အလ်-ကဟ်ဖ် · 96/110
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-ကဟ်ဖ်
آتُونِي زُبَرَ الْحَدِيدِ ۖ حَتَّىٰ إِذَا سَاوَىٰ بَيْنَ الصَّدَفَيْنِ قَالَ انفُخُوا ۖ حَتَّىٰ إِذَا جَعَلَهُ نَارًا قَالَ آتُونِي أُفْرِغْ عَلَيْهِ قِطْرًا ۝٩٦
Aatoonee zubaral hadeed, hattaaa izaa saawaa bainas sadafaini qaalan fukhoo hattaaa izaa ja`alahoo naaran qaala aatooneee ufrigh `alaihi qitraa
📖 မြန်မာဘာသာ
အသင်တို့သည် သံပြား များကိုသာ ကျွန်ုပ်ထံယူဆောင်ခဲ့ကြလေကုန်။ နောက်ဆုံးတွင် တောင်နှစ်လုံးထိပ်ဖျားနှစ်ခုအကြားတွင် (ယင်းသံပြားများကို)တညီတညွတ်တည်း ဖြစ်အောင် ပြုလုပ်ခဲ့သောအခါ ယင်းဇုလ်ကရ်နိုင်န်က (အချင်းတို့၊ယခု)အသင်တို့သည် ယပ်ခတ်လေမှုတ်ကြလေကုန်ဟု ပြောဆိုညွှန်ကြားခဲ့၏။ နောက်ဆုံးတွင် ယင်းသံပြားများကို(ရဲရဲတောက်) မီး(ခဲများ)ဖြစ်စေခဲ့သောအခါ(တစ်ဖန်)ယင်းဇုလ်ကရ်နိုင်န်က(အချင်းတို့)အသင်တို့သည်အရည်ကျိုထားသောကြေးနီကို ကျွန်ုပ်တို့ထံယူခဲ့ကြလေကုန်။ (ယင်းအရည်ကျိုထားသောကြေးနီကို) ဤ(ရဲရဲတောက်လျက်ရှိသော) သံပြားပေါ်၌ ကျွန်ုပ်သွန်းလောင်းအံ့ဟု ပြောဆိုခဲ့လေ၏။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

၁။ အာယသ်တွင် ရှင်းလင်းရန် လိုအပ်သော စကားလုံးများ၏ အဓိပ္ပာယ်

  • زُبَرَ الْحَدِيدِ (ဇုဗရလ်ဟဒီဒ်) — သံတုံးကြီးများ၊ သံအပိုင်းအစကြီးများ။
  • الصَّدَفَيْنِ (ဆွဒဖိုင်နိ) — တောင်နှစ်လုံး၏ နှစ်ဖက်နှစ်ခြမ်း၊ မျက်နှာချင်းဆိုင်နေသော တောင်နှစ်ခု၏ ဘေးနှစ်ဖက်။
  • انفُخُوا (အင်ဖုခု) — မီးကို မှုတ်ပေးကြပါ၊ မီးလောင်အောင် လေမှုတ်ပေးကြပါ။
  • قِطْرًا (က္ဋွရန်) — အရည်ပျော်သော ကြေးနီ (သွပ်/ကြေးနီရည်)။
  • أُفْرِغْ (အုဖ်ရိဂ်) — သွန်းလောင်းပါမည်၊ လောင်းချပါမည်။

၂။ အာယသ်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

(ဇုလ်ကရ်နိုင်န်သည် လူများကို) “သံတုံးများကို ကျွန်ုပ်ထံ ယူခဲ့ကြပါ” ဟု မိန့်ဆိုခဲ့သည်။ ထို့နောက် သူသည် ထိုသံတုံးများဖြင့် တောင်နှစ်လုံး၏ ကြားတွင် တည်ဆောက်ခဲ့သည်။ တောင်နှစ်လုံး၏ ဘေးနှစ်ဖက်ကို သံတံတိုင်းဖြင့် အညီအမျှ ဖြည့်ဆည်းပြီးသောအခါ လုပ်သားများကို “မီးကို မှုတ်ပေးကြပါ” ဟု မိန့်ဆိုခဲ့သည်။ သူတို့သည် မီးကို မှုတ်ပေးကြရာ သံတံတိုင်းတစ်ခုလုံး မီးကဲ့သို့ နီရဲတောက်လာသည်။ ထိုအခါ သူက “ကျွန်ုပ်ထံ အရည်ပျော်သော ကြေးနီကို ယူခဲ့ကြပါ၊ ကျွန်ုပ်သည် ထိုသံပေါ်သို့ လောင်းချပါမည်” ဟု မိန့်ဆိုခဲ့သည်။ ထိုသို့ ကြေးနီရည်ကို သံအကြားသို့ စိမ့်ဝင်စေခြင်းဖြင့် တံတိုင်းသည် ပို၍ ခိုင်ခံ့လာသည်။

