وَقَالَتِ امْرَأَتُ فِرْعَوْنَ قُرَّتُ عَيْنٍ لِّي وَلَكَ ۖ لَا تَقْتُلُوهُ عَسَىٰ أَن يَنفَعَنَا أَوْ نَتَّخِذَهُ وَلَدًا وَهُمْ لَا يَشْعُرُونَ ٩
🔤 Transliteration
Wa qaalatim ra atu Fir`awna qurratu `aynil lee wa lak; laa taqtuloohu `asaaa aiyanfa`anaa aw nattakhizahoo waladanw wa hum laa yash`uroon
📖 ဘာသာပြန် (မြန်မာဘာသာ)
📖 မြန်မာဘာသာ
ထို့ပြင် ဖစ်ရ်အောင်န်၏ကြင်ရာက ကျွန်ုပ်၏အဖို့လည်းကောင်း၊ အသင်၏အဖို့လည်းကောင်း၊ မျက်စိအေးမြစေဖွယ်ဖြစ်ပေသည်။ (သို့ဖြစ်ပေရာ) အသင်တို့သည် ထိုမူစာအား မသတ်ဖြတ်ကြကုန်လင့်။ ၎င်းသည် ကျွန်ုပ်တို့အား အကျိုးပေးကောင်းပေးလိမ့်မည်။ သို့တည်းမဟုတ် ကျွန်ုပ်တို့သည် ၎င်းအား သားအဖြစ် မွေးစားထားကြမည်ဟု ပြောဆိုခဲ့လေ၏။ စင်စစ်သော်ကား ၎င်းတို့သည် (မိမိတို့မှာ ထိုသူငယ်လက်ချက်နှင့် ပျက်စီးကြရမည်ကို) မသိကြချေ။
🌐 Additional reference in ภาษาไทย
၁။ ကမ္ဘာ့ကျမ်းတော်မြတ်ကုရ်အာန်၊ အလ်-ကစာစ် စူရဟ် (၂၈)၊ အာယသ် ၉ ၏ စကားလုံးအဓိပ္ပာယ်များ
ကုရ္ရသု အဲင် (قُرَّةُ عَيْنٍ ): မျက်စိအေးမြစေသောအရာ၊ ဆိုလိုသည်မှာ ဝမ်းမြောက်ဝမ်းသာဖြစ်စေသော၊ ချစ်ခင်မြတ်နိုးဖွယ်ရာ။ လာ တက္က်တုလူဟု (لَا تَقْتُلُوهُ ): သူ့ကို မသတ်ကြပါနှင့်။ အဆာ (عَسَىٰ ): ဖြစ်နိုင်သည်၊ မျှော်လင့်သည်။ နတ္တခိဇဟု (نَتَّخِذَهُ ): သူ့ကို ကျွန်ုပ်တို့ သားအဖြစ် ယူကြမည်။ ဝဟုမ်း လာ ယရှ်အုရူန (وَهُمْ لَا يَشْعُرُونَ ): သူတို့သည် မသိကြပေ၊ သတိမမူမိကြပေ။ ၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်
ဖိရ်အောင်န် (နန်းရှင်ဘုရင်) သည် ထိုမွေးကင်းစကလေးကို သတ်ရန် ဆုံးဖြတ်လိုက်သောအခါ ဖိရ်အောင်န်၏ ဇနီးဖြစ်သူက သူ့အား ဤသို့ပြောဆိုခဲ့သည်။ “ဤကလေးသည် ကျွန်မအတွက်လည်းကောင်း၊ အရှင်မင်းကြီးအတွက်လည်းကောင်း မျက်စိအေးမြစေသော၊ ဝမ်းမြောက်ဝမ်းသာဖြစ်စေသော သားရတနာတစ်ပါးဖြစ်ပါသည်။ သူ့ကို မသတ်ပါနှင့်။ သူသည် ကျွန်မတို့အား အကျိုးပြုနိုင်ပါသည်၊ သို့မဟုတ် ကျွန်မတို့သည် သူ့ကို သားအဖြစ် မွေးစားယူနိုင်ပါသည်။” သို့သော် ဖိရ်အောင်န်နှင့် သူ၏အပေါင်းအပါတို့သည် မိမိတို့၏ နိုင်ငံတော်နှင့် အာဏာစက်သည် ဤကလေး၏လက်ချက်ဖြင့် ပျက်စီးမည်ကို လုံးဝနားမလည်ကြပေ၊ သတိမမူမိကြပေ။
၃။ ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ
