قُولُوا آمَنَّا بِاللَّهِ وَمَا أُنزِلَ إِلَيْنَا وَمَا أُنزِلَ إِلَىٰ إِبْرَاهِيمَ وَإِسْمَاعِيلَ وَإِسْحَاقَ وَيَعْقُوبَ وَالْأَسْبَاطِ وَمَا أُوتِيَ مُوسَىٰ وَعِيسَىٰ وَمَا أُوتِيَ النَّبِيُّونَ مِن رَّبِّهِمْ لَا نُفَرِّقُ بَيْنَ أَحَدٍ مِّنْهُمْ وَنَحْنُ لَهُ مُسْلِمُونَ ١٣٦
🔤 Transliteration
Qoolooo aamannaa billaahi wa maaa unzila ilainaa wa maaa unzila ilaaa Ibraaheema wa Ismaa`eela wa Ishaaqa wa Ya`qooba wal Asbaati wa maaootiya Moosa wa `Eesaa wa maaa ootiyan Nabiyyoona mir Rabbihim laa nufaariq baina ahadim minhum wa nahnu lahoo muslimoon
📖 ဘာသာပြန် (မြန်မာဘာသာ)
📖 မြန်မာဘာသာ
(အို-မုစ်လင်မ်အပေါင်းတို့) အသင်တို့သည် ဤသို့ပြောဆိုကြကုန်လော့၊ ကျွန်ုပ်တို့သည် အလ္လာဟ် အရှင်မြတ်ကို လည်းကောင်း၊ အကျွန်ုပ်တို့ထံ ပို့ချသော ဓမ္မဒေသနာ (ကုရ်အာန်ကျမ်းမြတ်) ကို လည်းကောင်း၊ နဗီတမန်တော် အစ်ဗ်ရာဟီမ်(အ)၊ နဗီတမန်တော် အစ္စမာအီလ်(အ)၊ နဗီတမန်တော် အစ္စဟာက်(အ)၊ နဗီတမန်တော် ယအ်ကူဗ်(အ)နှင့် နဗီတမန်တော် ယအ်ကူဗ်(အ)၏ အမျိုးအနွယ် သားမြေးတို့ထံ ထုတ်ပြန်ပို့ချသော တရားဒေသနာတော်များကို လည်းကောင်း၊ ယုံကြည်ကြပါသည်။ ထို့ပြင် နဗီတမန်တော် မူစာ(အ)နှင ့်နဗီတမန်တော် အီစာ(အ)တို့အား ပေးသနားတော်မူခြင်းခံရသော တရားဓမ္မများကိုလည်း ယုံကြည်ကြပါပြီ။ ထို့ပြင်အကျွန်ုပ်တို့သည် နဗီတမန်တော်အပေါင်းတို့ထံသို့ ထိုနဗီတမန်တော်များကို မွေးမြူတော်မူသော အရှင်၏ အထံတော်မ ှပေးသနားတော်မူခြင်း ခံရကုန်သော ဒေသနာတော် များကိုလည်း ယုံကြည်ကြပါပြီ။ (ထိုသို့ယုံကြည်ရာ၌ အကျွန်ုပ်တို့သည် ထိုနဗီ တမန်တော် အပေါင်းတို့အနက်မှ နဗီတမန်တော် တစ်ပါးကို အခြားနဗီတမန်တော်တစ်ပါးနှင့် လုံးဝခွဲခြားခြင်းလည်း မပြုကြပါ၊ အမှန်သော်ကား ကျွန်ုပ်တို့သည် ထိုအလ္လာဟ် အရှင်မြတ်၏ ဒေသနာတော်ကိုသာလျှင် လိုက်နာသူများပင် ဖြစ်ကြပါသည်။)
🌐 Additional reference in ภาษาไทย
၁။ ကမ္ဘာ့အရှင်မြတ်သည် မိမိထံမှ ပေးအပ်ချီးမြှင့်ထားသော ဗျာဒိတ်တော်များအားလုံးကို ယုံကြည်ကြောင်း ဖော်ပြရာတွင် အသုံးပြုသော ဝေါဟာရများ။
