قَالَ رَبِّ إِنِّي أَعُوذُ بِكَ أَنْ أَسْأَلَكَ مَا لَيْسَ لِي بِهِ عِلْمٌ ۖ وَإِلَّا تَغْفِرْ لِي وَتَرْحَمْنِي أَكُن مِّنَ الْخَاسِرِينَ ٤٧
🔤 Transliteration
Qaala rabbi inneee a`oozu bika an as`alaka maa laisa lee bihee `ilmunw wa illaa taghfir lee wa tarhamneee akum minal khaasireen
📖 ဘာသာပြန် (မြန်မာဘာသာ)
📖 မြန်မာဘာသာ
ထို(နဗီတမန်တော်နူဟ်)သည် (ဤသို့)လျှောက်ထားပန်ကြားလေတော့၏။ အို-ကျွန်တော်မျိုး၏အရှင်မြတ်၊ဧကန်အမှန် ကျွန်တော်မျိုးသည် မိမိမသိသောအရာကို အရှင်မြတ်အထံတော်၌ နောက်နောင်မလျှောက်ထားမိရန် အရှင်မြတ်အားဖြင့် အကာအကွယ်ယူပါ၏။ (တစ်နည်း) အရှင်မြတ်အထံတော်၌ ခိုလှုံပါ၏။ စင်စစ်မူကား အကယ်၍သာ အရှင်မြတ်သည် (ကျွန်တော်မျိုး လွဲချော်၍ ပြုမိခဲ့သောအပြစ်မှ)ကျွန်တော်မျိုးအား ချမ်းသာပေးတော်မမူခဲ့ပါလျှင် ၎င်းပြင်အရှင်မြတ်သည် (ကျွန်တော်မျိုး၏ ဝန်ချတောင်းပန်ချက်ကိုလက်ခံတော်မူခြင်းအားဖြင့်) ကျွန်တော်မျိုးအား သနားကရုဏာပြုတော်မမူခဲ့ပါလျှင် ကျွန်တော်မျိုးသည် ဆုံးရှုံးသူတို့တွင် အပါအဝင် ဖြစ်သွားရပါတော့မည်။
🌐 Additional reference in ภาษาไทย
၁။ ကမ္ဘာ့အဓိပ္ပာယ် ရှင်းလင်းချက် أَعُوذُ بِكَ (အာအူးဇု ဗိက) — ကိုယ်တော်ထံ ခိုလှုံပါ၏၊ အရှင်ထံတော်မှ အကာအကွယ်ရယူပါ၏။مَا لَيْسَ لِي بِهِ عِلْمٌ (မာ လိုင်စ လီ ဗိဟိ အိလ်မွန်) — ကျွန်ုပ်တွင် အသိပညာမရှိသောအရာ၊ ကျွန်ုပ် မသိသောအရာ။إِلَّا تَغْفِرْ لِي (အိလ်လာ တဂ်ဖိရ် လီ) — အကယ်၍ အရှင်သည် ကျွန်ုပ်အား ခွင့်လွှတ်တော်မမူပါက။الْخَاسِرِينَ (အလ်ခါစိရီးန) — ဆုံးရှုံးသူများ၊ နစ်နာဆုံးရှုံးသွားသူများ။၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက် တမန်တော် နူဟ် (အလိုင်ဟိစ်စလာမ်) သည် မိမိ၏သားဖြစ်သူသည် ကာဖိရ် (မယုံကြည်သူ) ဖြစ်ကြောင်း မသိရှိခဲ့ပါ။ ထို့ကြောင့် မိမိသားအတွက် အလ္လာဟ်အရှင်မြတ်ထံ ကယ်တင်ပေးပါရန် တောင်းခံခဲ့သည်။ ထိုအခါ အလ္လာဟ်အရှင်မြတ်သည် သူ့အား သတိပေးတော်မူခဲ့သည်။ ထိုအခါ တမန်တော် နူဟ် (အလိုင်ဟိစ်စလာမ်) က ဤသို့လျှောက်ထားခဲ့သည် —
