အလ်-ကစာစ် · 80/88
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-ကစာစ်
وَقَالَ الَّذِينَ أُوتُوا الْعِلْمَ وَيْلَكُمْ ثَوَابُ اللَّهِ خَيْرٌ لِّمَنْ آمَنَ وَعَمِلَ صَالِحًا وَلَا يُلَقَّاهَا إِلَّا الصَّابِرُونَ ۝٨٠
Wa qaalal lazeena ootul `ilma wailakum sawaabul laahi khairul liman aamana wa `amila saalihaa; wa laa yulaq qaahaaa illas saabiroon
📖 မြန်မာဘာသာ
သို့ရာတွင် အသိပညာကို ချီးမြှင့်ပေးသနားတော်မူခြင်း ခံကြရသောသူတို့ကမူကား ‘အသင်တို့၌ (အကျိုးနည်းပါစေ၊) ‘အီမာန်’ သက်ဝင် ယုံကြည်ပြီး ကောင်းမြတ်သောအကျင့်သီလကို ကျင့်မူဆောက်တည်ကြကုန်သောသူတို့အဖို့ အလ္လာဟ်အရှင်မြတ် အထံတော်မှ(ချီးမြှင့်ပေးသနားတော်မူအံ့သော)အကျိုး ‘ဆဝါဗ်’ သည် အကောင်းဆုံးပင် ဖြစ်ပေသည်။သို့ရာတွင် ယင်းအကျိုး ‘ဆဝါဗ်’ကို သည်းခံတရား ထားရှိသောသူတို့သည်သာလျှင် ရရှိကြပေသည်’ဟု ပြောဆိုခဲ့ကြကုန်သတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

၁။ အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ၏ အဓိပ္ပာယ်

  • وَيْلَكُمْ (ဝိုင်လကုမ်) — ဤစကားလုံးသည် မူလအားဖြင့် “ပျက်စီးပါစေ” ဟု ဆိုလိုသော သတိပေးစကားဖြစ်သည်။ နောက်ပိုင်းတွင် “သတိထားကြလော့၊ မှားယွင်းသောလမ်းကို မလိုက်ကြလေနှင့်” ဟု ဆုံးမသော အနက်ဖြင့် အသုံးပြုလာကြသည်။
  • ثَوَابُ اللَّهِ (ဆဝါဗုလ္လာဟ်) — အလ္လာဟ်အရှင်မြတ်ထံတော်မှ ပေးအပ်မည့် အကျိုးဆုလာဘ်ကို ဆိုလိုသည်။
  • وَلَا يُلَقَّاهَا (ဝလာ ယုလက္ကာဟာ) — “ဤစကားကို မည်သူမျှ လက်ခံနိုင်မည် မဟုတ်” သို့မဟုတ် “ဤကောင်းမှုကို မည်သူမျှ ရရှိမည် မဟုတ်” ဟု ဆိုလိုသည်။
  • الصَّابِرُونَ (ဆွာဗိရူန) — စိတ်ရှည်သည်းခံသူများ၊ ခက်ခဲမှုများကို သည်းခံနိုင်သူများကို ဆိုလိုသည်။

၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

ထိုအခါ အသိပညာပေးခံခဲ့ရသူများ — ဆိုလိုသည်မှာ အလ္လာဟ်အရှင်မြတ်နှင့် အရှင့်သာသနာတော်ကို ကောင်းစွာသိရှိပြီး အမှန်တရားကို နားလည်သော ပညာရှင်များ — က ကာရူန်၏ စည်းစိမ်ဥစ္စာများကို မြင်ပြီး “ကာရူန်ရရှိသကဲ့သို့ ငါတို့လည်း ရရှိပါစေသော” ဟု တောင့်တပြောဆိုနေကြသော သူများအား ဤသို့ဆုံးမကြသည်။

“သတိထားကြလော့။ အလ္လာဟ်အရှင်မြတ်ထံတော်မှ ပေးအပ်မည့် အကျိုးဆုလာဘ်သည် အလ္လာဟ်အရှင်မြတ်ကို ယုံကြည်ပြီး ကောင်းမှုကုသိုလ်များကို ပြုလုပ်သူများအတွက် ကာရူန်ရရှိခဲ့သော လောကီစည်းစိမ်ထက် များစွာသာလွန်ကောင်းမွန်သည်။”

