အလ်-ဗကရ · 137/286
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-ဗကရ
فَإِنْ آمَنُوا بِمِثْلِ مَا آمَنتُم بِهِ فَقَدِ اهْتَدَوا ۖ وَّإِن تَوَلَّوْا فَإِنَّمَا هُمْ فِي شِقَاقٍ ۖ فَسَيَكْفِيكَهُمُ اللَّهُ ۚ وَهُوَ السَّمِيعُ الْعَلِيمُ ۝١٣٧
Fa in aamanoo bimisli maaa aamantum bihee faqadih tadaw wa in tawallaw fa innamaa hum fee shiqaaq; fasayakfeekahumul laah; wa Huwas Samee`ul Aleem
📖 မြန်မာဘာသာ
ထို့ကြောင့် အကယ်စင်စစ် (ယဟူဒီနှင့် ခရစ်ယာန် ဘာသာဝင်တို့သည်) အသင်တို့ယုံကြည်ကြသကဲ့သို့ ယုံကြည်ကြပါမူ ဧကန်အမှန် ယင်းသူတို့သည်လည်း တရားလမ်းမှန်ကို ရရှိကြကုန်အံ့။ သို့ရာတွင် အကယ်၍သာ လွှဲဖယ် ရှောင်ရှား ကျောခိုင်းသွားကြပါမူ ယင်းသူတို့သည် ငြင်းခုံကွဲပြား ဆန့်ကျင်ဘက်ပြုကြသူများသာ ဖြစ်ကြလတ္တံ့။ သို့ဖြစ်လေရာ အကယ်၍ ယင်းသူတို့နှင့် ယှဉ်ပြိုင်ဖို့ရာ အကြောင်းကိစ္စ ပေါ်ပေါက်လာပါက အသင်သည် မစိုးရိမ်လင့်။ အသင်၏အဖို့ အလ္လာဟ် အရှင်မြတ်သည် အလုံးစုံတို့ကို အကြွင်းမရှိ ကြားတော်မူထသော အရှင်၊ အရာပ်သိမ်းကို အကြွင်းမရှိ သိစွမ်းတော်မူသော အရှင်ပေတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 135-139 — စူရာ အလ်-ဗကရ

