မာရ်ယမ် · 48/98
ဘာသာပြန် အသံနိုင်ငံ — စူရာ မာရ်ယမ်
وَأَعْتَزِلُكُمْ وَمَا تَدْعُونَ مِن دُونِ اللَّهِ وَأَدْعُو رَبِّي عَسَىٰ أَلَّا أَكُونَ بِدُعَاءِ رَبِّي شَقِيًّا ۝٤٨
Wa a`tazilukum wa maa tad`oona min doonil laahi wa ad`o Rabbee `asaaa allaaa akoona bidu`aaa`i Rabbee shaqiyyaa
📖 မြန်မာဘာသာ
ထိုမှတစ်ပါး ကျွန်ုပ်သည် အသင်တို့ကိုလည်းကောင်း၊ အလ္လာဟ်အရှင်မြတ်အားစွန့်၍ အသင်တို့ဟစ်ခေါ်(တသကိုးကွယ်) လျက်ရှိကြသော အရာဝတ္ထုတို့ကိုလည်းကောင်း၊(စွန့်ကာ) ဘေးဖယ်၍နေပါတော့မည်။ ၎င်းပြင်ကျွန်ုပ်သည်မိမိအား ဖန်ဆင်းမွေးမြူ တော်မူသော အရှင်မြတ်အားသာလျှင်ဟစ်ခေါ်(တသပန်ကြား)ပါတော့မည်။ (စင်စစ်) ကျွန်ုပ်သည်မိမိအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အား ဟစ်ခေါ်(တသပန်ကြား)၍ လိုဘမပြည့်သူ မဖြစ်နိုင်ပါ။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

၁။ ကမ္မသဒ္ဒါများ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

  • وَأَعْتَزِلُكُمْ — ငါသည် သင်တို့နှင့် ခွဲခွာမည်။ “အီအ်တိဇာလ်” ဟူသည် ရှောင်ကြဉ်ခြင်း၊ ခွဲခွာခြင်း၊ ဝေးကွာခြင်း ဟု အဓိပ္ပာယ်ရသည်။
  • مَا تَدْعُونَ — သင်တို့ ဟစ်ခေါ်ကိုးကွယ်နေကြသော (ရုပ်တုများ)။ “ဒုအာ” ဟူသည် ဟစ်ခေါ်ခြင်း၊ ကိုးကွယ်ခြင်း ဟု အဓိပ္ပာယ်ရသည်။
  • مِن دُونِ اللَّهِ — အလ္လာဟ်အရှင်မြတ်ကို စွန့်၍ (အရှင်မြတ်မှလွဲ၍)။
  • عَسَىٰ — ဖြစ်နိုင်ဖွယ်ရှိသည်၊ မျှော်လင့်အပ်သည်။
  • شَقِيًّا — ကံဆိုးမိုးမှောင်သူ၊ ဆုံးရှုံးနစ်နာသူ၊ မျှော်လင့်ချက် ပျက်ပြားသူ။

၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

(တမန်တော်) အိဗ်ရာဟီမ် (အလိုင်ဟိစ်စလာမ်) က မိမိ၏ လူမျိုးများအား ဤသို့ မိန့်ကြားခဲ့သည် — “ငါသည် သင်တို့နှင့်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်ကို စွန့်၍ သင်တို့ ဟစ်ခေါ်ကိုးကွယ်နေကြသော ရုပ်တုများနှင့်လည်းကောင်း ခွဲခွာမည်။ ငါသည် မိမိ၏ အရှင်သခင်ကိုသာ စိတ်ရင်းမှန်ဖြင့် ဟစ်ခေါ်ကိုးကွယ်မည်။ ငါ့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် ငါ၏ ဟစ်ခေါ်တောင်းဆုခြင်းကို လက်ခံတော်မူမည်ဟု မျှော်လင့်ပါသည်။ ထိုသို့ ဟစ်ခေါ်ကိုးကွယ်ခြင်းကြောင့် ငါသည် ကံဆိုးမိုးမှောင်ရသူ၊ ဆုံးရှုံးနစ်နာရသူ ဖြစ်လိမ့်မည် မဟုတ်ပါ။”

