ယူစူဖ် · 51/111
ဘာသာပြန် အသံနိုင်ငံ — စူရာ ယူစူဖ်
قَالَ مَا خَطْبُكُنَّ إِذْ رَاوَدتُّنَّ يُوسُفَ عَن نَّفْسِهِ ۚ قُلْنَ حَاشَ لِلَّهِ مَا عَلِمْنَا عَلَيْهِ مِن سُوءٍ ۚ قَالَتِ امْرَأَتُ الْعَزِيزِ الْآنَ حَصْحَصَ الْحَقُّ أَنَا رَاوَدتُّهُ عَن نَّفْسِهِ وَإِنَّهُ لَمِنَ الصَّادِقِينَ ۝٥١
Qaala maa khatbukunna iz raawattunna Yoosufa `annafsih; qulna haasha lillaahi maa `alimnaa `alaihi min sooo`; qaalatim ra atul `Azeezil `aana hashasal haqq, ana raawat tuhoo `an nafsihee wa innahoo laminas saadiqeen
📖 မြန်မာဘာသာ
(ထိုအခါ) ဘုရင်မင်းမြတ်က(ထိုမိန်းမတို့အား)အသင်တို့သည် ယူစုဖ်အား ၎င်းကိုယ်တိုင် နှင့်ဆန့်ကျင်ကာချော့မော့၍ မြှူဆွယ်ခဲ့ကြစဉ်အခါ၌ အသင်တို့၏ အဖြစ်မှန်သည် မည်သို့ရှိခဲ့သနည်းဟု မေးမြန်းလေ၏။ (ထိုအခါ)ယင်းမိန်းမတို့က အလ္လာဟ်အရှင်မြတ်သည် အပြစ်ကင်းစေတော်မူ၍အံ့ချီးမဆုံး ပြုနိုင်စွမ်းတော်မူပါဘိတကား။ ကျွန်ုပ် တို့သည်ထိုယူဆွဖ်၏အပေါ်၌ မည်သည့်တစ်စုံတစ်ရာ မကောင်းမှု(ရှိသည်ကို) မသိရှိခဲ့ကြပါဟု လျှောက်ထားခဲ့ကြကုန်၏။ (ထိုရောကာလ) အဇီဇ်၏ကြင်ရာ သည် (ဤသို့) လျှောက်ထားခဲ့လေ၏။ ယခုသော်ကား (အဖြစ်အပျက်)အမှန်သည် ထင်ရှားသွားလေပြီ။ ကျွန်ုပ်သည်သာလျှင် ယင်းယူဆွဖ်အား ၎င်းကိုယ်တိုင် နှင့် ဆန့်ကျင်၍ဖြစ်သည်။ ချော့မော့ မြှူဆွယ်ခဲ့ပါသည်။၎င်းပြင် ဧကန်မလွဲ ထိုယူဆွဖ်မှာမူကား သစ္စာဝါဒီတစ်ဦးမုချဖြစ်ပါသတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. ကမ္ဘာ့အဓိပ္ပာယ်ရှင်းလင်းချက်
  • မာ ခတ်ဗုကူန်နာ (مَا خَطْبُكُنَّ) — သင်တို့၏အခြေအနေကား အဘယ်နည်း။
  • ရာဝဒ်တွန်နာ (رَاوَدتُّنَّ) — သင်တို့က ဖြားယောင်းသွေးဆောင်ခဲ့ကြသည်။
  • ဟာရှ လိလ္လာဟ် (حَاشَ لِلَّهِ) — အလ္လာဟ်အရှင်မြတ်သည် ချို့တဲ့မှုကင်းပါ၏။
  • ဟဆ်ဟဆ (حَصْحَصَ) — ထင်ရှားစွာပေါ်လာသည်။
  1. အာယသ်တော်၏အဓိပ္ပာယ်ဖွင့်ဆိုချက်

