အလ်-မုအ်မီနွန် · 21/118
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-မုအ်မီနွန်
وَإِنَّ لَكُمْ فِي الْأَنْعَامِ لَعِبْرَةً ۖ نُّسْقِيكُم مِّمَّا فِي بُطُونِهَا وَلَكُمْ فِيهَا مَنَافِعُ كَثِيرَةٌ وَمِنْهَا تَأْكُلُونَ ۝٢١
Wa inna lakum fil an`aami la`ibrah; nusqeekum mimmaa fee butoonihaa wa lakum feehaa manaafi`u kaseeratunw wa minhaa taakuloon
📖 မြန်မာဘာသာ
ထိုမှတစ်ပါး ဧကန်စင်စစ် အသင်တို့အဖို့ ခြေလေးချောင်းတိရစ္ဆာန်(များဖြစ်သော ကုလားအုတ်၊ နွား၊ သိုး၊ ဆိတ် တို့)တွင် ဆင်ခြင်သုံးသပ်ရန် အချက်သည် အမှန်ပင်ရှိပေသည်။ ငါအရှင်မြတ်သည် အသင်တို့အား ၎င်းတို့၏ဝမ်းတွင်း၌ရှိသော (နို့ရည်)ကို တိုက်ကျွေး တော်မူပေသည်။ ထို့ပြင် အသင်တို့အဖို့ ၎င်းတို့တွင် များစွာသော အကျိုးကျေးဇူးများသည်လည်း ရှိလေသည်။ ထို့ပြင်တစ်ဝ အသင်တို့သည် ၎င်းတို့ အနက်မှ စားသုံးကြလေသည်။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ၏ အဓိပ္ပာယ်များ:
  • الْأَنْعَامِ (အလ်အန်အာမ်): ကုလားအုတ်၊ နွား၊ သိုး၊ ဆိတ် စသည့် တိရစ္ဆာန်များကို ဆိုလိုသည်။
  • لَعِبْرَةً (လအိဗ်ရသန်): သင်ခန်းစာ၊ ဆင်ခြင်ရန် အထောက်အထား၊ အလ္လာဟ်အရှင်မြတ်၏ တန်ခိုးတော်ကို ထင်ရှားစေသော သက်သေလက္ခဏာ။
  • نُّسْقِيكُم (နုစ်ကီးကုမ်): ငါအရှင်မြတ်သည် သင်တို့အား တိုက်ကျွေးတော်မူသည်။
  • بُطُونِهَا (ဗုသွန်နိဟာ): ၎င်းတို့၏ ဝမ်းဗိုက်များ။
  • مَنَافِعُ (မာနာဖိအု): အကျိုးအမြတ်များ၊ အသုံးဝင်မှုများ။
  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်:

အို လူသားတို့၊ သင်တို့အတွက် ကုလားအုတ်၊ နွား၊ သိုး၊ ဆိတ် စသည့် တိရစ္ဆာန်များတွင် အလ္လာဟ်အရှင်မြတ်၏ တန်ခိုးတော်နှင့် ကရုဏာတော်ကို သိမြင်နိုင်သော ကြီးမားသည့် သင်ခန်းစာတစ်ခု ရှိပေသည်။ ထို တိရစ္ဆာန်များ၏ ဝမ်းဗိုက်အတွင်းမှ ထွက်ရှိသော နို့ရည်ကို အရှင်မြတ်သည် သင်တို့အား တိုက်ကျွေးတော်မူ၏။ ထို့အပြင် ထို တိရစ္ဆာန်များတွင် သင်တို့အတွက် အကျိုးအမြတ်များစွာ ရှိပေသေးသည်။ ဥပမာ- ၎င်းတို့၏ သားမွေး၊ သားရေ၊ လည်ပင်းမွှေးများကို အသုံးပြုနိုင်ခြင်း၊ စီးနင်းသွားလာနိုင်ခြင်း စသည်တို့ဖြစ်သည်။ ထို့အပြင် သင်တို့သည် ၎င်းတို့၏ အသားများကိုလည်း စားသုံးကြပေသည်။ ဤအရာအားလုံးသည် အလ္လာဟ်အရှင်မြတ်က လူသားတို့အပေါ် ထားရှိတော်မူသော ကရုဏာတော်၏ လက္ခဏာများပင် ဖြစ်ပေသည်။

