အလ်-ကစာစ် · 10/88
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-ကစာစ်
وَأَصْبَحَ فُؤَادُ أُمِّ مُوسَىٰ فَارِغًا ۖ إِن كَادَتْ لَتُبْدِي بِهِ لَوْلَا أَن رَّبَطْنَا عَلَىٰ قَلْبِهَا لِتَكُونَ مِنَ الْمُؤْمِنِينَ ۝١٠
Wa asbaha fu`aadu ummi Moosaa faarighan in kaadat latubdee bihee law laaa arrabatnaa `alaa qalbihaa litakoona minal mu`mineen
📖 မြန်မာဘာသာ
ထိုမှတစ်ပါး မူစာ၏မိခင်စိတ်နှလုံးမှာ (လွန်စွာ)ဟာသွားခဲ့လေရာ (တုန်လှုပ်ချောက်ချား ထိတ်ထိတ် ပျာပျာဖြစ်သွားခဲ့ရာ) အကယ်၍သာ ငါအရှင်မြတ်သည် ၎င်းအား ယုံကြည်သူတို့တွင် အပါအဝင် ဖြစ်စေအံ့သောငှာ ၎င်း၏စိတ်နှလုံးကို ခိုင်မြဲစေတော်မမူခဲ့ပါလျှင် ဧကန်စင်စစ် ၎င်းသည် ထိုမူစာ၏အကြောင်းကို ထုတ်ဖော် (ပြောဆို)အံ့ဆဲဆဲပင် ဖြစ်သွားခဲ့ပေသည်။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

၁။ အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ၏ အဓိပ္ပာယ်

  • فُؤَادُ (ဖုအာဒ်) — နှလုံးသား၊ စိတ်နှလုံး။ ဤနေရာတွင် မိခင်တစ်ဦး၏ အတွင်းစိတ်ကို ဆိုလိုသည်။
  • فَارِغًا (ဖာရိဂါ) — အလွတ်ဖြစ်သော၊ လွတ်နေသော။ ဤနေရာတွင် လောကီကိစ္စအားလုံးမှ ကင်းလွတ်ပြီး မောရှာ (အလိုင်ဟိစ်စလာမ်) ၏ အမှုကိစ္စတစ်ခုတည်းသာ ပြည့်နေသော စိတ်အခြေအနေကို ဆိုလိုသည်။
  • لَتُبْدِي بِهِ (လ་တွဗ်ဒီ ဗိဟိ) — သူ့အကြောင်းကို ထုတ်ဖော်ပြောဆိုလုနီးပါးဖြစ်သည်။ မောရှာသည် သူမ၏သားတော်ဖြစ်ကြောင်း ဖော်ထုတ်ပြောဆိုလုနီးပါး ဖြစ်သွားသည်ဟု ဆိုလိုသည်။
  • رَبَطْنَا عَلَىٰ قَلْبِهَا (ရဗတ်နာ အလာ ကလ်ဗိဟာ) — သူမ၏ နှလုံးသားကို ခိုင်မြဲစေခဲ့သည်။ စိတ်ကို တည်ငြိမ်စေပြီး ခွန်အားပေးခဲ့သည်ဟု ဆိုလိုသည်။

၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

မောရှာ (အလိုင်ဟိစ်စလာမ်) ၏ မယ်တော်သည် သားတော်ကို မြစ်ထဲသို့ မျှောလိုက်ရပြီးနောက် သူမ၏ နှလုံးသားသည် လောကီကိစ္စအားလုံးမှ အလွတ်ဖြစ်သွားကာ သားတော်မောရှာ၏ အမှုကိစ္စတစ်ခုတည်းသာ ပြည့်နေတော့သည်။ ဖိရ်အောင်န်မင်းသည် သူ့သားကို ကောက်ယူမွေးစားလိုက်ကြောင်း သိရသောအခါ သူမသည် အလွန်အမင်း စိတ်ထိခိုက်ပြီး ဘုရားသခင်၏ ကတိတော်ကို မေ့လျော့သွားကာ သားတော်သည် အသက်ရှင်နေသေးကြောင်း ထုတ်ဖော်ပြောဆိုလုနီးပါး ဖြစ်သွားသည်။ သို့သော် အလ္လာဟ်အရှင်မြတ်သည် သူမ၏ နှလုံးသားကို ခိုင်မြဲစေတော်မူပြီး စိတ်ကို တည်ငြိမ်စေတော်မူခဲ့သည်။ ထိုသို့ တည်ငြိမ်စေတော်မူခြင်းသည် သူမအား အလ္လာဟ်အရှင်မြတ်၏ ကတိတော်ကို ယုံကြည်စိတ်ချသော မုအ်မင်န်တစ်ဦး ဖြစ်စေရန်အတွက်ဖြစ်သည်။ သူမသည် သားတော်ကို ပြန်လည်တွေ့ရမည်ဟူသော အလ္လာဟ်အရှင်မြတ်၏ ကတိတော်ကို အခိုင်အမာ ယုံကြည်ကာ စိတ်ရှည်စွာ သည်းခံခဲ့သည်။

