အန်-နူရ် · 64/64
ဘာသာပြန် အသံနိုင်ငံ — စူရာ အန်-နူရ်
أَلَا إِنَّ لِلَّهِ مَا فِي السَّمَاوَاتِ وَالْأَرْضِ ۖ قَدْ يَعْلَمُ مَا أَنتُمْ عَلَيْهِ وَيَوْمَ يُرْجَعُونَ إِلَيْهِ فَيُنَبِّئُهُم بِمَا عَمِلُوا ۗ وَاللَّهُ بِكُلِّ شَيْءٍ عَلِيمٌ ۝٦٤
Alaaa inna lillaahi maa fis samaawaati wal ardi qad ya`lamu maaa antum `alaihi wa Yawma yurja`oona ilaihi fa yunaabi `uhum bimaa `amiloo; wallaahu bikulli shai`in `Aleem
📖 မြန်မာဘာသာ
သတိပြုကြလေကုန်။ ဧကန်မလွဲ မိုးကောင်းကင်များ၌ ရှိသမျှတို့သည်လည်းကောင်း၊ ပထဝီမြေ၌ ရှိသမျှတို့သည် လည်းကောင်း အလ္လာဟ်အရှင်မြတ်သာလျှင် ပိုင်ဆိုင်တော်မူသောအရာများ ဖြစ်ကုန်၏။ ဧကန်အမှန် ထိုအရှင်မြတ်သည် အသင်တို့၏ လက်ရှိ အခြေအနေကိုလည်း သိတော်မူ၏။၎င်းတို့ ထိုအရှင်မြတ်အထံတော်သို့ ပြန်လည် ရောက်ရှိကြရမည့် နေ့ကိုလည်းသိတော်မူ၏။ (ထိုနေ့တွင်) ထိုအရှင်မြတ်သည် ၎င်းတို့အား ၎င်းတို့ကျင့်မူခဲ့သမျှတို့ကို ထုတ်ဖော်၍ ပြသတော်မူပေမည်။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့သိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ၏ အဓိပ္ပာယ်များ:
  • أَلَا (အလာ): သတိပြုပါ၊ နားစွင့်ပါ ဟု အဓိပ္ပာယ်ရသော အသိပေးစကားလုံး ဖြစ်သည်။
  • يَعْلَمُ (ယအ်လမု): သိတော်မူသည်၊ အသိဉာဏ်တော်ဖြင့် ဝန်းရံထားသည် ဟု အဓိပ္ပာယ်ရသည်။
  • يُرْجَعُونَ (ယုရ်ဂျအွန်န): သူတို့သည် ပြန်လည်ရောက်ရှိကြရမည်၊ ပြန်လည်ပို့ဆောင်ခြင်းခံရမည် ဟု အဓိပ္ပာယ်ရသည်။
  • فَيُنَبِّئُهُم (ဖယွန်ဗbeeအုဟုမ်): ထိုအခါ သူတို့အား အသိပေးတော်မူမည်၊ သတင်းပေးတော်မူမည် ဟု အဓိပ္ပာယ်ရသည်။
  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်:

သတိပြုပါ။ မိုးကောင်းကင်များနှင့် မြေပြင်တွင် ရှိရှိသမျှသော အရာအားလုံးသည် အလ္လာဟ်အရှင်မြတ်သာ ပိုင်ဆိုင်တော်မူသည်။ ဖန်ဆင်းခြင်း၊ ပိုင်ဆိုင်ခြင်း၊ စီမံခန့်ခွဲခြင်း အားလုံးသည် အလ္လာဟ်အရှင်မြတ်နှင့်သာ သက်ဆိုင်သည်။ အလ္လာဟ်အရှင်မြတ်သည် သင်တို့ လူသားများ ရှိနေကြသော အခြေအနေများ၊ ပြုလုပ်နေကြသော လုပ်ရပ်များကို အကြွင်းမဲ့ သိတော်မူသည်။ မည်သည့်အရာမျှ အရှင်မြတ်၏ အသိဉာဏ်တော်မှ ကွယ်ဝှက်နေနိုင်မည် မဟုတ်ပေ။ ထို့နောက် ကိယာမသ်နေ့တွင် လူသားအားလုံးသည် သေဆုံးပြီးနောက် ရှင်ပြန်ထမြောက်စေခြင်းဖြင့် အရှင်မြတ်ထံတော်သို့ ပြန်လည်ရောက်ရှိကြရမည်။ ထိုအခါ အရှင်မြတ်သည် သူတို့ လောကီဘဝတွင် ပြုလုပ်ခဲ့ကြသော လုပ်ရပ်အားလုံးကို အသိပေးတော်မူမည်။ ကောင်းမှုဖြစ်စေ၊ မကောင်းမှုဖြစ်စေ အားလုံးကို အစီရင်ခံတော်မူမည်။ အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့ သိတော်မူသော အရှင်ဖြစ်တော်မူသည်။ မိုးကောင်းကင်များတွင်ဖြစ်စေ၊ မြေပြင်တွင်ဖြစ်စေ မည်သည့်အရာမျှ အရှင်မြတ်၏ အသိဉာဏ်တော်မှ လွတ်မြောက်နိုင်မည် မဟုတ်ပေ။

