အလ်-ကဟ်ဖ် · 84/110
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-ကဟ်ဖ်
إِنَّا مَكَّنَّا لَهُ فِي الْأَرْضِ وَآتَيْنَاهُ مِن كُلِّ شَيْءٍ سَبَبًا ۝٨٤
Innaa makkannaa lahoo fil ardi wa aatainaahu min kulli shai`in sababaa
📖 မြန်မာဘာသာ
ဧကန်မလွဲ ငါအရှင်မြတ်သည် ယင်းဇုလ်ကရ်နိုင်န်အား ကမ္ဘာမြေဝယ် အုပ်ချုပ်မှုအာဏာပေးတော်မူခဲ့၏။ထိုမှတစ်ပါး ငါအရှင်မြတ်သည် ၎င်းအား ခပ်သိမ်းသောအရာတို့သို့၊ လမ်းတစ်ခုကို ချီးမြှင့်ပေးသနားတော်မူခဲ့၏။(တစ်နည်း)အရာခပ်သိမ်းတို့နှင့် စပ်လျဉ်း၍ နည်းလမ်း(ဥစ္စာပစ္စည်းလက်နက်ကိရိယာအမျိုးမျိုး)ကို ချီးမြှင့်ပေးသနားတော်မူခဲ့၏။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. ခက်ခဲသောဝေါဟာရများ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်
  • مَكَّنَّا (မက္ကာနာ) = ငါအရှင်မြတ်သည် အာဏာစက်ပေးအပ်၍ ခိုင်မာစွာ ထူထောင်ပေးတော်မူခဲ့သည်။
  • سَبَبًا (စဗဗန်) = အကြောင်းအရင်း၊ လမ်းကြောင်း၊ နည်းလမ်း၊ နိဿယ။
  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

ဧကန်စင်စစ် ငါအရှင်မြတ်သည် ထိုသူ (ဇုလ်ကရ်နိုင်န်) အား ကမ္ဘာမြေပြင်ပေါ်တွင် အာဏာစက်နှင့် ဩဇာအာဏာကို ခိုင်မာစွာ ပေးအပ်ထူထောင်ပေးတော်မူခဲ့သည်။ ထို့အပြင် သူသည် လိုလားတောင့်တသော မည်သည့်ကိစ္စကိုမဆို ဖြည့်ဆည်းနိုင်ရန် လိုအပ်သည့် အကြောင်းအရင်း၊ နည်းလမ်းနှင့် လမ်းကြောင်းတိုင်းကို ငါအရှင်မြတ်သည် သူ့အား ချီးမြှင့်ပေးသနားတော်မူခဲ့သည်။ ဤသို့ဖြင့် သူသည် မြို့ရွာနယ်ပယ်များကို သိမ်းပိုက်နိုင်ခြင်း၊ ရန်သူများကို နှိမ်နင်းနိုင်ခြင်း စသည့် မိမိ၏ ရည်မှန်းချက်များကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ခဲ့သည်။

  1. ဤအာယသ်တော်မှ ရရှိနိုင်သော အကျိုးကျေးဇူးများ
  • အလ္လာဟ်အရှင်မြတ်သည် မိမိအလိုတော်ရှိသော ကျေးကျွန်များအား ကမ္ဘာမြေပြင်တွင် အာဏာစက်နှင့် ဩဇာအာဏာကို ပေးသနားတော်မူနိုင်ကြောင်း သိရှိစေသည်။
  • အောင်မြင်မှုရရှိရန် အကြောင်းအရင်းနှင့် နည်းလမ်းလမ်းကြောင်းများကို အလ္လာဟ်အရှင်မြတ်က ချီးမြှင့်ပေးသနားတော်မူကြောင်း နားလည်စေသည်။
  • အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းကို စီမံခန့်ခွဲနိုင်သော အရှင်ဖြစ်တော်မူကြောင်း ယုံကြည်စိတ်ချစေသည်။
  • မိမိတို့၏ ရည်မှန်းချက်များ အောင်မြင်ရရှိရန် အလ္လာဟ်အရှင်မြတ်အပေါ် ယုံကြည်စိတ်ချမှုထားရှိရန် အားပေးတိုက်တွန်းသည်။
  • အစ္စလာမ်သာသနာသည် လူသားတို့အား ကမ္ဘာမြေပြင်တွင် တရားမှတ်တရားလမ်းစဉ်အတိုင်း အောင်မြင်မှုရရှိရန် လမ်းညွှန်ပေးသော သာသနာဖြစ်ကြောင်း သိမြင်စေသည်။


