အတ်-တောင်ဘ · 80/129
ဘာသာပြန် အသံနိုင်ငံ — စူရာ အတ်-တောင်ဘ
اسْتَغْفِرْ لَهُمْ أَوْ لَا تَسْتَغْفِرْ لَهُمْ إِن تَسْتَغْفِرْ لَهُمْ سَبْعِينَ مَرَّةً فَلَن يَغْفِرَ اللَّهُ لَهُمْ ۚ ذَٰلِكَ بِأَنَّهُمْ كَفَرُوا بِاللَّهِ وَرَسُولِهِ ۗ وَاللَّهُ لَا يَهْدِي الْقَوْمَ الْفَاسِقِينَ ۝٨٠
istaghfir lahum aw laa tastaghfir lahum in tastaghfir lahum sab`eena marratan falany yaghfiral laahu lahum; zaalika bi annahum kafaroo billaahi wa Rasoolih; wallaahu laa yahdil qawmal faasiqeen
📖 မြန်မာဘာသာ
(အို-နဗီတမန်တော်) အသင်သည် ၎င်းတို့အဖို့လွတ်ငြိမ်းချမ်းသာခွင့်ကို ပန်ကြားသည်ဖြစ်စေ၊ သို့တည်းမဟုတ် အသင်သည် ၎င်းတို့အဖို့ လွတ်ငြိမ်း ချမ်းသာခွင့်ကိုမပန်ကြားသည်ဖြစ်စေ၊ (အကြောင်း မထူးပေ။ အသို့ဆိုသော်)အကယ်၍ အသင်သည် ၎င်းတို့အဖို့ အကြိမ်ခုနှစ်ဆယ်တိုင်တိုင်လွတ်ငြိမ်းချမ်းသာခွင့်ကို ပန်ကြားသော်လည်း အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အား အလျှင်းလွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူမည်မဟုတ်ပေ။ အကြောင်းသော်ကား၊ ယင်းသူတို့သည် အလ္လာဟ်အရှင်မြတ်အားလည်းကောင်း၊ ထိုအရှင်မြတ်၏ရစူလ်တမန်တော်အားလည်းကောင်း၊ သွေဖည်ငြင်းပယ်ခဲ့ကြသောကြောင့်ပင်။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည် အမိန့်တော်ဖီဆန်သောသူတို့အား တရားလမ်းမှန်သို့ပို့ဆောင် တော်မူသည် မဟုတ်ပေတကား။(ရကူ)

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော စကားလုံးများ၏ အဓိပ္ပာယ်—
  • اسْتَغْفِرْ (အိစ်သိဂ်ဖိရ်) — ခွင့်လွှတ်မှု တောင်းခံပါ။ ဤနေရာတွင် “အလ္လာဟ်အရှင်မြတ်ထံ ခွင့်လွှတ်မှု တောင်းခံပါ” ဟု အဓိပ္ပာယ်ရသည်။
  • سَبْعِينَ مَرَّةً (ဆဗ်အီးန မာရသန်) — အကြိမ် ခုနစ်ဆယ်။ အာရဗ်တို့၏ ထုံးတမ်းစဉ်လာအရ ဤအရေအတွက်သည် “အလွန်များပြားသော၊ အကန့်အသတ်မရှိ ထပ်ခါတလဲလဲ ပြုလုပ်သော” ဟူသော အဓိပ္ပာယ်ကို ဖော်ညွှန်းသည်။
  • الْقَوْمَ الْفَاسِقِينَ (အလ်ကောင်မ လ်ဖာစိကီးန) — အမိန့်တော်ကို ဖီဆန်ကျူးလွန်သူများ၊ တမင်တကာ နာခံမှုမှ ထွက်ခွာသွားသူများ။
  1. အာယသ်တော်၏ အဓိပ္ပာယ် ရှင်းလင်းချက်—