ဆိုလိုသည်မှာ — ရုပ်တုကိုးကွယ်သူများနှင့် သူတို့၏ ရုပ်တုများကို စွန့်လွှာပြီး အလ္လာဟ်အရှင်မြတ်တစ်ပါးတည်းကိုသာ စိတ်ရင်းမှန်ဖြင့် ကိုးကွယ်ဆည်းကပ်မည်။ အရှင်မြတ်သည် မိမိအား ဖြေကြားတော်မူမည်၊ မိမိ၏ ဒုအာကို ပယ်တော်မူမည် မဟုတ်ဟု မျှော်လင့်ကြောင်း ဖော်ပြထားသည်။ ဤသည်မှာ အလ္လာဟ်အရှင်မြတ်အပေါ် ထားရှိသော ခိုင်မာသည့် ယုံကြည်မှုနှင့် မျှော်လင့်ချက်၏ စံပြပုံရိပ် ဖြစ်သည်။

၃။ ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ

  • အလ္လာဟ်အရှင်မြတ်ကို ယုံကြည်ကိုးကွယ်ခြင်းသည် အရှင်မြတ်မှလွဲ၍ အခြားအရာများကို ကိုးကွယ်ခြင်းမှ ကင်းဝေးရမည်ဟု သွန်သင်ပေးသည်။ တစ်ပါးတည်းသော အရှင်မြတ်ကိုသာ စိတ်ရင်းမှန်ဖြင့် ဟစ်ခေါ်ခြင်းသည် ယုံကြည်သူ၏ ဂုဏ်သတင်း ဖြစ်သည်။
  • အလ္လာဟ်အရှင်မြတ်ထံ ဒုအာပြုခြ


