ယူစူဖ် · 34/111
ဘာသာပြန် အသံနိုင်ငံ — စူရာ ယူစူဖ်
فَاسْتَجَابَ لَهُ رَبُّهُ فَصَرَفَ عَنْهُ كَيْدَهُنَّ ۚ إِنَّهُ هُوَ السَّمِيعُ الْعَلِيمُ ۝٣٤
Fastajaaba lahoo rabbuhoo fasarafa `anhu kaidahunn; innahoo Huswas_Samee`ul `Aleem
📖 မြန်မာဘာသာ
ထို့နောက် ယင်းယူဆွဖ်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် ၎င်း၏လျှောက်ထား ပန်ကြားချက်ကို သဘောတူလက်ခံတော်မူခဲ့လေသည်။ သို့ဖြစ်ပေရာထိုအရှင်မြတ်သည် ယင်းမိန်းမတို့၏ ပရိယာယ်မာယာကို ထိုယူဆွဖ်ထံမှ ကွေကွင်းစေတော်မူခဲ့လေသည်။ ဧကန်မလွဲ ထိုအရှင်မြတ်သည် အကြွင်းမဲ့ကြားတော်မူသောအရှင်၊အကြွင်းမဲ့သိတော် မူသောအရှင် ဖြစ်တော်မူပေသတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. ကမ္ဘာ့အရှင်မြတ်၏ စကားလုံးများအနက် ရှင်းလင်းရန်လိုအပ်သော ဝေါဟာရများ။
  • فَاسْتَجَابَ (ဖဆ်သဂျာဗာ) — လက်ခံဖြေကြားခဲ့သည်၊ ဆုတောင်းချက်ကို လက်ခံတော်မူခဲ့သည်။
  • كَيْدَ (ကိုင်ဒါ) — လျှို့ဝှက်ကြံစည်မှု၊ အကွက်ဆင်မှု။
  • فَصَرَفَ (ဖဆရိုဖာ) — လွှဲဖယ်ပေးတော်မူခဲ့သည်၊ ဖယ်ရှားပေးတော်မူခဲ့သည်။
  • السَّمِيعُ (အဆ်ဆမီအူ) — အလွန်တရာ ကြားတော်မူသောအရှင်။
  • الْعَلِيمُ (အလ်အလီမု) — အလွန်တရာ သိတော်မူသောအရှင်။
  1. ဤအာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်။

တမန်တော် ယူစုဖ် (အလိုင်ဟိဆ်ဆလာမ်) သည် အလ္လာဟ်အရှင်မြတ်ထံ ဆုတောင်းပြီးနောက်၊ သူ၏အရှင်မြတ်သည် သူ၏ဆုတောင်းချက်ကို လက်ခံဖြေကြားတော်မူခဲ့သည်။ အရှင်မြတ်သည် အဇီးဇ်၏ဇနီးနှင့် မြို့သူမြို့သားအမျိုးသမီးတို့ ကြံစည်ခဲ့သော မကောင်းမှုနှင့် လျှို့ဝှက်ကြံစည်မှုများကို သူ့ထံမှ လွှဲဖယ်ပေးတော်မူခဲ့သည်။ သူတို့၏ ကြံစည်မှုသည် သူ့အား အပြစ်ကျူးလွန်ရန် ဖိအားပေးရန် ရည်ရွယ်ခဲ့သော်လည်း အလ္လာဟ်အရှင်မြတ်သည် သူ့အား ထိုအပြစ်မှ ကာကွယ်ပေးတော်မူခဲ့သည်။ အကြောင်းမှာ အလ္လာဟ်အရှင်မြတ်သည် သူ၏ဆုတောင်းချက်ကို အလွန်တရာ ကြားတော်မူသောအရှင်၊ သူ၏အခြေအနေနှင့် လိုအပ်ချက်များကို အလွန်တရာ သိတော်မူသောအရှင် ဖြစ်တော်မူသောကြောင့် ဖြစ်သည်။ ထို့အပြင် အရှင်မြတ်သည် ဖန်ဆင်းခံအားလုံးတို့၏ ဆုတောင်းချက်များကိုလည်း ကြားတော်မူပြီး သူတို့အားလုံး၏ အခြေအနေများကိုလည်း သိတော်မူသည်။ ဤသည်မှာ အလ္လာဟ်အရှင်မြတ်သည် မိမိထံ ဆုတောင်းသော ကျေးကျွန်များ၏ ဆုတောင်းချက်ကို လက်ခံဖြေကြားတော်မူကြောင်း ထင်ရှားစေသည်။