📜 အာယာသ် 82-86 — စူရာ အလ်-ကဟ်ဖ်

82وَأَمَّا الْجِدَارُ فَكَانَ لِغُلَامَيْنِ يَتِيمَيْنِ فِي الْمَدِينَةِ وَكَانَ تَحْتَهُ كَنزٌ لَّهُمَا وَكَانَ أَبُوهُمَا صَالِحًا فَأَرَادَ رَبُّكَ أَن يَبْلُغَا أَشُدَّهُمَا وَيَسْتَخْرِجَا كَنزَهُمَا رَحْمَةً مِّن رَّبِّكَ ۚ وَمَا فَعَلْتُهُ عَنْ أَمْرِي ۚ ذَٰلِكَ تَأْوِيلُ مَا لَمْ تَسْطِع عَّلَيْهِ صَبْرًا
ထို့ပြင် ယင်းတံတိုင်းကား ထိုမြို့မှ မိဘမဲ့သူငယ်နှစ်ဦးတို့၏တံတိုင်းပင်ဖြစ်ခဲ့ပေသည်။ ၎င်းပြင် ယင်းတံတိုင်း၏အောက်တွင် ထိုသူငယ်နှစ်ဦးအဖို့ စုဆောင်းထားသော ဘဏ္ဍာပစ္စည်းသည် ရှိနေပေသည်။ ထိုမှတစ်ပါး ထိုသူငယ်နှစ်ဦး၏ဖခင်မှာလည်း သူမွန်သူမြတ်တစ်ပါးပင် ဖြစ်ခဲ့ပေရာ အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် ၎င်းတို့နှစ်ဦး မိမိတို့ လူလားမြောက်သောအရွယ်သို့ ရောက်ကြသော အခါအသင်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၏ ကရုဏာတော်အားဖြင့် မိမိတို့၏ဘဏ္ဍာပစ္စည်းကို ဖော်ထုတ်ယူကြရန် ရည်ရွယ်တော်မူခဲ့ပေသည်။ စင်စစ် ကျွန်ုပ်သည် ဤကိစ္စကိုမိမိသဘောနှင့်ပြုလုပ်ခဲ့သည် မဟုတ်ပေ။ ဤသည် အသင်သည်းခံ၍ မနေနိုင်ခဲ့သောကိစ္စ၏ အဖြစ်မှန်ပင်ဖြစ် ပေသည်တကား။
83وَيَسْأَلُونَكَ عَن ذِي الْقَرْنَيْنِ ۖ قُلْ سَأَتْلُو عَلَيْكُم مِّنْهُ ذِكْرًا
ထိုမှတစ်ပါး ၎င်း(ကုရိုက်ရှ်အမျိုးသား)တို့သည်ဇုလ်ကရ်နိုင်န် နှင့်ပတ်သက်၍ အသင့်အား မေးမြန်းကြလေသည်။ (အို-နဗီတမန်တော်) အသင်သည် ၎င်းတို့အား (အချင်းတို့၊) ငါသည် ယခုပင် ယင်း(ဇုလ်ကရ်နိုင်န်)၏ (အကြောင်းများ)အနက် အကြောင်းတစ်ခုကို အသင်တို့ရှေ့ဝယ် ပြန်၍ပြောပြမည်ဟူ၍ ပြောကြားပါလေ။
84إِنَّا مَكَّنَّا لَهُ فِي الْأَرْضِ وَآتَيْنَاهُ مِن كُلِّ شَيْءٍ سَبَبًا
ဧကန်မလွဲ ငါအရှင်မြတ်သည် ယင်းဇုလ်ကရ်နိုင်န်အား ကမ္ဘာမြေဝယ် အုပ်ချုပ်မှုအာဏာပေးတော်မူခဲ့၏။ထိုမှတစ်ပါး ငါအရှင်မြတ်သည် ၎င်းအား ခပ်သိမ်းသောအရာတို့သို့၊ လမ်းတစ်ခုကို ချီးမြှင့်ပေးသနားတော်မူခဲ့၏။(တစ်နည်း)အရာခပ်သိမ်းတို့နှင့် စပ်လျဉ်း၍ နည်းလမ်း(ဥစ္စာပစ္စည်းလက်နက်ကိရိယာအမျိုးမျိုး)ကို ချီးမြှင့်ပေးသနားတော်မူခဲ့၏။
