La sourate Al-Fajr en Birmane
وَالْفَجْرِ(1) (ငါအရှင်မြတ်သည်) နံနက်မိုးသောက်ချိန်ကို သက်သေထူတော်မူ၏။ |
၎င်းပြင် (ငါအရှင်မြတ်သည်) ဆယ်ခုသောညဉ့်ကို သက်သေထူတော်မူ၏။ |
ထို့ပြင် (ငါအရှင်မြတ်သည်) စုံ(ဖြစ်သောအရာ)ကိုလည်းကောင်း၊ မ(ဖြစ်သောအရာ)ကိုလည်းကောင်း၊ သက်သေထူတော်မူ၏။ |
ထိုမှတစ်ပါး (ငါအရှင်မြတ်သည်) ညဉ့်ကို သက်သေထူတော်မူ၏။ အကြင်အခါဝယ် ထိုညဉ့်သည် သွားလေ၏။ |
ဤသည်တို့၌ ဉာဏ်အမြော်အမြင် ပြည့်စုံသောသူ၏အဖို့ ခိုင်မာလုံလောက်သော ကျိန်ဆိုချက် ရှိသည်မဟုတ်လော။ |
(အို-နဗီတမန်တော်)အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် "အာဒ်"အမျိုးသားတို့အား မည်သို့ပြုလုပ်တော်မူခဲ့သည်ကို အသင်သိမြင်ခဲ့ပြီ မဟုတ်လော။ |
အရပ်အမောင်းထွားကျိုင်းသော၊ တိုင်ရှည်ကြီးများ၏ပိုင်ရှင်ဖြစ်ကြသော "အိရမ်"(၏အဆက်အနွယ်)အား။ |
(ကမ္ဘာပေါ်ရှိ) မြို့ရွာများတို့တွင် (မည်သူမျှ ပင်)၎င်းတို့ကဲ့သို့ ဖန်ဆင်းခြင်းခံခဲ့ရသည် မဟုတ်ပေ။ |
ဝါဒစ်လ်ကုရာ" အရပ်၌ ကျောက်ဆောင်များကို ထွင်းခဲ့ကြသော "ဆမူဒ်" အမျိုးသားတို့အား (မည်ကဲ့သို့ ပြုလုပ်တော်မူခဲ့သည်ကို)လည်းကောင်း။ |
ငုတ်များ၏ပိုင်ရှင်ဖြစ်သော ‘ဖစ်ရ်အောင်န်’အား(မည်ကဲ့သို့ ပြုလုပ်တော်မူခဲ့သည်ကို)လည်းကောင်း။ |
အကြင်သူတို့သည် တိုင်းပြည်များတွင် ဆိုးသွမ်းခဲ့ကြကုန်၏။ |
ထို့နောက် ၎င်းတို့သည် ထိုတိုင်းပြည်များတွင် ပျက်စီးရာပျက်စီးကြောင်းကို များစွာ ပြုလုပ်ခဲ့ကြကုန်၏။ |
သို့ဖြစ်ပေရာ အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် ၎င်းတို့အပေါ်၌ ပြစ်ဒဏ်၏ကျာပွတ်၊ ပြစ်ဒဏ်တစ်မျိုးကို သွန်းချတော်မူခဲ့၏။ |
ဧကန်မလွဲ အသင့်အား မွေးမြူဖန်ဆင်းတော်မူသော အရှင်မြတ်သည် တပ်ပုန်းချထားရာအရပ်၌ ချောင်းမြောင်းလျက် စောင့်ကြည့်လျက် ရှိတော်မူပေသည်။ |
သို့ပါလျက် မည်သို့ပင်ဖြစ်စေ၊ (ကာဖိရ်)လူသားမှာမူကား ၎င်း၏အရှင်မြတ်က ၎င်းအား စမ်းသပ်တော်မူသောအခါ ထိုအရှင်မြတ်သည် ၎င်းအား ဂုဏ်အသရေချီးမြှင့်တော်မူ၏။ ထို့ပြင် ၎င်းအား ကျေးဇူးပြုတော်မူ၏။ ထိုအခါ ၎င်းက ကျွန်ုပ်၏ အရှင်မြတ်သည် ကျွန်ုပ်အား ဂုဏ်အသရေ ချီးမြှင့်တော်မူခဲ့သည်ဟု ပြောဆိုလေ့ရှိ၏။ |
وَأَمَّا إِذَا مَا ابْتَلَاهُ فَقَدَرَ عَلَيْهِ رِزْقَهُ فَيَقُولُ رَبِّي أَهَانَنِ(16) သို့ရာတွင် မည်သို့ပင်ဖြစ်စေ၊ ထိုအရှင်မြတ်သည် ၎င်းအား (တစ်နည်း) စမ်းသပ်တော်မူပြန်သောအခါ ၎င်း၏အပေါ်၌ ၎င်း၏စားနပ်ရိက္ခာကို ကျပ်တည်းစေတော်မူ၏။ထိုအခါ ၎င်းက ကျွန်ုပ်၏ အရှင်မြတ်သည် ကျွန်ုပ်အား ဂုဏ်အသရေဖျက်တော်မူခဲ့သည်ဟု ပြောဆိုလေ့ရှိပေသည်။ |