ဤအာယသ်တော်သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်မြတ်ထံ အမိန့်ပေးထားသော စကားတော်ဖြစ်သည်။ အဓိပ္ပာယ်မှာ— အကယ်၍ သင်သည် မုနာဖိကူန်များ (အယောင်ဆောင် မွတ်စ်လင်မ်များ) အတွက် ခွင့်လွှတ်မှု တောင်းခံသည်ဖြစ်စေ၊ မတောင်းခံသည်ဖြစ်စေ၊ သူတို့အတွက် အလ္လာဟ်အရှင်မြတ်သည် ခွင့်လွှတ်တော်မူမည် မဟုတ်ပေ။ အကယ်၍ သင်သည် သူတို့အတွက် အကြိမ်ခုနစ်ဆယ်တိုင် ခွင့်လွှတ်မှု တောင်းခံသော်လည်း အလ္လာဟ်အရှင်မြတ်သည် သူတို့ကို ခွင့်လွှတ်တော်မူမည် မဟုတ်ပေ။ အကြောင်းမှာ သူတို့သည် အလ္လာဟ်အရှင်မြတ်နှင့် အရှင့်ရစူလ်တမန်တော်ကို ငြင်းပယ်ကာ ကုဖ်ရ် (မယုံကြည်မှု) ကျူးလွန်ခဲ့ကြသောကြောင့် ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်သည် အမိန့်တော်ကို တမင်တကာ ဖီဆန်ကျူးလွန်သော လူမျိုးတို့အား တရားလမ်းမှန်သို့ ညွှန်ပြတော်မူသည် မဟုတ်ပေ။

ဤတွင် “ခုနစ်ဆယ်” ဟူသော အရေအတွက်ကို ဖော်ပြရခြင်းမှာ အာရဗ်တို့၏ ထုံးတမ်းစဉ်လာအရ အများဆုံး၊ အပြည့်အစုံဆုံး ဟူသော အဓိပ္ပာယ်ကို ဖော်ညွှန်းရန်ဖြစ်သည်။ ဆိုလိုသည်မှာ— မည်မျှပင် ထပ်ခါတလဲလဲ ခွင့်လွှတ်မှု တောင်းခံသော်လည်း သူတို့အတွက် ခွင့်လွှတ်မှု ရရှိမည် မဟုတ်ကြောင်း အပြည့်အဝ ရှင်းလင်းစေရန် ဖြစ်သည်။ သူတို့သည် ကုဖ်ရ်ကို တမင်တကာ ဆက်လက်ကျူးလွန်နေသူများဖြစ်သောကြောင့် ဟိဒါယသ် (တရားလမ်းမှန်ညွှန်ပြမှု) ကို ရရှိမည် မဟုတ်ပေ။

  1. ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ—
  • အလ္လာဟ်အရှင်မြတ်သည် အကြ