၃။ ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ

  • အလ္လာဟ်အရှင်မြတ်သည် မိမိ၏ ကျေးကျွန်များကို ဘယ်သောအခါမျှ စွန့်ပစ်တော်မူသည်မဟုတ်။ ခက်ခဲသော အခြေအနေများတွင် စိတ်နှလုံးကို ခိုင်မြဲစေတော်မူပြီး ခွန်အားပေးတော်မူသည်။
  • အလ္လာဟ်အရှင်မြတ်၏ ကတိတော်သည် ဧကန်အမှန် ပြည့်စုံလာမည


📜 အာယာသ် 8-12 — စူရာ အလ်-ကစာစ်

8فَالْتَقَطَهُ آلُ فِرْعَوْنَ لِيَكُونَ لَهُمْ عَدُوًّا وَحَزَنًا ۗ إِنَّ فِرْعَوْنَ وَهَامَانَ وَجُنُودَهُمَا كَانُوا خَاطِئِينَ
ထို့နောက် ဖစ်ရ်အောင်န်၏ အိမ်သူအိမ်သားတို့သည် ထိုမူစာအား နောက်ဆုံးတွင် ထိုမူစာသည် မိမိတို့၏ရန်သူဖြစ်ရန်နှင့် (မိမိတို့အား) ပူဆွေးစေအံ့သောသူဖြစ်ရန် ကောက်ယူခဲ့ကြကုန်၏။ ဧကန်စင်စစ် ဖစ်ရ်အောင်န်သည်လည်းကောင်း၊ ဟာမာန်သည်လည်းကောင်း၊ ထိုဖစ်ရ်အောင်န်နှင့် ဟာမာန်၏ရဲမက်တို့သည်လည်းကောင်း၊ ပြစ်မှုကျူးလွန်သူများပင် ဖြစ်ခဲ့ကြကုန်၏။
9وَقَالَتِ امْرَأَتُ فِرْعَوْنَ قُرَّتُ عَيْنٍ لِّي وَلَكَ ۖ لَا تَقْتُلُوهُ عَسَىٰ أَن يَنفَعَنَا أَوْ نَتَّخِذَهُ وَلَدًا وَهُمْ لَا يَشْعُرُونَ
ထို့ပြင် ဖစ်ရ်အောင်န်၏ကြင်ရာက ကျွန်ုပ်၏အဖို့လည်းကောင်း၊ အသင်၏အဖို့လည်းကောင်း၊ မျက်စိအေးမြစေဖွယ်ဖြစ်ပေသည်။ (သို့ဖြစ်ပေရာ) အသင်တို့သည် ထိုမူစာအား မသတ်ဖြတ်ကြကုန်လင့်။ ၎င်းသည် ကျွန်ုပ်တို့အား အကျိုးပေးကောင်းပေးလိမ့်မည်။ သို့တည်းမဟုတ် ကျွန်ုပ်တို့သည် ၎င်းအား သားအဖြစ် မွေးစားထားကြမည်ဟု ပြောဆိုခဲ့လေ၏။ စင်စစ်သော်ကား ၎င်းတို့သည် (မိမိတို့မှာ ထိုသူငယ်လက်ချက်နှင့် ပျက်စီးကြရမည်ကို) မသိကြချေ။
10وَأَصْبَحَ فُؤَادُ أُمِّ مُوسَىٰ فَارِغًا ۖ إِن كَادَتْ لَتُبْدِي بِهِ لَوْلَا أَن رَّبَطْنَا عَلَىٰ قَلْبِهَا لِتَكُونَ مِنَ الْمُؤْمِنِينَ
ထိုမှတစ်ပါး မူစာ၏မိခင်စိတ်နှလုံးမှာ (လွန်စွာ)ဟာသွားခဲ့လေရာ (တုန်လှုပ်ချောက်ချား ထိတ်ထိတ် ပျာပျာဖြစ်သွားခဲ့ရာ) အကယ်၍သာ ငါအရှင်မြတ်သည် ၎င်းအား ယုံကြည်သူတို့တွင် အပါအဝင် ဖြစ်စေအံ့သောငှာ ၎င်း၏စိတ်နှလုံးကို ခိုင်မြဲစေတော်မမူခဲ့ပါလျှင် ဧကန်စင်စစ် ၎င်းသည် ထိုမူစာ၏အကြောင်းကို ထုတ်ဖော် (ပြောဆို)အံ့ဆဲဆဲပင် ဖြစ်သွားခဲ့ပေသည်။