  1. ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ။
  • အလ္လာဟ်အရှင်မြတ်သည် မိမိထံ စိတ်ရင်းမှန်ဖြင့် ဆုတောင်းသော ကျေးကျွန်များ၏ ဆုတောင်းချက်ကို လက်ခံဖြေကြားတော်မူကြောင်း သိရှိစေသည်။
  • မကောင်းမှုနှင့် အပြစ်မှ ကာကွယ်ရန် အလ္လာဟ်အရှင်မြတ်ထံ အကူအညီတောင်းခြင်းသည် အထိရောက်ဆုံးနည်းလမ်းဖြစ်ကြောင်း သွန်သင်ပေးသည်။
  • အလ္လာဟ်အရှင်မြတ်သည် အလွန်တရာ ကြားတော်မူသောအရှင်၊ အလွန်တရာ သိတော်မူသောအရှင် ဖြစ်တော်မူသောကြောင့် ကျွန်ုပ်တို့၏ ဆုတောင်းချက်မျ


📜 အာယာသ် 32-36 — စူရာ ယူစူဖ်

32قَالَتْ فَذَٰلِكُنَّ الَّذِي لُمْتُنَّنِي فِيهِ ۖ وَلَقَدْ رَاوَدتُّهُ عَن نَّفْسِهِ فَاسْتَعْصَمَ ۖ وَلَئِن لَّمْ يَفْعَلْ مَا آمُرُهُ لَيُسْجَنَنَّ وَلَيَكُونًا مِّنَ الصَّاغِرِينَ
(ထိုအခါ) ယင်းမိန်းမက (ဤသို့ပြန်)ပြောခဲ့လေ၏။ ဤသည်ပင် အကြင်သူတည်း၊ အသင်မိန်းမတို့သည် ကျွန်ုပ်အား ထိုသူနှင့်ပက်သက်၍ ကဲ့ရဲ့ပြစ်တင်ခဲ့ကြကုန်၏။ အမှန်စင်စစ်သော်ကား ကျွန်ုပ်သည်ပင် ၎င်းအား ၎င်း၏စိတ်သဘောနှင့်ဆန့်ကျင်၍ ချော့မော့မြှူဆွယ်ခဲ့လေသည်။ သို့တစေလည်း၎င်းမှာမူကား လုံးဝအပြစ်ကင်းစင်စွာ နေခဲ့လေ၏။ သို့ရာတွင်အကယ်၍သာ ၎င်းသည်(အနာဂတ်တွင်)ကျွန်ုပ် အမိန့်ပေးလျက်ရှိသောအမှုကိစ္စကို မပြုလုပ်ခဲ့ပါလျှင် မလွဲဧကန် ၎င်းသည် အကျဉ်းချထားခြင်းခံရသည့်ပြင် ဂုဏ်အသရေနိမ့်ကျသူတစ်ဦးလည်း ဖြစ်ရလိမ့်မည်သာတည်း။
33قَالَ رَبِّ السِّجْنُ أَحَبُّ إِلَيَّ مِمَّا يَدْعُونَنِي إِلَيْهِ ۖ وَإِلَّا تَصْرِفْ عَنِّي كَيْدَهُنَّ أَصْبُ إِلَيْهِنَّ وَأَكُن مِّنَ الْجَاهِلِينَ
(ထိုအခါ) ယင်းယူဆွဖ်က (အလ္လာဟ်အရှင်မြတ်အထံတော်၌ ဤသို့)လျှောက်ထားပန်ကြားခဲ့လေ၏။ အို-ကျွန်တော်မျိုးအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ ထိုမိန်းမတို့သည် ကျွန်တော်မျိုးအား ဖိတ်ခေါ်လျက်ရှိသော ကိစ္စ(ကိုလိုက်နာ ဆောင်ရွက်ရမည်)ထက် ကျွန်တော်မျိုးအဖို့ အကျဉ်းထောင်သည်ပင် သာ၍နှစ်သက်ဖွယ်ရာဖြစ်ပါ၏။ စင်စစ်မှာမူကား အကယ်၍သာ အရှင်မြတ်သည် ထိုမိန်းမတို့၏ ပရိယာယ်မာယာကို ကျွန်တော်မျိုးထံမှ ကွေကွင်းစေတော်မမူခဲ့ပါလျှင်ကျွန်တော်မျိုးသည် ၎င်းတို့ဘက်သို့ယိမ်းညွတ်သွားမိပါလိမ့်မည်။ထိုအခါ ကျွန်တော်မျိုးသည် မသိမိုက်မဲသူတို့တွင် တစ်ဦး အပါအဝင် ဖြစ်သွားပါလိမ့်မည်။
34فَاسْتَجَابَ لَهُ رَبُّهُ فَصَرَفَ عَنْهُ كَيْدَهُنَّ ۚ إِنَّهُ هُوَ السَّمِيعُ الْعَلِيمُ
