ယူစူဖ် · 50/111
ဘာသာပြန် အသံနိုင်ငံ — စူရာ ယူစူဖ်
وَقَالَ الْمَلِكُ ائْتُونِي بِهِ ۖ فَلَمَّا جَاءَهُ الرَّسُولُ قَالَ ارْجِعْ إِلَىٰ رَبِّكَ فَاسْأَلْهُ مَا بَالُ النِّسْوَةِ اللَّاتِي قَطَّعْنَ أَيْدِيَهُنَّ ۚ إِنَّ رَبِّي بِكَيْدِهِنَّ عَلِيمٌ ۝٥٠
Wa qaalal maliku`toonee bihee falammaa jaaa`ahur rasoolu qaalar-ji ilaa rabbika fas`alhu maa baalun niswatil laatee qatta`na aydiyahunn; inna Rabbee bikaidihinna `Aleem
📖 မြန်မာဘာသာ
ထို့နောက် ဘုရင်မင်းက အသင်တို့သည် ထိုယူဆွဖ်အား ငါ့ထံသို့ ပင့်ဆောင်ခဲ့ကြလေကုန်ဟု မိန့်ကြားခဲ့လေသည်။ တစ်ဖန် စေတမန်သည် ထိုယူဆွဖ် ထံသို့ရောက်ရှိလေသော် ထိုယူဆွဖ်က(စေတမန်အား) အသင်သည် မိမိသခင်ထံသို့ ပြန်၍သွားပါလေ။ ထို့နောက် အသင်သည်ထိုဘုရင်အား မိမိလက်များကိုလှီးခဲ့ကြသော အမျိုးသမီးတို့၏(လက်ရှိ) အခြေအနေသည် မည်သို့ရှိပါသနည်းဟု လျှောက်ထားမေးမြန်းပါလေ။ ဧကန်အမှန် ငါ့အားဖန်ဆင်း မွေးမြူတော်မူသော အရှင်မြတ်သည် ထိုအမျိုးသမီးတို့၏ ပရိယာယ်မာယာကို ကောင်းစွာသိရှိတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

၁။ ကမ္မသဒ္ဒါများ ရှင်းလင်းချက်

  • ائْتُونِي بِهِ — သူ့ကို ကျွန်ုပ်ထံ ခေါ်ခဲ့ကြပါ။
  • الرَّسُولُ — ဘုရင်စေလွှတ်လိုက်သော တမန်။
  • رَبِّكَ — ဤနေရာတွင် “သင့်သခင်” ဟု အဓိပ္ပာယ်ရပြီး ဘုရင်ကို ရည်ညွှန်းသည်။
  • مَا بَالُ — မည်သို့ဖြစ်နေသနည်း၊ အခြေအနေက ဘယ်လိုလဲ။
  • قَطَّعْنَ أَيْدِيَهُنَّ — မိမိတို့လက်များကို လှီးဖြတ်ခဲ့ကြသည် (အံ့အားသင့်စွာဖြင့် မိမိတို့လက်ကို ရှလှီးမိကြသည်)။
  • كَيْدِهِنَّ — သူမတို့၏ လျှို့ဝှက်ကြံစည်မှု။

၂။ အာယသ်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

ဘုရင်သည် ယူစုဖ် (အလိုင်ဟိစ္စလာမ်)၏ အိပ်မက်အနက်ကို ကြားသိရသောအခါ မိမိအခြံအရံများအား “သူ့ကို ကျွန်ုပ်ထံ ခေါ်ခဲ့ကြပါ” ဟု မိန့်တော်မူသည်။ ဘုရင်၏ တမန်သည် ယူစုဖ်ထံ ရောက်လာပြီး ဘုရင်ထံ လိုက်ပါရန် ဖိတ်ခေါ်သောအခါ ယူစုဖ်က “သင့်သခင်ဘုရင်ထံ ပြန်သွားပြီး မိမိတို့လက်များကို လှီးဖြတ်ခဲ့ကြသော အမျိုးသမီးများ၏ အခြေအနေကို မေးမြန်းပေးပါ။ အကယ်စင်စစ် ကျွန်ုပ်၏ အရှင်သခင်သည် သူမတို့၏ လျှို့ဝှက်ကြံစည်မှုကို အသိဆုံးဖြစ်တော်မူသည်” ဟု ဆိုလိုက်သည်။

