ယူစူဖ် · 33/111
ဘာသာပြန် အသံနိုင်ငံ — စူရာ ယူစူဖ်
قَالَ رَبِّ السِّجْنُ أَحَبُّ إِلَيَّ مِمَّا يَدْعُونَنِي إِلَيْهِ ۖ وَإِلَّا تَصْرِفْ عَنِّي كَيْدَهُنَّ أَصْبُ إِلَيْهِنَّ وَأَكُن مِّنَ الْجَاهِلِينَ ۝٣٣
Qaala rabbis sijnu ahabbu ilaiya mimma yad`oo naneee `ilaihi wa illaa tasrif `annee kaidahunna asbu ilaihinna wa akum minal jaahileen
📖 မြန်မာဘာသာ
(ထိုအခါ) ယင်းယူဆွဖ်က (အလ္လာဟ်အရှင်မြတ်အထံတော်၌ ဤသို့)လျှောက်ထားပန်ကြားခဲ့လေ၏။ အို-ကျွန်တော်မျိုးအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ ထိုမိန်းမတို့သည် ကျွန်တော်မျိုးအား ဖိတ်ခေါ်လျက်ရှိသော ကိစ္စ(ကိုလိုက်နာ ဆောင်ရွက်ရမည်)ထက် ကျွန်တော်မျိုးအဖို့ အကျဉ်းထောင်သည်ပင် သာ၍နှစ်သက်ဖွယ်ရာဖြစ်ပါ၏။ စင်စစ်မှာမူကား အကယ်၍သာ အရှင်မြတ်သည် ထိုမိန်းမတို့၏ ပရိယာယ်မာယာကို ကျွန်တော်မျိုးထံမှ ကွေကွင်းစေတော်မမူခဲ့ပါလျှင်ကျွန်တော်မျိုးသည် ၎င်းတို့ဘက်သို့ယိမ်းညွတ်သွားမိပါလိမ့်မည်။ထိုအခါ ကျွန်တော်မျိုးသည် မသိမိုက်မဲသူတို့တွင် တစ်ဦး အပါအဝင် ဖြစ်သွားပါလိမ့်မည်။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

၁။ စကားလုံးများ၏ အဓိပ္ပာယ်ရှင်းလင်းချက်

  • السِّجْنُ (အစ်စိဂျ်န်) — ထောင်အကျဉ်းချခံရခြင်း။
  • أَحَبُّ إِلَيَّ (အဟဗ်ဗု ဣလိုင်ယာ) — ကျွန်ုပ်အတွက် ပို၍နှစ်သက်ဖွယ်ဖြစ်သည်။
  • يَدْعُونَنِي إِلَيْهِ (ယဒ်အူနနီ ဣလိုင်ဟိ) — သူတို့သည် ကျွန်ုပ်အား ထိုအမှုသို့ ဖိတ်ခေါ်ကြသည်။
  • تَصْرِفْ عَنِّي كَيْدَهُنَّ (တတ်ဆ်ရိဖ် အန္နီ ကဲဒဟွန်န) — သူတို့၏ လျှို့ဝှက်ကြံစည်မှုကို ကျွန်ုပ်ထံမှ လှည့်ဖျောက်ပေးတော်မူခြင်း။
  • أَصْبُ إِلَيْهِنَّ (အဆ်ဗု ဣလိုင်ဟွန်န) — သူတို့ဘက်သို့ ယိမ်းယိုင်စိတ်ညွှတ်ခြင်း။
  • الْجَاهِلِينَ (အလ်ဂျာဟိလီန) — မသိနားမလည်သူများ၊ အပြစ်ကျူးလွန်သူများ။

၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

တမန်တော် ယူစုဖ် (အလိုင်ဟိစ်စလာမ်) သည် အမျိုးသမီးများ၏ ဖိတ်ခေါ်မှုနှင့် ကြံစည်မှုများကို ရင်ဆိုင်ရသောအခါ အလ္လာဟ်အရှင်မြတ်ထံ ဆုတောင်းပန်ကြားလျက် ဤသို့လျှောက်ထားခဲ့သည် — “အို ကျွန်ုပ်၏ အရှင်မြတ်၊ သူတို့သည် ကျွန်ုပ်အား ဖိတ်ခေါ်နေကြသော မကောင်းမှုထက် ထောင်အကျဉ်းချခံရခြင်းသည် ကျွန်ုပ်အတွက် ပို၍နှစ်သက်ဖွယ်ဖြစ်ပါသည်။ အကယ်၍ အရှင်မြတ်သည် သူတို့၏ လျှို့ဝှက်ကြံစည်မှုကို ကျွန်ုပ်ထံမှ လှည့်ဖျောက်ပေးတော်မမူပါက ကျွန်ုပ်သည် သူတို့ဘက်သို့ ယိမ်းယိုင်စိတ်ညွှတ်မိမည်ဖြစ်ပြီး မသိနားမလည်သော အပြစ်ကျူးလွန်သူများထဲတွင် ပါဝင်သွားမည်ဖြစ်ပါသည်။”

ဤအာယသ်တော်သည် တမန်တော် ယူစုဖ် (အလိုင်ဟိစ်စလာမ်)၏ ဖိတ်ခေါ်ခံရသော မကောင်းမှုထက် ထောင်ကျခြင်းကို ရွေးချယ်သည့် စိတ်ပိုင်းဖြတ်မှုကို ဖော်ပြသည်။ သူသည် မိမိ၏ ကိုယ်စွမ်းရည်ကို မယုံကြည်ဘဲ အလ္လာဟ်အရှင်မြတ်ထံ အကူအညီတောင်းခံခဲ့သည်။ အကယ်၍ အရှင်မြတ်က သူ့အား ကာကွယ်ပေးတော်မမူပါက သူသည် ထိုအမျိုးသမီးများ၏ ဖိတ်ခေါ်မှုကို လိုက်လျောမိမည်ဖြစ်ပြီး အရှင်မြတ်၏ အမိန့်တော်များကို မလေးစားသော မိုက်မဲသူများထဲတွင် ပါဝင်သွားမည်ဖြစ်ကြောင်း ဝန်ခံခဲ့သည်။ ဤသည်မှာ အလ္လာဟ်အရှင်မြတ်ထံ မိမိ၏ အားနည်းချက်ကို ဖော်ပြပြီး အကူအညီတောင်းခံခြင်း၏ စံနမူနာကောင်းတစ်ခုဖြစ်သည်။

