မာရ်ယမ် · 47/98
ဘာသာပြန် အသံနိုင်ငံ — စူရာ မာရ်ယမ်
قَالَ سَلَامٌ عَلَيْكَ ۖ سَأَسْتَغْفِرُ لَكَ رَبِّي ۖ إِنَّهُ كَانَ بِي حَفِيًّا ۝٤٧
Qaala salaamun `alaika sa astaghfiru laka Rabbeee innahoo kaana bee hafiyyaa
📖 မြန်မာဘာသာ
ထိုအခါ ထို(နဗီတမန်တော်)အအစ်ဗ်ရာဟီမ်က(မိမိဖခင်အာဇရ်အား ဤသို့)ပြောဆိုဖြေကြားခဲ့လေသည်။ (အိုဖခင်၊စလာမွန်အလိုက် ငြိမ်းချမ်း သာယာမှုသည် အသင့်အပေါ်၌ရှိပါစေ၊ (ကျွန်တော်လမ်းခွဲပါရစေ)၊ ယခုသော်ကားကျွန်ုပ်သည် အသင်(ဖခင်)အဖို့ မိမိအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်အထံတော်တွင် လွတ်ငြိမ်းချမ်းသာခွင့်ကို ပန်ကြားပါတော့မည်။ မလွဲဧကန် ထိုအရှင်မြတ်သည် ကျွန်ုပ်အပေါ်၌ အလွန်တရာကျေးဇူးပြုတော်မူသောအရှင်မြတ်ပင်ဖြစ်တော်မူပါသည်။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. ကမ္မဋ္ဌာန်းအဓိပ္ပာယ်ရှင်းလင်းချက်
  • سَلَامٌ عَلَيْكَ: သင့်အပေါ် ငြိမ်းချမ်းမှုရှိပါစေ။
  • سَأَسْتَغْفِرُ لَكَ: သင့်အတွက် ခွင့်လွှတ်မှုကို ငါတောင်းခံမည်။
  • حَفِيًّا: အလွန်ကြင်နာသနားတော်မူသော၊ အလွန်ဂရုစိုက်တော်မူသော။
  1. အာယသ်တော်၏အဓိပ္ပာယ်ဖွင့်ဆိုချက်

တမန်တော်အိဗ်ရာဟီမ် (အလိုင်ဟိစ်စလာမ်) သည် သူ၏ဖခင်အား ဤသို့ပြောဆိုခဲ့သည်။ “အဖေ၊ အဖေ့အပေါ် ငြိမ်းချမ်းမှုရှိပါစေ။ အဖေက ငါ့ကို မနှစ်သက်တဲ့အရာတွေ ပြောဆိုခဲ့ပေမယ့် ငါက အဖေ့ကို မည်သည့်ဘေးအန္တရာယ်မှ မဖြစ်စေပါဘူး။ အဖေ့အတွက် အလ္လာဟ်အရှင်မြတ်ထံ ခွင့်လွှတ်မှုနှင့် လမ်းညွှန်မှုကို ငါတောင်းခံပါမယ်။ ဧကန်စင်စစ် ငါ့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် ငါ့အပေါ် အလွန်ကြင်နာသနားတော်မူသော၊ ငါ့ဆုတောင်းသံကို လက်ခံတော်မူသော အရှင်ဖြစ်တော်မူပါသည်။”

  1. ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများ
  • အစ္စလာမ်သာသနာသည် မိဘများအပေါ် ကြင်နာသနားခြင်း၊ ခွင့်လွှတ်ခြင်းနှင့် ကောင်းမွန်သောစကားဖြင့် ဆက်ဆံခြင်းကို အားပေးသော သာသနာဖြစ်သည်။
  • မိမိကို မတရားပြုသူများအတွက်ပင် ခွင့်လွှတ်မှုတောင်းခံခြင်းသည် အစ္စလာမ်၏ မြင့်မြတ်သော စာရိတ္တကို ပြသသည်။
  • အလ္လာဟ်အရှင်မြတ်သည် မိမိအား ဆုတောင်းသူများကို အလွန်ကြင်နာသနားတော်မူပြီး ဆုတောင်းသံကို လက်ခံတော်မူသော အရှင်ဖြစ်ကြောင်း သိရှိစေသည်။
  • ဤအာယသ်တော်သည် မွတ်စ်လင်မ်များအား မိဘများအတွက် ဆုတောင်းပေးခြင်း၊ ခွင့်လွှတ်မှုတောင်းခံခြင်း၏ အရေးပါမှုကို သွန်သင်ပေးသည်။
  • အစ္စလာမ်သာသနာသည် ကြင်နာမှု၊ ခွင့်လွှတ်မှုနှင့် ငြိမ်းချမ်းမှုကို အခြေခံသော သာသနာဖြစ်ကြောင်း ဤအာယသ်တော်က ထင်ရှားစွာ ဖော်ပြသည်။


