ယူစူဖ် · 49/111
ဘာသာပြန် အသံနိုင်ငံ — စူရာ ယူစူဖ်
ثُمَّ يَأْتِي مِن بَعْدِ ذَٰلِكَ عَامٌ فِيهِ يُغَاثُ النَّاسُ وَفِيهِ يَعْصِرُونَ ۝٤٩
Summa yadtee mim ba`di zaalika `aamun feehi yughaa sun naasu wa feehi ya`siroon
📖 မြန်မာဘာသာ
ထို့နောက်တစ်ဖန် နောက်တစ်နှစ်ရောက် လတ်သော် ထိုနှစ်တွင်မူ လူတို့သည်(ကောင်းမွန်စွာ) မိုးရွာသွန်းစေခြင်းကို ခံကြရသည့်ပြင် ထိုနှစ်တွင် ၎င်းတို့သည် စပျစ်ရည်များလည်း ညှစ်ကြပေမည် ဖြစ်သတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ၏ အဓိပ္ပာယ်များ:
  • يُغَاثُ: မိုးရေဖြင့် အကူအညီပေးခံရသည်၊ မိုးရွာသွန်းခံရသည်။ မူလအမြစ်မှာ "ဂိုင်သ်" (မိုးရေ) ဖြစ်သည်။
  • يَعْصِرُونَ: သူတို့သည် ညှစ်ထုတ်ကြသည်။ စပျစ်သီး၊ သံလွင်သီး၊ ကြံစသည်တို့မှ အရည်ကို ညှစ်ထုတ်ခြင်းကို ဆိုလိုသည်။
  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်:

ထို့နောက် ထိုခက်ခဲသော ငတ်မွတ်ခေါင်းပါးသည့် ခုနစ်နှစ်ကာလ၏ နောက်တွင် နောက်ထပ်တစ်နှစ် ရောက်လာမည်ဖြစ်သည်။ ထိုနှစ်တွင် လူသားတို့သည် မိုးရေဖြင့် အကူအညီပေးခံရမည်။ ဆိုလိုသည်မှာ အလ္လာဟ်အရှင်မြတ်သည် မိုးကို ရွာသွန်းစေတော်မူမည်ဖြစ်ပြီး လူတို့၏ ဒုက္ခဆင်းရဲမှုကို ဖယ်ရှားပေးတော်မူမည်။ ထို့အပြင် ထိုနှစ်တွင် မြေကြီးသည် ကောင်းစွာ ဖြစ်ထွန်းသီးပွင့်မည်ဖြစ်၍ လူတို့သည် စပျစ်သီး၊ သံလွင်သီး၊ ကြံစသည့် သီးနှံများမှ အရည်များကို ညှစ်ထုတ်ကြရမည်။ ဤသည်မှာ ကောင်းချီးမင်္ဂလာနှင့် စည်းစိမ်ချမ်းသာ ပြည့်ဝလာမည့် ကာလကို ညွှန်ပြခြင်းဖြစ်သည်။

  1. ဤအာယသ်တော်မှ ရရှိနိုင်သော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ:
  • အလ္လာဟ်အရှင်မြတ်သည် မိမိကျေးကျွန်များအား ခက်ခဲသောကာလပြီးနောက် လွယ်ကူမှုနှင့် ကယ်တင်ခြင်းကို ပေးတော်မူသည်။ ဤသည်မှာ အရှင်မြတ်၏ ကရုဏာတော်နှင့် ဂရုစိုက်တော်မူခြင်း၏ လက္ခဏာဖြစ်သည်။
  • ခက်ခဲမှုသည် အမြဲတမ်းမဟုတ်ပါ။ သည်းခံသူများအတွက် လွယ်ကူမှုနှင့် ကောင်းချီးမင်္ဂလာများ ရောက်လာမည်ဖြစ်သည်။
  • အလ္လာဟ်အရှင်မြတ်သည် မိုးရေကို ရွာသွန်းစေခြင်း၊ မြေကြီးကို ဖြစ်ထွန်းစေခြင်းဖြင့် လူသားတို့အား စည်းစိမ်ချမ်းသာနှင့် ပြည့်ဝစေတော်မူသည်။ ဤသည်မှာ အရှင်မြတ်၏ စွမ်းအားတော်နှင့် ကရုဏာတော်ကို ထင်ရှားစေသည်။
  • ဤအာယသ်တော်သည် အစ္စလာမ်သာသနာနှင့် ကုရ်အာန်ကျမ်းတော်မြတ်ကို ချစ်မြတ်နိုးစေသည်။ အကြောင်းမှာ အလ္လာဟ်အရှင်မြတ်သည် မိမိကျေးကျွန်များအား ဒုက္ခဆင်းရဲမှ ကယ်တင်ပြီး ကောင်းချီးမင်္ဂလာများ ပေးတော်မူသော အရှင်ဖြစ်ကြောင်း ဖော်ပြထားသောကြောင့်ဖြစ်သည်။
  • လူသားတို့သည် အလ္လာဟ်အရှင်မြတ်အပေါ် ယုံကြည်စိတ်ချမှုထားရှိပြီး ခ