“အို ကျွန်ုပ်၏ အရှင်မြတ်၊ ကျွန်ုပ်သည် မသိသောအရာကို အရှင်ထံ တောင်းခံမိခြင်းမှ အရှင်ထံတော်တွင် ခိုလှုံပါ၏။ အကယ်၍ အရှင်သည် ကျွန်ုပ်၏ အမှားကို ခွင့်လွှတ်တော်မမူဘဲ၊ ကရုဏာတော်ဖြင့် မညှာတာပါက ကျွန်ုပ်သည် ဆုံးရှုံးသူများထဲတွင် အပါအဝင် ဖြစ်သွားပါလိမ့်မည်။”
ဆိုလိုသည်မှာ — တမန်တော်နူဟ်သည် မိမိ၏သားအတွက် ကယ်တင်ပေးပါရန် တောင်းခံခြင်းသည် အမှန်တကယ် မသိရှိဘဲ တောင်းခံမိခြင်းဖြစ်ကြောင်း ဝန်ခံပြီး၊ ထိုသို့ မသိဘဲ တောင်းခံမိခြင်းမှ အလ္လာဟ်အရှင်မြတ်ထံ ခိုလှုံခဲ့သည်။ ထို့နောက် အလ္လာဟ်အရှင်မြတ်၏ ခွင့်လွှတ်ခြင်းနှင့် ကရုဏာတော်သည် မရှိလျှင် မိမိသည် လုံးဝဆုံးရှုံးသူ ဖြစ်သွားမည်ကို ဝန်ခံခဲ့သည်။ ဤသည်မှာ တမန်တော်များ၏ အလ္လာဟ်အရှင်မြတ်အပေါ် နှိမ့်ချမှု၊ မိမိကိုယ်ကို အပြစ်ရှိသူအဖြစ် ရှုမြင်မှုနှင့် အရှင်မြတ်၏ ခွင့်လွှတ်ခြင်းနှင့် ကရုဏာတော်အပေါ် လုံးဝမှီခိုမှုကို ဖော်ပြသည်။
၃။ ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများ အလ္လာဟ်အရှင်မြတ်ထံ ခိုလှုံခြင်း (အိစ်သိအာဇာ) သည် အပြစ်များမှ ကာကွယ်ရန် အကောင်းဆုံးနည်းလမ်းဖြစ်သည်။ မသိဘဲ ပြောဆိုမိခြင်း၊ တောင်းခံမိခြင်းသည် အပြစ်ဖြစ်နိုင်ကြောင်း သတိထားရ
قَالَ رَبِّ إِنِّيٓ أَعُوذُ بِكَ أَنۡ أَسۡـَٔلَكَ مَا لَيۡسَ لِي بِهِۦ عِلۡمٌۖ وَإِلَّا تَغۡفِرۡ لِي وَتَرۡحَمۡنِيٓ أَكُن مِّنَ ٱلۡخَٰسِرِينَ ٤٧
ထို(နဗီတမန်တော်နူဟ်)သည် (ဤသို့)လျှောက်ထားပန်ကြားလေတော့၏။ အို-ကျွန်တော်မျိုး၏အရှင်မြတ်၊ဧကန်အမှန် ကျွန်တော်မျိုးသည် မိမိမသိသောအရာကို အရှင်မြတ်အထံတော်၌ နောက်နောင်မလျှောက်ထားမိရန် အရှင်မြတ်အားဖြင့် အကာအကွယ်ယူပါ၏။ (တစ်နည်း) အရှင်မြတ်အထံတော်၌ ခိုလှုံပါ၏။ စင်စစ်မူကား အကယ်၍သာ အရှင်မြတ်သည် (ကျွန်တော်မျိုး လွဲချော်၍ ပြုမိခဲ့သောအပြစ်မှ)ကျွန်တော်မျိုးအား ချမ်းသာပေးတော်မမူခဲ့ပါလျှင် ၎င်းပြင်အရှင်မြတ်သည် (ကျွန်တော်မျိုး၏ ဝန်ချတောင်းပန်ချက်ကိုလက်ခံတော်မူခြင်းအားဖြင့်) ကျွန်တော်မျိုးအား သနားကရုဏာပြုတော်မမူခဲ့ပါလျှင် ကျွန်တော်မျိုးသည် ဆုံးရှုံးသူတို့တွင် အပါအဝင် ဖြစ်သွားရပါတော့မည်။
🖼️ Save Image
🎬 Save Video
📜 အာယာသ် 45-49 — စူရာ ဟူဒ်