အလ္လာဟ်အရှင်မြတ်သည် မိမိအလိုတော်ရှိပါက အကြီးအကျယ်ရက်စက်ကြမ်းတမ်းသော အာဏာရှင်တစ်ဦး၏ နန်းတော်အတွင်း၌ပင် မိမိ၏ နှစ်သက်မြတ်နိုးအပ်သော ကျေးကျွန်တစ်ဦးကို လုံခြုံစွာ ထိန်းသိမ်းစောင့်ရှောက်နိုင်တော်မူသည်။ ဤသည်မှာ အလ္လာဟ်အရှင်မြတ်၏ စွမ်းအားတော်နှင့် ဉာဏ်ပညာတော်၏ ကြီးမြတ်မှုကို ထင်ရှားစေသည်။ ဖိရ်အောင်န်၏ဇနီးကဲ့သို့သော စိတ်နှလုံးနူးညံ့သော သူများသည် အလ္လာဟ်အရှင်မြတ်၏ အစီအစဉ်တော်တွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နိုင်သည်။ သူမသည် မူဆာ (အလိုင်ဟိစ်စလာမ်) ကို ကယ်တင်ခြင်းဖြင့် သမိုင်းတွင် ကောင်းမှုကုသိုလ်ရေးရာ၏ စံပြပုဂ္ဂိုလ်တစ်ဦး ဖြစ်လာခဲ့သည်။ မကောင်းမှုကို ရပ်တန့်ရန် ကြိုးပမ်းခြင်း၊ အပြစ်ဒုစရိုက်ကို တားဆီးခြင်းသည် လူသ
وَقَالَتِ ٱمۡرَأَتُ فِرۡعَوۡنَ قُرَّتُ عَيۡنٍ لِّي وَلَكَۖ لَا تَقۡتُلُوهُ عَسَىٰٓ أَن يَنفَعَنَآ أَوۡ نَتَّخِذَهُۥ وَلَدًا وَهُمۡ لَا يَشۡعُرُونَ ٩
ထို့ပြင် ဖစ်ရ်အောင်န်၏ကြင်ရာက ကျွန်ုပ်၏အဖို့လည်းကောင်း၊ အသင်၏အဖို့လည်းကောင်း၊ မျက်စိအေးမြစေဖွယ်ဖြစ်ပေသည်။ (သို့ဖြစ်ပေရာ) အသင်တို့သည် ထိုမူစာအား မသတ်ဖြတ်ကြကုန်လင့်။ ၎င်းသည် ကျွန်ုပ်တို့အား အကျိုးပေးကောင်းပေးလိမ့်မည်။ သို့တည်းမဟုတ် ကျွန်ုပ်တို့သည် ၎င်းအား သားအဖြစ် မွေးစားထားကြမည်ဟု ပြောဆိုခဲ့လေ၏။ စင်စစ်သော်ကား ၎င်းတို့သည် (မိမိတို့မှာ ထိုသူငယ်လက်ချက်နှင့် ပျက်စီးကြရမည်ကို) မသိကြချေ။
🖼️ Save Image
🎬 Save Video
📜 အာယာသ် 7-11 — စူရာ အလ်-ကစာစ်
7 وَأَوْحَيْنَا إِلَىٰ أُمِّ مُوسَىٰ أَنْ أَرْضِعِيهِ ۖ فَإِذَا خِفْتِ عَلَيْهِ فَأَلْقِيهِ فِي الْيَمِّ وَلَا تَخَافِي وَلَا تَحْزَنِي ۖ إِنَّا رَادُّوهُ إِلَيْكِ وَجَاعِلُوهُ مِنَ الْمُرْسَلِينَ
ထိုမှတစ်ပါး ငါအရှင်မြတ်သည် မူစာ၏မိခင်ထံသို့ (ဤသို့) အသိပေးတော်မူခဲ့၏။ အသင်သည် ထိုမူစာအား နို့ရည်တိုက်ကျွေးလော့။ ထို့နောက် အသင်သည် ထိုမူစာနှင့်ပက်သက်၍ စိုးရိမ်သောအခါ ၎င်းအား မြစ်ထဲသို့ပစ်လေလော့။ထို့ပြင် အသင်သည် စိုးရိမ်ခြင်းလည်း မရှိလေနှင့်။ ပူဆွေးခြင်းလည်း မရှိလေနှင့်။ ဧကန်အမှန် ငါအရှင်မြတ်သည် ထိုမူစာအား အသင့်ထံသို့ ပြန်ပို့ပေးတော်မူမည့်အရှင် ထိုမှတစ်ပါး ထိုမူစာအား ရစူလ်တမန်တော်များတွင် တစ်ပါးအပါအဝင် ပြုလုပ်တော်မူမည့်အရှင် ဖြစ်တော်မူ၏။
8 فَالْتَقَطَهُ آلُ فِرْعَوْنَ لِيَكُونَ لَهُمْ عَدُوًّا وَحَزَنًا ۗ إِنَّ فِرْعَوْنَ وَهَامَانَ وَجُنُودَهُمَا كَانُوا خَاطِئِينَ
