အတ်-တောင်ဘ · 51/129
ဘာသာပြန် အသံနိုင်ငံ — စူရာ အတ်-တောင်ဘ
قُل لَّن يُصِيبَنَا إِلَّا مَا كَتَبَ اللَّهُ لَنَا هُوَ مَوْلَانَا ۚ وَعَلَى اللَّهِ فَلْيَتَوَكَّلِ الْمُؤْمِنُونَ ۝٥١
Qul lany-yuseebanaaa illaa maa katabal laahu lanaa Huwa mawlaanaa; wa `alal laahi falyatawak kalimu `minoon
📖 မြန်မာဘာသာ
(အို-နဗီတမန်တော်) အသင်သည် (၎င်းတို့ အားဤသို့)ပြောကြားပါလေ။ အလ္လာဟ်အရှင်မြတ်က အကျွန်ုပ်တို့နှင့် ပတ်သက်၍ စီရင်ရေးသားတော်မူခဲ့သည့်မှအပ အခြားမည်သည့် တစ်စုံတစ်ရာမျှ အကျွန်ုပ်တို့၌ အလျင်း ဆိုက်ရောက်နိုင်မည် မဟုတ်ပေ။ ထိုအရှင်မြတ်သည် အကျွန်ုပ်တို့၏အရှင်သခင် ဖြစ်တော်မူသည်။ သို့ဖြစ်ပေရာ မုအ်မင်န်သက်ဝင်ယုံကြည်သောသူတို့သည် ထိုအရှင်မြတ်အပေါ်၌သာလျှင် ယုံကြည်စိတ်ချ လွှဲအပ်ကြရာကုန်သတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

၁။ အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ၏ အဓိပ္ပာယ်

  • قُل (ကုလ်) — ဟောပြောလော့၊ ပြောကြားလော့။
  • لَن يُصِيبَنَا (လန် ယုဆီးဗနာ) — ကျွန်ုပ်တို့ထံ မည်သည့်အရာမျှ ဆိုက်ရောက်မည် မဟုတ်။
  • مَا كَتَبَ اللَّهُ لَنَا (မာ ကသာဗလ္လာဟု လနာ) — အလ္လာဟ်အရှင်မြတ်သည် ကျွန်ုပ်တို့အတွက် ရေးသားသတ်မှတ်ထားတော်မူသောအရာ။
  • مَوْلَانَا (မောလာနာ) — ကျွန်ုပ်တို့၏ ကာကွယ်စောင့်ရှောက်သူ၊ အုပ်ထိန်းသူ၊ ခိုလှုံရာ။
  • فَلْيَتَوَكَّلِ (ဖလ်ယတဝက္ကာလိ) — ထို့ကြောင့် ယုံကြည်စိတ်ချအပ်ပါစေ၊ လွှဲအပ်အပ်ပါစေ။
  • الْمُؤْمِنُونَ (အလ်မုအ်မိနူန) — ယုံကြည်သူများ။

၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

အို တမန်တော်မုဟမ္မဒ် (ဆွ)၊ အသင်သည် ဤသူများ — အီမာန်ယုံကြည်မှု အားနည်းသော မုနာဖိက္ကုန်များနှင့် စိတ်ဓာတ်ကျဆင်းနေသူများ — အား ပြောကြားလော့။ ကျွန်ုပ်တို့ထံသို့ အလ္လာဟ်အရှင်မြတ် ရေးသားသတ်မှတ်ထားတော်မူသည့်အရာမှအပ မည်သည့်အရာမျှ ဆိုက်ရောက်လာမည် မဟုတ်ပါ။ ကောင်းမှုဖြစ်စေ၊ ဆိုးမှုဖြစ်စေ၊ ကြီးမားသော လောကီအရေးကိစ္စများဖြစ်စေ၊ ဤအရာအားလုံးသည် အလ္လာဟ်အရှင်မြတ်၏ အသိပညာတော်နှင့် သတ်မှတ်ပြဋ္ဌာန်းချက်တော်အတွင်း၌သာ ဖြစ်ပေါ်သည်။ လူသားတို့ ကြိုးစားအားထုတ်မှုသည် အကြောင်းရင်းတစ်ခုသာဖြစ်ပြီး၊ အမှန်တကယ် ဖြစ်ပေါ်စေသူမှာ အလ္လာဟ်အရှင်မြတ်တော်သာဖြစ်တော်မူသည်။