45 وَنَادَىٰ نُوحٌ رَّبَّهُ فَقَالَ رَبِّ إِنَّ ابْنِي مِنْ أَهْلِي وَإِنَّ وَعْدَكَ الْحَقُّ وَأَنتَ أَحْكَمُ الْحَاكِمِينَ
ထို့ပြင် (နဗီတမန်တော်) နူဟ်သည် မိမိ အရှင်မြတ်အား ဟစ်ခေါ်၍(ဤသို့)လျှောက်ထား ပန်ကြားခဲ့လေသည်။ အို-ကျွန်တော်မျိုး၏အရှင်မြတ် ဧကန်အမှန် ကျွန်တော်တော်မျိုး၏သားသည် ကျွန်တော်မျိုး၏ အိမ်သားတို့အနက်မှဖြစ်ပါသည်။ ၎င်းပြင် အရှင်မြတ်၏ပဋိညာဉ်တော်သည်လည်းလုံးဝမှန်ကန်ပါ၏။ စင်စစ်သော်ကား အရှင်မြတ်သည်စီရင်ဆုံး ဖြတ်သူတို့တွင် သမာသမတ်အဖြစ်ဆုံးသောအရှင် မြတ်ပင်ဖြစ်တော်မူပါသတည်း။
46 قَالَ يَا نُوحُ إِنَّهُ لَيْسَ مِنْ أَهْلِكَ ۖ إِنَّهُ عَمَلٌ غَيْرُ صَالِحٍ ۖ فَلَا تَسْأَلْنِ مَا لَيْسَ لَكَ بِهِ عِلْمٌ ۖ إِنِّي أَعِظُكَ أَن تَكُونَ مِنَ الْجَاهِلِينَ
ထိုအရှင်မြတ်သည် (ဤသို့)ပြန်ကြားတော်မူခဲ့လေသည်။ အို-နူဟ်၊ ဧကန်စင်စစ် ယင်းသားသည် အသင်၏အိမ်သားတို့အနက်မှမဟုတ်ပေ။ ဧကန်မလွဲ ၎င်းသည်မကောင်းမှုကို ပြုမူကျင့်ဆောင်သောသူပင်ဖြစ်ပေသည်။ သို့ဖြစ်ပေရာ အသင်သည် မိမိမသိသောအရာကို ငါအရှင်မြတ်အထံတော်တွင် လျှောက်ထားခြင်းမပြုပါလေနှင့်။ မုချစင်စစ် ငါအရှင်မြတ်သည် အသင့်အား(အနာဂတ်တွင်)အသင်သည် မသိသူတို့နှင့် အပါအဝင်မဖြစ်ရန် ဆုံးမတော်မူသည်။
47 قَالَ رَبِّ إِنِّي أَعُوذُ بِكَ أَنْ أَسْأَلَكَ مَا لَيْسَ لِي بِهِ عِلْمٌ ۖ وَإِلَّا تَغْفِرْ لِي وَتَرْحَمْنِي أَكُن مِّنَ الْخَاسِرِينَ
ထို(နဗီတမန်တော်နူဟ်)သည် (ဤသို့)လျှောက်ထားပန်ကြားလေတော့၏။ အို-ကျွန်တော်မျိုး၏အရှင်မြတ်၊ဧကန်အမှန် ကျွန်တော်မျိုးသည် မိမိမသိသောအရာကို အရှင်မြတ်အထံတော်၌ နောက်နောင်မလျှောက်ထားမိရန် အရှင်မြတ်အားဖြင့် အကာအကွယ်ယူပါ၏။ (တစ်နည်း) အရှင်မြတ်အထံတော်၌ ခိုလှုံပါ၏။ စင်စစ်မူကား အကယ်၍သာ အရှင်မြတ်သည် (ကျွန်တော်မျိုး လွဲချော်၍ ပြုမိခဲ့သောအပြစ်မှ)ကျွန်တော်မျိုးအား ချမ်းသာပေးတော်မမူခဲ့ပါလျှင် ၎င်းပြင်အရှင်မြတ်သည် (ကျွန်တော်မျိုး၏ ဝန်ချတောင်းပန်ချက်ကိုလက်ခံတော်မူခြင်းအားဖြင့်) ကျွန်တော်မျိုးအား သနားကရုဏာပြုတော်မမူခဲ့ပါလျှင် ကျွန်တော်မျိုးသည် ဆုံးရှုံးသူတို့တွင် အပါအဝင် ဖြစ်သွားရပါတော့မည်။