📜 အာယာသ် 78-82 — စူရာ အတ်-တောင်ဘ

78أَلَمْ يَعْلَمُوا أَنَّ اللَّهَ يَعْلَمُ سِرَّهُمْ وَنَجْوَاهُمْ وَأَنَّ اللَّهَ عَلَّامُ الْغُيُوبِ
အလ္လာဟ်အရှင်မြတ်သည် ထိုသူတို့၏ လျှို့ဝှက်ချက်ကိုလည်းကောင်း၊ ထိုသူတို့၏လျှို့ဝှက် နှီးနှောချက်ကိုလည်းကောင်း မလွဲဧကန် သိရှိတော်မူသည်ကို ယင်းသူတို့သည် မသိကြလေသလော။ ထို့ပြင် ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် ဖုံးကွယ်လျက်ရှိသည်တို့ကို ကောင်းစွာသိတော်မူသောအရှင်မြတ်ဖြစ်တော်မူသည် (ကိုလည်း ၎င်းတု့ိသည် မသိကြလေသလော)။
79الَّذِينَ يَلْمِزُونَ الْمُطَّوِّعِينَ مِنَ الْمُؤْمِنِينَ فِي الصَّدَقَاتِ وَالَّذِينَ لَا يَجِدُونَ إِلَّا جُهْدَهُمْ فَيَسْخَرُونَ مِنْهُمْ ۙ سَخِرَ اللَّهُ مِنْهُمْ وَلَهُمْ عَذَابٌ أَلِيمٌ
(ထို’မုနာဖစ်က်’ မုစ်လင်မ် အယောင်ဆောင်များသည်)အကြင်သူများပင်၊ ယင်း(မုနာဖစ်က်)သူများသည် ‘မုအ်မင်န်’သက်ဝင်ယုံကြည်သူတို့အနက်မှ သဒ္ဓါကြည်ဖြူစွာပေးကမ်း လှူဒါန်းသူတို့အား ပြစ်တင်ပြောဆိုကြလေသည်။ ၎င်းပြင်မိမိတို့ အားသွန်ခွန်စိုက်ရှာဖွေရရှိသော ချွေးနှဲစာမှအပ၊ အခြားတစ်စုံတစ်ရာကို မရရှိနိုင်ကြသောသူတို့အားလည်း ထို(မုနာဖစ်က်မုစ်လင်မ်အယောင်ဆောင်)တို့သည်ပြက်ချော်ပြောင်လှောင်ကြပေသည်။ အလ္လာဟ်အရှင်မြတ်သည် ယင်း(မုနာဖစ်က်)တို့အား ပြောင်လှောင်တော်မူခဲ့လေသည်။ ထို့ပြင် ၎င်းတို့၌ ပြင်ပြနာကျင်စေသော ပြစ်ဒဏ်သည်လည်း ရှိပေအံ့သတည်း။
80اسْتَغْفِرْ لَهُمْ أَوْ لَا تَسْتَغْفِرْ لَهُمْ إِن تَسْتَغْفِرْ لَهُمْ سَبْعِينَ مَرَّةً فَلَن يَغْفِرَ اللَّهُ لَهُمْ ۚ ذَٰلِكَ بِأَنَّهُمْ كَفَرُوا بِاللَّهِ وَرَسُولِهِ ۗ وَاللَّهُ لَا يَهْدِي الْقَوْمَ الْفَاسِقِينَ
(အို-နဗီတမန်တော်) အသင်သည် ၎င်းတို့အဖို့လွတ်ငြိမ်းချမ်းသာခွင့်ကို ပန်ကြားသည်ဖြစ်စေ၊ သို့တည်းမဟုတ် အသင်သည် ၎င်းတို့အဖို့ လွတ်ငြိမ်း ချမ်းသာခွင့်ကိုမပန်ကြားသည်ဖြစ်စေ၊ (အကြောင်း မထူးပေ။ အသို့ဆိုသော်)အကယ်၍ အသင်သည် ၎င်းတို့အဖို့ အကြိမ်ခုနှစ်ဆယ်တိုင်တိုင်လွတ်ငြိမ်းချမ်းသာခွင့်ကို ပန်ကြားသော်လည်း အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အား အလျှင်းလွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူမည်မဟုတ်ပေ။ အကြောင်းသော်ကား၊ ယင်းသူတို့သည် အလ္လာဟ်အရှင်မြတ်အားလည်းကောင်း၊ ထိုအရှင်မြတ်၏ရစူလ်တမန်တော်အားလည်းကောင်း၊ သွေဖည်ငြင်းပယ်ခဲ့ကြသောကြောင့်ပင်။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည် အမိန့်တော်ဖီဆန်သောသူတို့အား တရားလမ်းမှန်သို့ပို့ဆောင် တော်မူသည် မဟုတ်ပေတကား။(ရကူ)