ထို့နောက် အလ္လာဟ်အရှင်မြတ်သည် ကျွန်ုပ်တို့၏ မောလာ — ကာကွယ်စောင့်ရှောက်သူ၊ အုပ်ထိန်းသူ၊ အရေးကိစ္စအားလုံးကို စီမံခန့်ခွဲသူ — ဖြစ်တော်မူသည်။ ကျွန်ုပ်တို့သည် ရန်သူများရှေ့တွင် အားနည်းသော်လည်း၊ ကျွန်ုပ်တို့၏ မောလာသည် အလ္လာဟ်အရှင်မြတ်ဖြစ်တော်မူသောကြောင့် မည်သည့်အန္တရာယ်ကိုမျှ မကြောက်ရွံ့သင့်ပါ။ ထို့ကြောင့် ယုံကြည်သူများသည် မိမိတို့၏ အရေးကိစ္စအားလုံးကို အလ္လာဟ်အရှင်မြတ်အပေါ်သာ လွှဲအပ်ယုံကြည်စိတ်ချအပ်ပါသည်။ အကျိုးကျေးဇူးများ ရရှိရန်နှင့် ဘေးအန္တရာယ်များ ဖယ်ရှားရန်အတွက် အလ္လာဟ်အရှင်မြတ်တော်တစ်ပါးတည်းအပေါ်သာ မှီခိုအားထားအပ်ပါသည်။

