အလ်-ကဟ်ဖ် · 95/110
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-ကဟ်ဖ်
قَالَ مَا مَكَّنِّي فِيهِ رَبِّي خَيْرٌ فَأَعِينُونِي بِقُوَّةٍ أَجْعَلْ بَيْنَكُمْ وَبَيْنَهُمْ رَدْمًا ۝٩٥
Qaala maa makkannee feehi Rabbee khairun fa-a`eenoonee biquwwatin aj`al bainakum wa bainahum radmaa
📖 မြန်မာဘာသာ
ယင်းဇုလ်ကရ်နိုင်န်က (၎င်းတို့အား ဤသို့ ပြောဆိုဖြေကြားခဲ့လေ၏။ (အချင်းတို့၊)ဤသည်နှင့်စပ်လျဉ်း၍ ကျွန်ုပ်၏အရှင်မြတ်က ကျွန်ုပ်အား ချီးမြှင့်တော်မူခဲ့သော စွမ်းအင်သည် ပင် အလွန်များပြားလှ၏။ သို့ဖြစ်ပေရာ အသင်တို့သည်ကျွန်ုပ် အား (မိမိတို့၏လုပ်အားဖြင့်သာ ကူညီကြလေကုန်။ကျွန်ုပ်သည် အသင်တို့နှင့် ၎င်းတို့၏အကြားဝယ် အလွန်ခိုင်ခံ့မြင့်မားသော တံတိုင်းကို ပြုလုပ်၍ပေးမည်။)

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. ကမ္ဘာ့ဘာသာပြန်ဆိုချက်
  • مَا مَكَّنِّي فِيهِ رَبِّي: ကျွန်ုပ်၏အရှင်မြတ်က ကျွန်ုပ်အား ပေးအပ်ထားသော အာဏာ၊ အသိပညာ၊ စည်းစိမ်ဥစ္စာ။
  • رَدْمًا: ခိုင်မာသော အတားအဆီး၊ တံတိုင်းကြီး။
  • بِقُوَّةٍ: လူအင်အား၊ ကိရိယာတန်ဆာပလာနှင့် နည်းပညာအင်အားဖြင့်။
  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

ဇုလ်ကရ်နိုင်းန်မင်းကြီးက ဤသို့ဖြေကြားခဲ့သည်။ သူက “ကျွန်ုပ်၏အရှင်မြတ်က ကျွန်ုပ်အား ပေးအပ်ထားသော အာဏာ၊ အသိပညာနှင့် စည်းစိမ်ဥစ္စာသည် သင်တို့ ကျွန်ုပ်အား ပေးလိုသော ငွေကြေးထက် များစွာပင်သာလွန်ကောင်းမွန်ပါသည်။ ထို့ကြောင့် သင်တို့သည် ကျွန်ုပ်အား လူအင်အား၊ ကိရိယာတန်ဆာပလာနှင့် နည်းပညာအင်အားဖြင့် ကူညီပေးကြပါ။ ထိုအခါ ကျွန်ုပ်သည် သင်တို့နှင့် ယာဂျူဂျ်မာဂျူဂျ်တို့အကြား၌ ခိုင်မာသော အတားအဆီးတံတိုင်းကြီးကို ပြုလုပ်ပေးမည်” ဟု ဆိုခဲ့သည်။

ဤတွင် ဇုလ်ကရ်နိုင်းန်မင်းကြီးသည် မိမိထံ ငွေကြေးအကူအညီ ပေးလိုသော လူမျိုးများ၏ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့သည်။ အကြောင်းမှာ အလ္လာဟ်အရှင်မြတ်က သူ့အား ပေးအပ်ထားသော အာဏာ၊ အသိပညာနှင့် စည်းစိမ်ဥစ္စာသည် သူတို့ပေးလိုသော ငွေကြေးထက် များစွာသာလွန်နေသောကြောင့် ဖြစ်သည်။ သူသည် ငွေကြေးကို လိုချင်ခြင်းမရှိဘဲ လူအင်အား၊ ကိရိယာတန်ဆာပလာနှင့် နည်းပညာအကူအညီကိုသာ တောင်းခံခဲ့သည်။ ထိုသို့သော အကူအညီဖြင့် သူသည် လူမျိုးတို့အား ဘေးအန္တရာယ်မှ ကာကွယ်ရန် ခိုင်မာသော တံတိုင်းကြီးကို တည်ဆောက်ပေးမည်ဟု ကတိပြုခဲ့သည်။ ထိုတံတိုင်းသည် ရန်သူများ ဖျက်ဆီးရန် ခက်ခဲသော၊ ခိုင်ခံ့သော အတားအဆီးတစ်ခု ဖြစ်လာမည်ဖြစ်သည်။

