အတ်-တောင်ဘ · 65/129
ဘာသာပြန် အသံနိုင်ငံ — စူရာ အတ်-တောင်ဘ
وَلَئِن سَأَلْتَهُمْ لَيَقُولُنَّ إِنَّمَا كُنَّا نَخُوضُ وَنَلْعَبُ ۚ قُلْ أَبِاللَّهِ وَآيَاتِهِ وَرَسُولِهِ كُنتُمْ تَسْتَهْزِئُونَ ۝٦٥
Wala`in sa altahum layaqoolunna innamaa kunnaa nakhoodu wa nal`ab; qul abillaahi wa `Aayaatihee wa Rasoolihee kuntum tastahzi`oon
📖 မြန်မာဘာသာ
စင်စစ်သော်ကား အကယ်၍ အသင်သည် ထိုသူတို့အား စစ်ဆေးမေးမြန်းခဲ့ပါလျှင် ဧကန်မလွဲ ၎င်းတို့ကကျွန်ုပ်တို့သည် အပျော်အပျင်းပြေစကား ပြောဆိုလျက်သာရှိကြပါသည်၊ ၎င်းပြင် ကျွန်ုပ်တို့သည် ရယ်စရာပြောဆိုလျက်သာ ရှိကြပါသည် ဟု ဖြေကြားလတ္တံ့။ (အို-နဗီတမန်တော်)အသင်သည် (၎င်းတို့အား ဤသို့)ပြောကြားပါလေ။ (ဟယ်အချင်းတို့) အသင်တို့သည် အလ္လာဟ်အရှင်မြတ် အားလည်းကောင်း၊ ထိုအရှင်မြတ်၏အာယတ်တော်များကိုလည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော်မြတ်အားလည်းကောင်း၊ပြက်ရယ်ပြောင်လှောင်ကြလေသလော။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. ကမ္ဘာ့ကျမ်းတော်မြတ်ကုရ်အာန်၏ အတ်-တောင်ဘဟ် (၉) စူရဟ်၊ အာယသ် ၆၅ တွင် ပါဝင်သော ဝေါဟာရများအနက် ရှင်းလင်းရန် လိုအပ်သော စကားလုံးများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
  • နခ်ူဒူ (نَخُوضُ) — စကားလုံး၏ အဓိပ္ပာယ်မှာ "ကျွန်ုပ်တို့သည် စကားထဲတွင် နစ်မြုပ်လျက် ပြောဆိုနေခြင်း" ဟု ဆိုလိုပါသည်။ ဤနေရာတွင် အလေးအနက်မထားဘဲ ပြက်ရယ်ပြုလျက် စကားပြောနေခြင်းကို ဆိုလိုပါသည်။
  • နလ်အာဗူ (نَلْعَبُ) — "ကျွန်ုပ်တို့သည် ကစားနေခြင်း" ဟု အဓိပ္ပာယ်ရပါသည်။ ဤနေရာတွင် အလေးအနက်မရှိဘဲ ရယ်မောပြက်ပြက်ထင်ရင်း ပြောဆိုနေခြင်းကို ဆိုလိုပါသည်။
  • တက်စ်သဟ်ဇီအူန (تَسْتَهْزِئُونَ) — "သင်တို့သည် ပြက်ရယ်ပြုနေကြခြင်း" ဟု အဓိပ္ပာယ်ရပါသည်။ လှောင်ပြောင်ရယ်မောခြင်းကို ဆိုလိုပါသည်။
  1. ဤအာယသ်တော်သည် မုနာဖိကူန်များ (အယောင်ဆောင်မွတ်စ်လင်မ်များ) နှင့် ပတ်သက်၍ ကျရောက်ခဲ့ခြင်းဖြစ်ပါသည်။ တဗူက်စစ်ပွဲကာလတွင် သူတို့သည် တမန်တော်မုဟမ္မဒ် (ဆွ) နှင့် မွတ်စ်လင်မ်များကို လှောင်ပြောင်ပြက်ရယ်ပြုကာ စကားများ ပြောဆိုခဲ့ကြပါသည်။ ထိုအကြောင်းကို အလ္လာဟ်အရှင်မြတ်က တမန်တော်မြတ်အား သတင်းပေးအသိပေးတော်မူခဲ့ပါသည်။

ထို့နောက် အကယ်၍ တမန်တော်မြတ်သည် သူတို့အား ထိုစကားများအကြောင်း မေးမြန်းခဲ့ပါက သူတို့သည် "ကျွန်ုပ်တို့သည် စကားထဲတွင် နစ်မြုပ်လျက် ပြက်ရယ်ပြုကာ ကစားနေခြင်းသာဖြစ်သည်၊ အလေးအနက်ထား၍ ပြောဆိုခဲ့ခြင်းမဟုတ်ပါ" ဟု ဆိုကြမည်ဖြစ်ပါသည်။ သူတို့သည် မိမိတို့၏ လှောင်ပြောင်မှုကို ပေါ့ပါးသော စကားအဖြစ် ဖုံးကွယ်ရန် ကြိုးစားကြမည်ဖြစ်ပါသည်။