11وَقَالَتْ لِأُخْتِهِ قُصِّيهِ ۖ فَبَصُرَتْ بِهِ عَن جُنُبٍ وَهُمْ لَا يَشْعُرُونَ
၎င်းပြင် ထို(မူစာ၏)မိခင်သည် ထိုမူစာ၏အစ်မအား အသင်သည် ၎င်းမူစာ၏နောက်သို့ လိုက်၍သွားလေဟုပြောဆိုခဲ့၏။ သို့ဖြစ်ပေရာ ထို(မူစာ၏)အစ်မသည် ၎င်းမူစာအား အဝေးမှ(စောင့်၍)ကြည့်နေခဲ့လေ၏။ သို့ရာတွင်၎င်း(ဖစ်ရ်အောင်န်၏အိမ်သူအိမ်သား)တို့သည် (ထိုမူစာ၏အစ်မအား မူစာ၏အစ်မဖြစ်သည်ဟူ၍) မသိကြပေ။
12۞ وَحَرَّمْنَا عَلَيْهِ الْمَرَاضِعَ مِن قَبْلُ فَقَالَتْ هَلْ أَدُلُّكُمْ عَلَىٰ أَهْلِ بَيْتٍ يَكْفُلُونَهُ لَكُمْ وَهُمْ لَهُ نَاصِحُونَ
စင်စစ် ငါအရှင်မြတ်သည် မူလကပင် ထိုမူစာ၏အပေါ်၌ နို့ထိန်းသည်တို့၏နို့ရည်ကို (မစို့ရန်) တားမြစ်ထားတော်မူခဲ့၏။ သို့ဖြစ်ပေရာ ထို(မူစာ၏) အစ်မက ကျွန်ုပ်သည် အသင်တို့အား ထိုကလေးသူငယ်ကို အသင်တို့အဖို့ မွေးမြူစောင့်ရှောက်၍ ပေးကြမည့်ပြင်၊ ထိုကလေးသူငယ်၏ ကောင်းကျိုးကို လိုလားသူများဖြစ်ကြသော အိမ်ထောင်သားချင်းတို့ကို ညွှန်ပြရပါမည်လောဟု ဆိုခဲ့လေ၏။
အလ်-ကစာစ်ကုရ်အာန် ညွှန်းကိန်း
88အာယာသ်
MeccanRevelation
10အာယာသ်

ဘာသာပြန် — အလ်-ကစာစ် 10

စူရာ အလ်-ကစာစ် အာယာသ် 10 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထိုမှတစ်ပါး မူစာ၏မိခင်စိတ်နှလုံးမှာ (လွန်စွာ)ဟာသွားခဲ့လေရာ (တုန်လှုပ်ချောက်ချား ထိတ်ထိတ် ပျာပျာဖြစ်သွားခဲ့ရာ) အကယ်၍သာ ငါအရှင်မြတ်သည် ၎င်းအား ယုံကြည်သူတို့တွင်…

စူရာ အာယာသ် 10/88 — စူရာ အလ်-ကစာစ် القصص (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-ကစာစ် နားထောင်, စူရာ အလ်-ကစာစ် ဘာသာပြန်, စူရာ အလ်-ကစာစ် mp3, စူရာ အလ်-ကစာစ် pdf. အာယာသ် 8–12. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Friday, October 2, 2026

Don't forget us in your sincere prayers