**၃။ ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် သင်ခန်းစာမျ



📜 အာယာသ် 49-53 — စူရာ အတ်-တောင်ဘ

49وَمِنْهُم مَّن يَقُولُ ائْذَن لِّي وَلَا تَفْتِنِّي ۚ أَلَا فِي الْفِتْنَةِ سَقَطُوا ۗ وَإِنَّ جَهَنَّمَ لَمُحِيطَةٌ بِالْكَافِرِينَ
၎င်းပြင် ထို(ကျန်ရစ်ခဲ့)သူ (မုနာဖစ်က်)တို့ တွင်ကျွန်ုပ်အား (စစ်တလင်းသို့ မလိုက်ပါပဲ အိမ်တွင် နေရစ်ခဲ့ရန်)ခွင့်ပေးပါ၊ ထို့ပြင် အသင်သည် ကျွန်ုပ်အား မဖျက်ဆီးပါနှင့်ဟူ၍ ပြောဆိုသူလည်း ရှိပေသေး၏။ ၎င်းတို့သည် ပျက်စီးမှု၌ကျဆင်းခဲ့ပြီး ဖြစ်ကြသည်ကို (အသင်တို့သည်) ကောင်းစွာမှတ်ယူ ကြလေကုန်။ ထိုမှတစ်ပါး(နောင်တမလွန်ဘဝတွင်လည်း) ဂျဟန္နမ်ငရဲဘုံသည် ၎င်းတို့အား ဝန်းရံလျက် ရှိချေအံ့သတည်း။
50إِن تُصِبْكَ حَسَنَةٌ تَسُؤْهُمْ ۖ وَإِن تُصِبْكَ مُصِيبَةٌ يَقُولُوا قَدْ أَخَذْنَا أَمْرَنَا مِن قَبْلُ وَيَتَوَلَّوا وَّهُمْ فَرِحُونَ
အကယ်၍ အသင့်၌ ကောင်းမွန်သောအခြေအနေ တစ်စုံတစ်ရာ ဆိုက်ရောက်သည်ရှိသော် ထိုကောင်းမွန်သော အခြေအနေသည် ၎င်းတို့အား ပူပင်သောက ဖြစ်စေ၏။သို့ရာတွင် အကယ်၍ အသင်၌ ဘေးအန္တရာယ် တစ်စုံတစ်ရာဆိုက်ရောက်သည်ရှိမူ၊ ၎င်းတို့က ဧကန်စင်စစ် ကျွန်ုပ်တို့သည်မိမိတို့၏ အရေးကိစ္စကို ယခင်ကပင်တင်ကူး၍ စီမံခဲ့ပြီးဖြစ်သည် ဟု ပြောဆိုကာ ဝမ်းမြောက်ပျော်ရွှင်စွာ ပြန်လှည့် သွားလေ့ ရှိကြကုန်သတည်း။
51قُل لَّن يُصِيبَنَا إِلَّا مَا كَتَبَ اللَّهُ لَنَا هُوَ مَوْلَانَا ۚ وَعَلَى اللَّهِ فَلْيَتَوَكَّلِ الْمُؤْمِنُونَ
(အို-နဗီတမန်တော်) အသင်သည် (၎င်းတို့ အားဤသို့)ပြောကြားပါလေ။ အလ္လာဟ်အရှင်မြတ်က အကျွန်ုပ်တို့နှင့် ပတ်သက်၍ စီရင်ရေးသားတော်မူခဲ့သည့်မှအပ အခြားမည်သည့် တစ်စုံတစ်ရာမျှ အကျွန်ုပ်တို့၌ အလျင်း ဆိုက်ရောက်နိုင်မည် မဟုတ်ပေ။ ထိုအရှင်မြတ်သည် အကျွန်ုပ်တို့၏အရှင်သခင် ဖြစ်တော်မူသည်။ သို့ဖြစ်ပေရာ မုအ်မင်န်သက်ဝင်ယုံကြည်သောသူတို့သည် ထိုအရှင်မြတ်အပေါ်၌သာလျှင် ယုံကြည်စိတ်ချ လွှဲအပ်ကြရာကုန်သတည်း။
52قُلْ هَلْ تَرَبَّصُونَ بِنَا إِلَّا إِحْدَى الْحُسْنَيَيْنِ ۖ وَنَحْنُ نَتَرَبَّصُ بِكُمْ أَن يُصِيبَكُمُ اللَّهُ بِعَذَابٍ مِّنْ عِندِهِ أَوْ بِأَيْدِينَا ۖ فَتَرَبَّصُوا إِنَّا مَعَكُم مُّتَرَبِّصُونَ
အို-နဗီတမန်တော်အသင်သည် (4င်းတို့အားဤဤသို့)ပြောကြားပါလေ။ ဟယ်-(အချင်းတို့) အသင်တို့သည်အကျွန်ုပ်တို့နှင့်ပတ်သက်၍ ကောင်းမြတ်သော အကြောင်းအရာနှစ်ခုအနက် တခုမှတစ်ပါး အခြားတစ်စုံတစ်ရာကို စောင့်မျှော်၍နေကြသလော။ စင်စစ်သော်ကား အကျွန်ုပ်တို့သည်အသင်တို့နှင့် ပတ်သက်၍ အလ္လာဟ်အရှင်မြတ်သည် မိမိအထံတော်မှဖြစ်စေ၊ အကျွန်ုပ်တို့၏လက်များဖြင့်ဖြစ်စေ၊ အသင်တို့၌ပြစ်ဒဏ်တစ်စုံတစ်ရာကို သက်ရောက်စေတော်မူရန် စောင့်မျှော်လျက် ရှိကြပေသည်။ သို့ဖြစ်ပေရာ အသင်တို့သည် စောင့်မျှော်၍ နေကြလေကုန်။ အကျွန်ုပ်တို့သည်လည်း (မိမိတို့အနေနှင့်) အသင်တို့နှင့်အတူ စောင့်မျှော်လျက်ပင် ရှိကြပေသည်။
53قُلْ أَنفِقُوا طَوْعًا أَوْ كَرْهًا لَّن يُتَقَبَّلَ مِنكُمْ ۖ إِنَّكُمْ كُنتُمْ قَوْمًا فَاسِقِينَ
(အို-နဗီတမန်တော်) အသင်သည် (၎င်းမုနာဖစ်က်တို့အား ဤသို့)ပြောကြားပါဦးလေ။ အသင် တို့သည်သဒ္ဓါကြည်ဖြူစွာဖြစ်စေ၊ သို့တည်းမဟုတ် သဒ္ဓါကြည်ဖြူခြင်းမရှိပဲလျက်ဖြစ်စေ၊ ပေးကမ်းသုံးစွဲ ကြ�ေကုန်။ (သို့ရာတွင်)ထိုသုံးစွဲမှုသည် (အလ္လာဟ်အရှင်မြတ်ထံတော်၌) အသင်တို့ထံမှသဘောတူတော်မူခြင်းကို အလျင်း ခံရလိမ့်မည်မဟုတ်ပေ။အကြောင်းသော်ကား အသင်တို့သည် (အမိန့်တော်ကို)သွေဖည်ငြင်းပယ်သောသူများ ဖြစ်ကြသောကြောင့်ပင်တည်း။
အတ်-တောင်ဘကုရ်အာန် ညွှန်းကိန်း
129အာယာသ်
MedinanRevelation
51အာယာသ်

ဘာသာပြန် — အတ်-တောင်ဘ 51

စူရာ အတ်-တောင်ဘ အာယာသ် 51 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : (အို-နဗီတမန်တော်) အသင်သည် (၎င်းတို့ အားဤသို့)ပြောကြားပါလေ။ အလ္လာဟ်အရှင်မြတ်က အကျွန်ုပ်တို့နှင့် ပတ်သက်၍ စီရင်ရေးသားတော်မူခဲ့သည့်မှအပ အခြားမည်သည့် တစ်စုံတစ်ရာမျှ…

စူရာ အာယာသ် 51/129 — စူရာ အတ်-တောင်ဘ التوبة (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အတ်-တောင်ဘ နားထောင်, စူရာ အတ်-တောင်ဘ ဘာသာပြန်, စူရာ အတ်-တောင်ဘ mp3, စူရာ အတ်-တောင်ဘ pdf. အာယာသ် 49–53. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Saturday, October 31, 2026

Don't forget us in your sincere prayers