  1. ဤအာယသ်တော်မှ ရရှိနိုင်သော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ:
  • အလ္လာဟ်အရှင်မြတ်သည် စကြဝဠာအားလုံးကို ပိုင်ဆိုင်တော်မူသော အရှင်ဖြစ်ကြောင်း သိရှိခြင်းသည် လူသားတို့အား မာန်မာနကြီးခြင်းမှ ကင်းဝေးစေပြီး နှိမ့်ချမှုကို ဖြစ်ပေါ်စေသည်။
  • အရှင်မြတ်သည် ကျွန်ုပ်တို့၏ လျှို့ဝှက်လုပ်ရပ်များကိုပါ သိတော်မူကြောင်း သတိပြုခြင်းသည် ကောင်းမှုပြုရန် အားပေးမှုဖြစ်ပြီး မကောင်းမှုမှ ရှောင်ကြဉ်ရန် တွန်းအားဖြစ်စေသည်။
  • ကိယာမသ်နေ့တွင် လုပ်ရပ်အ


📜 အာယာသ် 62-64 — စူရာ အန်-နူရ်

62إِنَّمَا الْمُؤْمِنُونَ الَّذِينَ آمَنُوا بِاللَّهِ وَرَسُولِهِ وَإِذَا كَانُوا مَعَهُ عَلَىٰ أَمْرٍ جَامِعٍ لَّمْ يَذْهَبُوا حَتَّىٰ يَسْتَأْذِنُوهُ ۚ إِنَّ الَّذِينَ يَسْتَأْذِنُونَكَ أُولَٰئِكَ الَّذِينَ يُؤْمِنُونَ بِاللَّهِ وَرَسُولِهِ ۚ فَإِذَا اسْتَأْذَنُوكَ لِبَعْضِ شَأْنِهِمْ فَأْذَن لِّمَن شِئْتَ مِنْهُمْ وَاسْتَغْفِرْ لَهُمُ اللَّهَ ۚ إِنَّ اللَّهَ غَفُورٌ رَّحِيمٌ
အကြင်သ��တို့သည်သာလျှင် ‘မုအ်မင်န်’ သက်ဝင် ယုံကြည်သူများ ဖြစ်ကြကုန်၏။ ထိုသူတို့သည် အလ္လာဟ်အရှင် မြတ်အားလည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော်မြတ်အားလည်းကောင်း၊ သက်ဝင်ယုံကြည်ခဲ့ကြသည့်အပြင် တစ်စုံတစ်ရာ စုပေါင်းဆောင်ရွက်အပ်သော ကိစ္စနှင့်စပ်လျဉ်း ၍ ထိုရစူလ်တမန်တော်မြတ်နှင့်အတူ ရှိကြသောအခါ၊ ထိုရစူလ် တမန်တော်မြတ်ထံတွင် ခွင့်ပန်ကြားခြင်း မပြုသမျှ ကာလပတ်လုံး ထွက်မသွားကြပေ။ ဧကန်မလွဲ အသင့်ထံ ခွင့်ပန်ကြားကြကုန်သော သူတို့သာလျှင် အလ္လာဟ်အရှင်မြတ် အားလည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော်မြတ် အားလည်း ကောင်း၊ သက်ဝင်ယုံကြည်ကြကုန်၏။ သို့ဖြစ်ပေရာ ၎င်းတို့သည် အသင့်ထံ မိမိတို့၏ ကိစ္စတစ်စုံတစ်ရာအတွက် ခွင့်ပန်ခဲ့ကြလျှင် အသင်သည် ၎င်းတို့အနက် မိမိအလိုရှိသောသူအား ခွင့်ပြုပါလေ။ ထို့ပြင် အသင်သည် ၎င်းတို့အဖို့ အလ္လာဟ်အရှင်မြတ်အထံတော်၌ အပြစ်မှချမ်းသာခွင့်ရရှိရန် ပန်ကြားပါလေ။ စင်စစ်ဧကန် အလ္လာဟ်အရှင်မြတ်သည် အလွန်တရာ လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူသော၊ အလွန်တရာ သနားကြင်နာ ညှာတာတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
63لَّا تَجْعَلُوا دُعَاءَ الرَّسُولِ بَيْنَكُمْ كَدُعَاءِ بَعْضِكُم بَعْضًا ۚ قَدْ يَعْلَمُ اللَّهُ الَّذِينَ يَتَسَلَّلُونَ مِنكُمْ لِوَاذًا ۚ فَلْيَحْذَرِ الَّذِينَ يُخَالِفُونَ عَنْ أَمْرِهِ أَن تُصِيبَهُمْ فِتْنَةٌ أَوْ يُصِيبَهُمْ عَذَابٌ أَلِيمٌ
