အလ်-မုအ်မီနွန် · 89/118
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-မုအ်မီနွန်
سَيَقُولُونَ لِلَّهِ ۚ قُلْ فَأَنَّىٰ تُسْحَرُونَ ۝٨٩
Sa yaqooloona lillaah; qul fa annaa tus haroon
📖 မြန်မာဘာသာ
(ဤမည်သောဂုဏ်တော်များလည်း) အလ္လာဟ်အရှင်မြတ်၌သာ ရှိကြောင်း အမှန်ပင် ၎င်းတို့က ဖြေကြားကြပေလိမ့်မည်။ (ထိုအခါ ၎င်းတို့အား) အသင်က "သို့ဖြစ်လျှင် အသင်တို့သည် အဘယ်ကြောင့် တွေဝေနေကြပါသနည်း" ဟု ပြောကြားပါလေ။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 87-91 — စူရာ အလ်-မုအ်မီနွန်

87سَيَقُولُونَ لِلَّهِ ۚ قُلْ أَفَلَا تَتَّقُونَ
(ဤသည်တို့လည်း) အလ္လာဟ်အရှင်မြတ် စိုးပိုင်တော်မူသော အရာများသာဖြစ်သည်ဟု ၎င်းတို့က အမှန်ပင် ဖြေကြားကြပေလိမ့်မည်။ (ထိုအခါ ၎င်းတို့အား အချင်းတို့၊) သို့ပါလျက် အသင်တို့သည် (အလ္လာဟ်အရှင်မြတ်အား) မကြောက်ရွံ့ ကြလေသလောဟု ပြောကြားပါလေ။
88قُلْ مَن بِيَدِهِ مَلَكُوتُ كُلِّ شَيْءٍ وَهُوَ يُجِيرُ وَلَا يُجَارُ عَلَيْهِ إِن كُنتُمْ تَعْلَمُونَ
(အို-နဗီတမန်တော်) အသင်သည် ၎င်းတို့အား ဤသို့ ပြောဆိုမေးမြန်းပါလေ။ (အချင်းတို့)အကယ်၍ အသင်တို့သည် သိရှိကြလျှင် (ငါ့အားပြောပြကြလေကုန်)။ ထိုအရှင်သည် မည်သူနည်း။ အရာခပ်သိမ်းတို့ကို စိုးပိုင်ခွင့်သည် ထိုအရှင်မြတ်၏လက်တော်တွင်း၌ရှိ၏။ ၎င်းပြင် ထိုအရှင်မြတ်သည် ကာကွယ်စောင့်ရှောက်တော်မူ၏။ သို့ရာတွင် ထိုအရှင်နှင့်ဆန့်ကျင်၍မူကား မည်သူတစ်ဦးတစ်ယောက်မျှပင် ကာကွယ် စောင့်ရှောက်နိုင်ခြင်း မရှိချေ။
89سَيَقُولُونَ لِلَّهِ ۚ قُلْ فَأَنَّىٰ تُسْحَرُونَ
(ဤမည်သောဂုဏ်တော်များလည်း) အလ္လာဟ်အရှင်မြတ်၌သာ ရှိကြောင်း အမှန်ပင် ၎င်းတို့က ဖြေကြားကြပေလိမ့်မည်။ (ထိုအခါ ၎င်းတို့အား) အသင်က "သို့ဖြစ်လျှင် အသင်တို့သည် အဘယ်ကြောင့် တွေဝေနေကြပါသနည်း" ဟု ပြောကြားပါလေ။
90بَلْ أَتَيْنَاهُم بِالْحَقِّ وَإِنَّهُمْ لَكَاذِبُونَ
ထိုသို့ အလျှင်းမဟုတ်။ စင်စစ်မှာကား ငါအရှင်မြတ်သည် ၎င်းတို့ထံ အမှန်တရားကို ထုတ်ပြန်ပို့ဆောင်တော်မူခဲ့၏။ ထို့ပြင် ၎င်းတို့သည် (ထို) အမှန်တရားကို ငြင်းပယ်ရာတွင် မုသားပြောဆိုသူများပင် ဖြစ်ကြကုန်သတည်း။
91مَا اتَّخَذَ اللَّهُ مِن وَلَدٍ وَمَا كَانَ مَعَهُ مِنْ إِلَٰهٍ ۚ إِذًا لَّذَهَبَ كُلُّ إِلَٰهٍ بِمَا خَلَقَ وَلَعَلَا بَعْضُهُمْ عَلَىٰ بَعْضٍ ۚ سُبْحَانَ اللَّهِ عَمَّا يَصِفُونَ
အလ္လာဟ်အရှင်မြတ်သည် သားတော်ဟူ၍ တစ်ဦးတစ်ယောက်မျှပင် ရွေးချယ်ပြုလုပ်ထားတော်မူသည် မဟုတ်ပေ။ ထိုနည်းတူစွာ ထိုအရှင်နှင့်အတူ ကိုးကွယ်ရာဟူ၍လည်း (အခြား) တစ်ဦးတစ်ယောက်မျှပင် အလျှင်းမရှိချေ။ သို့ရှိခဲ့ပါမူ ကိုးကွယ်ရာတိုင်းသည် မိမိဖန်ဆင်းထားသာ အရာခပ်သိမ်းတို့ကို အမှန်ပင် ခေါ်ဆောင်၍ ထွက်ခွာသွားခဲ့မည်သာမက၊ ထိုကိုးကွယ်ရာတို့အနက် တစ်ဦးသည် တစ်ဦး၏အပေါ်၌ မုချလွှမ်းမိုးခဲ့မည်သာ။ အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့ ကြံဖန်စွပ်စွဲ ပြောဆိုကြကုန်သော အကြောင်းကိစ္စတို့မှ လုံးဝစင်ကြယ်သန့်ရှင်းတော်မူ၏။
အလ်-မုအ်မီနွန်ကုရ်အာန် ညွှန်းကိန်း
118အာယာသ်
MeccanRevelation
89အာယာသ်

ဘာသာပြန် — အလ်-မုအ်မီနွန် 89

စူရာ အလ်-မုအ်မီနွန် အာယာသ် 89 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : (ဤမည်သောဂုဏ်တော်များလည်း) အလ္လာဟ်အရှင်မြတ်၌သာ ရှိကြောင်း အမှန်ပင် ၎င်းတို့က ဖြေကြားကြပေလိမ့်မည်။ (ထိုအခါ ၎င်းတို့အား) အသင်က "သို့ဖြစ်လျှင်…

စူရာ အာယာသ် 89/118 — စူရာ အလ်-မုအ်မီနွန် المؤمنون (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-မုအ်မီနွန် နားထောင်, စူရာ အလ်-မုအ်မီနွန် ဘာသာပြန်, စူရာ အလ်-မုအ်မီနွန် mp3, စူရာ အလ်-မုအ်မီနွန် pdf. အာယာသ် 87–91. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Wednesday, September 30, 2026

Don't forget us in your sincere prayers