ذَٰلِكَ مِمَّا أَوْحَىٰ إِلَيْكَ رَبُّكَ مِنَ الْحِكْمَةِ ۗ وَلَا تَجْعَلْ مَعَ اللَّهِ إِلَٰهًا آخَرَ فَتُلْقَىٰ فِي جَهَنَّمَ مَلُومًا مَّدْحُورًا ٣٩
🔤 Transliteration
Zaalika mimmaaa awhaaa ilaika Rabbuka minal hikmah; wa laa taj`al ma`allaahi ilaahan aakhara fatulqaa fee Jahannama maloomam mad hooraa
📖 ဘာသာပြန် (မြန်မာဘာသာ)
📖 မြန်မာဘာသာ
ဤသည်တို့ကား အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် ဉာဏ်ပညာများအနက်မှ အသင့်ထံသို့ ထုတ်ပြန်တော်မူသော အမိန့်ပညတ်တော် များပင်ဖြစ်ကုန်၏။ သို့ဖြစ်ရာ အသင်သည် အလ္လာဟ် အရှင်မြတ်နှင့် ယှဉ်တွဲ၍အခြားကိုးကွယ်ရာ တစ်စုံတစ်ရာကိုမျှ (တွဲဖက်ကိုးကွယ်ခြင်းကို)မပြုလေနှင့်။ သို့ပြုခဲ့သော် အသင်သည် ဂျဟန္နမ်ငရဲဘုံ၌ ပြစ်တင် ရှုတ်ချခြင်းခံရလျက်၊ ကရုဏာတော်မှ ကင်းဝေးစေခြင်းခံရလျက် ပစ်ချခြင်းခံရအံ့သတည်း။
🌐 Additional reference in ภาษาไทย
၁။ အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ ဇာလိကာ (ذَٰلِكَ ) — ထို၊ ဤအရာ။ ဤနေရာတွင် ယခင်အာယသ်များတွင် ဖော်ပြခဲ့သော အမိန့်တော်များ၊ တားမြစ်ချက်များနှင့် စည်းမျဉ်းများကို ရည်ညွှန်းသည်။အူဟိယ (أَوْحَىٰ ) — ဗျာဒိတ်ပေးတော်မူခဲ့သည်။ဟိက္မသ် (الْحِكْمَةِ ) — ဉာဏ်ပညာ။ အလွန်ခိုင်မာပြီး မှန်ကန်သော အရာကို ဆိုလိုသည်။မာလူမန် (مَلُومًا ) — ကဲ့ရဲ့ခံရသူ။ မိမိကိုယ်ကိုယ်လည်း ကဲ့ရဲ့သူ၊ သူတစ်ပါးကလည်း ကဲ့ရဲ့ခံရသူ။မာဒ္ဟူရန် (مَّدْحُورًا ) — နှင်ထုတ်ခံရသူ။ ကောင်းမှုတိုင်းမှ ဝေးကွာစေခံရသူ။၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက် ဤအာယသ်တော်သည် ယခင်အာယသ်များတွင် ဖော်ပြခဲ့သော ကောင်းမြတ်သော အကျင့်များကို လိုက်နာရန် အမိန့်ပေးခြင်း၊ ယုတ်ညံ့သော အကျင့်များကို ရှောင်ကြဉ်ရန် တားမြစ်ခြင်းတို့သည် အလ္လာဟ်အရှင်မြတ်က တမန်တော်မုဟမ္မဒ် (ဆွ) ထံ ဗျာဒိတ်ပေးတော်မူခဲ့သော ဉာဏ်ပညာအထူးများထဲမှ အစိတ်အပိုင်းများ ဖြစ်ကြောင်း ရှင်းလင်းဖော်ပြထားသည်။ ဤအမိန့်တော်များနှင့် တားမြစ်ချက်များသည် အလွန်ခိုင်မာပြီး ပညာရှိသော စည်းမျဉ်းများ ဖြစ်သောကြောင့် ၎င်းတို့ကို "ဟိက္မသ်" (ဉာဏ်ပညာ) ဟု ခေါ်ဆိုခြင်း ဖြစ်သည်။