၃။ ဤအာယသ်တော်မှ ရရှိနိုင်သော အကျိုးကျေးဇူးများ

  • အလ္လာဟ်အရှင်မြတ်အ


📜 အာယာသ် 31-35 — စူရာ ယူစူဖ်

31فَلَمَّا سَمِعَتْ بِمَكْرِهِنَّ أَرْسَلَتْ إِلَيْهِنَّ وَأَعْتَدَتْ لَهُنَّ مُتَّكَأً وَآتَتْ كُلَّ وَاحِدَةٍ مِّنْهُنَّ سِكِّينًا وَقَالَتِ اخْرُجْ عَلَيْهِنَّ ۖ فَلَمَّا رَأَيْنَهُ أَكْبَرْنَهُ وَقَطَّعْنَ أَيْدِيَهُنَّ وَقُلْنَ حَاشَ لِلَّهِ مَا هَٰذَا بَشَرًا إِنْ هَٰذَا إِلَّا مَلَكٌ كَرِيمٌ
ထို့နောက် ယင်းအဇီဇ်၏ကြင်ရာသည် ထို မိန်းမတို့၏ ဉာဏ်ဆင်မှုကို ကြားသိရလေသော အခါ ၎င်းတို့အား(မိမိတို့အိမ်သို့ ဧည့်ခံကျွေးမွေးရန်) ဖိတ်ခေါ်ခဲ့လေသည်။ ထို့ပြင် ၎င်းတို့အဖို့ (သိုက်မြိုက် တင့်တယ်စွာထိုင်နိုင်ကြရန်)မှီအုံးများကို (ခင်း၍) အဆင့်ဆင့် ပြင်ဆင်ထားခဲ့လေသည်။ ထို့ပြင်ယင်းမိန်းမများအနက် အသီးသီးအား ဓားတစ်ချောင်း စီပေးပြီးနောက်(ယူဆွဖ်အား)အသင်သည် ဤမိန်းမတို့၏ရှေ့သို့ ထွက်ခဲ့လော့ဟု ပြောဆိုခဲ့လေသည်။ သို့ဖြစ်ပေရာ ထိုမိန်းမတို့သည်ယူဆွဖ်အား တွေ့မြင်ကြသောအခါ၊ ၎င်းနှင့်ပတ်သက်၍ အံ့ချီးမဆုံး ဖြစ်သွားခဲ့ကြကုန်၏။ ၎င်းပြင် ထိုမိန်းမတို့သည် မိမိတို့၏လက်များကို လှီးမိကြကုန်၏။ ထို့နောက် ၎င်းတို့ကအလ္လာဟ်အရှင်မြတ်သည် အပြစ်ကင်းစင်တော်မူ၍ အံ့ချီးမဆုံးနိုင်တော်မူပါဘိတကား။ ဤသူသည် လူသားတစ်ဦးမဖြစ်နိုင်။ ဤသူသည် ကောင်းချီးမင်္ဂလာနှင့်ပြည့်စုံသော ကောင်းကင်စေတမန်သာဖြစ်ပေသတည်းဟု တအံ့တဩ ပြောဆိုကြုန်၏။
32قَالَتْ فَذَٰلِكُنَّ الَّذِي لُمْتُنَّنِي فِيهِ ۖ وَلَقَدْ رَاوَدتُّهُ عَن نَّفْسِهِ فَاسْتَعْصَمَ ۖ وَلَئِن لَّمْ يَفْعَلْ مَا آمُرُهُ لَيُسْجَنَنَّ وَلَيَكُونًا مِّنَ الصَّاغِرِينَ
(ထိုအခါ) ယင်းမိန်းမက (ဤသို့ပြန်)ပြောခဲ့လေ၏။ ဤသည်ပင် အကြင်သူတည်း၊ အသင်မိန်းမတို့သည် ကျွန်ုပ်အား ထိုသူနှင့်ပက်သက်၍ ကဲ့ရဲ့ပြစ်တင်ခဲ့ကြကုန်၏။ အမှန်စင်စစ်သော်ကား ကျွန်ုပ်သည်ပင် ၎င်းအား ၎င်း၏စိတ်သဘောနှင့်ဆန့်ကျင်၍ ချော့မော့မြှူဆွယ်ခဲ့လေသည်။ သို့တစေလည်း၎င်းမှာမူကား လုံးဝအပြစ်ကင်းစင်စွာ နေခဲ့လေ၏။ သို့ရာတွင်အကယ်၍သာ ၎င်းသည်(အနာဂတ်တွင်)ကျွန်ုပ် အမိန့်ပေးလျက်ရှိသောအမှုကိစ္စကို မပြုလုပ်ခဲ့ပါလျှင် မလွဲဧကန် ၎င်းသည် အကျဉ်းချထားခြင်းခံရသည့်ပြင် ဂုဏ်အသရေနိမ့်ကျသူတစ်ဦးလည်း ဖြစ်ရလိမ့်မည်သာတည်း။
33قَالَ رَبِّ السِّجْنُ أَحَبُّ إِلَيَّ مِمَّا يَدْعُونَنِي إِلَيْهِ ۖ وَإِلَّا تَصْرِفْ عَنِّي كَيْدَهُنَّ أَصْبُ إِلَيْهِنَّ وَأَكُن مِّنَ الْجَاهِلِينَ