ထိုအခါ အလ္လာဟ်အရှင်မြတ်က တမန်တော်မြတ်အား "သင်တို့သည် အလ္လာဟ်အရှင်မြတ်ကိုလည်းကောင်း၊ ကုရ်အာန်ကျမ်းတော်မြတ်ကိုလည်းကောင်း၊ တမန်တော်မြတ်ကိုလည်းကောင်း ပြက်ရယ်ပြုလှောင်ပြောင်နေကြခြင်းလော" ဟု မေးမြန်းရန် မိန့်တော်မူခဲ့ပါသည်။ ဤသည်မှာ သူတို့၏ လှောင်ပြောင်မှုသည် အလ္လာဟ်အရှင်မြတ်၊ အရှင်မြတ်၏ အာယသ်တော်များနှင့် အရှင်မြတ်၏ ရစူလ်တမန်တော်တို့ကို ပြက်ရယ်ပြုခြင်းဖြစ်ကြောင်း ထင်ရှားစေရန်နှင့် သူတို့အား ပြစ်တင်ဆုံးမရန် ဖြစ်ပါသည်။ အကြောင်းမှာ ဤအရာများသည် ပြက်ရယ်ပြုရန် မသင့်လျော်သော အရာများဖြစ်သောကြောင့်



📜 အာယာသ် 63-67 — စူရာ အတ်-တောင်ဘ

63أَلَمْ يَعْلَمُوا أَنَّهُ مَن يُحَادِدِ اللَّهَ وَرَسُولَهُ فَأَنَّ لَهُ نَارَ جَهَنَّمَ خَالِدًا فِيهَا ۚ ذَٰلِكَ الْخِزْيُ الْعَظِيمُ
ဧကန်စင်စစ် မည်သူမဆို အလ္လာဟ်အရှင်မြတ်အားလည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော်မြတ်အားလည်းကောင်း၊ ဆန့်ကျင်ဖက်ပြုပါလျှင် မလွဲဧကန် ထိုသူ၏အဖို့ ငရဲမီးသာလျှင်ရှိ၍ ထိုငရဲမီးတွင် ထာဝစဉ်နေထိုင်လျက်ရှိချေမည်။ ဤကား ကြီးကျယ်လှစွာသော ကျိုးယုတ်ရှက် ရစေခြင်းပင် ဖြစ်သည်ကို ထိုမုနာဖစ်က်များသည် (ယခုထက်တိုင်)မသိကြသေးသလော။
64يَحْذَرُ الْمُنَافِقُونَ أَن تُنَزَّلَ عَلَيْهِمْ سُورَةٌ تُنَبِّئُهُم بِمَا فِي قُلُوبِهِمْ ۚ قُلِ اسْتَهْزِئُوا إِنَّ اللَّهَ مُخْرِجٌ مَّا تَحْذَرُونَ
မုနာဖစ်က် တို့သည် ထို ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူတို့အပေါ်၌ မိမိတို့၏ စိတ်နှလုံး တွင်းရှိသည်တို့ကိုထိုမုအ်မင်န်တို့အား သိကြားစေသောကဏ္ဍတစ်ခုခု ချပေးခြင်းခံရမည်ကို ကြောင့်ကြစိုးရိမ်လျက်ရှိကြလေသည်။ (အို-နဗီတမန်တော်) အသင်သည် (ထိုမုနာဖစ်က်တို့အား ဤသို့)ပြောကြားပါလေ။ အသင်တို့သည် ပြက်ရယ်ပြောင်လှောင် နေကြကုန်၊ ဧကန်အမှန် အလ္လာဟ်အရှင်မြတ်သည် အသင်တို့ စိုးရိမ်လျက်ရှိကြသည်ကို ထုတ်ဖော်တော်မူမည့် အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
65وَلَئِن سَأَلْتَهُمْ لَيَقُولُنَّ إِنَّمَا كُنَّا نَخُوضُ وَنَلْعَبُ ۚ قُلْ أَبِاللَّهِ وَآيَاتِهِ وَرَسُولِهِ كُنتُمْ تَسْتَهْزِئُونَ
စင်စစ်သော်ကား အကယ်၍ အသင်သည် ထိုသူတို့အား စစ်ဆေးမေးမြန်းခဲ့ပါလျှင် ဧကန်မလွဲ ၎င်းတို့ကကျွန်ုပ်တို့သည် အပျော်အပျင်းပြေစကား ပြောဆိုလျက်သာရှိကြပါသည်၊ ၎င်းပြင် ကျွန်ုပ်တို့သည် ရယ်စရာပြောဆိုလျက်သာ ရှိကြပါသည် ဟု ဖြေကြားလတ္တံ့။ (အို-နဗီတမန်တော်)အသင်သည် (၎င်းတို့အား ဤသို့)ပြောကြားပါလေ။ (ဟယ်အချင်းတို့) အသင်တို့သည် အလ္လာဟ်အရှင်မြတ် အားလည်းကောင်း၊ ထိုအရှင်မြတ်၏အာယတ်တော်များကိုလည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော်မြတ်အားလည်းကောင်း၊ပြက်ရယ်ပြောင်လှောင်ကြလေသလော။