ဤဆုံးမစကားကို လက်ခံနာယူပြီး လက်တွေ့ကျင့်သုံးနိုင်သူများမှာ စိတ်ရှည်သည်းခံသူများသာ ဖြစ်ကြသည်။ သူတို့သည် လောကီပစ္စည်းဥစ္စာများ၏ ယာယီသာယာမှုကို စွန့်လွှတ်ပြီး အလ္လာဟ်အရှင်မြတ်ထံတော်တွင် ရှိသော ထာဝရအကျိုးဆုလာဘ်ကို ရွေးချယ်ကာ၊ အရှင်မြတ်၏ အမိန့်တော်များကို လိုက်နာခြင်း၊ တားမြစ်ချက်များကို ရှောင်ကြဉ်ခြင်းတွင် စိတ်ရှည်စွာ ခံနိုင်ရည်ရှိကြသူများ ဖြစ်သည်။

၃။ ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ

  • လောကီစည်းစိမ်ထက် နောင်တမလွန်ဘဝ၏ အကျိုးဆုလာဘ်က ပို၍တန်ဖိုးရှိသည်။ ကာရူန်ကဲ့သို့ လောကီဥစ္စာများ ပိုင်ဆိုင်ခြင်းသည် ယာယီသာဖြစ်ပြီး၊ အလ္လာဟ်အရှင်မြတ်ထံတော်တွင် ယုံကြည်သူနှ