ထို့နောက် အလ္လာဟ်အရှင်မြတ်သည် လူသားအားလုံးကို သတိပေးတော်မူသည်။ အလ္လာဟ်အရှင်မြတ်နှင့်အတူ အခြားကိုးကွယ်ရာတစ်ခုကို မထားရှိရန်၊ အကယ်၍ ထားရှိပါက ကိယာမသ်နေ့တွင် ဂျဟန်နမ်မီးထဲသို့ ပစ်ချခံရမည် ဖြစ်သည်။ ထိုအခါ မိမိကိုယ်ကိုယ်လည်း ကဲ့ရဲ့ခံရမည်၊ သူတစ်ပါးကလည်း ကဲ့ရဲ့ခံရမည်။ ထို့အပြင် ကောင်းမှုတိုင်းမှ နှင်ထုတ်ခံရမည်၊ အလ္လာဟ်အရှင်မြတ်၏ ကရုဏာတော်မှ ဝေးကွာစေခံရမည် ဖြစ်သည်။
ဤအာယသ်တော်သည် တစ်ဆူတည်းသော အလ္လာဟ်အရှင်မြတ်ကို ကိုးကွယ်ခြင်း (တောင်ဟီဒ်) ၏ အရေးပါမှုကို အလေးအနက် သတိပေးထားသည်။ ရှိရ်က် (အလ္လာဟ်အရှင်မြတ်နှင့် အခြားတစ်စုံတစ်ရာကို တွဲဖက်ကိုးကွယ်ခြင်း) သည် အကြီးမားဆုံး အပြစ်ဖြစ်ပြီး ၎င်းသည် လူသားကို ထာဝရ ပျက်စီးမှုသို့ ပို့ဆောင်နိုင်သည်။ သို့သော် အလ္လာဟ်အရှင်မြတ်သည် ဤအာယသ်တော်များမှတစ်ဆင့်
ذَٰلِكَ مِمَّآ أَوۡحَىٰٓ إِلَيۡكَ رَبُّكَ مِنَ ٱلۡحِكۡمَةِۗ وَلَا تَجۡعَلۡ مَعَ ٱللَّهِ إِلَٰهًا ءَاخَرَ فَتُلۡقَىٰ فِي جَهَنَّمَ مَلُومًا مَّدۡحُورًا ٣٩
ဤသည်တို့ကား အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် ဉာဏ်ပညာများအနက်မှ အသင့်ထံသို့ ထုတ်ပြန်တော်မူသော အမိန့်ပညတ်တော် များပင်ဖြစ်ကုန်၏။ သို့ဖြစ်ရာ အသင်သည် အလ္လာဟ် အရှင်မြတ်နှင့် ယှဉ်တွဲ၍အခြားကိုးကွယ်ရာ တစ်စုံတစ်ရာကိုမျှ (တွဲဖက်ကိုးကွယ်ခြင်းကို)မပြုလေနှင့်။ သို့ပြုခဲ့သော် အသင်သည် ဂျဟန္နမ်ငရဲဘုံ၌ ပြစ်တင် ရှုတ်ချခြင်းခံရလျက်၊ ကရုဏာတော်မှ ကင်းဝေးစေခြင်းခံရလျက် ပစ်ချခြင်းခံရအံ့သတည်း။
🖼️ Save Image
🎬 Save Video
📜 အာယာသ် 37-41 — စူရာ အလ်-အစ်ရာ
37 وَلَا تَمْشِ فِي الْأَرْضِ مَرَحًا ۖ إِنَّكَ لَن تَخْرِقَ الْأَرْضَ وَلَن تَبْلُغَ الْجِبَالَ طُولًا
၎င်းပြင် အသင်သည် ပထဝီမြေပြင်ဝယ် ဟိတ်ဟန်ထုတ်၍ မလျှောက်လေနှင့်။ ဧကန်စင်စစ် အသင်သည်(ယင်းသို့လမ်းလျှောက်ခြင်းအားဖြင့်)ပထဝီမြေကိုလည်းအလျင်းထွင်းဖောက် (ခွဲ) နိုင်မည်မဟုတ်ပေ။ ထိုမှတစ်ပါးအသင်သည် မိမိကိုယ်လုံးကိုယ်ရပ် မြင့်မားခြင်းဖြင့် တောင်များကိုလည်း အလျင်းမီနိုင်မည် မဟုတ်ချေ။
38 كُلُّ ذَٰلِكَ كَانَ سَيِّئُهُ عِندَ رَبِّكَ مَكْرُوهًا
ဤ(အမိန့်ပညတ်) အသီးသီးတို့အနက် မကောင်းမှုတို့မှာ အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်တွင် စက်ဆုပ်ရွံရှာဖွယ်များ ပင် ဖြစ်ကုန်သတည်း။
