အန်-နမ်လ် · 39/93
ဘာသာပြန် အသံနိုင်ငံ — စူရာ အန်-နမ်လ်
قَالَ عِفْرِيتٌ مِّنَ الْجِنِّ أَنَا آتِيكَ بِهِ قَبْلَ أَن تَقُومَ مِن مَّقَامِكَ ۖ وَإِنِّي عَلَيْهِ لَقَوِيٌّ أَمِينٌ ۝٣٩
Qaala `ifreetum minal jinni ana aateeka bihee qabla an taqooma mim maqaamika wa innee `alaihi laqawiyyun ameen
📖 မြန်မာဘာသာ
ဂျင်(န်)သတ္တဝါတို့အနက်မှ အလွန်ခွန်အားဗလကြီးသော ဂျင်(န်)တစ်ဦးက ကိုယ်တော်သည် မိမိနေရာမှမထမီ ကျွန်တော်မျိုးသည် ထိုရာဇပလ္လင်ကို ကိုယ်တော်ထံသို့ဆောင်ကြဉ်းခဲ့ပါမည်။ အမှန်သော်ကား ကျွန်တော်မျိုးသည် ဧကန်မလွဲ ဤကိစ္စနှင့်စပ်လျဉ်း၍ ပြုစွမ်းနိုင်သူ၊ ယုံကြည်စိတ်ချရသူတစ်ဦးပင် ဖြစ်ပါသည်ဟု လျှောက်ထားခဲ့လေ၏။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. အာယသ်တော်တွင် ရှင်းလင်းရန်လိုအပ်သော ဝေါဟာရများ၏ အဓိပ္ပာယ်များ:
  • အိဖ်ရီးသ် (عِفْرِيتٌ): ဂျင်န်များထဲမှ အလွန်အားကြီးသော၊ ခွန်အားဗလနှင့် ပြည့်စုံသော သတ္တဝါကို ဆိုလိုသည်။
  • မက္ကာမ် (مَقَام): ထိုင်နေသော နေရာ၊ စီရင်ဆုံးဖြတ်ရာ နေရာ၊ စည်းဝေးရာ နေရာကို ဆိုလိုသည်။
  • ကဗ်လာ (قَبْلَ): မတိုင်မီ၊ အလျင်ကို ဆိုလိုသည်။
  • အမီးန် (أَمِينٌ): ယုံကြည်စိတ်ချရသော၊ သစ္စာရှိသော၊ ထိန်းသိမ်းစောင့်ရှောက်နိုင်သောသူကို ဆိုလိုသည်။
  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်:

တမန်တော် ဆူလိုင်မာန် (အလိုင်ဟိစ်စလာမ်) သည် ရှေဗာဘုရင်မ၏ ထီးနန်းပလ္လင်ကို သူ့ထံ ယူဆောင်လာနိုင်မည့်သူကို မေးမြန်းတော်မူသောအခါ ဂျင်န်များထဲမှ အားကြီးခွန်အားဗလနှင့် ပြည့်စုံသော အိဖ်ရီးသ်တစ်ဦးက ဤသို့ ဖြေကြားလေသည်။ သူက “အကျွန်ုပ်သည် ထိုပလ္လင်ကို အရှင်မင်းကြီး ဤနေရာမှ မထမီ၊ ထိုင်နေရာမှ မထွက်မီ အလျင်အမြန် ယူဆောင်လာပေးနိုင်ပါသည်။ အကျွန်ုပ်သည် ထိုပလ္လင်ကို သယ်ဆောင်ရန် အမှန်ပင် အားကြီးခွန်အားဗလနှင့် ပြည့်စုံပါသည်။ ထို့အပြင် ၎င်းပလ္လင်ပေါ်ရှိ ရတနာများ၊ ပစ္စည်းဥစ္စာများကို ထိန်းသိမ်းစောင့်ရှောက်ရာတွင်လည်း ယုံကြည်စိတ်ချရသော သစ္စာရှိသူတစ်ဦး ဖြစ်ပါသည်။ တစ်စုံတစ်ရာကို လျှော့ချခြင်း၊ ပြောင်းလဲခြင်း၊ ခိုးယူခြင်း မပြုဘဲ အပြည့်အစုံအတိုင်း ယူဆောင်လာပေးမည် ဖြစ်ပါသည်” ဟု ဆိုလေသည်။