أَسْبَاط (အဆ်ဗာသ်) — ယအ်ကူဗ် (အလိုင်ဟိစ်စလာမ်) ၏ သားများ၊ မြေးများမှ ဆင်းသက်လာသော မျိုးနွယ်စု (၁၂) စုကို ဆိုလိုသည်။ တစ်ဦးချင်းကို سِبْط (ဆိဗ်သ်) ဟု ခေါ်သည်။ مَا أُوتِيَ (မာ အూఞိယ) — ပေးအပ်ချီးမြှင့်ခြင်းခံရသော အရာများ၊ ဆိုလိုသည်မှာ ကျမ်းတော်များနှင့် ဗျာဒိတ်တော်များ။ لَا نُفَرِّقُ بَيْنَ أَحَدٍ مِّنْهُمْ (လာ နုဖရ်ရိကူ ဗိုင်န အဟဒင်မ်ဟုမ်) — သူတို့အနက် တစ်ဦးတစ်ယောက်ကိုမျှ ခွဲခြားဆက်ဆံခြင်းမပြုပါ။ ဆိုလိုသည်မှာ တမန်တော်တစ်ပါးကို ယုံ၍ အခြားတစ်ပါးကို ငြင်းပယ်ခြင်းမပြုပါ။ مُسْلِمُونَ (မုစ်လိမ်မူန်) — အရှင်မြတ်အား နာခံအပ်နှံသူများ၊ စိတ်နှလုံးကို အရှင်မြတ်ထံ အပ်နှံထားသူများ။ ၂။ ဤအာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်။
အို မုအ်မင်န်တို့။ သင်တို့သည် ယဟူဒီများနှင့် နတ်စ်ရာနီများထံသို့ ဤသို့ ပြောဆိုကြပါ။ ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်အား ယုံကြည်ပါသည်။ အရှင်မြတ်သည် တစ်ဆူတည်းသော ကိုးကွယ်ထိုက်သူဖြစ်တော်မူသည်။ ထို့အပြင် ကျွန်ုပ်တို့ထံသို့ ချပေးအပ်တော်မူသော ကုရ်အာန်ကျမ်းတော်မြတ်ကိုလည်း ယုံကြည်ပါသည်။ ထို့နောက် တမန်တော် အိဗ်ရာဟီမ်၊ အိစ်မာအီလ်၊ အိစ်ဟာက်၊ ယအ်ကူဗ် (အလိုင်ဟိမုစ်စလာမ်) နှင့် သူတို့၏ သားမြေးမျိုးဆက် တမန်တော်များထံသို့ ချပေးအပ်တော်မူသော ဗျာဒိတ်တော်များကိုလည်း ယုံကြည်ပါသည်။ ထို့အပြင် တမန်တော် မူစာ (အလိုင်ဟိစ်စလာမ်) အား ပေးအပ်ချီးမြှင့်တော်မူသော တောင်ရာသ်ကျမ်းတော်ကိုလည်းကောင်း၊ တမန်တော် အီစာ (အလိုင်ဟိစ်စလာမ်) အား ပေးအပ်ချီးမြှင့်တော်မူသော အင်ဂျီလ်ကျမ်းတော်ကိုလည်းကောင်း ယုံကြည်ပါသည်။ ထို့အပြင် တမန်တော်အားလုံးတို့အား သူတို့၏ အရှင်မြတ်ထံတော်မှ ပေးအပ်ချီးမြှင့်တော်မူသော ကျမ်းတော်များနှင့် ဗျာဒိတ်တော်များအားလုံးကိုလည်း ယုံကြည်ပါသည်။ ကျွန်ုပ်တို့သည် ထိုတမန်တော်များအနက် တစ်ပါးတစ်ဦးကိုမျှ ခွဲခြားဆက်ဆံခြင်းမပြုပါ။ တစ်ပါးကို ယုံ၍ အခြားတစ်ပါးကို ငြင်းပယ်ခြင်းမပြုပါ။
قُولُوٓاْ ءَامَنَّا بِٱللَّهِ وَمَآ أُنزِلَ إِلَيۡنَا وَمَآ أُنزِلَ إِلَىٰٓ إِبۡرَٰهِـۧمَ وَإِسۡمَٰعِيلَ وَإِسۡحَٰقَ وَيَعۡقُوبَ وَٱلۡأَسۡبَاطِ وَمَآ أُوتِيَ مُوسَىٰ وَعِيسَىٰ وَمَآ أُوتِيَ ٱلنَّبِيُّونَ مِن رَّبِّهِمۡ لَا نُفَرِّقُ بَيۡنَ أَحَدٍ مِّنۡهُمۡ وَنَحۡنُ لَهُۥ مُسۡلِمُونَ ١٣٦