39 ذَٰلِكَ مِمَّا أَوْحَىٰ إِلَيْكَ رَبُّكَ مِنَ الْحِكْمَةِ ۗ وَلَا تَجْعَلْ مَعَ اللَّهِ إِلَٰهًا آخَرَ فَتُلْقَىٰ فِي جَهَنَّمَ مَلُومًا مَّدْحُورًا
ဤသည်တို့ကား အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် ဉာဏ်ပညာများအနက်မှ အသင့်ထံသို့ ထုတ်ပြန်တော်မူသော အမိန့်ပညတ်တော် များပင်ဖြစ်ကုန်၏။ သို့ဖြစ်ရာ အသင်သည် အလ္လာဟ် အရှင်မြတ်နှင့် ယှဉ်တွဲ၍အခြားကိုးကွယ်ရာ တစ်စုံတစ်ရာကိုမျှ (တွဲဖက်ကိုးကွယ်ခြင်းကို)မပြုလေနှင့်။ သို့ပြုခဲ့သော် အသင်သည် ဂျဟန္နမ်ငရဲဘုံ၌ ပြစ်တင် ရှုတ်ချခြင်းခံရလျက်၊ ကရုဏာတော်မှ ကင်းဝေးစေခြင်းခံရလျက် ပစ်ချခြင်းခံရအံ့သတည်း။
40 أَفَأَصْفَاكُمْ رَبُّكُم بِالْبَنِينَ وَاتَّخَذَ مِنَ الْمَلَائِكَةِ إِنَاثًا ۚ إِنَّكُمْ لَتَقُولُونَ قَوْلًا عَظِيمًا
အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင် မြတ်သည် အသင်တို့အား ထူးခြားစွာ သား ယောက်ျားကလေးများကိုသာ ချီးမြှင့်တော်မူ၍ မိမိကိုယ်တော်တိုင်မှာမူကားမလာအိကဟ် ကောင်းကင် တမန်တို့အား သမီးမိန်းကလေးများအဖြစ် မွေးစားတော်မူထားပါသလော။ ဧကန်မလွဲ အသင်တို့သည် ကြီးကျယ်လွန်မင်းသောစကားကို ပြောဆိုကြကုန်သတည်း။
41 وَلَقَدْ صَرَّفْنَا فِي هَٰذَا الْقُرْآنِ لِيَذَّكَّرُوا وَمَا يَزِيدُهُمْ إِلَّا نُفُورًا
၎င်းပြင် မချွတ်မလွဲ ငါအရှင်မြတ်သည် ဤကုရ်အာန်ကျမ်းတော်မြတ်တွင် (လူခပ်သိမ်းတို့) တရားရအံ့သောငှာ(ကိုးကွယ်ရာအရှင် တဆူတည်းဖြစ်တော်မူကြောင်းကို) နည်းအမျိုးမျိုးဖြင့် ပြောင်းလဲမိန့်ကြား တော်မူခဲ့လေသည်။ သို့ရာတွင်ယင်းပြောင်းလဲမိန့်ကြားမှုသည် ၎င်း(မုရှ်ရစ်က်)တို့၌ စက်ဆုပ်မှုမှတစ်ပါး အခြားတစ်စုံတစ်ရာကိုမျှ မတိုးပွားစေချေ။
ဘာသာပြန် — အလ်-အစ်ရာ 39 စူရာ အလ်-အစ်ရာ အာယာသ် 39 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ဤသည်တို့ကား အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် ဉာဏ်ပညာများအနက်မှ အသင့်ထံသို့ ထုတ်ပြန်တော်မူသော အမိန့်ပညတ်တော် များပင်ဖြစ်ကုန်၏။ သို့ဖြစ်ရာ အသင်သည်…
စူရာ အာယာသ် 39/111 — စူရာ အလ်-အစ်ရာ الإسراء (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-အစ်ရာ နားထောင်, စူရာ အလ်-အစ်ရာ ဘာသာပြန်, စူရာ အလ်-အစ်ရာ mp3, စူရာ အလ်-အစ်ရာ pdf. အာယာသ် 37–41. မြန်မာဘာသာ: ภาษาไทย.