အန်-နဟ်လ် · 87/128
ဘာသာပြန် အသံနိုင်ငံ — စူရာ အန်-နဟ်လ်
وَأَلْقَوْا إِلَى اللَّهِ يَوْمَئِذٍ السَّلَمَ ۖ وَضَلَّ عَنْهُم مَّا كَانُوا يَفْتَرُونَ ۝٨٧
Wa alqaw ilal laahi yawma`izinis salama wa dalla `anhum maa kaanoo yaftaroon
📖 မြန်မာဘာသာ
၎င်းပြင် ထိုသူတို့သည် ထိုနေ့တွင် အလ္လာဟ်အရှင်မြတ်အထံတော်သို့ အမိန့်တော်ကိုလိုက်နာရန် ကမ်းလှမ်းကြပေမည်။ ထိုမှတစ်ပါး ၎င်းတို့ထံမှ ၎င်းတို့ ကြံဖန် လီဆယ်လေ့ ရှိခဲ့ကြသည်များသည်လည်း ပျောက်ပျက်၍ သွားအံ့သတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 85-89 — စူရာ အန်-နဟ်လ်

85وَإِذَا رَأَى الَّذِينَ ظَلَمُوا الْعَذَابَ فَلَا يُخَفَّفُ عَنْهُمْ وَلَا هُمْ يُنظَرُونَ
ထို့ပြင် မတရား ပြုလုပ်ခဲ့ကြကုန်သောသူတို့သည် ပြစ်ဒဏ်ကို မြင်ကြအံ့သောငှာ ၎င်းတို့အပေါ်မှ(ပြစ်ဒဏ်သည်) ပေါ့လျော့သွားမည်လည်းမဟုတ်။ ထိုနည်းတူစွာ ၎င်းတို့သည်(ပြစ်ဒဏ်)ကို ရွှေ့ဆိုင်းခြင်းကိုလည်း ခံကြရမည်မဟုတ်ပေ။
86وَإِذَا رَأَى الَّذِينَ أَشْرَكُوا شُرَكَاءَهُمْ قَالُوا رَبَّنَا هَٰؤُلَاءِ شُرَكَاؤُنَا الَّذِينَ كُنَّا نَدْعُو مِن دُونِكَ ۖ فَأَلْقَوْا إِلَيْهِمُ الْقَوْلَ إِنَّكُمْ لَكَاذِبُونَ
ထိုမှတစ်ပါး (အခြားအရာများကို အလ္လာဟ်အရှင်မြတ်နှင့်) တွဲဖက်နှိုင်းယှဉ် ကိုးကွယ်ခဲ့ကြသော သူတို့သည်မိမိတို့တွဲဖက်နှိုင်းယှဉ် ကိုးကွယ်ကြသည်တို့ကို တွေ့မြင်ကြသောအခါ (အလ္လာဟ်အရှင်မြတ်အထံတော်၌) အို-ကျွန်တော်မျိုးတို့အား ဖန်ဆင်း မွေးမြူတော်မူသောအရှင်မြတ်၊ ဤသည်တို့ပင်ကျွန်တော်မျိုးတို့သည် အရှင်မြတ်အားစွန့်၍ ဟစ်ခေါ် တမ်းတခဲ့ကြသော ကျွန်တော်မျိုးတို့၏တွဲဖက်များ ဖြစ်ကြပါသည်ဟုလျှောက်ထားကြပေမည်။ ထို့နောက် ယင်းတွဲဖက် ယှဉ်ဖက်များသည် ထိုသူတို့ဘက်သို့ စကားကိုလွှဲပစ်၍ ဧကန်အမှန် အသင်တို့သည် မုသာဝါဒီများပင် ဖြစ်ကြကုန်သည် ဟု ပြောဆိုကြပေမည်။
87وَأَلْقَوْا إِلَى اللَّهِ يَوْمَئِذٍ السَّلَمَ ۖ وَضَلَّ عَنْهُم مَّا كَانُوا يَفْتَرُونَ
၎င်းပြင် ထိုသူတို့သည် ထိုနေ့တွင် အလ္လာဟ်အရှင်မြတ်အထံတော်သို့ အမိန့်တော်ကိုလိုက်နာရန် ကမ်းလှမ်းကြပေမည်။ ထိုမှတစ်ပါး ၎င်းတို့ထံမှ ၎င်းတို့ ကြံဖန် လီဆယ်လေ့ ရှိခဲ့ကြသည်များသည်လည်း ပျောက်ပျက်၍ သွားအံ့သတည်း။