📜 အာယာသ် 78-82 — စူရာ အလ်-ကစာစ်

78قَالَ إِنَّمَا أُوتِيتُهُ عَلَىٰ عِلْمٍ عِندِي ۚ أَوَلَمْ يَعْلَمْ أَنَّ اللَّهَ قَدْ أَهْلَكَ مِن قَبْلِهِ مِنَ الْقُرُونِ مَنْ هُوَ أَشَدُّ مِنْهُ قُوَّةً وَأَكْثَرُ جَمْعًا ۚ وَلَا يُسْأَلُ عَن ذُنُوبِهِمُ الْمُجْرِمُونَ
ထို ‘ကာရူန်’ က ငါသည် ဤ(ဥစ္စာပစ္စည်းရွှေငွေဘဏ္ဍာများ)ကို မိမိအတတ်ပညာတစ်ခုကြောင့် ရရှိခဲ့ခြင်းသာဖြစ်သည်ဟု ဆိုခဲ့လေ၏။ မုချဧကန် အလ္လာဟ်အရှင်မြတ်သည် ၎င်း၏အလျင် ၎င်းထက် ပိုမို၍ပင် ခွန်အားဗလအားဖြင့် ပြင်းထန်လှသည့်ပြင် အခြွေအရံအားဖြင့်လည်း ၎င်းထက်ပိုမို၍ များပြားသောမျိုးဆက်တို့အား ဖျက်ဆီးတော်မူခဲ့ကြောင်းကို ကာရူန်သည် မသိခဲ့လေသလော။ အပြစ်ရှိသော သူတို့အား ၎င်းတို့၏ ပြစ်မှုများနှင့်စပ်လျဉ်း၍(စုံစမ်းသည့်အနေဖြင့်) မေးမြန်းရန်ပင်လိုလိမ့်မည် မဟုတ်ပေတကား။
79فَخَرَجَ عَلَىٰ قَوْمِهِ فِي زِينَتِهِ ۖ قَالَ الَّذِينَ يُرِيدُونَ الْحَيَاةَ الدُّنْيَا يَا لَيْتَ لَنَا مِثْلَ مَا أُوتِيَ قَارُونُ إِنَّهُ لَذُو حَظٍّ عَظِيمٍ
ထို့နောက် ထို’ကာရူန်’သည် မိမိအမျိုးသားတို့ရှေ့ဝယ် မိမိအခမ်းအနားနှင့်တကွ ထွက်ခဲ့လေ၏။ (ထိုအခါ) လောကီဘဝကို အလိုရှိသူတို့က ‘ဪ-ကာရူန်ရရှိခဲ့သော ဥစ္စာပစ္စည်း (အခမ်းအနား)မျိုးသည် ကျွန်ုပ်တို့၌လည်းရှိခဲ့လျှင် ကောင်းလေစွ၊ ဧကန်မလွဲ ထိုကာရူန်မှာ ကြီးကျယ်စွာသော အကြောင်းလှခြင်းကို ပိုင်ဆိုင်သူ ဖြစ်ပေသည်တကား’ ဟုဆိုခဲ့ကြကုန်၏။
80وَقَالَ الَّذِينَ أُوتُوا الْعِلْمَ وَيْلَكُمْ ثَوَابُ اللَّهِ خَيْرٌ لِّمَنْ آمَنَ وَعَمِلَ صَالِحًا وَلَا يُلَقَّاهَا إِلَّا الصَّابِرُونَ
သို့ရာတွင် အသိပညာကို ချီးမြှင့်ပေးသနားတော်မူခြင်း ခံကြရသောသူတို့ကမူကား ‘အသင်တို့၌ (အကျိုးနည်းပါစေ၊) ‘အီမာန်’ သက်ဝင် ယုံကြည်ပြီး ကောင်းမြတ်သောအကျင့်သီလကို ကျင့်မူဆောက်တည်ကြကုန်သောသူတို့အဖို့ အလ္လာဟ်အရှင်မြတ် အထံတော်မှ(ချီးမြှင့်ပေးသနားတော်မူအံ့သော)အကျိုး ‘ဆဝါဗ်’ သည် အကောင်းဆုံးပင် ဖြစ်ပေသည်။သို့ရာတွင် ယင်းအကျိုး ‘ဆဝါဗ်’ကို သည်းခံတရား ထားရှိသောသူတို့သည်သာလျှင် ရရှိကြပေသည်’ဟု ပြောဆိုခဲ့ကြကုန်သတည်း။
81فَخَسَفْنَا بِهِ وَبِدَارِهِ الْأَرْضَ فَمَا كَانَ لَهُ مِن فِئَةٍ يَنصُرُونَهُ مِن دُونِ اللَّهِ وَمَا كَانَ مِنَ الْمُنتَصِرِينَ
ထို့နောက် ငါအရှင်မြတ်သည် ထို ‘ကာရူန်’အား၎င်း၏အိမ်နှင့်တကွ မြေမျိုစေတော်မူခဲ့ရာ၊ အလ္လာဟ်အရှင်မြတ်နှင့်ယှဉ်ပြိုင်၍ ၎င်းအား ကူညီစောင်မမည့် အစုလည်းမရှိခဲ့ပေ။ ၎င်းကိုယ်တိုင်လည်း (မိမိ ကိုယ်ကို) ကယ်တင်နိုင်ခဲ့သည်မဟုတ်ပေ။
82وَأَصْبَحَ الَّذِينَ تَمَنَّوْا مَكَانَهُ بِالْأَمْسِ يَقُولُونَ وَيْكَأَنَّ اللَّهَ يَبْسُطُ الرِّزْقَ لِمَن يَشَاءُ مِنْ عِبَادِهِ وَيَقْدِرُ ۖ لَوْلَا أَن مَّنَّ اللَّهُ عَلَيْنَا لَخَسَفَ بِنَا ۖ وَيْكَأَنَّهُ لَا يُفْلِحُ الْكَافِرُونَ
ထိုမှတစ်ပါး ယမန်နေ့က ၎င်းကဲ့သို့ဖြစ်ရန် တပ်မက်တောင့်တခဲ့ကြသော သူတို့က ‘ဪ-အံ့ပါဘိ။ အလ္လာဟ်အရှင်မြတ်သည် မိမိအလိုရှိတော်မူသောသူအား စားနပ်ရိက္ခာကို ကျယ်ပြန့်စွာ ချီးမြှင့်ပေးသနားတော်မူ၍ (မိမိအလိုမရှိတော်မူသောသူအား) ကျပ်တည်းစေတော်မူပါသည်။ အကယ်၍သာ အလ္လာဟ်အရှင်မြတ်သည် ကျွန်ုပ်တို့အပေါ်၌ ကျေးဇူးပြုတော်မမူခဲ့ပါလျှင် ကျွန်ုပ်တို့အားလည်း မြေမျိုစေတော်မူခဲ့မည်သာဖြစ်ပေသည်။ ဪ-အကျိုးနည်းလေခြင်း၊ ‘ကာဖိရ်’ သွေဖည်ငြင်းပယ်သောသူတို့မှာ အောင်မြင်ကြသည် မဟုတ်ပေတကား’ဟု ပြောဆိုကြကုန်သတည်း။
အလ်-ကစာစ်ကုရ်အာန် ညွှန်းကိန်း
88အာယာသ်
MeccanRevelation
80အာယာသ်

ဘာသာပြန် — အလ်-ကစာစ် 80

စူရာ အလ်-ကစာစ် အာယာသ် 80 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : သို့ရာတွင် အသိပညာကို ချီးမြှင့်ပေးသနားတော်မူခြင်း ခံကြရသောသူတို့ကမူကား ‘အသင်တို့၌ (အကျိုးနည်းပါစေ၊) ‘အီမာန်’ သက်ဝင် ယုံကြည်ပြီး ကောင်းမြတ်သောအကျင့်သီလကို…

စူရာ အာယာသ် 80/88 — စူရာ အလ်-ကစာစ် القصص (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-ကစာစ် နားထောင်, စူရာ အလ်-ကစာစ် ဘာသာပြန်, စူရာ အလ်-ကစာစ် mp3, စူရာ အလ်-ကစာစ် pdf. အာယာသ် 78–82. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 1, 2026

Don't forget us in your sincere prayers