(အို-မုစ်လင်မ်အပေါင်းတို့) အသင်တို့သည် ဤသို့ပြောဆိုကြကုန်လော့၊ ကျွန်ုပ်တို့သည် အလ္လာဟ် အရှင်မြတ်ကို လည်းကောင်း၊ အကျွန်ုပ်တို့ထံ ပို့ချသော ဓမ္မဒေသနာ (ကုရ်အာန်ကျမ်းမြတ်) ကို လည်းကောင်း၊ နဗီတမန်တော် အစ်ဗ်ရာဟီမ်(အ)၊ နဗီတမန်တော် အစ္စမာအီလ်(အ)၊ နဗီတမန်တော် အစ္စဟာက်(အ)၊ နဗီတမန်တော် ယအ်ကူဗ်(အ)နှင့် နဗီတမန်တော် ယအ်ကူဗ်(အ)၏ အမျိုးအနွယ် သားမြေးတို့ထံ ထုတ်ပြန်ပို့ချသော တရားဒေသနာတော်များကို လည်းကောင်း၊ ယုံကြည်ကြပါသည်။ ထို့ပြင် နဗီတမန်တော် မူစာ(အ)နှင ့်နဗီတမန်တော် အီစာ(အ)တို့အား ပေးသနားတော်မူခြင်းခံရသော တရားဓမ္မများကိုလည်း ယုံကြည်ကြပါပြီ။ ထို့ပြင်အကျွန်ုပ်တို့သည် နဗီတမန်တော်အပေါင်းတို့ထံသို့ ထိုနဗီတမန်တော်များကို မွေးမြူတော်မူသော အရှင်၏ အထံတော်မ ှပေးသနားတော်မူခြင်း ခံရကုန်သော ဒေသနာတော် များကိုလည်း ယုံကြည်ကြပါပြီ။ (ထိုသို့ယုံကြည်ရာ၌ အကျွန်ုပ်တို့သည် ထိုနဗီ တမန်တော် အပေါင်းတို့အနက်မှ နဗီတမန်တော် တစ်ပါးကို အခြားနဗီတမန်တော်တစ်ပါးနှင့် လုံးဝခွဲခြားခြင်းလည်း မပြုကြပါ၊ အမှန်သော်ကား ကျွန်ုပ်တို့သည် ထိုအလ္လာဟ် အရှင်မြတ်၏ ဒေသနာတော်ကိုသာလျှင် လိုက်နာသူများပင် ဖြစ်ကြပါသည်။)
🖼️ Save Image
🎬 Save Video
📜 အာယာသ် 134-138 — စူရာ အလ်-ဗကရ
134 تِلْكَ أُمَّةٌ قَدْ خَلَتْ ۖ لَهَا مَا كَسَبَتْ وَلَكُم مَّا كَسَبْتُمْ ۖ وَلَا تُسْأَلُونَ عَمَّا كَانُوا يَعْمَلُونَ
(မည်သို့ပင်ဖြစ်စေ) ယင်းသူတို့သည် (အတိတ်ကာလ၌) လွန်လေပြီးသော သာသနာဝင် လူစုဖြစ်ကြ၍ ယင်းသူတို့ ပြုကျင့် ဆည်းပူးခဲ့သမျှသော သုစရိုက်မှု ကုသိုလ်ကံ၊ ဒုစရိုက်မှု အကုသိုလ်ကံတို့သည် ယင်းသူတို့ အဖို့သာတည်း။ထိုနည်းတူစွာ အသင်တို့ ပြုကျင့်ဆည်းပူးခဲ့သမျှသော (ကောင်းမှု မကောင်းမှု) တို့၏ ကျိုးသည်လည်း အသင်တို့အဖို့သာတည်း။ ထိုမှတပါးတုံ အသင်တို့သည် ယင်းသူတို့ ပြုကျင့်ခဲ့လေသော ကိစ္စများနှင့် စပ်လျဉ်း၍ စောကြော မေးမြန်းခြင်းကို ခံကြရမည် မဟုတ်ပေ။
135 وَقَالُوا كُونُوا هُودًا أَوْ نَصَارَىٰ تَهْتَدُوا ۗ قُلْ بَلْ مِلَّةَ إِبْرَاهِيمَ حَنِيفًا ۖ وَمَا كَانَ مِنَ الْمُشْرِكِينَ
