အန်-နဟ်လ် · 72/128
ဘာသာပြန် အသံနိုင်ငံ — အန်-နဟ်လ်
وَاللَّهُ جَعَلَ لَكُم مِّنْ أَنفُسِكُمْ أَزْوَاجًا وَجَعَلَ لَكُم مِّنْ أَزْوَاجِكُم بَنِينَ وَحَفَدَةً وَرَزَقَكُم مِّنَ الطَّيِّبَاتِ ۚ أَفَبِالْبَاطِلِ يُؤْمِنُونَ وَبِنِعْمَتِ اللَّهِ هُمْ يَكْفُرُونَ ٧٢
Transliteration
Wallaahu ja`ala lakum min anfusikum azwaajanw wa ja`ala lakum min azwaajikum baneena wa hafadatanw wa razaqakum minat yaiyibaat; afabil baatili yu`minoona wa bini`matil laahi hum yakkfuroon
ဘာသာပြန် (မြန်မာဘာသာ)
📖 မြန်မာဘာသာ
ထိုမှတပါး အလ္လာဟ်အရှင်မြတ်သည် အသင်တို့အဖို့ အသင်တို့ (အမျိုးအစားထဲ)မှပင် ဇနီးကြင်ရာ များကိုပြုလုပ်တော်မူခဲ့လေသည်။ ထိုနည်းတူစွာ ထိုအရှင်မြတ်သည်အသင်တို့အဖို့ အသင်တို့၏ ဇနီး ကြင်ရာများမှ သား၊ မြေးတို့ကိုပြုလုပ်(ထွန်းကား) စေတော်မူခဲ့လေသည်။ ထို့ပြင် အရှင်မြတ်သည် အသင်တို့ စားသုံးကြရန် ကောင်းမွန်သောအရာများကို ချီးမြှင့်ပေးသနားတော်မူခဲ့လေသည်။ သို့ပါလျက် ၎င်းတို့သည် အချည်းအနှီးသောအရာကို သက်ဝင်ယုံကြည်၍အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်များကို ငြင်းပယ်လျက်ရှိနေကြမည်လော။
Additional reference in ภาษาไทย
🎧 နားထောင်
📜 အာယာသ် 70-74 — အန်-နဟ်လ်
70وَاللَّهُ خَلَقَكُمْ ثُمَّ يَتَوَفَّاكُمْ ۚ وَمِنكُم مَّن يُرَدُّ إِلَىٰ أَرْذَلِ الْعُمُرِ لِكَيْ لَا يَعْلَمَ بَعْدَ عِلْمٍ شَيْئًا ۚ إِنَّ اللَّهَ عَلِيمٌ قَدِيرٌ
င်းပြင် အလ္လာဟ်အရှင်မြတ်သည်ပင် အသင်တို့အား ဖန်ဆင်းတော်မူလေသည်။ တစ်ဖန် ထိုအရှင်မြတ်သည်ပင် အသင်တို့အားသေဆုံးစေတော်မူလေသည်။ ထို့ပြင်အသင် တို့တွင် အညံ့ဆုံးသောအသက်အရွယ် သို့ ပြန်ရောက်စေခြင်းကို ခံရသောသူများလည်းရှိပေသည်။ နောက်ဆုံးတွင်ထိုသူများ သည် သိပြီး နောက် (သတိပညာ ချွတ်ယွင်းသွားသောကြောင့်) မည်သည့် တစ်စုံတစ်ရာကိုမျှ သိနားလည်ခြင်းမရှိ (ကြ)တော့ ချေ။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည်အရာခပ်သိမ်းတို့ ကို သိတော်မူသောအရှင်၊ အရာခပ်သိမ်းတို့ကို စွမ်းဆောင်နိုင် တော်မူသောအရှင်၊ ဖြစ်တော်မူပေသတည်း။
71وَاللَّهُ فَضَّلَ بَعْضَكُمْ عَلَىٰ بَعْضٍ فِي الرِّزْقِ ۚ فَمَا الَّذِينَ فُضِّلُوا بِرَادِّي رِزْقِهِمْ عَلَىٰ مَا مَلَكَتْ أَيْمَانُهُمْ فَهُمْ فِيهِ سَوَاءٌ ۚ أَفَبِنِعْمَةِ اللَّهِ يَجْحَدُونَ
စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည်ပင်အသင်တို့အနက် အချို့ကိုအချို့ထက် စားနပ်ရိက္ခာ တိုးမြှင့်ပေးသနားတော်မူခဲ့၏။ သို့ရာတွင် (ယင်းကဲ့သို့) တိုးမြှင့်ခြင်းခံကြရသောသူတို့သည် မိမိတို့၏ ဝေစုဝေပုံကို မိမိတို့ပိုင်ဆိုင်ကြကုန်သော ကျေးကျွန်တို့အား ဤ(ဥစ္စာပစ္စည်း)အရာ၌ ၎င်းတို့ (ကျွန်နှင့်သခင်)အားလုံး သာတူညီမျှဖြစ်အံ့သောငှာ ခွဲဝေပေးမည့်သူများ မဟုတ်ကြချေ။ သို့ပါလျက် ၎င်းတို့သည် အလ္လာဟ်အရှင်မြတ်၏ကျေးဇူးတော်ကို ငြင်းပယ်ကြလေသလော။
