အလ်-ကဟ်ဖ် · 54/110
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-ကဟ်ဖ်
وَلَقَدْ صَرَّفْنَا فِي هَٰذَا الْقُرْآنِ لِلنَّاسِ مِن كُلِّ مَثَلٍ ۚ وَكَانَ الْإِنسَانُ أَكْثَرَ شَيْءٍ جَدَلًا ۝٥٤
Wa laqad sarrafnaa fee haazal quraani linnaasi mn kulli masal; wa kaanal insaanu aksara shai`in jadalaa
📖 မြန်မာဘာသာ
၎င်းပြင် ငါအရှင်မြတ်သည် ဤကုရ်အာန်ကျမ်းတော်မြတ်တွင် လူတို့၏အကျိုးငှာ ဥပမာပုံဆောင်ချက် အလုံးစုံတို့ကို အနည်းနည်းအဖုံဖုံဖြင့် မိန့်ကြား တော်မူခဲ့ပေသည်။ စင်စစ်လူသားတို့မှာ အရာခပ်သိမ်းတို့ထက် အငြင်းအသန်ဆုံးပင်ဖြစ်ကြကုန်သတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. ဤအာယသ်တော်တွင် ရှင်းလင်းရန်လိုအပ်သော ဝေါဟာရများ—
  • ဆွရဖ်နာ (صَرَّفْنَا) — ကျွန်ုပ်တို့သည် အမျိုးမျိုးအဖုံဖုံ ရှင်းလင်းဖော်ပြခဲ့သည်၊ ထပ်ခါတလဲလဲ ရှင်းပြခဲ့သည်။
  • မသွလ် (مَثَل) — ဥပမာ၊ ပုံဆောင်၊ သာဓက။
  • ဂျဒလ် (جَدَلًا) — အချေအတင် ငြင်းခုံခြင်း၊ အကျိုးမရှိသော ငြင်းခုံမှု။
  1. ဤအာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်—

အလ္လာဟ်အရှင်မြတ်သည် ဤကုရ်အာန်ကျမ်းတော်မြတ်တွင် လူသားတို့အတွက် ဥပမာပုံဆောင်မျိုးစုံကို အမျိုးမျိုးအဖုံဖုံ ရှင်းလင်းဖော်ပြထားတော်မူသည်။ ထိုသို့ ရှင်းလင်းဖော်ပြရခြင်းမှာ လူသားတို့သည် သတိရတရားရ၍ အကျိုးယူနိုင်ရန်၊ ဆုံးမဩဝါဒခံယူနိုင်ရန်အတွက်ဖြစ်သည်။ ကုရ်အာန်ကျမ်းတော်မြတ်သည် လူသားတို့၏ လိုအပ်ချက်အမျိုးမျိုးကို ဖြည့်ဆည်းပေးရန် ဥပမာပုံဆောင်အမျိုးမျိုးဖြင့် ရှင်းလင်းတင်ပြထားသည်။ သို့သော် လူသားသည် ဖန်ဆင်းခံသတ္တဝါအားလုံးထဲတွင် အငြင်းအခုံအများဆုံး၊ အချေအတင်လုပ်သူအဖြစ် ထင်ရှားသည်။ အထူးသဖြင့် ကာဖိရ်များ (အလ္လာဟ်ကို ငြင်းပယ်သူများ) သည် အမှန်တရားကို မလိုလားဘဲ အချည်းနှီး ငြင်းခုံခြင်း၊ ခုခံခြင်းတို့ကို အများဆုံးပြုလုပ်ကြသည်။ ဤအာယသ်တော်သည် လူသားတို့၏ သဘောသဘာဝကို ဖော်ပြရာတွင် လူသားသည် အငြင်းအခုံလုပ်ရန် လျင်မြန်လွယ်ကူသော သဘာဝရှိကြောင်း၊ သို့သော် ကုရ်အာန်၏ ရှင်းလင်းပြသမှုများကို ဆင်ခြင်သုံးသပ်ပါက အမှန်တရားကို လက်ခံနိုင်ကြောင်း သွန်သင်ပေးသည်။