ထို့ပြင်တဝ ယဟူဒီနှင့် ခရစ်ယာန်ဘာသာဝင်တို့က မုစ်လင်မ်တို့အား ပြောဆိုကြသည်မှာ အသင်တို့သည်ယဟူဒီ ဘာသာဝင်များသော် လည်းကောင်း၊ ခရစ်ယာန် ဘာသာဝင်များ သော်လည်းကောင်း၊ ဖြစ်ကြကုန်လော့။ သို့မှသာလျှင် အသင်တို့သည် မှန်ကန်သော တရားလမ်းကို ရရှိကြလတ္တံ့ဟု ပြောဆိုကြသည်။ အို-နဗီတမန်တော် အသင်သည် သူတို့သူတို့အား ဤသို့ ပြန်လည် ဖြေကြားပါလေ။ (ဟယ်-အချင်းတို့) အသင်တို့ ပြောစကားမှားစွ၊ ငါတို့သည် နဗီတမန်တော် ဣဗ်လရာဟီမ်(အ)၏ သာသနာကို ယုံကြည် မြတ်နိုးသူများသာ ဖြစ်ကြ ကုန်၏။ ထိုနဗီ တမန်တော်သည် ဖြောင့်မတ်သော ပုဂ္ဂိုလ်မြတ်ဖြစ်၏၊ ထိုနဗီတမန်တော်သည် အလ္လာဟ် နှင့် တွဲဘက် ကိုးကွယ်သူများတွင် အပါအဝင်လည်း မဟုတ်ချေ။
136 قُولُوا آمَنَّا بِاللَّهِ وَمَا أُنزِلَ إِلَيْنَا وَمَا أُنزِلَ إِلَىٰ إِبْرَاهِيمَ وَإِسْمَاعِيلَ وَإِسْحَاقَ وَيَعْقُوبَ وَالْأَسْبَاطِ وَمَا أُوتِيَ مُوسَىٰ وَعِيسَىٰ وَمَا أُوتِيَ النَّبِيُّونَ مِن رَّبِّهِمْ لَا نُفَرِّقُ بَيْنَ أَحَدٍ مِّنْهُمْ وَنَحْنُ لَهُ مُسْلِمُونَ
(အို-မုစ်လင်မ်အပေါင်းတို့) အသင်တို့သည် ဤသို့ပြောဆိုကြကုန်လော့၊ ကျွန်ုပ်တို့သည် အလ္လာဟ် အရှင်မြတ်ကို လည်းကောင်း၊ အကျွန်ုပ်တို့ထံ ပို့ချသော ဓမ္မဒေသနာ (ကုရ်အာန်ကျမ်းမြတ်) ကို လည်းကောင်း၊ နဗီတမန်တော် အစ်ဗ်ရာဟီမ်(အ)၊ နဗီတမန်တော် အစ္စမာအီလ်(အ)၊ နဗီတမန်တော် အစ္စဟာက်(အ)၊ နဗီတမန်တော် ယအ်ကူဗ်(အ)နှင့် နဗီတမန်တော် ယအ်ကူဗ်(အ)၏ အမျိုးအနွယ် သားမြေးတို့ထံ ထုတ်ပြန်ပို့ချသော တရားဒေသနာတော်များကို လည်းကောင်း၊ ယုံကြည်ကြပါသည်။ ထို့ပြင် နဗီတမန်တော် မူစာ(အ)နှင ့်နဗီတမန်တော် အီစာ(အ)တို့အား ပေးသနားတော်မူခြင်းခံရသော တရားဓမ္မများကိုလည်း ယုံကြည်ကြပါပြီ။ ထို့ပြင်အကျွန်ုပ်တို့သည် နဗီတမန်တော်အပေါင်းတို့ထံသို့ ထိုနဗီတမန်တော်များကို မွေးမြူတော်မူသော အရှင်၏ အထံတော်မ ှပေးသနားတော်မူခြင်း ခံရကုန်သော ဒေသနာတော် များကိုလည်း ယုံကြည်ကြပါပြီ။ (ထိုသို့ယုံကြည်ရာ၌ အကျွန်ုပ်တို့သည် ထိုနဗီ တမန်တော် အပေါင်းတို့အနက်မှ နဗီတမန်တော် တစ်ပါးကို အခြားနဗီတမန်တော်တစ်ပါးနှင့် လုံးဝခွဲခြားခြင်းလည်း မပြုကြပါ၊ အမှန်သော်ကား ကျွန်ုပ်တို့သည် ထိုအလ္လာဟ် အရှင်မြတ်၏ ဒေသနာတော်ကိုသာလျှင် လိုက်နာသူများပင် ဖြစ်ကြပါသည်။)