81فَرِحَ الْمُخَلَّفُونَ بِمَقْعَدِهِمْ خِلَافَ رَسُولِ اللَّهِ وَكَرِهُوا أَن يُجَاهِدُوا بِأَمْوَالِهِمْ وَأَنفُسِهِمْ فِي سَبِيلِ اللَّهِ وَقَالُوا لَا تَنفِرُوا فِي الْحَرِّ ۗ قُلْ نَارُ جَهَنَّمَ أَشَدُّ حَرًّا ۚ لَّوْ كَانُوا يَفْقَهُونَ
(စစ်မြေပြင်သို့ မလိုက်ပါပဲ) နောက် ကျန်ရစ်ခဲ့ကြသောသူတို့သည် အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်မြတ်(ကြွသွားတော်မူပြီး)နောက်တွင် မိမိတို့ ထိုင်နေရစ်ခဲ့ကြရသောကြောင့် ဝမ်းမြောက်ပျော်ရွှင်ခဲ့ကြကုန်၏။ ၎င်းပြင် ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ မိမိတို့၏ ဥစ္စာပစ္စည်းများဖြင့်လည်းကောင်း၊ မိမိတို့၏အသက်ဇီဝိန် များဖြင့်လည်းကောင်း၊ စစ်မက်ပြိုင်ဆိုင် တိုက်ခိုက် ခြင်းကို စက်ဆုပ်ခဲ့ကြကုန်၏။ ထိုမှတစ်ပါး ၎င်းတို့သည် (မိမိတို့အချင်းချင်း တစ်ဦးကိုတစ်ဦး) အသင်တို့သည် (ဤမျှပြင်းထန်လှသော) အပူရှိန်တွင် (နေအိမ်မှ) မထွက်ကြကုန်လင့်ဟု ပြောဆိုခဲ့ကြ၏။(အို-နဗီ တမန်တော်) အသင်သည် (၎င်းတို့အား) ဂျဟန္နမ်ငရဲဘုံ၏မီးသည် အပူရှိန်အားဖြင့် ပိုမို၍ပင် ပြင်းထန်လှပေသည်ဟု ပြောဆိုပါလေ။ အကယ်၍ ၎င်းတို့သည် သိမြင်နားလည်သည် ဖြစ်ကြပါလျှင်၊ ကောင်းလေစွ။
82فَلْيَضْحَكُوا قَلِيلًا وَلْيَبْكُوا كَثِيرًا جَزَاءً بِمَا كَانُوا يَكْسِبُونَ
သို့ဖြစ်ပေရာ၊ ၎င်းတို့သည် (ဤလောကတွင်)အနည်းငယ်မျှ ရယ်မောကြစေ။ တစ်ဖန် (နောင်တမလွန်ဘဝတွင်မူ) မိမိတို့ ရှာဖွေဆည်းပူးခဲ့ကြသည်များကြောင့် များစွာငိုကြွေးကြစေ။
အတ်-တောင်ဘကုရ်အာန် ညွှန်းကိန်း
129အာယာသ်
MedinanRevelation
80အာယာသ်

ဘာသာပြန် — အတ်-တောင်ဘ 80

စူရာ အတ်-တောင်ဘ အာယာသ် 80 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : (အို-နဗီတမန်တော်) အသင်သည် ၎င်းတို့အဖို့လွတ်ငြိမ်းချမ်းသာခွင့်ကို ပန်ကြားသည်ဖြစ်စေ၊ သို့တည်းမဟုတ် အသင်သည် ၎င်းတို့အဖို့ လွတ်ငြိမ်း ချမ်းသာခွင့်ကိုမပန်ကြားသည်ဖြစ်စေ၊ (အကြောင်း…

စူရာ အာယာသ် 80/129 — စူရာ အတ်-တောင်ဘ التوبة (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အတ်-တောင်ဘ နားထောင်, စူရာ အတ်-တောင်ဘ ဘာသာပြန်, စူရာ အတ်-တောင်ဘ mp3, စူရာ အတ်-တောင်ဘ pdf. အာယာသ် 78–82. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Sunday, October 18, 2026

Don't forget us in your sincere prayers