📜 အာယာသ် 45-49 — စူရာ မာရ်ယမ်

45يَا أَبَتِ إِنِّي أَخَافُ أَن يَمَسَّكَ عَذَابٌ مِّنَ الرَّحْمَٰنِ فَتَكُونَ لِلشَّيْطَانِ وَلِيًّا
အို-ကျွန်ုပ်၏ဖခင်၊ ဧကန်ဆတ်ဆတ် ကျွန်ုပ်မူကား အသင်(ဖခင်)၌ ရဟ်မာန်အနန္တကရုဏာ တော်ရှင်၏အထံတော်မှ ပြစ်ဒဏ်သက်ရောက်မည်ကို စိုးရိမ်မိပါသည်။ထိုသို့ဖြစ်ခဲ့ပါလျှင် အသင်(ဖခင်) သည် ရှိုင်တွာန်မိစ္ဆာကောင်၏အဆွေခင်ပွန်း ဖြစ်သွားပါလိမ့်မည်။
46قَالَ أَرَاغِبٌ أَنتَ عَنْ آلِهَتِي يَا إِبْرَاهِيمُ ۖ لَئِن لَّمْ تَنتَهِ لَأَرْجُمَنَّكَ ۖ وَاهْجُرْنِي مَلِيًّا
(ထိုအခါ နဗီတမန်တော်အစ်ဗ်ရာဟီမ်၏ဖခင်)ထို(အာဇရ်)က (ဤသို့)ပြောဆို (ကြိမ်းမောင်း)ခဲ့လေသည်။ အိုအစ်ဗ်ရာဟီမ်၊ အသင်သည် ကျွန်ုပ်၏ ကိုးကွယ်ရာတို့ဘက်မှမျက်နှာလွှဲသူ(ကျောခိုင်း)သူ ဖြစ်နေပါသလော။ အကယ်၍သာအသင်သည် (မိမိလက်ရှိအယူဝါဒကိုလည်းကောင်း၊ မိမိအယူဝါဒနှင့်စပ်လျဉ်း၍ ကျွန်ုပ်၏ရှေ့ဝယ် ဟောပြောခြင်းကိုလည်းကောင်း၊) မစွန့်ခဲ့ပါလျှင် မလွဲဧကန် ကျွန်ုပ်သည် အသင့်အားခဲဖြင့် ပစ်ပေါက်သတ်ရလိမ့်မည်။ ၎င်းပြင် အသင်သည် ကျွန်ုပ်အား ကာလရှည်ကြာစွာ စွန့်ခွာသွားလော့ဟုဆိုလေ၏။
47قَالَ سَلَامٌ عَلَيْكَ ۖ سَأَسْتَغْفِرُ لَكَ رَبِّي ۖ إِنَّهُ كَانَ بِي حَفِيًّا
ထိုအခါ ထို(နဗီတမန်တော်)အအစ်ဗ်ရာဟီမ်က(မိမိဖခင်အာဇရ်အား ဤသို့)ပြောဆိုဖြေကြားခဲ့လေသည်။ (အိုဖခင်၊စလာမွန်အလိုက် ငြိမ်းချမ်း သာယာမှုသည် အသင့်အပေါ်၌ရှိပါစေ၊ (ကျွန်တော်လမ်းခွဲပါရစေ)၊ ယခုသော်ကားကျွန်ုပ်သည် အသင်(ဖခင်)အဖို့ မိမိအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်အထံတော်တွင် လွတ်ငြိမ်းချမ်းသာခွင့်ကို ပန်ကြားပါတော့မည်။ မလွဲဧကန် ထိုအရှင်မြတ်သည် ကျွန်ုပ်အပေါ်၌ အလွန်တရာကျေးဇူးပြုတော်မူသောအရှင်မြတ်ပင်ဖြစ်တော်မူပါသည်။
48وَأَعْتَزِلُكُمْ وَمَا تَدْعُونَ مِن دُونِ اللَّهِ وَأَدْعُو رَبِّي عَسَىٰ أَلَّا أَكُونَ بِدُعَاءِ رَبِّي شَقِيًّا