  1. ဤအာယသ်တော်မှ ရရှိနိုင်သော အကျိုးကျေးဇူးများနှင့် အစ္စလာမ်ဘာသာနှင့် ကုရ်အာန်ကျမ်းတော်မြတ်အပေါ် ချစ်ခင်မြတ်နိုးစေသော သင်ခန်းစာများ:
  • အလ္လာဟ်အရှင်မြတ်သည် မိမိ၏ တမန်တော်များကို များစွာသော နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်အစွမ်းများဖြင့် ကူညီထောက်ပံ့တော်မူကြောင်း သိရှိရသည်။ တမန်တော် ဆူလိုင်မာန် (အလိုင်ဟိစ်စလာမ်) အတွက် ဂျင်န်များကိုပင် အလုပ်အကျွေးအဖြစ် ခန့်အပ်ပေးတော်မူခဲ့သည်။
  • အလ္လာဟ်အရှင်မြတ်သည် အားလုံးသော သတ္တဝါများကို ဖန်ဆင်းတော်မူသော အရှင်ဖြစ်သည်။ လူသားများသာမက ဂျင်န်များကိုလည်း ဖန်ဆင်းထားတော်မူသည်။ ထို့ကြောင့် မမြင်နိုင်သော သတ္တဝါများ၏ တည်ရှိမှုကို ယုံကြည်ခြင်းသည် အီမာန်၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။