66لَا تَعْتَذِرُوا قَدْ كَفَرْتُم بَعْدَ إِيمَانِكُمْ ۚ إِن نَّعْفُ عَن طَائِفَةٍ مِّنكُمْ نُعَذِّبْ طَائِفَةً بِأَنَّهُمْ كَانُوا مُجْرِمِينَ
အသင်တို့သည် (အချည်းနှီး) အကြောင်း မပြုကြကုန်လင့်။ စင်စစ်ဧကန် အသင်တို့သည် မိမိတို့ အီမာန်သက်ဝင်ယုံကြည်ကြောင်း ထုတ်ဖော်ပြောဆိုပြီးနောက် သွေဖည်ငြင်းပယ်ခဲ့ကြလေပြီ၊ အကယ်၍ ငါအရှင်မြတ်သည် အသင်တို့အနက် လူတစ်စုကို ခွင့်လွှတ်တော်မူငြားအံ့လည်း အခြားလူတစ်စုကိုမူကား ပြစ်ဒဏ် ပေးတော်မူမည်သာ ဖြစ်သည်။အကြောင်း သော်ကား ၎င်းတို့သည် ပြစ်မှု ထင်ရှားသောသူများဖြစ်ကြသောကြောင့်ပင်တည်း။(ရကူ)
67الْمُنَافِقُونَ وَالْمُنَافِقَاتُ بَعْضُهُم مِّن بَعْضٍ ۚ يَأْمُرُونَ بِالْمُنكَرِ وَيَنْهَوْنَ عَنِ الْمَعْرُوفِ وَيَقْبِضُونَ أَيْدِيَهُمْ ۚ نَسُوا اللَّهَ فَنَسِيَهُمْ ۗ إِنَّ الْمُنَافِقِينَ هُمُ الْفَاسِقُونَ
‘မုနာဖစ်က်’ မုစ်လင်မ် အယောင်ဆောင်သောယောက်ျား၊ မိန်းမတို့သည် တစ်မျိုးတစ်စားတည်းပင် ဖြစ်ကြကုန်၏။ ၎င်းတို့သည် စက်ဆုပ်ရွံ့ရှာဖွယ်များကို အမိန့်ပေးကြလေသည်။ ထို့ပြင် ကောင်းမှုများမှ တားမြစ်ကြလေသည်။ထိုမှတစ်ပါး ၎င်းတို့သည်(အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌သုံးစွဲခြင်းမပြုပဲ) မိမိတို့၏လက်များကို ဆုပ်ထားကြလေသည်။ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်အား မေ့လျော့ခဲ့ကြပေရာ၊ထိုအရှင်မြတ်သည်လည်း၊ ၎င်းတို့အား မေ့လျော့(ထား)တော်မူခဲ့လေသည်။ အကယ်စင်စစ်၊ မုနာဖစ်က်’မုစ်လင်မ်အယောင်ဆောင်’တို့သည် အမှန်တကယ် အမိန့်ကို သွေဖည်ငြင်းပယ်သောသူများပင် ဖြစ်ကြပေသတည်း။
အတ်-တောင်ဘကုရ်အာန် ညွှန်းကိန်း
129အာယာသ်
MedinanRevelation
65အာယာသ်

ဘာသာပြန် — အတ်-တောင်ဘ 65

စူရာ အတ်-တောင်ဘ အာယာသ် 65 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : စင်စစ်သော်ကား အကယ်၍ အသင်သည် ထိုသူတို့အား စစ်ဆေးမေးမြန်းခဲ့ပါလျှင် ဧကန်မလွဲ ၎င်းတို့ကကျွန်ုပ်တို့သည် အပျော်အပျင်းပြေစကား ပြောဆိုလျက်သာရှိကြပါသည်၊ ၎င်းပြင်…

စူရာ အာယာသ် 65/129 — စူရာ အတ်-တောင်ဘ التوبة (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အတ်-တောင်ဘ နားထောင်, စူရာ အတ်-တောင်ဘ ဘာသာပြန်, စူရာ အတ်-တောင်ဘ mp3, စူရာ အတ်-တောင်ဘ pdf. အာယာသ် 63–67. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Sunday, October 18, 2026

Don't forget us in your sincere prayers