ထိုမှတစ်ပါး ကျွန်ုပ်သည် အသင်တို့ကိုလည်းကောင်း၊ အလ္လာဟ်အရှင်မြတ်အားစွန့်၍ အသင်တို့ဟစ်ခေါ်(တသကိုးကွယ်) လျက်ရှိကြသော အရာဝတ္ထုတို့ကိုလည်းကောင်း၊(စွန့်ကာ) ဘေးဖယ်၍နေပါတော့မည်။ ၎င်းပြင်ကျွန်ုပ်သည်မိမိအား ဖန်ဆင်းမွေးမြူ တော်မူသော အရှင်မြတ်အားသာလျှင်ဟစ်ခေါ်(တသပန်ကြား)ပါတော့မည်။ (စင်စစ်) ကျွန်ုပ်သည်မိမိအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အား ဟစ်ခေါ်(တသပန်ကြား)၍ လိုဘမပြည့်သူ မဖြစ်နိုင်ပါ။
49فَلَمَّا اعْتَزَلَهُمْ وَمَا يَعْبُدُونَ مِن دُونِ اللَّهِ وَهَبْنَا لَهُ إِسْحَاقَ وَيَعْقُوبَ ۖ وَكُلًّا جَعَلْنَا نَبِيًّا
တစ်ဖန် အကြင်အခါဝယ် ယင်းအစ်ဗ်ရာဟီမ်သည် ထိုသူတို့ကိုလည်းကောင်း၊ အလ္လာဟ်အရှင် မြတ်အားစွန့်၍ ထိုသူတို့ကိုးကွယ်လျက်ရှိကြသော အရာဝတ္ထုများကိုလည်းကောင်း၊(စွန့်၍)ဘေးဖယ်ခဲ့သောအခါ ငါအရှင်မြတ်သည်ထိုအစ်ဗ်ရာဟီမ်အား (သားတော်)အစ္စဟာက်ကိုလည်းကောင်း၊ (မြေးတော်) ယအ်ကူဗ်ကိုလည်းကောင်း၊ ချီးမြှင့်ပေးသနားတော်မူခဲ့လေသည်။ ထိုမှတစ်ပါး ငါအရှင်မြတ်သည်(ယင်းအစ္စဟာက်နှင့်ယအ်ကူဗ်တို့အနက်)အသီးသီးကို နဗီ တမန်တော်အဖြစ်သို့ချီးမြှင့်တော်မူခဲ့လေသတည်း။
မာရ်ယမ်ကုရ်အာန် ညွှန်းကိန်း
98အာယာသ်
MeccanRevelation
47အာယာသ်

ဘာသာပြန် — မာရ်ယမ် 47

စူရာ မာရ်ယမ် အာယာသ် 47 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထိုအခါ ထို(နဗီတမန်တော်)အအစ်ဗ်ရာဟီမ်က(မိမိဖခင်အာဇရ်အား ဤသို့)ပြောဆိုဖြေကြားခဲ့လေသည်။ (အိုဖခင်၊စလာမွန်အလိုက် ငြိမ်းချမ်း သာယာမှုသည် အသင့်အပေါ်၌ရှိပါစေ၊ (ကျွန်တော်လမ်းခွဲပါရစေ)၊ ယခုသော်ကားကျွန်ုပ်သည် အသင်(ဖခင်)အဖို့…

စူရာ အာယာသ် 47/98 — စူရာ မာရ်ယမ် مريم (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ မာရ်ယမ် နားထောင်, စူရာ မာရ်ယမ် ဘာသာပြန်, စူရာ မာရ်ယမ် mp3, စူရာ မာရ်ယမ် pdf. အာယာသ် 45–49. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 1, 2026

Don't forget us in your sincere prayers