အလ်-ကစာစ် · 35/88
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-ကစာစ်
قَالَ سَنَشُدُّ عَضُدَكَ بِأَخِيكَ وَنَجْعَلُ لَكُمَا سُلْطَانًا فَلَا يَصِلُونَ إِلَيْكُمَا ۚ بِآيَاتِنَا أَنتُمَا وَمَنِ اتَّبَعَكُمَا الْغَالِبُونَ ۝٣٥
Qaala sanashuddu `adudaka bi akheeka wa naj`alu lakumaa sultaanan falaa yasiloona ilaikumaa; bi Aayaatinaa antumaa wa manit taba`akumal ghaaliboon
📖 မြန်မာဘာသာ
ထိုအရှင်မြတ်က ယခုပင် ငါအရှင်မြတ်သည် အသင်၏နောင်တော်ဖြင့် အသင်၏ လက်ရုံးကိုတိုး၍ အားရှိစေတော်မူမည်။ ထိုမှတစ်ပါး ငါအရှင်မြတ်သည် အသင်တို့နှစ်ဦးအား ဂုဏ်အရှိန်တစ်မျိုးကို ချီးမြှင့်ပေးသနားတော်မူ မည်ဖြစ်ရကား ၎င်းတို့သည် အသင်တို့နှစ်ဦးအား မည်သို့မျှ ထိပါးနိုင်ကြမည်မဟုတ်ပေ။ (အသင်တို့နှစ်ဦးသည်)ငါအရှင်မြတ်၏ သက်သေလက္ခဏာတော် များနှင့်တကွ (သွားကြလေကုန်)။ အသင်တို့နှစ်ဦးနှင့်တကွ အသင်တို့နှစ်ဦး၏ နောက်သို့လိုက်ကြသောသူတို့ပင် အောင်နိုင်သူများ ဖြစ်ကြကုန်အံ့သတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ၏ အဓိပ္ပာယ်များ:
  • سَنَشُدُّ عَضُدَكَ: သင့်လက်ရုံးကို ခိုင်ခံ့စေမည်။ ဤနေရာတွင် “လက်ရုံးကို ခိုင်ခံ့စေသည်” ဆိုသည်မှာ အားဖြည့်ပေးသည်၊ ကူညီအားပေးသည်၊ ခွန်အားပေးသည် ဟု ဆိုလိုသည်။
  • عَضُد: လက်ရုံး။ တင်စားသောအားဖြင့် ခွန်အား၊ အကူအညီ၊ အားကိုးရာဟု အဓိပ္ပာယ်ရသည်။
  • سُلْطَانًا: အာဏာ၊ အထောက်အထား၊ သက်သေလက္ခဏာ၊ ခိုင်မာသော အားဖြည့်မှု။
  • فَلَا يَصِلُونَ إِلَيْكُمَا: သူတို့သည် သင်တို့နှစ်ဦးထံ (မကောင်းသောအရာ) မရောက်နိုင်ကြပါ။
  • بِآيَاتِنَا: ငါအရှင်မြတ်၏ သက်သေလက္ခဏာများဖြင့်။
  • الْغَالِبُونَ: အောင်မြင်သူများ၊ လွှမ်းမိုးနိုင်သူများ။
  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်:

အလ္လာဟ်အရှင်မြတ်သည် တမန်တော်မူဆာ (အလိုင်ဟိစ်စလာမ်)၏ ဆုတောင်းကို လက်ခံတော်မူပြီး မိန့်တော်မူခဲ့သည်။ အရှင်မြတ်သည် မူဆာအား သူ၏အစ်ကို ဟာရူန်ဖြင့် ခွန်အားဖြည့်ပေးမည်၊ သူတို့နှစ်ဦးအတွက် အာဏာ၊ အထောက်အထားနှင့် ခိုင်မာသော အားဖြည့်မှုကို ပေးတော်မူမည်။ ထို့ကြောင့် ဖိရ်အောင်နှင့် သူ၏လူများသည် သူတို့နှစ်ဦးထံ မကောင်းသောအရာ မည်သည့်နည်းနှင့်မျှ မရောက်နိုင်ကြပါ။ အရှင်မြတ်၏ သက်သေလက္ခဏာများဖြင့် မူဆာနှင့် ဟာရူန်၊ ထို့အပြင် သူတို့နှစ်ဦးကို နာခံလိုက်လျှောက်သော မုအ်မင်န်များသည် ဖိရ်အောင်နှင့် သူ၏လူများအပေါ် အောင်မြင်လွှမ်းမိုးသူများ ဖြစ်ကြလိမ့်မည်။