(ထိုအခါ) ယင်းယူဆွဖ်က (အလ္လာဟ်အရှင်မြတ်အထံတော်၌ ဤသို့)လျှောက်ထားပန်ကြားခဲ့လေ၏။ အို-ကျွန်တော်မျိုးအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ ထိုမိန်းမတို့သည် ကျွန်တော်မျိုးအား ဖိတ်ခေါ်လျက်ရှိသော ကိစ္စ(ကိုလိုက်နာ ဆောင်ရွက်ရမည်)ထက် ကျွန်တော်မျိုးအဖို့ အကျဉ်းထောင်သည်ပင် သာ၍နှစ်သက်ဖွယ်ရာဖြစ်ပါ၏။ စင်စစ်မှာမူကား အကယ်၍သာ အရှင်မြတ်သည် ထိုမိန်းမတို့၏ ပရိယာယ်မာယာကို ကျွန်တော်မျိုးထံမှ ကွေကွင်းစေတော်မမူခဲ့ပါလျှင်ကျွန်တော်မျိုးသည် ၎င်းတို့ဘက်သို့ယိမ်းညွတ်သွားမိပါလိမ့်မည်။ထိုအခါ ကျွန်တော်မျိုးသည် မသိမိုက်မဲသူတို့တွင် တစ်ဦး အပါအဝင် ဖြစ်သွားပါလိမ့်မည်။
34فَاسْتَجَابَ لَهُ رَبُّهُ فَصَرَفَ عَنْهُ كَيْدَهُنَّ ۚ إِنَّهُ هُوَ السَّمِيعُ الْعَلِيمُ
ထို့နောက် ယင်းယူဆွဖ်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် ၎င်း၏လျှောက်ထား ပန်ကြားချက်ကို သဘောတူလက်ခံတော်မူခဲ့လေသည်။ သို့ဖြစ်ပေရာထိုအရှင်မြတ်သည် ယင်းမိန်းမတို့၏ ပရိယာယ်မာယာကို ထိုယူဆွဖ်ထံမှ ကွေကွင်းစေတော်မူခဲ့လေသည်။ ဧကန်မလွဲ ထိုအရှင်မြတ်သည် အကြွင်းမဲ့ကြားတော်မူသောအရှင်၊အကြွင်းမဲ့သိတော် မူသောအရှင် ဖြစ်တော်မူပေသတည်း။
35ثُمَّ بَدَا لَهُم مِّن بَعْدِ مَا رَأَوُا الْآيَاتِ لَيَسْجُنُنَّهُ حَتَّىٰ حِينٍ
ထို့နောက်တစ်ဖန်၎င်းတို့သည်(အပြစ်တစ်စုံတစ်ရာမရှိကြောင်း)သက်သေခံအထောက်အထားများကိုတွေ့မြင်ကြပြီးနောက် ၎င်းတို့၌ထိုယူဆွဖ်အားကာလအနည်းငယ်မျှအကျဉ်းချထားရန် သင့်တော်၏သည်ဟု အတွေးပေါ်လာခဲ့လေသည်။
ယူစူဖ်ကုရ်အာန် ညွှန်းကိန်း
111အာယာသ်
MeccanRevelation
33အာယာသ်

ဘာသာပြန် — ယူစူဖ် 33

စူရာ ယူစူဖ် အာယာသ် 33 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : (ထိုအခါ) ယင်းယူဆွဖ်က (အလ္လာဟ်အရှင်မြတ်အထံတော်၌ ဤသို့)လျှောက်ထားပန်ကြားခဲ့လေ၏။ အို-ကျွန်တော်မျိုးအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ ထိုမိန်းမတို့သည် ကျွန်တော်မျိုးအား ဖိတ်ခေါ်လျက်ရှိသော ကိစ္စ(ကိုလိုက်နာ…

စူရာ အာယာသ် 33/111 — စူရာ ယူစူဖ် يوسف (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ ယူစူဖ် နားထောင်, စူရာ ယူစူဖ် ဘာသာပြန်, စူရာ ယူစူဖ် mp3, စူရာ ယူစူဖ် pdf. အာယာသ် 31–35. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 1, 2026

Don't forget us in your sincere prayers