137 فَإِنْ آمَنُوا بِمِثْلِ مَا آمَنتُم بِهِ فَقَدِ اهْتَدَوا ۖ وَّإِن تَوَلَّوْا فَإِنَّمَا هُمْ فِي شِقَاقٍ ۖ فَسَيَكْفِيكَهُمُ اللَّهُ ۚ وَهُوَ السَّمِيعُ الْعَلِيمُ
ထို့ကြောင့် အကယ်စင်စစ် (ယဟူဒီနှင့် ခရစ်ယာန် ဘာသာဝင်တို့သည်) အသင်တို့ယုံကြည်ကြသကဲ့သို့ ယုံကြည်ကြပါမူ ဧကန်အမှန် ယင်းသူတို့သည်လည်း တရားလမ်းမှန်ကို ရရှိကြကုန်အံ့။ သို့ရာတွင် အကယ်၍သာ လွှဲဖယ် ရှောင်ရှား ကျောခိုင်းသွားကြပါမူ ယင်းသူတို့သည် ငြင်းခုံကွဲပြား ဆန့်ကျင်ဘက်ပြုကြသူများသာ ဖြစ်ကြလတ္တံ့။ သို့ဖြစ်လေရာ အကယ်၍ ယင်းသူတို့နှင့် ယှဉ်ပြိုင်ဖို့ရာ အကြောင်းကိစ္စ ပေါ်ပေါက်လာပါက အသင်သည် မစိုးရိမ်လင့်။ အသင်၏အဖို့ အလ္လာဟ် အရှင်မြတ်သည် အလုံးစုံတို့ကို အကြွင်းမရှိ ကြားတော်မူထသော အရှင်၊ အရာပ်သိမ်းကို အကြွင်းမရှိ သိစွမ်းတော်မူသော အရှင်ပေတည်း။
138 صِبْغَةَ اللَّهِ ۖ وَمَنْ أَحْسَنُ مِنَ اللَّهِ صِبْغَةً ۖ وَنَحْنُ لَهُ عَابِدُونَ
(အို-မုစ်လင်မ် အပေါင်းတို့၊ အသင်တို့သည် ယဟူဒီနှင့် ခရစ်ယာန် ဘာသာဝင်တို့ကို ဟယ်-အချင်းတို့ အကျွန်ုပ်တို့ကို) အလ္လာဟ် အရှင်မြတ်သည် (အစ္စလာမ်သာသနာတော်၏) ဆေးရောင်ဖြင့် ချယ်ထားတော် မူလေပြီ။ ထိုအလ္လာဟ်အရှင်မြတ်ထက်ပင် သာ၍ ကောင်းမွန်စွာ ဆေးရောင်ချယ်နိုင်သူ မည်သူရှိပါသေးသနည်း။ ထို့ကြောင့် အကျွန်ုပ်တို့သည် ထိုအလ္လာဟ် အသျှင်မြတ်ကို သာလျှင် ခဝပ်ကိုးကွယ်ကြသူများ ဖြစ်ကြသည် (ဟု ပြောဆိုကြ ကုန်လော့)။
ဘာသာပြန် — အလ်-ဗကရ 136 စူရာ အလ်-ဗကရ အာယာသ် 136 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : (အို-မုစ်လင်မ်အပေါင်းတို့) အသင်တို့သည် ဤသို့ပြောဆိုကြကုန်လော့၊ ကျွန်ုပ်တို့သည် အလ္လာဟ် အရှင်မြတ်ကို လည်းကောင်း၊ အကျွန်ုပ်တို့ထံ ပို့ချသော ဓမ္မဒေသနာ…
စူရာ အာယာသ် 136/286 — စူရာ အလ်-ဗကရ البقرة (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-ဗကရ နားထောင်, စူရာ အလ်-ဗကရ ဘာသာပြန်, စူရာ အလ်-ဗကရ mp3, စူရာ အလ်-ဗကရ pdf. အာယာသ် 134–138. မြန်မာဘာသာ: ภาษาไทย.