85فَأَتْبَعَ سَبَبًا
သို့ဖြစ်ပေရာ ယင်းဇုလ်ကရ်နိုင်န်သည် လမ်းတစ်ခုကို လိုက်ခဲ့လေသည်။
86حَتَّىٰ إِذَا بَلَغَ مَغْرِبَ الشَّمْسِ وَجَدَهَا تَغْرُبُ فِي عَيْنٍ حَمِئَةٍ وَوَجَدَ عِندَهَا قَوْمًا ۗ قُلْنَا يَا ذَا الْقَرْنَيْنِ إِمَّا أَن تُعَذِّبَ وَإِمَّا أَن تَتَّخِذَ فِيهِمْ حُسْنًا
နောက်ဆုံးတွင် ယင်းဇုလ်ကရ်နိုင်န်သည် နေဝင်သောနေရာသို့ ရောက်ရှိခဲ့သောအခါ ထိုနေကိုမည်းနက်နောက်ကျိ (ရွှံ့ပုပ်ထူသော)အိုင်တစ်ခုတွင် ဝင်နေဘိကဲ့သို့တွေ့မြင်လေ၏။ ၎င်းပြင် ထို�ိုင်၏အနီးတွင် လူမျိုးတစ်မျိုးကိုလည်း တွေ့ရှိလေသည်။ (ထိုအခါ) ငါအရှင်မြတ်သည် (ယင်း ဇုလ်ကရ်နိုင်န်အား) အို-ဇုလ်ကရ်နိုင်န်၊ အသင်သည် (ဤအမျိုးသားတို့အား)ပြစ်ဒဏ်ခတ်ခြင်းကိုသော်လည်းကောင်း၊ ယင်းတို့နှင့်ပတ် သက်၍ထောက်ထားညှာတာခြင်းကို သော်လည်းကောင်း၊ (ဤနှစ်ခုအနက် မိမိကြိုက်နှစ်သက်ရာကို) ပြုနိုင်ခွင့်ရှိသည် ဟု မိန့် ဲကြား တော် မူခဲ့ပေသည်။
အလ်-ကဟ်ဖ်ကုရ်အာန် ညွှန်းကိန်း
110အာယာသ်
MeccanRevelation
84အာယာသ်

ဘာသာပြန် — အလ်-ကဟ်ဖ် 84

စူရာ အလ်-ကဟ်ဖ် အာယာသ် 84 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ဧကန်မလွဲ ငါအရှင်မြတ်သည် ယင်းဇုလ်ကရ်နိုင်န်အား ကမ္ဘာမြေဝယ် အုပ်ချုပ်မှုအာဏာပေးတော်မူခဲ့၏။ထိုမှတစ်ပါး ငါအရှင်မြတ်သည် ၎င်းအား ခပ်သိမ်းသောအရာတို့သို့၊ လမ်းတစ်ခုကို ချီးမြှင့်ပေးသနားတော်မူခဲ့၏။(တစ်နည်း)အရာခပ်သိမ်းတို့နှင့်…

စူရာ အာယာသ် 84/110 — စူရာ အလ်-ကဟ်ဖ် الكهف (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-ကဟ်ဖ် နားထောင်, စူရာ အလ်-ကဟ်ဖ် ဘာသာပြန်, စူရာ အလ်-ကဟ်ဖ် mp3, စူရာ အလ်-ကဟ်ဖ် pdf. အာယာသ် 82–86. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 1, 2026

Don't forget us in your sincere prayers