  1. ဤအာယသ်တော်မှ ရရှိနိုင်သော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ:
  • အလ္လာဟ်အရှင်မြတ်သည် မိမိထံ ဆုတောင်းပြသော ကျေးကျွန်များ၏ ဆုတောင်းကို လက်ခံတော်မူသည်။ တမန်တော်မူဆာသည် အစ်ကိုကို အကူအညီအဖြစ် ပေးသနားရန် ဆုတောင်းခဲ့ရာ အရှင်မြတ်သည် လက်ခံတော်မူခဲ့သည်။
  • အလ္လာဟ်အရှင်မြတ်သည် မိမိ၏တမန်တော်များကို ခွန်အား၊ အကူအညီနှင့် အောင်မြင်မှုဖြင့် ထောက်ပံ့တော်မူသည်။ ရန်သူများ မည်မျှပင် အားကြီးသော်လည်း အရှင်မြတ်၏ ကူညီမှုရှိလျှင် မုအ်မင်န်များသည် အောင်မြင်သူများ ဖြစ်ကြသည်။
  • မုအ်မင်န်များအတွက် ဤအာယသ်တော်သည် စိတ်အားထက်သန်မှုနှင့် မျှော်လင့်ချက်ကို ပေးသည်။ အခက်အခဲများနှင့် ရင်ဆိုင်ရသောအခါ အလ္လာဟ်အရှင်မြတ်ကို ယုံ