135وَقَالُوا كُونُوا هُودًا أَوْ نَصَارَىٰ تَهْتَدُوا ۗ قُلْ بَلْ مِلَّةَ إِبْرَاهِيمَ حَنِيفًا ۖ وَمَا كَانَ مِنَ الْمُشْرِكِينَ
ထို့ပြင်တဝ ယဟူဒီနှင့် ခရစ်ယာန်ဘာသာဝင်တို့က မုစ်လင်မ်တို့အား ပြောဆိုကြသည်မှာ အသင်တို့သည်ယဟူဒီ ဘာသာဝင်များသော် လည်းကောင်း၊ ခရစ်ယာန် ဘာသာဝင်များ သော်လည်းကောင်း၊ ဖြစ်ကြကုန်လော့။ သို့မှသာလျှင် အသင်တို့သည် မှန်ကန်သော တရားလမ်းကို ရရှိကြလတ္တံ့ဟု ပြောဆိုကြသည်။ အို-နဗီတမန်တော် အသင်သည် သူတို့သူတို့အား ဤသို့ ပြန်လည် ဖြေကြားပါလေ။ (ဟယ်-အချင်းတို့) အသင်တို့ ပြောစကားမှားစွ၊ ငါတို့သည် နဗီတမန်တော် ဣဗ်လရာဟီမ်(အ)၏ သာသနာကို ယုံကြည် မြတ်နိုးသူများသာ ဖြစ်ကြ ကုန်၏။ ထိုနဗီ တမန်တော်သည် ဖြောင့်မတ်သော ပုဂ္ဂိုလ်မြတ်ဖြစ်၏၊ ထိုနဗီတမန်တော်သည် အလ္လာဟ် နှင့် တွဲဘက် ကိုးကွယ်သူများတွင် အပါအဝင်လည်း မဟုတ်ချေ။
136قُولُوا آمَنَّا بِاللَّهِ وَمَا أُنزِلَ إِلَيْنَا وَمَا أُنزِلَ إِلَىٰ إِبْرَاهِيمَ وَإِسْمَاعِيلَ وَإِسْحَاقَ وَيَعْقُوبَ وَالْأَسْبَاطِ وَمَا أُوتِيَ مُوسَىٰ وَعِيسَىٰ وَمَا أُوتِيَ النَّبِيُّونَ مِن رَّبِّهِمْ لَا نُفَرِّقُ بَيْنَ أَحَدٍ مِّنْهُمْ وَنَحْنُ لَهُ مُسْلِمُونَ
(အို-မုစ်လင်မ်အပေါင်းတို့) အသင်တို့သည် ဤသို့ပြောဆိုကြကုန်လော့၊ ကျွန်ုပ်တို့သည် အလ္လာဟ် အရှင်မြတ်ကို လည်းကောင်း၊ အကျွန်ုပ်တို့ထံ ပို့ချသော ဓမ္မဒေသနာ (ကုရ်အာန်ကျမ်းမြတ်) ကို လည်းကောင်း၊ နဗီတမန်တော် အစ်ဗ်ရာဟီမ်(အ)၊ နဗီတမန်တော် အစ္စမာအီလ်(အ)၊ နဗီတမန်တော် အစ္စဟာက်(အ)၊ နဗီတမန်တော် ယအ်ကူဗ်(အ)နှင့် နဗီတမန်တော် ယအ်ကူဗ်(အ)၏ အမျိုးအနွယ် သားမြေးတို့ထံ ထုတ်ပြန်ပို့ချသော တရားဒေသနာတော်များကို လည်းကောင်း၊ ယုံကြည်ကြပါသည်။ ထို့ပြင် နဗီတမန်တော် မူစာ(အ)နှင ့်နဗီတမန်တော် အီစာ(အ)တို့အား ပေးသနားတော်မူခြင်းခံရသော တရားဓမ္မများကိုလည်း ယုံကြည်ကြပါပြီ။ ထို့ပြင်အကျွန်ုပ်တို့သည် နဗီတမန်တော်အပေါင်းတို့ထံသို့ ထိုနဗီတမန်တော်များကို မွေးမြူတော်မူသော အရှင်၏ အထံတော်မ ှပေးသနားတော်မူခြင်း ခံရကုန်သော ဒေသနာတော် များကိုလည်း ယုံကြည်ကြပါပြီ။ (ထိုသို့ယုံကြည်ရာ၌ အကျွန်ုပ်တို့သည် ထိုနဗီ တမန်တော် အပေါင်းတို့အနက်မှ နဗီတမန်တော် တစ်ပါးကို အခြားနဗီတမန်တော်တစ်ပါးနှင့် လုံးဝခွဲခြားခြင်းလည်း မပြုကြပါ၊ အမှန်သော်ကား ကျွန်ုပ်တို့သည် ထိုအလ္လာဟ် အရှင်မြတ်၏ ဒေသနာတော်ကိုသာလျှင် လိုက်နာသူများပင် ဖြစ်ကြပါသည်။)
137فَإِنْ آمَنُوا بِمِثْلِ مَا آمَنتُم بِهِ فَقَدِ اهْتَدَوا ۖ وَّإِن تَوَلَّوْا فَإِنَّمَا هُمْ فِي شِقَاقٍ ۖ فَسَيَكْفِيكَهُمُ اللَّهُ ۚ وَهُوَ السَّمِيعُ الْعَلِيمُ