  1. ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ
  • အလ္လာဟ်အရှင်မြတ်က ပေးအပ်ထားသော အာဏာ၊ အသိပညာနှင့် စည်းစိမ်ဥစ္စာသည် လူသားတို့၏ ငွေကြေးထက် များစွာသာလွန်ကောင်းမွန်သည်။ ထို့ကြောင့် မွတ်စ်လင်မ်တို့သည် လောကီစည်းစိမ်ဥစ္စာကို ရှေးရှုခြင်းထက် အလ္လာဟ်အရှင်မြတ် ပေးအပ်ထားသော အာဏာ၊ အသိပညာနှင့် စည်းစိမ်ဥစ္စာကို အသုံးပြု၍ လူသားတို့အား အကျိုးပြုရမည်။
  • ဇုလ်ကရ်နိုင်းန်မင်းကြီးသည် မိမိ၏ အာဏာနှင့် အသိပညာကို အသုံးပြု


📜 အာယာသ် 93-97 — စူရာ အလ်-ကဟ်ဖ်

93حَتَّىٰ إِذَا بَلَغَ بَيْنَ السَّدَّيْنِ وَجَدَ مِن دُونِهِمَا قَوْمًا لَّا يَكَادُونَ يَفْقَهُونَ قَوْلًا
နောက်ဆုံးတွင်ယင်းဇုလ်ကရ်နိုင်န်သည် တောင်နှစ်လုံး၏အကြားသို့ ရောက်ရှိခဲ့သောအခါ ယင်းတောင် နှစ်လုံး၏ဤမှာဘက်တွင် မည်သည့်စကားကိုမျှ နားမလည်နိုင်ကြသောလူမျိုးတစ်မျိုးကို တွေ့ရှိခဲ့လေသည်။
94قَالُوا يَا ذَا الْقَرْنَيْنِ إِنَّ يَأْجُوجَ وَمَأْجُوجَ مُفْسِدُونَ فِي الْأَرْضِ فَهَلْ نَجْعَلُ لَكَ خَرْجًا عَلَىٰ أَن تَجْعَلَ بَيْنَنَا وَبَيْنَهُمْ سَدًّا
ယင်းလူမျိုးတို့က အို-ဇုလ်ကရ်နိုင်န်၊ ဧကန်မလွဲယအ်ဂျူဂျ်နှင့်မအ်ဂျူဂျ်တု့ိသည် ဤအရပ်ဒေသတွင် ဆူပူသောင်းကျန်းလုယက်တိုက်ခိုက် ဖျက်ဆီးသူများပင် ဖြစ်ကြပါသည်။ သို့ပါ၍ အသင်သည် ကျွန်ုပ်တို့နှင့်၎င်းတို့၏အကြားတွင်အကာအကွယ်တစ်ခုကို ပြုလုပ်ပေးပါ။ ကျွန်ုပ်တို့သည် အသင့်အား အခွန်အကောက်(လက်အောက်ခံကြေး)တစ်စုံတစ်ရာကို ပေးဆောင်ကြရပါမည်လောဟု ပြောဆိုကြ၏။
95قَالَ مَا مَكَّنِّي فِيهِ رَبِّي خَيْرٌ فَأَعِينُونِي بِقُوَّةٍ أَجْعَلْ بَيْنَكُمْ وَبَيْنَهُمْ رَدْمًا
ယင်းဇုလ်ကရ်နိုင်န်က (၎င်းတို့အား ဤသို့ ပြောဆိုဖြေကြားခဲ့လေ၏။ (အချင်းတို့၊)ဤသည်နှင့်စပ်လျဉ်း၍ ကျွန်ုပ်၏အရှင်မြတ်က ကျွန်ုပ်အား ချီးမြှင့်တော်မူခဲ့သော စွမ်းအင်သည် ပင် အလွန်များပြားလှ၏။ သို့ဖြစ်ပေရာ အသင်တို့သည်ကျွန်ုပ် အား (မိမိတို့၏လုပ်အားဖြင့်သာ ကူညီကြလေကုန်။ကျွန်ုပ်သည် အသင်တို့နှင့် ၎င်းတို့၏အကြားဝယ် အလွန်ခိုင်ခံ့မြင့်မားသော တံတိုင်းကို ပြုလုပ်၍ပေးမည်။)