  1. ဤအာယသ်တော်မှ ရရှိနိုင်သော အကျိုးကျေးဇူးများ—
  • ကုရ်အာန်ကျမ်းတော်မြတ်သည် လူသားတို့အတွက် လမ်းညွှန်ချက်၊ ဆုံးမဩဝါဒများကို ဥပမာပုံဆောင်မျိုးစုံဖြင့် ရှင်းလင်းစွာ ဖော်ပြထားသည်။ ထို့ကြောင့် ကုရ်အာန်ကို ဖတ်ရှုလေ့လာသူတိုင်း မိမိတို့၏ ဘဝလမ်းစဉ်အတွက် လိုအပ်သော သင်ခန်းစာများကို ရှာဖွေတွေ့ရှိနိုင်သည်။
  • အလ္လာဟ်အရှင်မြတ်သည် လူသားတို့အား လမ်းညွှန်ရန် နည်းလမ်းမျိုးစုံဖြင့် ရှင်းလင်းပြသထားတော်မူသည်။ ဤသည်က အလ္လာဟ်အရှင်မြတ်၏ ကြီးမားသော ကရုဏာတော်နှင့် ဂရုစိုက်မှုကို ဖော်ပြသည်။
  • လူသားတို့သည် အငြင်းအခုံလုပ်ရန် လွယ်ကူသော သဘာဝရှိသော်လည်း အမှန်တရားကို ရိုးသားစွာ ရှာဖွေသူများအတွက် ကုရ်အာန်သည် ရှင်းလင်းသော အဖြေများကို ပေးအပ်ထားသည်။
  • က