📜 အာယာသ် 46-50 — စူရာ မာရ်ယမ်

46قَالَ أَرَاغِبٌ أَنتَ عَنْ آلِهَتِي يَا إِبْرَاهِيمُ ۖ لَئِن لَّمْ تَنتَهِ لَأَرْجُمَنَّكَ ۖ وَاهْجُرْنِي مَلِيًّا
(ထိုအခါ နဗီတမန်တော်အစ်ဗ်ရာဟီမ်၏ဖခင်)ထို(အာဇရ်)က (ဤသို့)ပြောဆို (ကြိမ်းမောင်း)ခဲ့လေသည်။ အိုအစ်ဗ်ရာဟီမ်၊ အသင်သည် ကျွန်ုပ်၏ ကိုးကွယ်ရာတို့ဘက်မှမျက်နှာလွှဲသူ(ကျောခိုင်း)သူ ဖြစ်နေပါသလော။ အကယ်၍သာအသင်သည် (မိမိလက်ရှိအယူဝါဒကိုလည်းကောင်း၊ မိမိအယူဝါဒနှင့်စပ်လျဉ်း၍ ကျွန်ုပ်၏ရှေ့ဝယ် ဟောပြောခြင်းကိုလည်းကောင်း၊) မစွန့်ခဲ့ပါလျှင် မလွဲဧကန် ကျွန်ုပ်သည် အသင့်အားခဲဖြင့် ပစ်ပေါက်သတ်ရလိမ့်မည်။ ၎င်းပြင် အသင်သည် ကျွန်ုပ်အား ကာလရှည်ကြာစွာ စွန့်ခွာသွားလော့ဟုဆိုလေ၏။
47قَالَ سَلَامٌ عَلَيْكَ ۖ سَأَسْتَغْفِرُ لَكَ رَبِّي ۖ إِنَّهُ كَانَ بِي حَفِيًّا
ထိုအခါ ထို(နဗီတမန်တော်)အအစ်ဗ်ရာဟီမ်က(မိမိဖခင်အာဇရ်အား ဤသို့)ပြောဆိုဖြေကြားခဲ့လေသည်။ (အိုဖခင်၊စလာမွန်အလိုက် ငြိမ်းချမ်း သာယာမှုသည် အသင့်အပေါ်၌ရှိပါစေ၊ (ကျွန်တော်လမ်းခွဲပါရစေ)၊ ယခုသော်ကားကျွန်ုပ်သည် အသင်(ဖခင်)အဖို့ မိမိအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်အထံတော်တွင် လွတ်ငြိမ်းချမ်းသာခွင့်ကို ပန်ကြားပါတော့မည်။ မလွဲဧကန် ထိုအရှင်မြတ်သည် ကျွန်ုပ်အပေါ်၌ အလွန်တရာကျေးဇူးပြုတော်မူသောအရှင်မြတ်ပင်ဖြစ်တော်မူပါသည်။
48وَأَعْتَزِلُكُمْ وَمَا تَدْعُونَ مِن دُونِ اللَّهِ وَأَدْعُو رَبِّي عَسَىٰ أَلَّا أَكُونَ بِدُعَاءِ رَبِّي شَقِيًّا
ထိုမှတစ်ပါး ကျွန်ုပ်သည် အသင်တို့ကိုလည်းကောင်း၊ အလ္လာဟ်အရှင်မြတ်အားစွန့်၍ အသင်တို့ဟစ်ခေါ်(တသကိုးကွယ်) လျက်ရှိကြသော အရာဝတ္ထုတို့ကိုလည်းကောင်း၊(စွန့်ကာ) ဘေးဖယ်၍နေပါတော့မည်။ ၎င်းပြင်ကျွန်ုပ်သည်မိမိအား ဖန်ဆင်းမွေးမြူ တော်မူသော အရှင်မြတ်အားသာလျှင်ဟစ်ခေါ်(တသပန်ကြား)ပါတော့မည်။ (စင်စစ်) ကျွန်ုပ်သည်မိမိအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အား ဟစ်ခေါ်(တသပန်ကြား)၍ လိုဘမပြည့်သူ မဖြစ်နိုင်ပါ။
49فَلَمَّا اعْتَزَلَهُمْ وَمَا يَعْبُدُونَ مِن دُونِ اللَّهِ وَهَبْنَا لَهُ إِسْحَاقَ وَيَعْقُوبَ ۖ وَكُلًّا جَعَلْنَا نَبِيًّا
တစ်ဖန် အကြင်အခါဝယ် ယင်းအစ်ဗ်ရာဟီမ်သည် ထိုသူတို့ကိုလည်းကောင်း၊ အလ္လာဟ်အရှင် မြတ်အားစွန့်၍ ထိုသူတို့ကိုးကွယ်လျက်ရှိကြသော အရာဝတ္ထုများကိုလည်းကောင်း၊(စွန့်၍)ဘေးဖယ်ခဲ့သောအခါ ငါအရှင်မြတ်သည်ထိုအစ်ဗ်ရာဟီမ်အား (သားတော်)အစ္စဟာက်ကိုလည်းကောင်း၊ (မြေးတော်) ယအ်ကူဗ်ကိုလည်းကောင်း၊ ချီးမြှင့်ပေးသနားတော်မူခဲ့လေသည်။ ထိုမှတစ်ပါး ငါအရှင်မြတ်သည်(ယင်းအစ္စဟာက်နှင့်ယအ်ကူဗ်တို့အနက်)အသီးသီးကို နဗီ တမန်တော်အဖြစ်သို့ချီးမြှင့်တော်မူခဲ့လေသတည်း။
50وَوَهَبْنَا لَهُم مِّن رَّحْمَتِنَا وَجَعَلْنَا لَهُمْ لِسَانَ صِدْقٍ عَلِيًّا
ထို့ပြင် ငါအရှင်မြတ်သည် ၎င်းတို့အား မိမိ ကရုဏာတော်ကို ချီးမြှင့်ပေးသနားတော်မူခဲ့သည့်ပြင် ငါအရှင်မြတ်သည် ၎င်းတို့၏ မှန်ကန်သောဂုဏ်သတင်းကိုလည်း မြင့်မြတ်(ကျော်ကြားထင်ရှား)စေတော်မူခဲ့ပေသတည်း။
မာရ်ယမ်ကုရ်အာန် ညွှန်းကိန်း
98အာယာသ်
MeccanRevelation
48အာယာသ်

ဘာသာပြန် — မာရ်ယမ် 48

စူရာ မာရ်ယမ် အာယာသ် 48 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထိုမှတစ်ပါး ကျွန်ုပ်သည် အသင်တို့ကိုလည်းကောင်း၊ အလ္လာဟ်အရှင်မြတ်အားစွန့်၍ အသင်တို့ဟစ်ခေါ်(တသကိုးကွယ်) လျက်ရှိကြသော အရာဝတ္ထုတို့ကိုလည်းကောင်း၊(စွန့်ကာ) ဘေးဖယ်၍နေပါတော့မည်။ ၎င်းပြင်ကျွန်ုပ်သည်မိမိအား ဖန်ဆင်းမွေးမြူ…

စူရာ အာယာသ် 48/98 — စူရာ မာရ်ယမ် مريم (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ မာရ်ယမ် နားထောင်, စူရာ မာရ်ယမ် ဘာသာပြန်, စူရာ မာရ်ယမ် mp3, စူရာ မာရ်ယမ် pdf. အာယာသ် 46–50. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 1, 2026

Don't forget us in your sincere prayers