72وَاللَّهُ جَعَلَ لَكُم مِّنْ أَنفُسِكُمْ أَزْوَاجًا وَجَعَلَ لَكُم مِّنْ أَزْوَاجِكُم بَنِينَ وَحَفَدَةً وَرَزَقَكُم مِّنَ الطَّيِّبَاتِ ۚ أَفَبِالْبَاطِلِ يُؤْمِنُونَ وَبِنِعْمَتِ اللَّهِ هُمْ يَكْفُرُونَ
ထိုမှတပါး အလ္လာဟ်အရှင်မြတ်သည် အသင်တို့အဖို့ အသင်တို့ (အမျိုးအစားထဲ)မှပင် ဇနီးကြင်ရာ များကိုပြုလုပ်တော်မူခဲ့လေသည်။ ထိုနည်းတူစွာ ထိုအရှင်မြတ်သည်အသင်တို့အဖို့ အသင်တို့၏ ဇနီး ကြင်ရာများမှ သား၊ မြေးတို့ကိုပြုလုပ်(ထွန်းကား) စေတော်မူခဲ့လေသည်။ ထို့ပြင် အရှင်မြတ်သည် အသင်တို့ စားသုံးကြရန် ကောင်းမွန်သောအရာများကို ချီးမြှင့်ပေးသနားတော်မူခဲ့လေသည်။ သို့ပါလျက် ၎င်းတို့သည် အချည်းအနှီးသောအရာကို သက်ဝင်ယုံကြည်၍အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်များကို ငြင်းပယ်လျက်ရှိနေကြမည်လော။
73وَيَعْبُدُونَ مِن دُونِ اللَّهِ مَا لَا يَمْلِكُ لَهُمْ رِزْقًا مِّنَ السَّمَاوَاتِ وَالْأَرْضِ شَيْئًا وَلَا يَسْتَطِيعُونَ
ထို့ပြင် ၎င်းတို့သည် အလ္လာဟ်အရှင်မြတ်မှ တစ်ပါး အကြင်ကဲ့သို့သောအရာများကို ဆည်းကပ်ကိုးကွယ်ကြမည်။အရာများသည် ၎င်းတို့အား မိုးကောင်းကင်များမှလည်းကောင်း၊ ပထဝီမြေမှလည်းကောင်း၊ ရိက္ခာပို့ဆောင်ခြင်းတစ်စုံတစ်ရာကိုမျှပြုနိုင်ခွင့်လည်းမရှိချေ။ ပြုနိုင်စွမ်းလည်းမရှိကြချေ။
74فَلَا تَضْرِبُوا لِلَّهِ الْأَمْثَالَ ۚ إِنَّ اللَّهَ يَعْلَمُ وَأَنتُمْ لَا تَعْلَمُونَ
သို့ဖြစ်ပေရာ အသင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့်ပတ်သက်၍ ဥပမာ ပုံဆောင်ချက်များကို မခိုင်းနှိုင်းကြကုန်လင့်။ ဧကန်စင်စစ် အလ္လာဟ်အရှင် မြတ်သည် သိတော်မူ၏။ သို့ရာတွင် အသင်တို့မူကား မသိကြချေ။
အန်-နဟ်လ်ကုရ်အာန် ညွှန်းကိန်း
128အာယာသ်
MeccanRevelation
72အာယာသ်
ဘာသာပြန် — အန်-နဟ်လ် 72
စူရာ အန်-နဟ်လ် အာယာသ် 72 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထိုမှတပါး အလ္လာဟ်အရှင်မြတ်သည် အသင်တို့အဖို့ အသင်တို့ (အမျိုးအစားထဲ)မှပင် ဇနီးကြင်ရာ များကိုပြုလုပ်တော်မူခဲ့လေသည်။ ထိုနည်းတူစွာ ထိုအရှင်မြတ်သည်အသင်တို့အဖို့ အသင်တို့၏…စူရာ အာယာသ် 72/128 — အန်-နဟ်လ် النحل (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: အန်-နဟ်လ် နားထောင်, အန်-နဟ်လ် ဘာသာပြန်, အန်-နဟ်လ် mp3, အန်-နဟ်လ် pdf. အာယာသ် 70–74. မြန်မာဘာသာ: ภาษาไทย.
العربية
English
Bahasa Indonesia
Türkçe
Русский
فارسی
Français
اردو
বাংলা
Deutsch
Español
中文
हिन्दी
Português
Italiano
ภาษาไทย
Polski
Nederlands
Shqip
Kiswahili
O'zbek
தமிழ்
Melayu
Bosanski
Soomaali
Azərbaycan
کوردی
한국어
日本語
Svenska
Dansk
Norsk
پښتو
മലയാളം
සිංහල
Tamazight
Hausa
አማርኛ
Български
Тоҷикӣ
Қазақша
Filipino
سنڌي
Yorùbá
Fulfulde
Татарча
ئۇيغۇرچە
Кыргызча
ਪੰਜਾਬੀ
Jawa
తెలుగు
မြန်မာ
ગુજરાતી
Oromo
मराठी
Tiếng Việt
Malagasy
Нохчийн
Wolof
ދިވެހި
ಕನ್ನಡ
Українська
Ελληνικά
ქართული
ខ្មែរ
دری
Qafar af
Maranao
नेपाली
ကုရ်အာန်ကျမ်း
Tuesday, August 18, 2026
Don't forget us in your sincere prayers