ဘုရင်သည် အမျိုးသမီးများကို စုရုံးစေပြီး သူတို့အား “သင်တို့သည် ယူစုဖ်ကို သူ၏ကိုယ်ကို ဖြားယောင်းသွေးဆောင်ရန် ကြိုးစားခဲ့သည့်အခါ သင်တို့၏အခြေအနေကား အဘယ်နည်း။ သင်တို့သည် သူ့ထံမှ မည်သည့်အရာကို တွေ့မြင်ခဲ့ကြသနည်း” ဟု မေးမြန်းလေ၏။ ထိုအခါ အမျိုးသမီးများက “အလ္လာဟ်အရှင်မြတ်သည် ချို့တဲ့မှုကင်းပါ၏။ ကျွန်ုပ်တို့သည် ယူစုဖ်ထံတွင် မည်သည့်မကောင်းမှုကိုမျှ မသိခဲ့ကြပါ” ဟု ဖြေကြားကြ၏။ ထိုအခါ အဇီးဇ်၏ဇနီးက “ယခုအခါ အမှန်တရားသည် ထင်ရှားစွာပေါ်လာပြီ။ ငါသည် သူ့ကို ဖြားယောင်းသွေးဆောင်ရန် ကြိုးစားခဲ့သူဖြစ်သည်။ သူသည် ငါ၏ဖြားယောင်းမှုကို မလိုက်လျောခဲ့ပါ။ ဧကန်စင်စစ် သူသည် မိမိ၏စွပ်စွဲချက်များမှ ကင်းရှင်းကြောင်း ပြောဆိုခဲ့သည့်အတိုင်း မှန်ကန်သူများထဲမှ ဖြစ်ပါသည်” ဟု ဝန်ခံပြောဆိုလေ၏။

  1. ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများ
  • အလ္လာဟ်အရှင်မြတ်သည် အမှန်တရားကို အချိန်တန်သောအခါ ထင်ရှားစေတော်မူသည်။ မည်မျှပင် ဖုံးကွယ်ထားစေကာမူ အမှန်တရားသည် တစ်နေ့တွင် ပေါ်လာမည်ဖြစ်သည်။
  • ယူစုဖ် (အလိုင်ဟိစ်စလာမ်) ၏ စင်ကြယ်သောစိတ်နှလုံးနှင့် သစ္စာရှိမှုသည် နောက်ဆုံးတွင် သက်သေခံချက်ဖြင့် အတည်ပြုခံခဲ့ရသည်။ ဤသည်က ဖြောင့်မတ်သူများအတွက် စိတ်သက်သာမှုနှင့် မျှော်လင့်ချက်ကို ပေးသည်။
  • အမှားကို ဝန်ခံခြင်းသည် ဂုဏ်သိက္ခာကို မထိခိုက်စေဘဲ အမှန်တရားကို လေးစားခြင်းဖြစ်သည်။ အဇီးဇ်၏ဇနီးသည် နောက်ဆုံးတွင် အမှန်တရားကို ဝန်ခံခဲ့သည်။
  • အလ္လာဟ်အရှင်မြတ်သည် ဖြောင့်မတ်သူများကို ကာကွယ်တော်မူပြီး မတရားစွပ်စွဲခံရသူများကို ကယ်တင်တော်မူသည်။
  • ဤဖြစ်ရပ်သည် အစ္စလာမ်၏ တရားမျှတမှုနှင့် အမှန်တရားကို အလေးထားမှုကို ပြသသည်။ မည်သူမဆို မ