ဆိုလိုသည်မှာ ယူစုဖ်သည် ထောင်မှ ချက်ချင်းထွက်လိုခြင်းမရှိဘဲ မိမိအပေါ် စွပ်စွဲခဲ့သော အမှုကို ဦးစွာ ရှင်းလင်းစေလိုခဲ့သည်။ အမျိုးသမီးများက မိမိတို့လက်များကို လှီးဖြတ်မိခဲ့သည့် အဖြစ်အပျက်ကို စစ်ဆေးမေးမြန်းစေခြင်းဖြင့် မိမိသည် အပြစ်ကင်းစင်ကြောင်း ထင်ရှားစေလိုခဲ့သည်။ ဤသည်မှာ မိမိ၏ ဂုဏ်သတင်းနှင့် အပြစ်ကင်းစင်မှုကို ကာကွယ်လိုသော ပညာရှိသော လုပ်ရပ်ဖြစ်သည်။ သူသည် အမျိုးသမီးများကို လက်စားချေလိုခြင်းမဟုတ်ဘဲ အမှန်တရား ထင်ရှားစေလိုခြင်းသာဖြစ်သည်။ အာဇီးဇ်၏ ဇနီးကို တိုက်ရိုက်အမည်မဖော်ဘဲ “အမျိုးသမီးများ” ဟု ယေဘုယျဆိုခြင်းဖြင့် သူမ၏ ဂုဏ်သတင်းကိုလည်း ထိခိုက်မှုမဖြစ်စေရန် ထောက်ထားခဲ့သည်။ ယင်းက ယူစုဖ်၏ မြင့်မြတ်သော စာရိတ္တနှင့် ခွင့်လွှတ်တတ်သော စိတ်ထားကို ဖော်ပြသည်။

၃။ ဤအာယသ်မှ ရရှိသော အကျိုးကျေးဇူးများ

  • အပြစ်ကင်းစင်မှုကို ရှင်းလင်းစေခြင်းသည် အရေးကြီးသော ကိစ္စဖြစ်သည်။ အခြားသူများ၏ စွပ်စွဲမှုကို ခံရပါက မိမိကိုယ်ကို