📜 အာယာသ် 37-41 — စူရာ အန်-နမ်လ်

37ارْجِعْ إِلَيْهِمْ فَلَنَأْتِيَنَّهُم بِجُنُودٍ لَّا قِبَلَ لَهُم بِهَا وَلَنُخْرِجَنَّهُم مِّنْهَا أَذِلَّةً وَهُمْ صَاغِرُونَ
အသင်သည် ၎င်းတို့ထံ ပြန်သွားလော့။ ထို့နောက် ဧကန်အမှန် ငါတို့သည် ၎င်းတို့ထံ ၎င်းတို့ ယှဉ်ပြိုင်နိုင်စွမ်းမရှိသော ရဲမက်များနှင့်တကွ ချီတက်ရောက်ရှိ၍ လာကြမည်။ထိုမှတစ်ပါး ဧကန်မလွဲ ငါတို့သည် ၎င်းတို့အား ထို(မြို့ရွာ)မှ ဂုဏ်ရည်သေးသိမ်သူများအဖြစ်နှင့် နှင်ထုတ်ကြမည်။ ထို(အခါ)၎င်းတို့သည် အရှက်ကွဲအကျိုးနည်းသူများ ဖြစ်သွားကြပေမည်။
38قَالَ يَا أَيُّهَا الْمَلَأُ أَيُّكُمْ يَأْتِينِي بِعَرْشِهَا قَبْلَ أَن يَأْتُونِي مُسْلِمِينَ
ထိုစုလိုင်မာန်က "အို-မှူးမတ်အပေါင်းတို့။ ၎င်းတို့သည် ငါ့ထံသို့ "မွတ်စ်လင်မ်" အမိန့်ကို နာခံသူများအဖြစ် မရောက်လာကြမီ၊ အသင်တို့အနက် မည်သူသည် ထိုဘုရင်မ၏ရာဇပလ္လင်ကို ငါ့ထံသို့ ယူလာနိုင်သနည်း" ဟု ပြောဆိုမေးမြန်းခဲ့၏။
39قَالَ عِفْرِيتٌ مِّنَ الْجِنِّ أَنَا آتِيكَ بِهِ قَبْلَ أَن تَقُومَ مِن مَّقَامِكَ ۖ وَإِنِّي عَلَيْهِ لَقَوِيٌّ أَمِينٌ
ဂျင်(န်)သတ္တဝါတို့အနက်မှ အလွန်ခွန်အားဗလကြီးသော ဂျင်(န်)တစ်ဦးက ကိုယ်တော်သည် မိမိနေရာမှမထမီ ကျွန်တော်မျိုးသည် ထိုရာဇပလ္လင်ကို ကိုယ်တော်ထံသို့ဆောင်ကြဉ်းခဲ့ပါမည်။ အမှန်သော်ကား ကျွန်တော်မျိုးသည် ဧကန်မလွဲ ဤကိစ္စနှင့်စပ်လျဉ်း၍ ပြုစွမ်းနိုင်သူ၊ ယုံကြည်စိတ်ချရသူတစ်ဦးပင် ဖြစ်ပါသည်ဟု လျှောက်ထားခဲ့လေ၏။
40قَالَ الَّذِي عِندَهُ عِلْمٌ مِّنَ الْكِتَابِ أَنَا آتِيكَ بِهِ قَبْلَ أَن يَرْتَدَّ إِلَيْكَ طَرْفُكَ ۚ فَلَمَّا رَآهُ مُسْتَقِرًّا عِندَهُ قَالَ هَٰذَا مِن فَضْلِ رَبِّي لِيَبْلُوَنِي أَأَشْكُرُ أَمْ أَكْفُرُ ۖ وَمَن شَكَرَ فَإِنَّمَا يَشْكُرُ لِنَفْسِهِ ۖ وَمَن كَفَرَ فَإِنَّ رَبِّي غَنِيٌّ كَرِيمٌ
ကျမ်းဂန်၏ အသိပညာရှိသူတစ်ဦးက ကျွန်တော်မျိုးသည် ထိုရာဇပလ္လင်ကို ကိုယ်တော်၏မျက်စိ တစ်မှိတ်အတွင်း၊ ကိုယ်တော်ထံသို့ ဆောင်ကြဉ်းခဲ့ပါမည်ဟု လျှောက်ထားခဲ့လေ၏။ ထို့နောက် ထို�ုလိုင်မာန်သည် ထိုရာဇပလ္လင်ကို မိမိအနီးတွင် တည်ရှိနေသည်ကို တွေ့မြင်ခဲ့သောအခါ (ဤသို့)ပြောကြားခဲ့လေ၏။ ဤသည် ငါ့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ ကျေးဇူးတော်တစ်ရပ်ပင်၊ ငါသည် ကျေးဇူးတင်လေသလော။ သို့တည်းမဟုတ် ငါသည် ကျေးဇူးကန်းလေသလောဟု ထိုအရှင်မြတ်သည် ငါ့အား စမ်းသပ်တော်မူခြင်းငှာ ဖြစ်ပေသည်။ စင်စစ်သော်ကား မည်သူမဆို ကျေးဇူးတင်ခဲ့လျှင် မိမိအကျိုးငှာ ကျေးဇူးတင်ခဲ့ခြင်းသာ ဖြစ်ပေမည်။ သို့ရာတွင် မည်သူမဆို ကျေးဇူးကန်းခဲ့လျှင် ဧကန်မလွဲ ငါ့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် လိုလားတောင့်တခြင်း ကင်းမဲ့တော်မူသော၊ အလွန်တရာ ရက်ရောတော်မူသော အရှင်မြတ်ပင် ဖြစ်ပေသတည်း။
41قَالَ نَكِّرُوا لَهَا عَرْشَهَا نَنظُرْ أَتَهْتَدِي أَمْ تَكُونُ مِنَ الَّذِينَ لَا يَهْتَدُونَ
ထိုစုလိုင်မာန်က သင်တို့သည် ထိုဘုရင်မ၏ရာဇပလ္လင်ကို အသွင်ပြောင်းကြလေကုန်။ ထိုဘုရင်မသည် မှန်ကန်စွာ သိလေသလော။ သို့တည်းမဟုတ် မှန်ကန်စွာ မသိသူတို့အနက်မှ ဖြစ်လေသလောဟု ကျွန်ုပ်တို့သည် ကြည့်ရှုကြပေမည်ဟူ၍ ပြောကြားခဲ့ လေ၏။
အန်-နမ်လ်ကုရ်အာန် ညွှန်းကိန်း
93အာယာသ်
MeccanRevelation
39အာယာသ်

ဘာသာပြန် — အန်-နမ်လ် 39

စူရာ အန်-နမ်လ် အာယာသ် 39 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ဂျင်(န်)သတ္တဝါတို့အနက်မှ အလွန်ခွန်အားဗလကြီးသော ဂျင်(န်)တစ်ဦးက ကိုယ်တော်သည် မိမိနေရာမှမထမီ ကျွန်တော်မျိုးသည် ထိုရာဇပလ္လင်ကို ကိုယ်တော်ထံသို့ဆောင်ကြဉ်းခဲ့ပါမည်။ အမှန်သော်ကား ကျွန်တော်မျိုးသည်…

စူရာ အာယာသ် 39/93 — စူရာ အန်-နမ်လ် النمل (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အန်-နမ်လ် နားထောင်, စူရာ အန်-နမ်လ် ဘာသာပြန်, စူရာ အန်-နမ်လ် mp3, စူရာ အန်-နမ်လ် pdf. အာယာသ် 37–41. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Friday, October 2, 2026

Don't forget us in your sincere prayers