အလ်-ဖူရ်ကာန် · 41/77
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-ဖူရ်ကာန်
وَإِذَا رَأَوْكَ إِن يَتَّخِذُونَكَ إِلَّا هُزُوًا أَهَٰذَا الَّذِي بَعَثَ اللَّهُ رَسُولًا ۝٤١
Wa izaa ra awka iny yattakhizoonaka illaa huzuwan ahaazal lazee ba`asal laahu Rasoolaa
📖 မြန်မာဘာသာ
၎င်းပြင် ထိုသူတို့သည် အသင့်အား တွေ့မြင်ကြသောအခါ "အလ္လာဟ်အရှင်မြတ်သည် ရစူလ်တမန်တော်အဖြစ် စေလွှတ်တော်မူသောသူသည် ဤသူ ပင်လော" ဟု အသင့်အား ပြောင်လှောင်ကြကုန်၏။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 39-43 — စူရာ အလ်-ဖူရ်ကာန်

39وَكُلًّا ضَرَبْنَا لَهُ الْأَمْثَالَ ۖ وَكُلًّا تَبَّرْنَا تَتْبِيرًا
စင်စစ် ငါအရှင်မြတ်သည် (ထိုထိုသော အမျိုးသားတို့အနက်) အသီးသီးတို့၏အကျိုးငှာ ဥပမာ ပုံဆောင်ချက်များကို ခိုင်းနှိုင်းတော်မူခဲ့၏။ (သို့ပါလျက် ၎င်းတို့သည် မဟုတ်မမှန်ဟူ၍ပင် ငြင်းပယ်ခဲ့ကြ၏၊) ထိုအခါ ငါအရှင်မြတ်သည် အသီးသီးတို့အား လုံးဝ ဖျက်ဆီးတော်မူခဲ့၏။
40وَلَقَدْ أَتَوْا عَلَى الْقَرْيَةِ الَّتِي أُمْطِرَتْ مَطَرَ السَّوْءِ ۚ أَفَلَمْ يَكُونُوا يَرَوْنَهَا ۚ بَلْ كَانُوا لَا يَرْجُونَ نُشُورًا
စင်စစ်သော်ကား ၎င်းတို့သည်(မက္ကာမြို့သား ကာဖိရ်များသည်) အလွန်ဆိုးရွားသော မိုးရွာသွန်းစေခြင်းကို ခံခဲ့ရသောမြို့ရွာသို့ ဧကန်အမှန် ရောက်ရှိခဲ့ကြကုန်၏။ သို့ပါလျက် ၎င်းတို့သည် ယင်း(ပြစ်ဒဏ်၏အမှတ်လက္ခဏာများ)ကို မမြင်ခဲ့ကြလေသလော။ ထိုသို့ အလျှင်းမဟုတ်။ စင်စစ်မှာမူကား ၎င်းတို့သည် ရှင်ပြန်ထခြင်းကို ဖြစ်ရန်လက္ခဏာရှိသည် ဟူ၍ပင် မမျှော်လင့်ကြပေ။
41وَإِذَا رَأَوْكَ إِن يَتَّخِذُونَكَ إِلَّا هُزُوًا أَهَٰذَا الَّذِي بَعَثَ اللَّهُ رَسُولًا
၎င်းပြင် ထိုသူတို့သည် အသင့်အား တွေ့မြင်ကြသောအခါ "အလ္လာဟ်အရှင်မြတ်သည် ရစူလ်တမန်တော်အဖြစ် စေလွှတ်တော်မူသောသူသည် ဤသူ ပင်လော" ဟု အသင့်အား ပြောင်လှောင်ကြကုန်၏။
42إِن كَادَ لَيُضِلُّنَا عَنْ آلِهَتِنَا لَوْلَا أَن صَبَرْنَا عَلَيْهَا ۚ وَسَوْفَ يَعْلَمُونَ حِينَ يَرَوْنَ الْعَذَابَ مَنْ أَضَلُّ سَبِيلًا
အကယ်၍သာ ကျွန်ုပ်တို့သည် မိမိတို့၏ ကိုးကွယ်ရာဘုရားများ(အား ကြည်ညိုမြတ်နိုးရာ)၌ စွဲမြဲကြံ့ခိုင်စွာ မရှိခဲ့ကြပါလျှင် ဧကန်မလွဲ ၎င်းသည် ကျွန်ုပ်တို့အား ထိုကိုးကွယ်ရာဘုရားများမှ ဝေးအောင်ပြုခဲ့ပြီးသာ ဖြစ်ပေသည်။" စင်စစ်သော်ကား ၎င်းတို့သည် မကြာမြင့်မီ ပြစ်ဒဏ်ကို တွေ့မြင်ကြ သောအခါ မည်သူသည် လမ်းလွဲသူဖြစ်ကြောင်း သိရှိသွားကြပေမည်။
43أَرَأَيْتَ مَنِ اتَّخَذَ إِلَٰهَهُ هَوَاهُ أَفَأَنتَ تَكُونُ عَلَيْهِ وَكِيلًا
(အို-နဗီတမန်တော်၊) မိမိ၏စိတ်အလိုဆန္ဒကို မိမိ၏ကိုးကွယ်ရာအဖြစ် ပြုလုပ်ခဲ့သောသူ၏အကြောင်းကို အသင်သည် သိမြင်ခဲ့ပြီ မဟုတ်လော။ သို့ပါလျက် အသင်သည် ထိုသူ၏အပေါ်၌ အုပ်ထိန်းသူအဖြစ် ရှိနေနိုင်ပါသလော။
အလ်-ဖူရ်ကာန်ကုရ်အာန် ညွှန်းကိန်း
77အာယာသ်
MeccanRevelation
41အာယာသ်

ဘာသာပြန် — အလ်-ဖူရ်ကာန် 41

စူရာ အလ်-ဖူရ်ကာန် အာယာသ် 41 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ၎င်းပြင် ထိုသူတို့သည် အသင့်အား တွေ့မြင်ကြသောအခါ "အလ္လာဟ်အရှင်မြတ်သည် ရစူလ်တမန်တော်အဖြစ် စေလွှတ်တော်မူသောသူသည် ဤသူ ပင်လော" ဟု…

စူရာ အာယာသ် 41/77 — စူရာ အလ်-ဖူရ်ကာန် الفرقان (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-ဖူရ်ကာန် နားထောင်, စူရာ အလ်-ဖူရ်ကာန် ဘာသာပြန်, စူရာ အလ်-ဖူရ်ကာန် mp3, စူရာ အလ်-ဖူရ်ကာန် pdf. အာယာသ် 39–43. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Wednesday, September 30, 2026

Don't forget us in your sincere prayers