  1. ဤအာယသ်တော်မှ ရရှိနိုင်သော အကျိုးကျေးဇူးများနှင့် အစ္စလာမ်ဘာသာနှင့် ကုရ်အာန်ကျမ်းတော်မြတ်အပေါ် ချစ်မြတ်နိုးမှု တိုးပွားစေသော သင်ခန်းစာများ:
  • အလ္လာဟ်အရှင်မြတ်သည် လူသားတို့အတွက် နို့ရည်ကဲ့သို့သော အာဟာရဓာတ်ကို တိရစ္ဆာန်များ၏ ဝမ်းဗိုက်အတွင်းမှ ထုတ်ပေးတော်မူခြင်းသည် အရှင်မြတ်၏ စွမ်းအားတော်နှင့် ကရုဏာတော်ကို ထင်ရှားစေသည်။ ဤအရာကို ဆင်ခြင်သုံးသပ်ခြင်းဖြင့် အီမာန် (ယုံကြည်ခြင်း) ခိုင်မာလာနိုင်သည်။
  • အလ္လာဟ်အရှင်မြတ်သည် လူသားတို့အား တိရစ္ဆာန်များမှ အကျိုးအမြတ်များစွာ ပေးအပ်ထားတော်မူသည်။ ဤအရာများကို သတိပြုမိခြင်းဖြင့် အရှင်မြတ်အပေါ် ကျေးဇူးသိတတ်သော စိတ်ထား ပေါ်ပေါက်လာနိုင်သည်။
  • အစ္စလာမ်ဘာသာသည် လူသားတို့၏ န