96آتُونِي زُبَرَ الْحَدِيدِ ۖ حَتَّىٰ إِذَا سَاوَىٰ بَيْنَ الصَّدَفَيْنِ قَالَ انفُخُوا ۖ حَتَّىٰ إِذَا جَعَلَهُ نَارًا قَالَ آتُونِي أُفْرِغْ عَلَيْهِ قِطْرًا
အသင်တို့သည် သံပြား များကိုသာ ကျွန်ုပ်ထံယူဆောင်ခဲ့ကြလေကုန်။ နောက်ဆုံးတွင် တောင်နှစ်လုံးထိပ်ဖျားနှစ်ခုအကြားတွင် (ယင်းသံပြားများကို)တညီတညွတ်တည်း ဖြစ်အောင် ပြုလုပ်ခဲ့သောအခါ ယင်းဇုလ်ကရ်နိုင်န်က (အချင်းတို့၊ယခု)အသင်တို့သည် ယပ်ခတ်လေမှုတ်ကြလေကုန်ဟု ပြောဆိုညွှန်ကြားခဲ့၏။ နောက်ဆုံးတွင် ယင်းသံပြားများကို(ရဲရဲတောက်) မီး(ခဲများ)ဖြစ်စေခဲ့သောအခါ(တစ်ဖန်)ယင်းဇုလ်ကရ်နိုင်န်က(အချင်းတို့)အသင်တို့သည်အရည်ကျိုထားသောကြေးနီကို ကျွန်ုပ်တို့ထံယူခဲ့ကြလေကုန်။ (ယင်းအရည်ကျိုထားသောကြေးနီကို) ဤ(ရဲရဲတောက်လျက်ရှိသော) သံပြားပေါ်၌ ကျွန်ုပ်သွန်းလောင်းအံ့ဟု ပြောဆိုခဲ့လေ၏။
97فَمَا اسْطَاعُوا أَن يَظْهَرُوهُ وَمَا اسْتَطَاعُوا لَهُ نَقْبًا
ထို(တံတိုင်းကြီးကို ပြုလုပ်၍ ပြီးစီးသော) အခါထို(ယအ်ဂျူဂျ်နှင့်မအ်ဂျူဂျ်)တို့မှာ ယင်းတံတိုင်းကြီးကို ကျော်တက်ခြင်းကိုလည်းကောင်း၊ ဖောက်ထွင်း ခြင်းကိုလည်းကောင်း၊မပြုစွမ်းနိုင်ခဲ့ကြချေ။
အလ်-ကဟ်ဖ်ကုရ်အာန် ညွှန်းကိန်း
110အာယာသ်
MeccanRevelation
95အာယာသ်

ဘာသာပြန် — အလ်-ကဟ်ဖ် 95

စူရာ အလ်-ကဟ်ဖ် အာယာသ် 95 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ယင်းဇုလ်ကရ်နိုင်န်က (၎င်းတို့အား ဤသို့ ပြောဆိုဖြေကြားခဲ့လေ၏။ (အချင်းတို့၊)ဤသည်နှင့်စပ်လျဉ်း၍ ကျွန်ုပ်၏အရှင်မြတ်က ကျွန်ုပ်အား ချီးမြှင့်တော်မူခဲ့သော စွမ်းအင်သည် ပင်…

စူရာ အာယာသ် 95/110 — စူရာ အလ်-ကဟ်ဖ် الكهف (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-ကဟ်ဖ် နားထောင်, စူရာ အလ်-ကဟ်ဖ် ဘာသာပြန်, စူရာ အလ်-ကဟ်ဖ် mp3, စူရာ အလ်-ကဟ်ဖ် pdf. အာယာသ် 93–97. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 22, 2026

Don't forget us in your sincere prayers