📜 အာယာသ် 47-51 — စူရာ ယူစူဖ်

47قَالَ تَزْرَعُونَ سَبْعَ سِنِينَ دَأَبًا فَمَا حَصَدتُّمْ فَذَرُوهُ فِي سُنبُلِهِ إِلَّا قَلِيلًا مِّمَّا تَأْكُلُونَ
ထိုယူစုဖ်သည် (အိပ်မက်ဒိဗ်ဓုမ်ကို ဤသို့ ရှင်းလင်း၍) ပြောပြလေသည်။ အသင်တို့သည် (မိမိတို့စိုက်ပျိုးနေကျအတိုင်း) ခုနစ်နှစ်တိုင်တိုင်(မိမိတို့လယ်ယာများကို) အဆက်မပြတ် စိုက်ပျိုးကြလေကုန်။ သို့ရှိရာ အသင်တို့သည် မိမိတို့ရိတ်သိမ်း သော ကောက်လှိုင်းများအနက် မိမိတို့စားသုံးရန်ဖြစ်သော အနည်းငယ်မျှမှအပ ကျန်ရှိသော ကောက်လှိုင်း များကိုကောက်လှိုင်းအတိုင်းပင် ထားရှိကြလေကုန်။
48ثُمَّ يَأْتِي مِن بَعْدِ ذَٰلِكَ سَبْعٌ شِدَادٌ يَأْكُلْنَ مَا قَدَّمْتُمْ لَهُنَّ إِلَّا قَلِيلًا مِّمَّا تُحْصِنُونَ
ထို့နောက် တစ်ဖန် (ဒုဗ္ဘိက္ခန္တရကပ်ဆိုက်၍) ပြင်းထန်လှသော ခုနစ်နှစ်သည် ဆိုက်ရောက်လာပေမည်။ ထိုနှစ်ကာလခုနစ်နှစ်သည် အသင်တို့(မျိုးစေ့အလို့ငှာ) သိမ်းထားကြသည့် အနည်းငယ်မျှ(သောရိက္ခာ)မှအပ အသင်တို့ကြိုတင် စုဆောင်းထား သည့်(ရိက္ခာ)များကို စားသုံးပစ်ကြပေမည်။
49ثُمَّ يَأْتِي مِن بَعْدِ ذَٰلِكَ عَامٌ فِيهِ يُغَاثُ النَّاسُ وَفِيهِ يَعْصِرُونَ
ထို့နောက်တစ်ဖန် နောက်တစ်နှစ်ရောက် လတ်သော် ထိုနှစ်တွင်မူ လူတို့သည်(ကောင်းမွန်စွာ) မိုးရွာသွန်းစေခြင်းကို ခံကြရသည့်ပြင် ထိုနှစ်တွင် ၎င်းတို့သည် စပျစ်ရည်များလည်း ညှစ်ကြပေမည် ဖြစ်သတည်း။
50وَقَالَ الْمَلِكُ ائْتُونِي بِهِ ۖ فَلَمَّا جَاءَهُ الرَّسُولُ قَالَ ارْجِعْ إِلَىٰ رَبِّكَ فَاسْأَلْهُ مَا بَالُ النِّسْوَةِ اللَّاتِي قَطَّعْنَ أَيْدِيَهُنَّ ۚ إِنَّ رَبِّي بِكَيْدِهِنَّ عَلِيمٌ
ထို့နောက် ဘုရင်မင်းက အသင်တို့သည် ထိုယူဆွဖ်အား ငါ့ထံသို့ ပင့်ဆောင်ခဲ့ကြလေကုန်ဟု မိန့်ကြားခဲ့လေသည်။ တစ်ဖန် စေတမန်သည် ထိုယူဆွဖ် ထံသို့ရောက်ရှိလေသော် ထိုယူဆွဖ်က(စေတမန်အား) အသင်သည် မိမိသခင်ထံသို့ ပြန်၍သွားပါလေ။ ထို့နောက် အသင်သည်ထိုဘုရင်အား မိမိလက်များကိုလှီးခဲ့ကြသော အမျိုးသမီးတို့၏(လက်ရှိ) အခြေအနေသည် မည်သို့ရှိပါသနည်းဟု လျှောက်ထားမေးမြန်းပါလေ။ ဧကန်အမှန် ငါ့အားဖန်ဆင်း မွေးမြူတော်မူသော အရှင်မြတ်သည် ထိုအမျိုးသမီးတို့၏ ပရိယာယ်မာယာကို ကောင်းစွာသိရှိတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