ထို့နောက် ဖစ်ရ်အောင်န်၏ အိမ်သူအိမ်သားတို့သည် ထိုမူစာအား နောက်ဆုံးတွင် ထိုမူစာသည် မိမိတို့၏ရန်သူဖြစ်ရန်နှင့် (မိမိတို့အား) ပူဆွေးစေအံ့သောသူဖြစ်ရန် ကောက်ယူခဲ့ကြကုန်၏။ ဧကန်စင်စစ် ဖစ်ရ်အောင်န်သည်လည်းကောင်း၊ ဟာမာန်သည်လည်းကောင်း၊ ထိုဖစ်ရ်အောင်န်နှင့် ဟာမာန်၏ရဲမက်တို့သည်လည်းကောင်း၊ ပြစ်မှုကျူးလွန်သူများပင် ဖြစ်ခဲ့ကြကုန်၏။
9 وَقَالَتِ امْرَأَتُ فِرْعَوْنَ قُرَّتُ عَيْنٍ لِّي وَلَكَ ۖ لَا تَقْتُلُوهُ عَسَىٰ أَن يَنفَعَنَا أَوْ نَتَّخِذَهُ وَلَدًا وَهُمْ لَا يَشْعُرُونَ
ထို့ပြင် ဖစ်ရ်အောင်န်၏ကြင်ရာက ကျွန်ုပ်၏အဖို့လည်းကောင်း၊ အသင်၏အဖို့လည်းကောင်း၊ မျက်စိအေးမြစေဖွယ်ဖြစ်ပေသည်။ (သို့ဖြစ်ပေရာ) အသင်တို့သည် ထိုမူစာအား မသတ်ဖြတ်ကြကုန်လင့်။ ၎င်းသည် ကျွန်ုပ်တို့အား အကျိုးပေးကောင်းပေးလိမ့်မည်။ သို့တည်းမဟုတ် ကျွန်ုပ်တို့သည် ၎င်းအား သားအဖြစ် မွေးစားထားကြမည်ဟု ပြောဆိုခဲ့လေ၏။ စင်စစ်သော်ကား ၎င်းတို့သည် (မိမိတို့မှာ ထိုသူငယ်လက်ချက်နှင့် ပျက်စီးကြရမည်ကို) မသိကြချေ။
10 وَأَصْبَحَ فُؤَادُ أُمِّ مُوسَىٰ فَارِغًا ۖ إِن كَادَتْ لَتُبْدِي بِهِ لَوْلَا أَن رَّبَطْنَا عَلَىٰ قَلْبِهَا لِتَكُونَ مِنَ الْمُؤْمِنِينَ
ထိုမှတစ်ပါး မူစာ၏မိခင်စိတ်နှလုံးမှာ (လွန်စွာ)ဟာသွားခဲ့လေရာ (တုန်လှုပ်ချောက်ချား ထိတ်ထိတ် ပျာပျာဖြစ်သွားခဲ့ရာ) အကယ်၍သာ ငါအရှင်မြတ်သည် ၎င်းအား ယုံကြည်သူတို့တွင် အပါအဝင် ဖြစ်စေအံ့သောငှာ ၎င်း၏စိတ်နှလုံးကို ခိုင်မြဲစေတော်မမူခဲ့ပါလျှင် ဧကန်စင်စစ် ၎င်းသည် ထိုမူစာ၏အကြောင်းကို ထုတ်ဖော် (ပြောဆို)အံ့ဆဲဆဲပင် ဖြစ်သွားခဲ့ပေသည်။
11 وَقَالَتْ لِأُخْتِهِ قُصِّيهِ ۖ فَبَصُرَتْ بِهِ عَن جُنُبٍ وَهُمْ لَا يَشْعُرُونَ
၎င်းပြင် ထို(မူစာ၏)မိခင်သည် ထိုမူစာ၏အစ်မအား အသင်သည် ၎င်းမူစာ၏နောက်သို့ လိုက်၍သွားလေဟုပြောဆိုခဲ့၏။ သို့ဖြစ်ပေရာ ထို(မူစာ၏)အစ်မသည် ၎င်းမူစာအား အဝေးမှ(စောင့်၍)ကြည့်နေခဲ့လေ၏။ သို့ရာတွင်၎င်း(ဖစ်ရ်အောင်န်၏အိမ်သူအိမ်သား)တို့သည် (ထိုမူစာ၏အစ်မအား မူစာ၏အစ်မဖြစ်သည်ဟူ၍) မသိကြပေ။
ဘာသာပြန် — အလ်-ကစာစ် 9 စူရာ အလ်-ကစာစ် အာယာသ် 9 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထို့ပြင် ဖစ်ရ်အောင်န်၏ကြင်ရာက ကျွန်ုပ်၏အဖို့လည်းကောင်း၊ အသင်၏အဖို့လည်းကောင်း၊ မျက်စိအေးမြစေဖွယ်ဖြစ်ပေသည်။ (သို့ဖြစ်ပေရာ) အသင်တို့သည် ထိုမူစာအား မသတ်ဖြတ်ကြကုန်လင့်။ ၎င်းသည်…
စူရာ အာယာသ် 9/88 — စူရာ အလ်-ကစာစ် القصص (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-ကစာစ် နားထောင်, စူရာ အလ်-ကစာစ် ဘာသာပြန်, စူရာ အလ်-ကစာစ် mp3, စူရာ အလ်-ကစာစ် pdf. အာယာသ် 7–11. မြန်မာဘာသာ: ภาษาไทย.