📜 အာယာသ် 48-52 — စူရာ ယူစူဖ်

48ثُمَّ يَأْتِي مِن بَعْدِ ذَٰلِكَ سَبْعٌ شِدَادٌ يَأْكُلْنَ مَا قَدَّمْتُمْ لَهُنَّ إِلَّا قَلِيلًا مِّمَّا تُحْصِنُونَ
ထို့နောက် တစ်ဖန် (ဒုဗ္ဘိက္ခန္တရကပ်ဆိုက်၍) ပြင်းထန်လှသော ခုနစ်နှစ်သည် ဆိုက်ရောက်လာပေမည်။ ထိုနှစ်ကာလခုနစ်နှစ်သည် အသင်တို့(မျိုးစေ့အလို့ငှာ) သိမ်းထားကြသည့် အနည်းငယ်မျှ(သောရိက္ခာ)မှအပ အသင်တို့ကြိုတင် စုဆောင်းထား သည့်(ရိက္ခာ)များကို စားသုံးပစ်ကြပေမည်။
49ثُمَّ يَأْتِي مِن بَعْدِ ذَٰلِكَ عَامٌ فِيهِ يُغَاثُ النَّاسُ وَفِيهِ يَعْصِرُونَ
ထို့နောက်တစ်ဖန် နောက်တစ်နှစ်ရောက် လတ်သော် ထိုနှစ်တွင်မူ လူတို့သည်(ကောင်းမွန်စွာ) မိုးရွာသွန်းစေခြင်းကို ခံကြရသည့်ပြင် ထိုနှစ်တွင် ၎င်းတို့သည် စပျစ်ရည်များလည်း ညှစ်ကြပေမည် ဖြစ်သတည်း။
50وَقَالَ الْمَلِكُ ائْتُونِي بِهِ ۖ فَلَمَّا جَاءَهُ الرَّسُولُ قَالَ ارْجِعْ إِلَىٰ رَبِّكَ فَاسْأَلْهُ مَا بَالُ النِّسْوَةِ اللَّاتِي قَطَّعْنَ أَيْدِيَهُنَّ ۚ إِنَّ رَبِّي بِكَيْدِهِنَّ عَلِيمٌ
ထို့နောက် ဘုရင်မင်းက အသင်တို့သည် ထိုယူဆွဖ်အား ငါ့ထံသို့ ပင့်ဆောင်ခဲ့ကြလေကုန်ဟု မိန့်ကြားခဲ့လေသည်။ တစ်ဖန် စေတမန်သည် ထိုယူဆွဖ် ထံသို့ရောက်ရှိလေသော် ထိုယူဆွဖ်က(စေတမန်အား) အသင်သည် မိမိသခင်ထံသို့ ပြန်၍သွားပါလေ။ ထို့နောက် အသင်သည်ထိုဘုရင်အား မိမိလက်များကိုလှီးခဲ့ကြသော အမျိုးသမီးတို့၏(လက်ရှိ) အခြေအနေသည် မည်သို့ရှိပါသနည်းဟု လျှောက်ထားမေးမြန်းပါလေ။ ဧကန်အမှန် ငါ့အားဖန်ဆင်း မွေးမြူတော်မူသော အရှင်မြတ်သည် ထိုအမျိုးသမီးတို့၏ ပရိယာယ်မာယာကို ကောင်းစွာသိရှိတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
51قَالَ مَا خَطْبُكُنَّ إِذْ رَاوَدتُّنَّ يُوسُفَ عَن نَّفْسِهِ ۚ قُلْنَ حَاشَ لِلَّهِ مَا عَلِمْنَا عَلَيْهِ مِن سُوءٍ ۚ قَالَتِ امْرَأَتُ الْعَزِيزِ الْآنَ حَصْحَصَ الْحَقُّ أَنَا رَاوَدتُّهُ عَن نَّفْسِهِ وَإِنَّهُ لَمِنَ الصَّادِقِينَ
(ထိုအခါ) ဘုရင်မင်းမြတ်က(ထိုမိန်းမတို့အား)အသင်တို့သည် ယူစုဖ်အား ၎င်းကိုယ်တိုင် နှင့်ဆန့်ကျင်ကာချော့မော့၍ မြှူဆွယ်ခဲ့ကြစဉ်အခါ၌ အသင်တို့၏ အဖြစ်မှန်သည် မည်သို့ရှိခဲ့သနည်းဟု မေးမြန်းလေ၏။ (ထိုအခါ)ယင်းမိန်းမတို့က အလ္လာဟ်အရှင်မြတ်သည် အပြစ်ကင်းစေတော်မူ၍အံ့ချီးမဆုံး ပြုနိုင်စွမ်းတော်မူပါဘိတကား။ ကျွန်ုပ် တို့သည်ထိုယူဆွဖ်၏အပေါ်၌ မည်သည့်တစ်စုံတစ်ရာ မကောင်းမှု(ရှိသည်ကို) မသိရှိခဲ့ကြပါဟု လျှောက်ထားခဲ့ကြကုန်၏။ (ထိုရောကာလ) အဇီဇ်၏ကြင်ရာ သည် (ဤသို့) လျှောက်ထားခဲ့လေ၏။ ယခုသော်ကား (အဖြစ်အပျက်)အမှန်သည် ထင်ရှားသွားလေပြီ။ ကျွန်ုပ်သည်သာလျှင် ယင်းယူဆွဖ်အား ၎င်းကိုယ်တိုင် နှင့် ဆန့်ကျင်၍ဖြစ်သည်။ ချော့မော့ မြှူဆွယ်ခဲ့ပါသည်။၎င်းပြင် ဧကန်မလွဲ ထိုယူဆွဖ်မှာမူကား သစ္စာဝါဒီတစ်ဦးမုချဖြစ်ပါသတည်း။
52ذَٰلِكَ لِيَعْلَمَ أَنِّي لَمْ أَخُنْهُ بِالْغَيْبِ وَأَنَّ اللَّهَ لَا يَهْدِي كَيْدَ الْخَائِنِينَ
ဤ(သို့အပြစ်ကင်းကြောင်းကို ထင်ရှားစေခြင်းသည်)ကား ထိုအဇိဇ်သည် ၎င်း၏နောက်ကွယ်ရာတွင် ၎င်းအားကျွန်ုပ် အမှန်ပင် သစ္စာမဖောက်ခဲ့ကြောင်း ၎င်းပြင် ဧကန်အမှန် အလ္လာဟ်အရှင်မြတ်သည် သစ္စာဖောက်သောသူတို့၏အကြံအစည်ကို (အထမြောက်အောင်မြင်စေရန်အလို့ငှာ)နည်းလမ်းပေးတော်မူသည်မဟုတ်ကြောင်း (ပိုမိုကောင်းမွန်စွာ)သိနားလည်ရန် ဖြစ်ပေသတည်း။
ယူစူဖ်ကုရ်အာန် ညွှန်းကိန်း
111အာယာသ်
MeccanRevelation
50အာယာသ်

ဘာသာပြန် — ယူစူဖ် 50

စူရာ ယူစူဖ် အာယာသ် 50 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထို့နောက် ဘုရင်မင်းက အသင်တို့သည် ထိုယူဆွဖ်အား ငါ့ထံသို့ ပင့်ဆောင်ခဲ့ကြလေကုန်ဟု မိန့်ကြားခဲ့လေသည်။ တစ်ဖန် စေတမန်သည် ထိုယူဆွဖ်…

စူရာ အာယာသ် 50/111 — စူရာ ယူစူဖ် يوسف (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ ယူစူဖ် နားထောင်, စူရာ ယူစူဖ် ဘာသာပြန်, စူရာ ယူစူဖ် mp3, စူရာ ယူစူဖ် pdf. အာယာသ် 48–52. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Friday, October 2, 2026

Don't forget us in your sincere prayers