အလ်-အစ်ရာ · 40/111
ဘာသာပြန် အသံနိုင်ငံ — အလ်-အစ်ရာ
أَفَأَصْفَاكُمْ رَبُّكُم بِالْبَنِينَ وَاتَّخَذَ مِنَ الْمَلَائِكَةِ إِنَاثًا ۚ إِنَّكُمْ لَتَقُولُونَ قَوْلًا عَظِيمًا ۝٤٠
Afa asfaakum rabbukum bilbaneena wattakhaza minal malaaa`ikati inaasaa; innakum lataqooloona qawlan `azeema
📖 မြန်မာဘာသာ
အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင် မြတ်သည် အသင်တို့အား ထူးခြားစွာ သား ယောက်ျားကလေးများကိုသာ ချီးမြှင့်တော်မူ၍ မိမိကိုယ်တော်တိုင်မှာမူကားမလာအိကဟ် ကောင်းကင် တမန်တို့အား သမီးမိန်းကလေးများအဖြစ် မွေးစားတော်မူထားပါသလော။ ဧကန်မလွဲ အသင်တို့သည် ကြီးကျယ်လွန်မင်းသောစကားကို ပြောဆိုကြကုန်သတည်း။
🎧 နားထောင်

📜 အာယာသ် 38-42 — အလ်-အစ်ရာ

38كُلُّ ذَٰلِكَ كَانَ سَيِّئُهُ عِندَ رَبِّكَ مَكْرُوهًا
ဤ(အမိန့်ပညတ်) အသီးသီးတို့အနက် မကောင်းမှုတို့မှာ အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်တွင် စက်ဆုပ်ရွံရှာဖွယ်များ ပင် ဖြစ်ကုန်သတည်း။
39ذَٰلِكَ مِمَّا أَوْحَىٰ إِلَيْكَ رَبُّكَ مِنَ الْحِكْمَةِ ۗ وَلَا تَجْعَلْ مَعَ اللَّهِ إِلَٰهًا آخَرَ فَتُلْقَىٰ فِي جَهَنَّمَ مَلُومًا مَّدْحُورًا
ဤသည်တို့ကား အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် ဉာဏ်ပညာများအနက်မှ အသင့်ထံသို့ ထုတ်ပြန်တော်မူသော အမိန့်ပညတ်တော် များပင်ဖြစ်ကုန်၏။ သို့ဖြစ်ရာ အသင်သည် အလ္လာဟ် အရှင်မြတ်နှင့် ယှဉ်တွဲ၍အခြားကိုးကွယ်ရာ တစ်စုံတစ်ရာကိုမျှ (တွဲဖက်ကိုးကွယ်ခြင်းကို)မပြုလေနှင့်။ သို့ပြုခဲ့သော် အသင်သည် ဂျဟန္နမ်ငရဲဘုံ၌ ပြစ်တင် ရှုတ်ချခြင်းခံရလျက်၊ ကရုဏာတော်မှ ကင်းဝေးစေခြင်းခံရလျက် ပစ်ချခြင်းခံရအံ့သတည်း။
40أَفَأَصْفَاكُمْ رَبُّكُم بِالْبَنِينَ وَاتَّخَذَ مِنَ الْمَلَائِكَةِ إِنَاثًا ۚ إِنَّكُمْ لَتَقُولُونَ قَوْلًا عَظِيمًا
အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင် မြတ်သည် အသင်တို့အား ထူးခြားစွာ သား ယောက်ျားကလေးများကိုသာ ချီးမြှင့်တော်မူ၍ မိမိကိုယ်တော်တိုင်မှာမူကားမလာအိကဟ် ကောင်းကင် တမန်တို့အား သမီးမိန်းကလေးများအဖြစ် မွေးစားတော်မူထားပါသလော။ ဧကန်မလွဲ အသင်တို့သည် ကြီးကျယ်လွန်မင်းသောစကားကို ပြောဆိုကြကုန်သတည်း။
41وَلَقَدْ صَرَّفْنَا فِي هَٰذَا الْقُرْآنِ لِيَذَّكَّرُوا وَمَا يَزِيدُهُمْ إِلَّا نُفُورًا
၎င်းပြင် မချွတ်မလွဲ ငါအရှင်မြတ်သည် ဤကုရ်အာန်ကျမ်းတော်မြတ်တွင် (လူခပ်သိမ်းတို့) တရားရအံ့သောငှာ(ကိုးကွယ်ရာအရှင် တဆူတည်းဖြစ်တော်မူကြောင်းကို) နည်းအမျိုးမျိုးဖြင့် ပြောင်းလဲမိန့်ကြား တော်မူခဲ့လေသည်။ သို့ရာတွင်ယင်းပြောင်းလဲမိန့်ကြားမှုသည် ၎င်း(မုရှ်ရစ်က်)တို့၌ စက်ဆုပ်မှုမှတစ်ပါး အခြားတစ်စုံတစ်ရာကိုမျှ မတိုးပွားစေချေ။
42قُل لَّوْ كَانَ مَعَهُ آلِهَةٌ كَمَا يَقُولُونَ إِذًا لَّابْتَغَوْا إِلَىٰ ذِي الْعَرْشِ سَبِيلًا
(အို-နဗီတမန်တော်)အသင်သည်(ဤသို့)ပြောကြားပါလေ။ အကယ်၍သာ ယင်း(မုရှ်ရစ်က်)တို့ ပြောဆိုသည့်အတိုင်း ထို(အလ္လာဟ်)အရှင်မြတ်နှင့်အတူ အခြား ကိုးကွယ်ရာများလည်း ရှိကြပါလျှင် ဧကန်မလွဲ ၎င်းတို့သည် အရ်ရှ်ပလ္လင်တော်ကိုစိုးပိုင်တော်မူသောအရှင်မြတ်အထံတော်သို့(သွားရောက်တိုက်ခိုက်ရန်) နည်းလမ်းရှာဖွေခဲ့ကြပြီး ဖြစ်အံ့သတည်း။
အလ်-အစ်ရာကုရ်အာန် ညွှန်းကိန်း
111အာယာသ်
MeccanRevelation
40အာယာသ်

ဘာသာပြန် — အလ်-အစ်ရာ 40

စူရာ အလ်-အစ်ရာ အာယာသ် 40 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင် မြတ်သည် အသင်တို့အား ထူးခြားစွာ သား ယောက်ျားကလေးများကိုသာ ချီးမြှင့်တော်မူ၍ မိမိကိုယ်တော်တိုင်မှာမူကားမလာအိကဟ် ကောင်းကင်…

စူရာ အာယာသ် 40/111 — အလ်-အစ်ရာ الإسراء (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: အလ်-အစ်ရာ နားထောင်, အလ်-အစ်ရာ ဘာသာပြန်, အလ်-အစ်ရာ mp3, အလ်-အစ်ရာ pdf. အာယာသ် 38–42. မြန်မာဘာသာ: ภาษาไทย.




ကုရ်အာန်ကျမ်း


Tuesday, August 18, 2026

Don't forget us in your sincere prayers