ထို့နောက် ယင်းယူဆွဖ်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် ၎င်း၏လျှောက်ထား ပန်ကြားချက်ကို သဘောတူလက်ခံတော်မူခဲ့လေသည်။ သို့ဖြစ်ပေရာထိုအရှင်မြတ်သည် ယင်းမိန်းမတို့၏ ပရိယာယ်မာယာကို ထိုယူဆွဖ်ထံမှ ကွေကွင်းစေတော်မူခဲ့လေသည်။ ဧကန်မလွဲ ထိုအရှင်မြတ်သည် အကြွင်းမဲ့ကြားတော်မူသောအရှင်၊အကြွင်းမဲ့သိတော် မူသောအရှင် ဖြစ်တော်မူပေသတည်း။
35ثُمَّ بَدَا لَهُم مِّن بَعْدِ مَا رَأَوُا الْآيَاتِ لَيَسْجُنُنَّهُ حَتَّىٰ حِينٍ
ထို့နောက်တစ်ဖန်၎င်းတို့သည်(အပြစ်တစ်စုံတစ်ရာမရှိကြောင်း)သက်သေခံအထောက်အထားများကိုတွေ့မြင်ကြပြီးနောက် ၎င်းတို့၌ထိုယူဆွဖ်အားကာလအနည်းငယ်မျှအကျဉ်းချထားရန် သင့်တော်၏သည်ဟု အတွေးပေါ်လာခဲ့လေသည်။
36وَدَخَلَ مَعَهُ السِّجْنَ فَتَيَانِ ۖ قَالَ أَحَدُهُمَا إِنِّي أَرَانِي أَعْصِرُ خَمْرًا ۖ وَقَالَ الْآخَرُ إِنِّي أَرَانِي أَحْمِلُ فَوْقَ رَأْسِي خُبْزًا تَأْكُلُ الطَّيْرُ مِنْهُ ۖ نَبِّئْنَا بِتَأْوِيلِهِ ۖ إِنَّا نَرَاكَ مِنَ الْمُحْسِنِينَ
၎င်းပြင် ထိုယူဆွဖ်နှင့်အတူ လုလင်နှစ်ဦးသည်လည်း အကျဉ်းထောင်ထဲသို့ ဝင်ရောက်ခဲ့ကြလေသည်။ ထိုလုလင်နှစ်ဦးအနက်မှ တစ်ဦးက(ယူဆွဖ်အား)ဧကန်စင်စစ် ကျွန်ုပ်သည် (အိပ်မက်တွင်)မိမိကိုယ်ကို မိမိ စပျစ်ရည်ညှစ်နေသည်ဟုတွေ့မြင်ကြောင်း ပြောပြ ခဲ့လေသည်။ အခြားတစ်ဦးကမူဧကန်အမှန် ကျွန်ုပ်သည် မိမိကိုယ်ကို(အိပ်မက်တွင် တွေ့မြင်ခဲ့သည်မှာ) ကျွန်ုပ်သည် မိမိဦးခေါင်းထက်ဝယ် မုန့်(ဗျပ်)ကိုရွက်လျက်ရှိပေရာ ငှက်များသည် ထို့မုန့်များမှ(မိမိတို့၏နှုတ်သီးများဖြင့်ထိုး၍) စားနေကြသည်ကို တွေ့မြင်ကြောင်း၊ အသင်သည်(ထိုအိပ်မက်)၏ဒိဗ်ဓုမ်ကို ကျွန်ုပ်တို့အားကြားသိစေပါလေ၊ ဧကန်မလွဲ ကျွန်ုပ်တို့သည် အသင့်အား သူတော်စင်တစ်ဦးဖြစ်ကြောင်း တွေ့မြင်ကြပါသည်ဟု ပြာဆိုခဲ့ကြလေသတည်း။
ယူစူဖ်ကုရ်အာန် ညွှန်းကိန်း
111အာယာသ်
MeccanRevelation
34အာယာသ်

ဘာသာပြန် — ယူစူဖ် 34

စူရာ ယူစူဖ် အာယာသ် 34 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထို့နောက် ယင်းယူဆွဖ်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် ၎င်း၏လျှောက်ထား ပန်ကြားချက်ကို သဘောတူလက်ခံတော်မူခဲ့လေသည်။ သို့ဖြစ်ပေရာထိုအရှင်မြတ်သည် ယင်းမိန်းမတို့၏ ပရိယာယ်မာယာကို…

စူရာ အာယာသ် 34/111 — စူရာ ယူစူဖ် يوسف (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ ယူစူဖ် နားထောင်, စူရာ ယူစူဖ် ဘာသာပြန်, စူရာ ယူစူဖ် mp3, စူရာ ယူစူဖ် pdf. အာယာသ် 32–36. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 1, 2026

Don't forget us in your sincere prayers