📜 အာယာသ် 33-37 — စူရာ အလ်-ကစာစ်

33قَالَ رَبِّ إِنِّي قَتَلْتُ مِنْهُمْ نَفْسًا فَأَخَافُ أَن يَقْتُلُونِ
ထိုမူစာသည် (ဤသို့) လျှောက်ထား ပန်ကြားခဲ့လေ၏။ အို-ကျွန်တော်မျိုးအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၊ ဧကန်စင်စစ် ကျွန်တော်မျိုးသည် ၎င်းတို့အနက် လူတစ်ယောက်အား သတ်ဖြတ်မိခဲ့သည် ဖြစ်ရကား၊၎င်းတို့သည် ကျွန်တော်မျိုးအား သတ်ဖြတ်ကြမည်ကို ကျွန်တော်မျိုး စိုးရိမ်မိပါသည်။
34وَأَخِي هَارُونُ هُوَ أَفْصَحُ مِنِّي لِسَانًا فَأَرْسِلْهُ مَعِيَ رِدْءًا يُصَدِّقُنِي ۖ إِنِّي أَخَافُ أَن يُكَذِّبُونِ
စင်စစ် ကျွန်တော်မျိုး၏နောင်တော် ဟာရူန်မှာမူကား၊ ၎င်းမှာ စကားပြောဆိုရာ၌ ကျွန်တော်မျိုး ထက်ပို၍ပင် စကားပီသ အာစလျှာစကောင်းသူ ဖြစ်ပါ၏။ အရှင်မြတ်သည် ထိုနောင်တော်အားလည်း ကျွန်တော်မျိုးနှင့်အတူ ကျွန်တော်မျိုးအား ထောက်ခံ(ပြောဆိုနိုင်ရန်) ကူညီရိုင်းပင်းသူအဖြစ် စေလွှတ်တော်မူပါ။ ဧကန်မလွဲ ကျွန်တော်မျိုးသည် မိမိအား ၎င်းတို့က မဟုတ်မမှန်ဟူ၍ စွပ်စွဲငြင်းပယ်ကြမည်ကို စိုးရိမ်မိပါသည်။
35قَالَ سَنَشُدُّ عَضُدَكَ بِأَخِيكَ وَنَجْعَلُ لَكُمَا سُلْطَانًا فَلَا يَصِلُونَ إِلَيْكُمَا ۚ بِآيَاتِنَا أَنتُمَا وَمَنِ اتَّبَعَكُمَا الْغَالِبُونَ
ထိုအရှင်မြတ်က ယခုပင် ငါအရှင်မြတ်သည် အသင်၏နောင်တော်ဖြင့် အသင်၏ လက်ရုံးကိုတိုး၍ အားရှိစေတော်မူမည်။ ထိုမှတစ်ပါး ငါအရှင်မြတ်သည် အသင်တို့နှစ်ဦးအား ဂုဏ်အရှိန်တစ်မျိုးကို ချီးမြှင့်ပေးသနားတော်မူ မည်ဖြစ်ရကား ၎င်းတို့သည် အသင်တို့နှစ်ဦးအား မည်သို့မျှ ထိပါးနိုင်ကြမည်မဟုတ်ပေ။ (အသင်တို့နှစ်ဦးသည်)ငါအရှင်မြတ်၏ သက်သေလက္ခဏာတော် များနှင့်တကွ (သွားကြလေကုန်)။ အသင်တို့နှစ်ဦးနှင့်တကွ အသင်တို့နှစ်ဦး၏ နောက်သို့လိုက်ကြသောသူတို့ပင် အောင်နိုင်သူများ ဖြစ်ကြကုန်အံ့သတည်း။
36فَلَمَّا جَاءَهُم مُّوسَىٰ بِآيَاتِنَا بَيِّنَاتٍ قَالُوا مَا هَٰذَا إِلَّا سِحْرٌ مُّفْتَرًى وَمَا سَمِعْنَا بِهَٰذَا فِي آبَائِنَا الْأَوَّلِينَ
ထို့နောက် မူစာသည် ၎င်းတို့ထံ ငါအရှင်မြတ်၏ ထင်ရှားစွာသော သက်သေလက္ခဏာတော်များကို ဆောင်ကြဉ်းခဲ့လေရာ ၎င်းတို့က ‘ဤသည် အသစ်တီထွင်ဖန်တီးထားသော ပဉ္စလက်အတတ်မျှသာ ဖြစ်သည်။ စင်စစ် ကျွန်ုပ်တို့သည် မိမိတို့၏ ရှေးဟောင်း အဘ၊ ဘိုးဘေးတို့(လက်ထက်)တွင် ဤသို့သောစကား (ရှိခဲ့ဖူးသည်ဟူ၍လည်း) မကြားခဲ့ဖူးကြပါဟု ဆိုကြကုန်၏။
37وَقَالَ مُوسَىٰ رَبِّي أَعْلَمُ بِمَن جَاءَ بِالْهُدَىٰ مِنْ عِندِهِ وَمَن تَكُونُ لَهُ عَاقِبَةُ الدَّارِ ۖ إِنَّهُ لَا يُفْلِحُ الظَّالِمُونَ
၎င်းပြင် မူစာက ပြောကြားခဲ့၏။ ငါ့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် မိမိအထံတော်မှ မည်သူတရားလမ်းညွှန်ကို ဆောင်ကြဉ်းခဲ့သည်ကို လည်းကောင်း၊ဤလောကီဘဝ၏ နောက်ဆုံးအကျိုးသည် မည်သူ့အဖို့ရှိမည်ကို လည်းကောင်း၊ အသိတော်မူဆုံးပင် ဖြစ်တော်မူ၏။ ဧကန်အမှန် မတရားကျူးလွန်သောသူတို့သည် အောင်မြင်မှုကိုရရှိကြမည် မဟုတ်ပေတကား။
အလ်-ကစာစ်ကုရ်အာန် ညွှန်းကိန်း
88အာယာသ်
MeccanRevelation
35အာယာသ်

ဘာသာပြန် — အလ်-ကစာစ် 35

စူရာ အလ်-ကစာစ် အာယာသ် 35 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထိုအရှင်မြတ်က ယခုပင် ငါအရှင်မြတ်သည် အသင်၏နောင်တော်ဖြင့် အသင်၏ လက်ရုံးကိုတိုး၍ အားရှိစေတော်မူမည်။ ထိုမှတစ်ပါး ငါအရှင်မြတ်သည် အသင်တို့နှစ်ဦးအား…

စူရာ အာယာသ် 35/88 — စူရာ အလ်-ကစာစ် القصص (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-ကစာစ် နားထောင်, စူရာ အလ်-ကစာစ် ဘာသာပြန်, စူရာ အလ်-ကစာစ် mp3, စူရာ အလ်-ကစာစ် pdf. အာယာသ် 33–37. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 1, 2026

Don't forget us in your sincere prayers