88الَّذِينَ كَفَرُوا وَصَدُّوا عَن سَبِيلِ اللَّهِ زِدْنَاهُمْ عَذَابًا فَوْقَ الْعَذَابِ بِمَا كَانُوا يُفْسِدُونَ
အကြင်သူတို့သည် (မိမိတို့ကိုယ်တိုင်) သွေဖည်ငြင်းပယ်ခဲ့ကြကုန်၏။ ၎င်းပြင် (သူတစ်ပါးတို့အား) အလ္လာဟ်အရှင်မြတ်၏လမ်းစဉ်မှ တားဆီးခဲ့ကြကုန်၏။ ငါအရှင်မြတ်သည် ထိုသူတို့အား ၎င်းတို့သည် ဖျက်ဆီးလေ့ရှိခဲ့ကြ သောကြောင့် ပြစ်ဒဏ်တစ်မျိုးပေါ်၌ ပြစ်ဒဏ်တစ်မျိုးကို ထပ်တိုးစေတော်မူအံ့။
89وَيَوْمَ نَبْعَثُ فِي كُلِّ أُمَّةٍ شَهِيدًا عَلَيْهِم مِّنْ أَنفُسِهِمْ ۖ وَجِئْنَا بِكَ شَهِيدًا عَلَىٰ هَٰؤُلَاءِ ۚ وَنَزَّلْنَا عَلَيْكَ الْكِتَابَ تِبْيَانًا لِّكُلِّ شَيْءٍ وَهُدًى وَرَحْمَةً وَبُشْرَىٰ لِلْمُسْلِمِينَ
တစ်ဖန်(အို-နဗီတမန်တော် အသင်သည် မိမိ၏အမျိုးသားတို့အား) အကြင်နေ့(၏အကြောင်း)ကို (ပြော၍ပြပါလေ)။ ငါအရှင်မြတ်သည် သာသနာဝင် အုပ်စုတိုင်း၌ ၎င်းတို့နှင့်ဆန့်ကျင်၍ ၎င်းတို့အနက်မှပင် သက်သေတစ်ဦးကျစီ ထူတော်မူမည်။ ထိုမှတစ်ပါး ငါအရှင်မြတ်သည် အသင့်အား ဤသူတို့နှင့်ဆန့်ကျင်၍ သက်သေအဖြစ်ရောက်စေတော် (ထူတော်)မူမည်။ စင်စစ်သော်ကား ငါအရှင်မြတ်သည်(ယင်းသက်သေထွက်ဆိုနိုင်ရေးအတွက်) အသင်၏အပေါ်၌ (ကုရ်အာန်)ကျမ်းတော်မြတ်ကို အကြောင်းအရာခပ်သိမ်းတို့၏ ရှင်းလင်းချက်အဖြစ်လည်းကောင်း၊ မုစ်လင်မ်အမိန့်တော်ကို လိုက်နာသူတို့အဖို့ တရားလမ်းညွှန်အဖြစ်လည်းကောင်း၊ ကရုဏာတရားအဖြစ်လည်းကောင်း၊ ဝမ်းမြောက်ဖွယ်သတင်းအဖြစ်လည်းကောင်း၊ ချပေးသနားတော်မူခဲ့လေသတည်း။
အန်-နဟ်လ်ကုရ်အာန် ညွှန်းကိန်း
128အာယာသ်
MeccanRevelation
87အာယာသ်

ဘာသာပြန် — အန်-နဟ်လ် 87

စူရာ အန်-နဟ်လ် အာယာသ် 87 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ၎င်းပြင် ထိုသူတို့သည် ထိုနေ့တွင် အလ္လာဟ်အရှင်မြတ်အထံတော်သို့ အမိန့်တော်ကိုလိုက်နာရန် ကမ်းလှမ်းကြပေမည်။ ထိုမှတစ်ပါး ၎င်းတို့ထံမှ ၎င်းတို့ ကြံဖန်…

စူရာ အာယာသ် 87/128 — စူရာ အန်-နဟ်လ် النحل (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အန်-နဟ်လ် နားထောင်, စူရာ အန်-နဟ်လ် ဘာသာပြန်, စူရာ အန်-နဟ်လ် mp3, စူရာ အန်-နဟ်လ် pdf. အာယာသ် 85–89. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Wednesday, September 30, 2026

Don't forget us in your sincere prayers