၃။ ဤအာယသ်မှ ရရှိသော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ

  • အလ္လာဟ်ဟု ယုံကြည်သော ဘုရင်တစ်ပါးသည် မိမိလူမျိုးကို ရန်သူ၏ ဘေးအန္တရာယ်မှ ကာကွယ်ရန် ခိုင်ခံ့သော တံတိုင်းကြီးကို တည်ဆောက်ခဲ့သည်။ ဤသည်မှာ အစ္စလာမ်သည် လုံခြုံရေးနှင့် ကာကွယ်ရေးကို အလေးထားသော သာသနာဖြစ်ကြောင်း ပြသသည်။
  • ဇုလ်ကရ်နိုင်န်သည် မိမိ၏ ဉာဏ်ပညာနှင့် ခွန်အားကို အသုံးပြု၍ လူမျိုးကို ကူညီခဲ့သည်။ ဤသည်မှာ မွတ်စ်လင်မ်တိုင်း မိမိတတ်ကျွမ်းရာ ပညာဖြင့် အခြားသူများကို ကူညီသင့်ကြောင်း သွန်သင်သည်။
  • သံနှင့် ကြေးနီကို ပေါင်းစပ်၍ ခိုင်ခံ့သော တံတိုင်းကို တည်ဆောက်ခြင်းသည် လူသားတို့အား အလ္လာဟ်က ပေးအပ်ထားသော ပညာနှင့် နည်းပညာကို အသုံးချရန် အားပေးနေသည်။ အစ္စလာမ်သည် ပညာရေးနှင့် တီထွင်မှုကို အားပေးသော သာသနာဖြစ်သည်။
  • ဤအာယ