📜 အာယာသ် 52-56 — စူရာ အလ်-ကဟ်ဖ်

52وَيَوْمَ يَقُولُ نَادُوا شُرَكَائِيَ الَّذِينَ زَعَمْتُمْ فَدَعَوْهُمْ فَلَمْ يَسْتَجِيبُوا لَهُمْ وَجَعَلْنَا بَيْنَهُم مَّوْبِقًا
ထိုနည်းတူစွာ အကြင်နေ့ကိုလည်း(သတိ ထားကြလေကုန်) ထိုအရှင်မြတ်သည် (ထိုနေ့တွင် မုရှ်ရစ်က်တို့အား)အသင်တို့သည် မိမိတို့ယုံကြည်(ကိုးကွယ်)ခဲ့ကြသော ငါအရှင်မြတ်၏တွဲဖက်များကို ဟစ်ခေါ်ကြလေကုန်ဟု မိန့်ကြားတော်မူလေသောအခါ ၎င်းတို့သည် ယင်းတွဲဖက်များကို ဟစ်ခေါ်ကြပေမည်။ သို့ရာတွင် ယင်းတွဲဖက်များမှာမူကား ၎င်းတို့အားပြန်၍ထူးကြမည် မဟုတ်ပေ။ ၎င်းပြင် ငါအရှင်မြတ်သည် ယင်း(မုရှ်ရစ်က်တို့နှင့် ၎င်းတို့၏ကိုးကွယ်ရာ) တို့၏စပ်ကြားတွင်အကွယ်အကာတစ်ခု ချထားတော် မူပေမည်။
53وَرَأَى الْمُجْرِمُونَ النَّارَ فَظَنُّوا أَنَّهُم مُّوَاقِعُوهَا وَلَمْ يَجِدُوا عَنْهَا مَصْرِفًا
ထိုမှတစ်ပါး အပြစ်ရှိသူတို့သည် (ဂျဟန္နမ်ငရဲ)မီးကို တွေ့မြင်ကြသောအခါ ၎င်းတို့သည် ဧကန်မလွဲ မိမိတို့မှာယင်းမီးထဲသို့ ကျဆင်းအံ့သောသူများပင် ဖြစ်ကြသည်ဟုယုံကြည်ကြပေမည်။ သို့ရာတွင် ၎င်းတို့သည် ယင်းမီး(ဘေးမှ)လွဲရှောင်နိုင်ရန်နေရာတစ်စုံတစ်ခုကိုမျှတွေ့ရှိကြမည်မဟုတ်ပေ။
54وَلَقَدْ صَرَّفْنَا فِي هَٰذَا الْقُرْآنِ لِلنَّاسِ مِن كُلِّ مَثَلٍ ۚ وَكَانَ الْإِنسَانُ أَكْثَرَ شَيْءٍ جَدَلًا
၎င်းပြင် ငါအရှင်မြတ်သည် ဤကုရ်အာန်ကျမ်းတော်မြတ်တွင် လူတို့၏အကျိုးငှာ ဥပမာပုံဆောင်ချက် အလုံးစုံတို့ကို အနည်းနည်းအဖုံဖုံဖြင့် မိန့်ကြား တော်မူခဲ့ပေသည်။ စင်စစ်လူသားတို့မှာ အရာခပ်သိမ်းတို့ထက် အငြင်းအသန်ဆုံးပင်ဖြစ်ကြကုန်သတည်း။
55وَمَا مَنَعَ النَّاسَ أَن يُؤْمِنُوا إِذْ جَاءَهُمُ الْهُدَىٰ وَيَسْتَغْفِرُوا رَبَّهُمْ إِلَّا أَن تَأْتِيَهُمْ سُنَّةُ الْأَوَّلِينَ أَوْ يَأْتِيَهُمُ الْعَذَابُ قُبُلًا
စင်စစ် လူတို့အား ၎င်းတို့ထံ တရားလမ်းမှန်ရောက်ရှိခဲ့ပြီးနောက် သက်ဝင်ယုံကြည်ခြင်းမှလည်း ကောင်း၊မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်တွင် လွတ်ငြိမ်းခွင့်ကို အသနားခံပန်ကြားခြင်းမှလည်းကောင်း၊(မည်သည့်အရာကမျှပင်) တားဆီးခဲ့သည့် မဟုတ်ပေ။ သို့ရာတွင် ထိုသူတို့သည် မိမိတို့ထံ ရှေးသူဟောင်းတို့(ထံ ရောက်ရှိခဲ့သည့် စီရင်ချက်)ကဲ့သို့သော စီရင်ချက်သည် ရောက်ရှိလာခဲ့ခြင်းကိုသော်လည်းကောင်း၊ မိမိတို့ထံ အမျိုးမျိုးသောပြစ်ဒဏ်များသည် ဆိုက်ရောက်လာခြင်းကိုသော်လည်းကောင်း၊ (စောင့်မျှော်၍ပင်နေခဲ့ကြကုန်သတည်း၊)
56وَمَا نُرْسِلُ الْمُرْسَلِينَ إِلَّا مُبَشِّرِينَ وَمُنذِرِينَ ۚ وَيُجَادِلُ الَّذِينَ كَفَرُوا بِالْبَاطِلِ لِيُدْحِضُوا بِهِ الْحَقَّ ۖ وَاتَّخَذُوا آيَاتِي وَمَا أُنذِرُوا هُزُوًا
စင်စစ်သော်ကား ငါအရှင်မြတ်သည် ရစူလ်တမန်တော်တို့အား သတင်းကောင်းပြောကြားသူများ သတိပေးနှိုးဆော်သူများအဖြစ်သာလျှင် စေလွှတ်တော်မူ၏။ သို့ရာတွင်ကာဖိရ် သွေဖည်ငြင်းပယ်သောသူတို့ မှာမူကား မတရားသဖြင့်အငြင်းအခုံပြုကြကုန်၏။ (သို့အငြင်းအခုံပြုကြခြင်းမှာ ၎င်းတို့သည် အငြင်းခုံမှုဖြင့် အမှန်တရားကို ချွတ်ချော်စေအံ့သောငှာ(ဖြစ်ပေသည်)။ ၎င်းပြင် ထိုသူတို့သည် ငါအရှင်မြတ်၏ သက်သေလက္ခဏာတော်များကိုလည်းကောင်း၊ မိမိတို့ သတိပေးနှိုးဆော်ခြင်း ခံကြရသည်များကိုလည်းကောင်း၊ ပြက်ရယ်ဖွယ်များပြုလုပ်ခဲ့ကြကုန်၏။
အလ်-ကဟ်ဖ်ကုရ်အာန် ညွှန်းကိန်း
110အာယာသ်
MeccanRevelation
54အာယာသ်

ဘာသာပြန် — အလ်-ကဟ်ဖ် 54

စူရာ အလ်-ကဟ်ဖ် အာယာသ် 54 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ၎င်းပြင် ငါအရှင်မြတ်သည် ဤကုရ်အာန်ကျမ်းတော်မြတ်တွင် လူတို့၏အကျိုးငှာ ဥပမာပုံဆောင်ချက် အလုံးစုံတို့ကို အနည်းနည်းအဖုံဖုံဖြင့် မိန့်ကြား တော်မူခဲ့ပေသည်။ စင်စစ်လူသားတို့မှာ…

စူရာ အာယာသ် 54/110 — စူရာ အလ်-ကဟ်ဖ် الكهف (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-ကဟ်ဖ် နားထောင်, စူရာ အလ်-ကဟ်ဖ် ဘာသာပြန်, စူရာ အလ်-ကဟ်ဖ် mp3, စူရာ အလ်-ကဟ်ဖ် pdf. အာယာသ် 52–56. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 1, 2026

Don't forget us in your sincere prayers