အလျှင်းမဟုတ်၊ စင်စစ်မှာကား အသင်တို့သည် ဘမဲ့ကလေးသူငယ်များအား ဂုဏ်ပေးကြသည် မဟုတ်ပေ။ |
ထို့ပြင် အသင်တို့သည် သူဆင်းရဲတို့အား ကျွေးမွေးရန် တိုက်တွန်းနှိုးဆော်ကြသည်လည်း မဟုတ်ပေ။ |
၎င်းပြင် အသင်တို့သည် အမွေပစ္စည်းများကိုလည်း သိမ်းကျုံးလျက် စားသုံးကြကုန်၏။ |
ထိုမှတစ်ပါး အသင်တို့သည် ဥစ္စာပစ္စည်းကိုလည်း အလွန်အမင်း ချစ်ခင်စုံမက် ခုံမင်ကြကုန် သတည်း။ |
အလျှင်းမဟုတ် (စင်စစ်မှာကား) ပထဝီမြေသည် ထုထောင်းလျက် တစ်ပြေးတည်းညီအောင် ပြုလုပ်ခြင်းကိုခံရသောအခါ၊ (တစ်နည်း) ညက်ညက်ကြေအောင် ထုထောင်းခြင်းကို ခံရသောအခါ၊ |
ထို့ပြင် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် ကြွလာတော်မူသောအခါ၊ ထို့ပြင် "မလာအိကဟ်" ကောင်းကင်တမန်တို့သည် စီတန်းလျက် (လာကြသောအခါ။) |
وَجِيءَ يَوْمَئِذٍ بِجَهَنَّمَ ۚ يَوْمَئِذٍ يَتَذَكَّرُ الْإِنسَانُ وَأَنَّىٰ لَهُ الذِّكْرَىٰ(23) ၎င်းပြင် ထိုနေ့တွင် "ဂျဟန္နမ်" ငရဲသည် (လူတို့ရှေ့မှောက်ဝယ်) ယူဆောင်လာခြင်းကို ခံရသောအခါ၊ ထိုနေ့တွင် လူသားသည် အသိတရား ရလာပေမည်။ သို့ရာတွင် (ထိုအခါ) သတိတရားရခြင်းသည် အဘယ်မှာလျှင် ၎င်း၌ အကျိုးရှိစေတော့မည်နည်း။ |
(ထိုအခါ)လူသားသည် (ဤသို့)ပြောဆို(ညည်းညူ)ပေလိမ့်မည်။ ဪ-ငါသည် (အာခိရတ် တမလွန်ဘဝ၌) မိမိအသက်ရှင်ရေးအလို့ငှာ (တစ်နည်း) မိမိသက်တမ်း၌ (ကောင်းမှုတစ်စုံတစ်ရာကို) ကြိုတင်၍ ဆည်းပူးခဲ့ပါလျှင် ကောင်းလေစွတကား။ |
စင်စစ် ထိုနေ့တွင် ထိုအရှင်မြတ်၏ပြစ်ဒဏ် စီရင်ခြင်းမျိုးကို မည်သူတစ်ဦးတစ်ယောက်မျှပင် ပြစ်ဒဏ် စီရင်လိမ့်မည်မဟုတ်ပေ။ |
ထိုနည်းတူစွာ ထိုအရှင်မြတ်၏ ဖမ်းဆီး ချုပ်နှောင်ခြင်းမျိုးကိုလည်း မည်သူတစ်ဦးတစ်ယောက်မျှပင် ဖမ်းဆီးချုပ်နှောင်လိမ့်မည် မဟုတ်ပေ။ |
အို-(သောကကင်း၍) ငြိမ်ဆိမ်သော အသက်ဇီဝိန်။ |
အသင်သည် မိမိ၏ အရှင်မြတ်အထံတော်သို့ ကျေနပ်လျက် (ထိုအရှင်မြတ်၏)ကျေနပ်မှုကို ခံယူလျက် ပြန်သွားလေလော့။ |
ထို့နောက် အသင်သည် ငါအရှင်မြတ်၏ ကျွန်တို့တွင် ပါဝင်လေလော့။ |
၎င်းပြင် အသင်သည် ငါအရှင်မြတ်၏ဂျန္နတ်သုခဘုံ၌ ဝင်ရောက်(စံမြန်း)လေလော့။ |
Plus de sourates en Birmane :
Téléchargez la sourate avec la voix des récitants du Coran les plus célèbres :
Téléchargez le fichier mp3 de la sourate Al-Fajr : choisissez le récitateur pour écouter et télécharger la sourate Al-Fajr complète en haute qualité.















Donnez-nous une invitation valide