📜 အာယာသ် 19-23 — စူရာ အလ်-မုအ်မီနွန်

19فَأَنشَأْنَا لَكُم بِهِ جَنَّاتٍ مِّن نَّخِيلٍ وَأَعْنَابٍ لَّكُمْ فِيهَا فَوَاكِهُ كَثِيرَةٌ وَمِنْهَا تَأْكُلُونَ
ထို့နောက် ငါအရှင်မြတ်သည် ထို(မိုး)ရေဖြင့် အသင်တို့အဖို့ စွန်ပလွံခြံများကို လည်းကောင်း၊ စပျစ်ခြံများကို လည်းကောင်း၊ ပေါက်ရောက်စေတော် မူခဲ့၏။ အသင်တို့အဖို့ ယင်းခြံများတွင် မြောက်မြားစွာသော သစ်သီးဝလံများသည်ရှိ ၏။ ထို့ပြင် အသင်တို့သည် ယင်းခြံများမှ စားသုံးကြကုန်၏။
20وَشَجَرَةً تَخْرُجُ مِن طُورِ سَيْنَاءَ تَنبُتُ بِالدُّهْنِ وَصِبْغٍ لِّلْآكِلِينَ
ထိုမှတစ်ပါး(ငါအရှင်မြတ်သည်) သံလွင်ပင်ခေါ် သစ်ပင်တစ်မျိုးကိုလည်း(ပေါက်ရောက်စေတော်မူခဲ့၏)။ ထိုသစ်ပင်သည် သိနတောင်ပေါ်၌ ပေါက်ရောက်လေ့ရှိသည်၊ ထို သစ်ပင်သည် ဆီကိုလည်းကောင်း၊ စားသုံးသူတို့အဖို့ ဟင်းလျာ ကိုလည်းကောင်း ထွက်စေသည်။
21وَإِنَّ لَكُمْ فِي الْأَنْعَامِ لَعِبْرَةً ۖ نُّسْقِيكُم مِّمَّا فِي بُطُونِهَا وَلَكُمْ فِيهَا مَنَافِعُ كَثِيرَةٌ وَمِنْهَا تَأْكُلُونَ
ထိုမှတစ်ပါး ဧကန်စင်စစ် အသင်တို့အဖို့ ခြေလေးချောင်းတိရစ္ဆာန်(များဖြစ်သော ကုလားအုတ်၊ နွား၊ သိုး၊ ဆိတ် တို့)တွင် ဆင်ခြင်သုံးသပ်ရန် အချက်သည် အမှန်ပင်ရှိပေသည်။ ငါအရှင်မြတ်သည် အသင်တို့အား ၎င်းတို့၏ဝမ်းတွင်း၌ရှိသော (နို့ရည်)ကို တိုက်ကျွေး တော်မူပေသည်။ ထို့ပြင် အသင်တို့အဖို့ ၎င်းတို့တွင် များစွာသော အကျိုးကျေးဇူးများသည်လည်း ရှိလေသည်။ ထို့ပြင်တစ်ဝ အသင်တို့သည် ၎င်းတို့ အနက်မှ စားသုံးကြလေသည်။
22وَعَلَيْهَا وَعَلَى الْفُلْكِ تُحْمَلُونَ
ထိုမှတစ်ပါး အသင်တို့သည် ယင်းတိရစ္ဆာန်များပေါ်၌လည်းကောင်း၊ သင်္ဘောများပေါ်၌လည်းကောင်း၊ စီးနင်း (သွားလာ တင်ဆောင်)ကြကုန်သတည်း။
23وَلَقَدْ أَرْسَلْنَا نُوحًا إِلَىٰ قَوْمِهِ فَقَالَ يَا قَوْمِ اعْبُدُوا اللَّهَ مَا لَكُم مِّنْ إِلَٰهٍ غَيْرُهُ ۖ أَفَلَا تَتَّقُونَ
၎င်းပြင် အမှန်စင်စစ် ငါအရှင်မြတ်သည် (နဗီ တမန်တော်)နူဟ်အား ၎င်း၏အမျိုးသားတို့ထံ စေလွှတ်တော်မူခဲ့၏။ ထိုအခါ ထိုနူဟ်က အို-ငါ၏ အမျိုးသားတို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား သာလျှင် ခဝပ်ကိုးကွယ်ကြလေကုန်။ ထိုအရှင်မြတ်မှတပါး အသင်တို့၌ ကိုးကွယ်ရာ အရှင်ဟူ၍ အလျှင်းမရှိပြီ။ သို့ပါလျက် အသင်တို့သည် (အခြားအရာများကို) ထိုအရှင်မြတ်နှင့် တွဲဖက်နှိုင်းယှဉ် ကိုးကွယ်ခြင်းမှ မကြောက် ရွံ့ကြလေသလော။
အလ်-မုအ်မီနွန်ကုရ်အာန် ညွှန်းကိန်း
118အာယာသ်
MeccanRevelation
21အာယာသ်

ဘာသာပြန် — အလ်-မုအ်မီနွန် 21

စူရာ အလ်-မုအ်မီနွန် အာယာသ် 21 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထိုမှတစ်ပါး ဧကန်စင်စစ် အသင်တို့အဖို့ ခြေလေးချောင်းတိရစ္ဆာန်(များဖြစ်သော ကုလားအုတ်၊ နွား၊ သိုး၊ ဆိတ် တို့)တွင် ဆင်ခြင်သုံးသပ်ရန်…

စူရာ အာယာသ် 21/118 — စူရာ အလ်-မုအ်မီနွန် المؤمنون (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-မုအ်မီနွန် နားထောင်, စူရာ အလ်-မုအ်မီနွန် ဘာသာပြန်, စူရာ အလ်-မုအ်မီနွန် mp3, စူရာ အလ်-မုအ်မီနွန် pdf. အာယာသ် 19–23. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Saturday, October 3, 2026

Don't forget us in your sincere prayers