📜 အာယာသ် 49-53 — စူရာ ယူစူဖ်

49ثُمَّ يَأْتِي مِن بَعْدِ ذَٰلِكَ عَامٌ فِيهِ يُغَاثُ النَّاسُ وَفِيهِ يَعْصِرُونَ
ထို့နောက်တစ်ဖန် နောက်တစ်နှစ်ရောက် လတ်သော် ထိုနှစ်တွင်မူ လူတို့သည်(ကောင်းမွန်စွာ) မိုးရွာသွန်းစေခြင်းကို ခံကြရသည့်ပြင် ထိုနှစ်တွင် ၎င်းတို့သည် စပျစ်ရည်များလည်း ညှစ်ကြပေမည် ဖြစ်သတည်း။
50وَقَالَ الْمَلِكُ ائْتُونِي بِهِ ۖ فَلَمَّا جَاءَهُ الرَّسُولُ قَالَ ارْجِعْ إِلَىٰ رَبِّكَ فَاسْأَلْهُ مَا بَالُ النِّسْوَةِ اللَّاتِي قَطَّعْنَ أَيْدِيَهُنَّ ۚ إِنَّ رَبِّي بِكَيْدِهِنَّ عَلِيمٌ
ထို့နောက် ဘုရင်မင်းက အသင်တို့သည် ထိုယူဆွဖ်အား ငါ့ထံသို့ ပင့်ဆောင်ခဲ့ကြလေကုန်ဟု မိန့်ကြားခဲ့လေသည်။ တစ်ဖန် စေတမန်သည် ထိုယူဆွဖ် ထံသို့ရောက်ရှိလေသော် ထိုယူဆွဖ်က(စေတမန်အား) အသင်သည် မိမိသခင်ထံသို့ ပြန်၍သွားပါလေ။ ထို့နောက် အသင်သည်ထိုဘုရင်အား မိမိလက်များကိုလှီးခဲ့ကြသော အမျိုးသမီးတို့၏(လက်ရှိ) အခြေအနေသည် မည်သို့ရှိပါသနည်းဟု လျှောက်ထားမေးမြန်းပါလေ။ ဧကန်အမှန် ငါ့အားဖန်ဆင်း မွေးမြူတော်မူသော အရှင်မြတ်သည် ထိုအမျိုးသမီးတို့၏ ပရိယာယ်မာယာကို ကောင်းစွာသိရှိတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
51قَالَ مَا خَطْبُكُنَّ إِذْ رَاوَدتُّنَّ يُوسُفَ عَن نَّفْسِهِ ۚ قُلْنَ حَاشَ لِلَّهِ مَا عَلِمْنَا عَلَيْهِ مِن سُوءٍ ۚ قَالَتِ امْرَأَتُ الْعَزِيزِ الْآنَ حَصْحَصَ الْحَقُّ أَنَا رَاوَدتُّهُ عَن نَّفْسِهِ وَإِنَّهُ لَمِنَ الصَّادِقِينَ
(ထိုအခါ) ဘုရင်မင်းမြတ်က(ထိုမိန်းမတို့အား)အသင်တို့သည် ယူစုဖ်အား ၎င်းကိုယ်တိုင် နှင့်ဆန့်ကျင်ကာချော့မော့၍ မြှူဆွယ်ခဲ့ကြစဉ်အခါ၌ အသင်တို့၏ အဖြစ်မှန်သည် မည်သို့ရှိခဲ့သနည်းဟု မေးမြန်းလေ၏။ (ထိုအခါ)ယင်းမိန်းမတို့က အလ္လာဟ်အရှင်မြတ်သည် အပြစ်ကင်းစေတော်မူ၍အံ့ချီးမဆုံး ပြုနိုင်စွမ်းတော်မူပါဘိတကား။ ကျွန်ုပ် တို့သည်ထိုယူဆွဖ်၏အပေါ်၌ မည်သည့်တစ်စုံတစ်ရာ မကောင်းမှု(ရှိသည်ကို) မသိရှိခဲ့ကြပါဟု လျှောက်ထားခဲ့ကြကုန်၏။ (ထိုရောကာလ) အဇီဇ်၏ကြင်ရာ သည် (ဤသို့) လျှောက်ထားခဲ့လေ၏။ ယခုသော်ကား (အဖြစ်အပျက်)အမှန်သည် ထင်ရှားသွားလေပြီ။ ကျွန်ုပ်သည်သာလျှင် ယင်းယူဆွဖ်အား ၎င်းကိုယ်တိုင် နှင့် ဆန့်ကျင်၍ဖြစ်သည်။ ချော့မော့ မြှူဆွယ်ခဲ့ပါသည်။၎င်းပြင် ဧကန်မလွဲ ထိုယူဆွဖ်မှာမူကား သစ္စာဝါဒီတစ်ဦးမုချဖြစ်ပါသတည်း။