📜 အာယာသ် 94-98 — စူရာ အလ်-ကဟ်ဖ်

94قَالُوا يَا ذَا الْقَرْنَيْنِ إِنَّ يَأْجُوجَ وَمَأْجُوجَ مُفْسِدُونَ فِي الْأَرْضِ فَهَلْ نَجْعَلُ لَكَ خَرْجًا عَلَىٰ أَن تَجْعَلَ بَيْنَنَا وَبَيْنَهُمْ سَدًّا
ယင်းလူမျိုးတို့က အို-ဇုလ်ကရ်နိုင်န်၊ ဧကန်မလွဲယအ်ဂျူဂျ်နှင့်မအ်ဂျူဂျ်တု့ိသည် ဤအရပ်ဒေသတွင် ဆူပူသောင်းကျန်းလုယက်တိုက်ခိုက် ဖျက်ဆီးသူများပင် ဖြစ်ကြပါသည်။ သို့ပါ၍ အသင်သည် ကျွန်ုပ်တို့နှင့်၎င်းတို့၏အကြားတွင်အကာအကွယ်တစ်ခုကို ပြုလုပ်ပေးပါ။ ကျွန်ုပ်တို့သည် အသင့်အား အခွန်အကောက်(လက်အောက်ခံကြေး)တစ်စုံတစ်ရာကို ပေးဆောင်ကြရပါမည်လောဟု ပြောဆိုကြ၏။
95قَالَ مَا مَكَّنِّي فِيهِ رَبِّي خَيْرٌ فَأَعِينُونِي بِقُوَّةٍ أَجْعَلْ بَيْنَكُمْ وَبَيْنَهُمْ رَدْمًا
ယင်းဇုလ်ကရ်နိုင်န်က (၎င်းတို့အား ဤသို့ ပြောဆိုဖြေကြားခဲ့လေ၏။ (အချင်းတို့၊)ဤသည်နှင့်စပ်လျဉ်း၍ ကျွန်ုပ်၏အရှင်မြတ်က ကျွန်ုပ်အား ချီးမြှင့်တော်မူခဲ့သော စွမ်းအင်သည် ပင် အလွန်များပြားလှ၏။ သို့ဖြစ်ပေရာ အသင်တို့သည်ကျွန်ုပ် အား (မိမိတို့၏လုပ်အားဖြင့်သာ ကူညီကြလေကုန်။ကျွန်ုပ်သည် အသင်တို့နှင့် ၎င်းတို့၏အကြားဝယ် အလွန်ခိုင်ခံ့မြင့်မားသော တံတိုင်းကို ပြုလုပ်၍ပေးမည်။)
96آتُونِي زُبَرَ الْحَدِيدِ ۖ حَتَّىٰ إِذَا سَاوَىٰ بَيْنَ الصَّدَفَيْنِ قَالَ انفُخُوا ۖ حَتَّىٰ إِذَا جَعَلَهُ نَارًا قَالَ آتُونِي أُفْرِغْ عَلَيْهِ قِطْرًا
အသင်တို့သည် သံပြား များကိုသာ ကျွန်ုပ်ထံယူဆောင်ခဲ့ကြလေကုန်။ နောက်ဆုံးတွင် တောင်နှစ်လုံးထိပ်ဖျားနှစ်ခုအကြားတွင် (ယင်းသံပြားများကို)တညီတညွတ်တည်း ဖြစ်အောင် ပြုလုပ်ခဲ့သောအခါ ယင်းဇုလ်ကရ်နိုင်န်က (အချင်းတို့၊ယခု)အသင်တို့သည် ယပ်ခတ်လေမှုတ်ကြလေကုန်ဟု ပြောဆိုညွှန်ကြားခဲ့၏။ နောက်ဆုံးတွင် ယင်းသံပြားများကို(ရဲရဲတောက်) မီး(ခဲများ)ဖြစ်စေခဲ့သောအခါ(တစ်ဖန်)ယင်းဇုလ်ကရ်နိုင်န်က(အချင်းတို့)အသင်တို့သည်အရည်ကျိုထားသောကြေးနီကို ကျွန်ုပ်တို့ထံယူခဲ့ကြလေကုန်။ (ယင်းအရည်ကျိုထားသောကြေးနီကို) ဤ(ရဲရဲတောက်လျက်ရှိသော) သံပြားပေါ်၌ ကျွန်ုပ်သွန်းလောင်းအံ့ဟု ပြောဆိုခဲ့လေ၏။
97فَمَا اسْطَاعُوا أَن يَظْهَرُوهُ وَمَا اسْتَطَاعُوا لَهُ نَقْبًا
ထို(တံတိုင်းကြီးကို ပြုလုပ်၍ ပြီးစီးသော) အခါထို(ယအ်ဂျူဂျ်နှင့်မအ်ဂျူဂျ်)တို့မှာ ယင်းတံတိုင်းကြီးကို ကျော်တက်ခြင်းကိုလည်းကောင်း၊ ဖောက်ထွင်း ခြင်းကိုလည်းကောင်း၊မပြုစွမ်းနိုင်ခဲ့ကြချေ။
98قَالَ هَٰذَا رَحْمَةٌ مِّن رَّبِّي ۖ فَإِذَا جَاءَ وَعْدُ رَبِّي جَعَلَهُ دَكَّاءَ ۖ وَكَانَ وَعْدُ رَبِّي حَقًّا
ထိုအခါ ယင်းဇုလ်ကရ်နိုင်န်က ဤသည်ကားကျွန်ုပ်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ကရုဏာတော်ပင်တည်း။ တစ်ဖန် ကျွန်ုပ်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ် ချိန်းချက်ထားတော်မူသော အချိန်ကာလဆိုက်ရောက်လာသောအခါ ထိုအရှင်မြတ်သည် ဤတံတိုင်းကို ဖြိုဖျက်တော်မူအံ့။ စင်စစ် ကျွန်ုပ်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ချိန်းချက်မှုသည် မှန်ကန်သောချိန်းချက်မှုပင်ဖြစ်သည်ဟု ပြောကြားခဲ့လေသတည်း။
အလ်-ကဟ်ဖ်ကုရ်အာန် ညွှန်းကိန်း
110အာယာသ်
MeccanRevelation
96အာယာသ်

ဘာသာပြန် — အလ်-ကဟ်ဖ် 96

စူရာ အလ်-ကဟ်ဖ် အာယာသ် 96 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : အသင်တို့သည် သံပြား များကိုသာ ကျွန်ုပ်ထံယူဆောင်ခဲ့ကြလေကုန်။ နောက်ဆုံးတွင် တောင်နှစ်လုံးထိပ်ဖျားနှစ်ခုအကြားတွင် (ယင်းသံပြားများကို)တညီတညွတ်တည်း ဖြစ်အောင် ပြုလုပ်ခဲ့သောအခါ ယင်းဇုလ်ကရ်နိုင်န်က…

စူရာ အာယာသ် 96/110 — စူရာ အလ်-ကဟ်ဖ် الكهف (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-ကဟ်ဖ် နားထောင်, စူရာ အလ်-ကဟ်ဖ် ဘာသာပြန်, စူရာ အလ်-ကဟ်ဖ် mp3, စူရာ အလ်-ကဟ်ဖ် pdf. အာယာသ် 94–98. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 1, 2026

Don't forget us in your sincere prayers