အသင်တို့သည် ရစူလ်တမန်တော်မြတ်၏ ဖိတ်ခေါ်ခြင်းကို မိမိတို့အကြားဝယ် မိမိတို့အချင်းချင်း တစ်ဦးတစ်ယောက်ကို တစ်ဦးတစ်ယောက်က ဖိတ်ခေါ်သကဲ့သို့ မယူဆကြကုန်လင့်။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အသင်တို့အနက် အကွယ်အကာယူ၍ တိတ်တဆိတ်ခိုးထွက် သွားကြသောသူတို့အား ကောင်းစွာသိရှိတော်မူ၏။ သို့ဖြစ်ပေရာ ထို ရစူလ်တမန်တော်မြတ်၏ အမိန့်တော်ကို ရှောင်သွေကုန်ကြသော သူတို့သည် မိမိတို့၌ ဒုက္ခတစ်စုံတစ်ရာ သက်ရောက်မည်ကိုသော်လည်းကောင်း၊ သို့မဟုတ် မိမိတို့၌ ပြင်းပြနာကျင်ဖွယ်ဖြစ်သော ပြစ်ဒဏ်တစ်စုံတစ်ရာ သက်ရောက်မည်ကိုသော် လည်းကောင်း၊ စိုးရိမ်ကြရာကုန်သတည်း။
64أَلَا إِنَّ لِلَّهِ مَا فِي السَّمَاوَاتِ وَالْأَرْضِ ۖ قَدْ يَعْلَمُ مَا أَنتُمْ عَلَيْهِ وَيَوْمَ يُرْجَعُونَ إِلَيْهِ فَيُنَبِّئُهُم بِمَا عَمِلُوا ۗ وَاللَّهُ بِكُلِّ شَيْءٍ عَلِيمٌ
သတိပြုကြလေကုန်။ ဧကန်မလွဲ မိုးကောင်းကင်များ၌ ရှိသမျှတို့သည်လည်းကောင်း၊ ပထဝီမြေ၌ ရှိသမျှတို့သည် လည်းကောင်း အလ္လာဟ်အရှင်မြတ်သာလျှင် ပိုင်ဆိုင်တော်မူသောအရာများ ဖြစ်ကုန်၏။ ဧကန်အမှန် ထိုအရှင်မြတ်သည် အသင်တို့၏ လက်ရှိ အခြေအနေကိုလည်း သိတော်မူ၏။၎င်းတို့ ထိုအရှင်မြတ်အထံတော်သို့ ပြန်လည် ရောက်ရှိကြရမည့် နေ့ကိုလည်းသိတော်မူ၏။ (ထိုနေ့တွင်) ထိုအရှင်မြတ်သည် ၎င်းတို့အား ၎င်းတို့ကျင့်မူခဲ့သမျှတို့ကို ထုတ်ဖော်၍ ပြသတော်မူပေမည်။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့သိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
အန်-နူရ်ကုရ်အာန် ညွှန်းကိန်း
64အာယာသ်
MedinanRevelation
64အာယာသ်

ဘာသာပြန် — အန်-နူရ် 64

စူရာ အန်-နူရ် အာယာသ် 64 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : သတိပြုကြလေကုန်။ ဧကန်မလွဲ မိုးကောင်းကင်များ၌ ရှိသမျှတို့သည်လည်းကောင်း၊ ပထဝီမြေ၌ ရှိသမျှတို့သည် လည်းကောင်း အလ္လာဟ်အရှင်မြတ်သာလျှင် ပိုင်ဆိုင်တော်မူသောအရာများ ဖြစ်ကုန်၏။…

စူရာ အာယာသ် 64/64 — စူရာ အန်-နူရ် النور (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အန်-နူရ် နားထောင်, စူရာ အန်-နူရ် ဘာသာပြန်, စူရာ အန်-နူရ် mp3, စူရာ အန်-နူရ် pdf. အာယာသ် 62–64. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Saturday, October 31, 2026

Don't forget us in your sincere prayers