ဆန့်ကျင်ခဲ့ကြသောကြောင့်(ချမှတ်တော်မူသော အမိန့်တော်)ပင်တည်း။ စင်စစ်သော်ကား မည်သူမဆို အလ္လာဟ်အရှင်မြတ်အားလည်းကောင်း၊ထိုအရှင်မြတ်၏ရစူလ်တမန်တော်အားလည်းကောင်း၊ ဆန့်ကျင်ပါမူ အလ္လာဟ်အရှင်မြတ်သည် အမှန်စင်စစ်ပြင်းထန်စွာ ပြစ်ဒဏ် စီရင်တော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
14ذَٰلِكُمْ فَذُوقُوهُ وَأَنَّ لِلْكَافِرِينَ عَذَابَ النَّارِ
သို့ဖြစ်ပေရာ အသင်တို့သည် ဤသည့် (ပြစ်ဒဏ်)ကို မြည်းစမ်းကြလေကုန်။ ၎င်းပြင် ဧကန် မလွဲ ကာဖိရ်မယုံမကြည် သွေဖည်ငြင်းပယ်ကုန် သောသူတို့ခံစားအံ့သောငှာဂျဟန္နမ်ငရဲဘုံ၏ပြစ်ဒဏ်သည် အဆင်သင့်ရှိသည် (ကိုလည်းကောင်းစွာ မှတ်ယူကြလေကုန်။)
15يَا أَيُّهَا الَّذِينَ آمَنُوا إِذَا لَقِيتُمُ الَّذِينَ كَفَرُوا زَحْفًا فَلَا تُوَلُّوهُمُ الْأَدْبَارَ
အို- မုအ်မင်န် သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် ကာဖိရ် မယုံမကြည် သွေဖည်ငြင်းပယ်သော သူတို့အား (စစ်တပ်ကြီးဖွဲ့လျက်)(တနည်း)စစ်ပွဲ၌ ၊စစ်မြေပြင်၌တွေ့ဆုံကြသောအခါ 4င်းတို့အား ကျောခိုင်း၍ မသွားကြကုန်လင့်။(ဝါ) ထွက်မပြေးကြကုန်လင့်။
16وَمَن يُوَلِّهِمْ يَوْمَئِذٍ دُبُرَهُ إِلَّا مُتَحَرِّفًا لِّقِتَالٍ أَوْ مُتَحَيِّزًا إِلَىٰ فِئَةٍ فَقَدْ بَاءَ بِغَضَبٍ مِّنَ اللَّهِ وَمَأْوَاهُ جَهَنَّمُ ۖ وَبِئْسَ الْمَصِيرُ
အမှန်သော်ကား မည်သူမဆို ထိုနေ့တွင် အချီအတက် လွှဲပြောင်းစစ်ဆင်ခြင်း၊ သို့တည်းမဟုတ် (မိမိတို့၏)တပ်ဖွဲ့တစ်ခုခုထံ(သွားရောက်)ပူးပေါင်း နေရာယူခြင်းမှတစ်ပါး၎င်းတို့အားကျောခိုင်း၍သွားခဲ့မူ၊ ထိုသူသည် အလ္လာဟ်အရှင်မြတ်၏ အမျက်တော်နှင့်တကွ ပြန်ခဲ့သည်။ ထိုသူသည် အမျက်တော်သင့်လေပြီ။ ထို့ပြင် ဂျဟန္နမ် ငရဲဘုံသည်ပင်လျှင် ၎င်း၏နေရာထိုင်ခင်း ဖြစ်ချေသည်။ စင်စစ်တမူကား ဂျဟန္နမ်ငရဲဘုံသည် အလွန်ယုတ်ညံ့သိမ်ဖျင်းလှသော ပြန်လည်ရာစခန်းပင်ဖြစ်ချေသတည်း။
17فَلَمْ تَقْتُلُوهُمْ وَلَٰكِنَّ اللَّهَ قَتَلَهُمْ ۚ وَمَا رَمَيْتَ إِذْ رَمَيْتَ وَلَٰكِنَّ اللَّهَ رَمَىٰ ۚ وَلِيُبْلِيَ الْمُؤْمِنِينَ مِنْهُ بَلَاءً حَسَنًا ۚ إِنَّ اللَّهَ سَمِيعٌ عَلِيمٌ
အသင်တို့သည် ထို(ကာဖိရ် မယုံမကြည်သွေဖည်ငြင်းပယ်သော)သူတို့အား သတ်ဖြတ်ခဲ့ကြသည် မဟုတ်ပေ။ စင်စစ်တမူကား အလ္လာဟ်အရှင်မြတ်သည်ပင် ထိုသူတို့အား သတ်ဖြတ်တော်မူခဲ့လေသည်။ ထိုနည်းတူစွာ(အို-နဗီတမန်တော်)အသင်သည်(၎င်းတို့အား)(သဲများဖြင့်)ပက်ခဲ့စဉ်ကလည်း အသင်ပက်ခဲ့သည်မဟုတ်ပြီ။ စင်စစ်မှာမူကား အလ္လာဟ်အသျှင်မြတ်ပင် ပက်တော်မူခဲ့လေသည်။ (ယင်းသို့ပြုတော်မူခြင်းကား၊ ထိုအရှင်မြတ်၏သက်သေလက္ခဏာ ထင်ရှားစေအံ့သောငှာလည်းကောင်း၊) ထိုအရှင်မြတ်၏ ရစူလ်တမန်တော်အား ဆက်လက်၍ တည်မြဲစေအံ့သောငှာလည်းကောင်း၊ မုအ်မင်န် သက်ဝင် ယုံကြည်သူတို့အား မိမိအထံတော်မှ မွန်မြတ်သောစမ်းသပ်ခြင်းကို စမ်းသပ်တော် မူအံ့သောငှာလည်းကောင်း ဖြစ်ချေသည်။ အလ္လာဟ် အရှင်မြတ်သည် ဧကန်မလွဲအကြွင်းမဲ့ ကြားတော်မူသောအရှင်၊ အကြွင်းမဲ့ သိတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူချေသတည်း။
အလ်-အန်ဖာလ်ကုရ်အာန် ညွှန်းကိန်း
75အာယာသ်
MedinanRevelation
15အာယာသ်

ဘာသာပြန် — အလ်-အန်ဖာလ် 15

စူရာ အလ်-အန်ဖာလ် အာယာသ် 15 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : အို- မုအ်မင်န် သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် ကာဖိရ် မယုံမကြည် သွေဖည်ငြင်းပယ်သော သူတို့အား (စစ်တပ်ကြီးဖွဲ့လျက်)(တနည်း)စစ်ပွဲ၌ ၊စစ်မြေပြင်၌တွေ့ဆုံကြသောအခါ…

စူရာ အာယာသ် 15/75 — စူရာ အလ်-အန်ဖာလ် الأنفال (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-အန်ဖာလ် နားထောင်, စူရာ အလ်-အန်ဖာလ် ဘာသာပြန်, စူရာ အလ်-အန်ဖာလ် mp3, စူရာ အလ်-အန်ဖာလ် pdf. အာယာသ် 13–17. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 1, 2026

Don't forget us in your sincere prayers