51قَالَ مَا خَطْبُكُنَّ إِذْ رَاوَدتُّنَّ يُوسُفَ عَن نَّفْسِهِ ۚ قُلْنَ حَاشَ لِلَّهِ مَا عَلِمْنَا عَلَيْهِ مِن سُوءٍ ۚ قَالَتِ امْرَأَتُ الْعَزِيزِ الْآنَ حَصْحَصَ الْحَقُّ أَنَا رَاوَدتُّهُ عَن نَّفْسِهِ وَإِنَّهُ لَمِنَ الصَّادِقِينَ
(ထိုအခါ) ဘုရင်မင်းမြတ်က(ထိုမိန်းမတို့အား)အသင်တို့သည် ယူစုဖ်အား ၎င်းကိုယ်တိုင် နှင့်ဆန့်ကျင်ကာချော့မော့၍ မြှူဆွယ်ခဲ့ကြစဉ်အခါ၌ အသင်တို့၏ အဖြစ်မှန်သည် မည်သို့ရှိခဲ့သနည်းဟု မေးမြန်းလေ၏။ (ထိုအခါ)ယင်းမိန်းမတို့က အလ္လာဟ်အရှင်မြတ်သည် အပြစ်ကင်းစေတော်မူ၍အံ့ချီးမဆုံး ပြုနိုင်စွမ်းတော်မူပါဘိတကား။ ကျွန်ုပ် တို့သည်ထိုယူဆွဖ်၏အပေါ်၌ မည်သည့်တစ်စုံတစ်ရာ မကောင်းမှု(ရှိသည်ကို) မသိရှိခဲ့ကြပါဟု လျှောက်ထားခဲ့ကြကုန်၏။ (ထိုရောကာလ) အဇီဇ်၏ကြင်ရာ သည် (ဤသို့) လျှောက်ထားခဲ့လေ၏။ ယခုသော်ကား (အဖြစ်အပျက်)အမှန်သည် ထင်ရှားသွားလေပြီ။ ကျွန်ုပ်သည်သာလျှင် ယင်းယူဆွဖ်အား ၎င်းကိုယ်တိုင် နှင့် ဆန့်ကျင်၍ဖြစ်သည်။ ချော့မော့ မြှူဆွယ်ခဲ့ပါသည်။၎င်းပြင် ဧကန်မလွဲ ထိုယူဆွဖ်မှာမူကား သစ္စာဝါဒီတစ်ဦးမုချဖြစ်ပါသတည်း။
ယူစူဖ်ကုရ်အာန် ညွှန်းကိန်း
111အာယာသ်
MeccanRevelation
49အာယာသ်

ဘာသာပြန် — ယူစူဖ် 49

စူရာ ယူစူဖ် အာယာသ် 49 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထို့နောက်တစ်ဖန် နောက်တစ်နှစ်ရောက် လတ်သော် ထိုနှစ်တွင်မူ လူတို့သည်(ကောင်းမွန်စွာ) မိုးရွာသွန်းစေခြင်းကို ခံကြရသည့်ပြင် ထိုနှစ်တွင် ၎င်းတို့သည် စပျစ်ရည်များလည်း…

စူရာ အာယာသ် 49/111 — စူရာ ယူစူဖ် يوسف (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ ယူစူဖ် နားထောင်, စူရာ ယူစူဖ် ဘာသာပြန်, စူရာ ယူစူဖ် mp3, စူရာ ယူစူဖ် pdf. အာယာသ် 47–51. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 1, 2026

Don't forget us in your sincere prayers