48 قِيلَ يَا نُوحُ اهْبِطْ بِسَلَامٍ مِّنَّا وَبَرَكَاتٍ عَلَيْكَ وَعَلَىٰ أُمَمٍ مِّمَّن مَّعَكَ ۚ وَأُمَمٌ سَنُمَتِّعُهُمْ ثُمَّ يَمَسُّهُم مِّنَّا عَذَابٌ أَلِيمٌ
(ထို့နောက် နဗီတမန်တော်နူဟ်သည် အလ္လာဟ်အရှင်မြတ်အထံတော်မှ ဤသို့)မိန့်ကြားတော် မူခြင်းခံခဲ့ရလေသည်မှာ အို-နူဟ်အသင်သည် မိမိအပေါ်၌လည်းကောင်း၊အသင်နှင့်အတူရှိသော လူများအပေါ်၌လည်းကောင်း၊ ငါအရှင်မြတ်အထံတော်မှ ငြိမ်းချမ်းမှုနှင့် ကျက်သရေမင်္ဂလာများကို ယူဆောင်၍ (ဂျူဒီတောင်ပေါ်မှ) ဆင်းသက်ပါလေ။ ထိုမှတစ်ပါး အကြင်လူများလည်း ရှိကြပေဦးမည်။ ငါအရှင်မြတ်သည် ၎င်းတို့အား(ကာလအနည်းငယ်မျှအထိ)ပျော်မွေ့စေတော်မူပေမည်။ ထု့ိနောက် ၎င်းတို့၌ ငါအရှင်မြတ်အထံတော်မှပြင်းပြနာကျင်ဖွယ်ဖြစ်သော ပြစ်ဒဏ်သည် ဆိုက်ရောက်မည်ဖြစ်ပေသတည်း။
49 تِلْكَ مِنْ أَنبَاءِ الْغَيْبِ نُوحِيهَا إِلَيْكَ ۖ مَا كُنتَ تَعْلَمُهَا أَنتَ وَلَا قَوْمُكَ مِن قَبْلِ هَٰذَا ۖ فَاصْبِرْ ۖ إِنَّ الْعَاقِبَةَ لِلْمُتَّقِينَ
ဤ(အဖြစ်အပျက်အကြောင်း)တို့ကား အကွယ်၌ရှိသော သတင်းများအနက်မှပင်ဖြစ်၏။ ငါအရှင်မြတ်သည်ထိုသတင်းများကို အသင့်ထံသို့ ထုတ်ပြန်တော်မူ၏။ ဤသို့မထုတ်ပြန်မီ ထိုသတင်းများကို အသင်လည်းမသိခဲ့ချေ။အသင် ၏အမျိုးသား များလည်း သိခဲ့ကြသည်မဟုတ်ပေ။ သို့ဖြစ်ပေရာ အသင်သည် (သာသနာပြုရာ၌လည်းကောင်း၊ မိမိအမျိုး သားများ၏ဒုက္ခပေးမှုများအပေါ်၌လည်းကောင်း)သည်းခံပါလေ။ ဧကန်မလွဲ နောက်ဆုံးတွင် အကျိုးခံစားမှုသည်ကား (ပြစ်မှုဒုစရိုက်များမှ) ကြဉ်ရှောင်ကြကုန် သောသူတော်စင်တို့အဖို့သာလျှင်ဖြစ်ချေသတည်း။
ဘာသာပြန် — ဟူဒ် 47 စူရာ ဟူဒ် အာယာသ် 47 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထို(နဗီတမန်တော်နူဟ်)သည် (ဤသို့)လျှောက်ထားပန်ကြားလေတော့၏။ အို-ကျွန်တော်မျိုး၏အရှင်မြတ်၊ဧကန်အမှန် ကျွန်တော်မျိုးသည် မိမိမသိသောအရာကို အရှင်မြတ်အထံတော်၌ နောက်နောင်မလျှောက်ထားမိရန် အရှင်မြတ်အားဖြင့် အကာအကွယ်ယူပါ၏။ (တစ်နည်း)…
စူရာ အာယာသ် 47/123 — စူရာ ဟူဒ် هود (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ ဟူဒ် နားထောင်, စူရာ ဟူဒ် ဘာသာပြန်, စူရာ ဟူဒ် mp3, စူရာ ဟူဒ် pdf. အာယာသ် 45–49. မြန်မာဘာသာ: ภาษาไทย.