ထို့ကြောင့် အကယ်စင်စစ် (ယဟူဒီနှင့် ခရစ်ယာန် ဘာသာဝင်တို့သည်) အသင်တို့ယုံကြည်ကြသကဲ့သို့ ယုံကြည်ကြပါမူ ဧကန်အမှန် ယင်းသူတို့သည်လည်း တရားလမ်းမှန်ကို ရရှိကြကုန်အံ့။ သို့ရာတွင် အကယ်၍သာ လွှဲဖယ် ရှောင်ရှား ကျောခိုင်းသွားကြပါမူ ယင်းသူတို့သည် ငြင်းခုံကွဲပြား ဆန့်ကျင်ဘက်ပြုကြသူများသာ ဖြစ်ကြလတ္တံ့။ သို့ဖြစ်လေရာ အကယ်၍ ယင်းသူတို့နှင့် ယှဉ်ပြိုင်ဖို့ရာ အကြောင်းကိစ္စ ပေါ်ပေါက်လာပါက အသင်သည် မစိုးရိမ်လင့်။ အသင်၏အဖို့ အလ္လာဟ် အရှင်မြတ်သည် အလုံးစုံတို့ကို အကြွင်းမရှိ ကြားတော်မူထသော အရှင်၊ အရာပ်သိမ်းကို အကြွင်းမရှိ သိစွမ်းတော်မူသော အရှင်ပေတည်း။
138صِبْغَةَ اللَّهِ ۖ وَمَنْ أَحْسَنُ مِنَ اللَّهِ صِبْغَةً ۖ وَنَحْنُ لَهُ عَابِدُونَ
(အို-မုစ်လင်မ် အပေါင်းတို့၊ အသင်တို့သည် ယဟူဒီနှင့် ခရစ်ယာန် ဘာသာဝင်တို့ကို ဟယ်-အချင်းတို့ အကျွန်ုပ်တို့ကို) အလ္လာဟ် အရှင်မြတ်သည် (အစ္စလာမ်သာသနာတော်၏) ဆေးရောင်ဖြင့် ချယ်ထားတော် မူလေပြီ။ ထိုအလ္လာဟ်အရှင်မြတ်ထက်ပင် သာ၍ ကောင်းမွန်စွာ ဆေးရောင်ချယ်နိုင်သူ မည်သူရှိပါသေးသနည်း။ ထို့ကြောင့် အကျွန်ုပ်တို့သည် ထိုအလ္လာဟ် အသျှင်မြတ်ကို သာလျှင် ခဝပ်ကိုးကွယ်ကြသူများ ဖြစ်ကြသည် (ဟု ပြောဆိုကြ ကုန်လော့)။
139قُلْ أَتُحَاجُّونَنَا فِي اللَّهِ وَهُوَ رَبُّنَا وَرَبُّكُمْ وَلَنَا أَعْمَالُنَا وَلَكُمْ أَعْمَالُكُمْ وَنَحْنُ لَهُ مُخْلِصُونَ
အို-နဗီတမန်တော် မုဟမ္မဒ်(ဆွ)၊ အသင်သည် ယင်းယဟူဒီနှင့် ခရစ်ယာန်ဘာသာဝင်တို့ကို] ဟယ်-အချင်းတို့ အသင်တို့သည် အလ္လာဟ် အရှင်မြတ်နှင့် ပတ်သက်၍ ငါတို့နှင့် အခြေအတင် ပြောဆိုငြင်းခုံ ကြလေသလော၊ စင်စစ်တမူကား ထိုအရှင်မြတ်သည်သာလျှင် ငါတို့ကိုလည်းကောင်း၊ အသင်တို့ကိုလည်းကောင်း၊ မွေးမြူတော်မူသော အသျှင်တည်း။ ထို့ပြင်တဝ ငါတို့၏ ကိုယ်ကျင့်သီလများသည် ငါတို့အဖို့အရာသာ ဖြစ်သည်၊ ထိုနည်းတူစွာ အသင်တို့၏ ကိုယ်ကျင့်သီလ များသည်လည်း အသင်တို့အဘို့ အရာသာဖြစ်သည်။ ငါတို့သည် ထိုအရှင်မြတ်ကိုသာလျှင် စိတ်စေတနာ ဖြူစင်စွာဖြင့် ကိုးကွယ်ဆည်းကပ်သူများ ဖြစ်ကြလေသည် ဟု ပြောကြားပါလေ။
အလ်-ဗကရကုရ်အာန် ညွှန်းကိန်း
286အာယာသ်
MedinanRevelation
137အာယာသ်

ဘာသာပြန် — အလ်-ဗကရ 137

စူရာ အလ်-ဗကရ အာယာသ် 137 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထို့ကြောင့် အကယ်စင်စစ် (ယဟူဒီနှင့် ခရစ်ယာန် ဘာသာဝင်တို့သည်) အသင်တို့ယုံကြည်ကြသကဲ့သို့ ယုံကြည်ကြပါမူ ဧကန်အမှန် ယင်းသူတို့သည်လည်း တရားလမ်းမှန်ကို…

စူရာ အာယာသ် 137/286 — စူရာ အလ်-ဗကရ البقرة (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-ဗကရ နားထောင်, စူရာ အလ်-ဗကရ ဘာသာပြန်, စူရာ အလ်-ဗကရ mp3, စူရာ အလ်-ဗကရ pdf. အာယာသ် 135–139. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Tuesday, September 29, 2026

Don't forget us in your sincere prayers