52ذَٰلِكَ لِيَعْلَمَ أَنِّي لَمْ أَخُنْهُ بِالْغَيْبِ وَأَنَّ اللَّهَ لَا يَهْدِي كَيْدَ الْخَائِنِينَ
ဤ(သို့အပြစ်ကင်းကြောင်းကို ထင်ရှားစေခြင်းသည်)ကား ထိုအဇိဇ်သည် ၎င်း၏နောက်ကွယ်ရာတွင် ၎င်းအားကျွန်ုပ် အမှန်ပင် သစ္စာမဖောက်ခဲ့ကြောင်း ၎င်းပြင် ဧကန်အမှန် အလ္လာဟ်အရှင်မြတ်သည် သစ္စာဖောက်သောသူတို့၏အကြံအစည်ကို (အထမြောက်အောင်မြင်စေရန်အလို့ငှာ)နည်းလမ်းပေးတော်မူသည်မဟုတ်ကြောင်း (ပိုမိုကောင်းမွန်စွာ)သိနားလည်ရန် ဖြစ်ပေသတည်း။
53۞ وَمَا أُبَرِّئُ نَفْسِي ۚ إِنَّ النَّفْسَ لَأَمَّارَةٌ بِالسُّوءِ إِلَّا مَا رَحِمَ رَبِّي ۚ إِنَّ رَبِّي غَفُورٌ رَّحِيمٌ
စင်စစ်သော်ကား ကျွန်ုပ်သည် မိမိကိုယ်ကိုအပြစ်မှကင်းလွတ်သည်ဟု မဆိုလိုပေ။ အကြောင်း သော်ကားဧကန်မလွဲ စိတ်နှလုံးများသည် မကောင်းမှုကို အလွန်အမိန့်ပေးတိုက်တွန်းလေ့ရှိကြသောကြောင့်ပင်။ သို့ရာတွင်ကျွန်ုပ်အား ဖန်ဆင်းမွေးမြူ တော်မူသော အရှင်မြတ်က သနားကရုဏာပြုတော်မူသည့် (စိတ်နှလုံးမှာမူ အပြစ်မှလွတ်ကင်းနိုင်ပေသည်။) မလွဲဧကန် ကျွန်ုပ်အား ဖန်ဆင်းမွေးမြူ တော်မူသောအရှင်မြတ်သည် အလွန်တရာ လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူသောအရှင်၊ အလွန်တရာ သနားကရုဏာပြုတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
ယူစူဖ်ကုရ်အာန် ညွှန်းကိန်း
111အာယာသ်
MeccanRevelation
51အာယာသ်

ဘာသာပြန် — ယူစူဖ် 51

စူရာ ယူစူဖ် အာယာသ် 51 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : (ထိုအခါ) ဘုရင်မင်းမြတ်က(ထိုမိန်းမတို့အား)အသင်တို့သည် ယူစုဖ်အား ၎င်းကိုယ်တိုင် နှင့်ဆန့်ကျင်ကာချော့မော့၍ မြှူဆွယ်ခဲ့ကြစဉ်အခါ၌ အသင်တို့၏ အဖြစ်မှန်သည် မည်သို့ရှိခဲ့သနည်းဟု မေးမြန်းလေ၏။…

စူရာ အာယာသ် 51/111 — စူရာ ယူစူဖ် يوسف (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ ယူစူဖ် နားထောင်, စူရာ ယူစူဖ် ဘာသာပြန်, စူရာ ယူစူဖ် mp3, စူရာ ယူစူဖ် pdf. အာယာသ် 49–53. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Saturday, October 3, 2026

Don't forget us in your sincere prayers