အလ်-အန်ကာဘူတ် · 14/69
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-အန်ကာဘူတ်
وَلَقَدْ أَرْسَلْنَا نُوحًا إِلَىٰ قَوْمِهِ فَلَبِثَ فِيهِمْ أَلْفَ سَنَةٍ إِلَّا خَمْسِينَ عَامًا فَأَخَذَهُمُ الطُّوفَانُ وَهُمْ ظَالِمُونَ ۝١٤
Wa laqad arsalnaa Noohan ilaa qawmihee falabisa feehim alfa sanatin illaa khamseena `aaman fa akhazahumut toofaanu wa hum zaalimoon
📖 မြန်မာဘာသာ
ထို့ပြင် မလွဲဧကန် ငါအရှင်မြတ်သည် ‘နူဟ်’အား ၎င်း၏အမျိုးသားတို့ထံ(ရစူလ်တမန်တော်အဖြစ်)စေလွှတ်တော်မူခဲ့ရာ ထိုနူဟ်သည် ၎င်းတို့တွင် နှစ်ပေါင်းကိုးရာငါးဆယ်တိုင်တိုင် နေထိုင်ခဲ့လေ၏။ ထို့နောက် ရေလွှမ်းမိုးခြင်း(ပြစ်ဒဏ်)သည် ၎င်းအမျိုးသားတို့အား ဖမ်းဆီးကွပ်မျက်ခဲ့လေ၏။ အမှန်သော်ကား ထိုအမျိုးသားတို့မှာ မတရားသောသူများပင် ဖြစ်ခဲ့ကြကုန်၏။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

၁) အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော စကားလုံးများ၏ အဓိပ္ပာယ်

  • أَرْسَلْنَا : ငါအရှင်မြတ်သည် စေလွှတ်တော်မူခဲ့သည်။
  • فَلَبِثَ : ထို့နောက် သူသည် နေထိုင်ခဲ့သည်၊ ဆက်လက်ရှိနေခဲ့သည်။
  • الطُّوفَان : လွှမ်းမိုးဖုံးလွှမ်းသော ရေလွှမ်းမိုးမှုကြီး၊ ရေကြီးရေလျှံမှု။
  • ظَالِمُون : မတရားသူများ၊ မိမိတို့ကိုယ်ကို မတရားပြုသူများ (ဤနေရာတွင် အလ္လာဟ်အရှင်မြတ်ကို ငြင်းပယ်၍ရုပ်တုကိုးကွယ်သူများကို ဆိုလိုသည်)။

၂) အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

အလ္လာဟ်အရှင်မြတ်သည် တမန်တော်နူးဟ် (အလိုင်ဟိစ်စလာမ်) ကို သူ၏လူမျိုးများထံသို့ စေလွှတ်တော်မူခဲ့သည်။ သူသည် သူတို့အကြားတွင် ကိုးရာ့ငါးဆယ်နှစ် (အနှစ် တစ်ထောင်မှ ငါးဆယ်နှစ်ကို နုတ်လျှင် ကျန်သော ကာလ) နေထိုင်ခဲ့သည်။ ထိုကာလတစ်လျှောက်လုံး သူသည် သူတို့ကို အလ္လာဟ်အရှင်မြတ် တစ်ဆူတည်းကိုသာ ကိုးကွယ်ရန် ဖိတ်ခေါ်ခဲ့သည်။ သို့သော် သူတို့သည် သူ့ကို ငြင်းပယ်ခဲ့ကြပြီး ရုပ်တုကိုးကွယ်မှုနှင့် မကောင်းမှုများတွင် ဆက်လက်ကျူးလွန်နေခဲ့ကြသည်။ နှစ်ပေါင်းများစွာ ကြိုးစားဖိတ်ခေါ်ခဲ့သော်လည်း သူတို့သည် လမ်းမှန်သို့ မလာခဲ့ကြပေ။ နောက်ဆုံးတွင် အလ္လာဟ်အရှင်မြတ်သည် သူတို့အပေါ် ကြီးမားသော ရေလွှမ်းမိုးမှုကြီးကို စေလွှတ်တော်မူခဲ့သည်။ ထိုရေလွှမ်းမိုးမှုကြီးသည် သူတို့အားလုံးကို ဖုံးလွှမ်းသွားပြီး သူတို့သည် ရေနစ်မြုပ်ခြင်းဖြင့် ပျက်စီးခဲ့ကြရသည်။ အကြောင်းမှာ သူတို့သည် အလ္လာဟ်အရှင်မြတ်ကို ငြင်းပယ်၍ မိမိတို့ကိုယ်ကို မတရားပြုခဲ့ကြသောကြောင့် ဖြစ်သည်။

၃) ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ

  • အလ္လာဟ်အရှင်မြတ်သည် မိမိ၏တမန်တော်များကို လူမျိုးများထံသို့ စေလွှတ်တော်မူပြီး လူသားများကို လမ်းမှန်သို့ ပို့ဆောင်ရန် အမြဲတမ်း ကြင်နာတော်မူကြောင်း သိရှိရသည်။
  • တမန်တော်နူးဟ် (အလိုင်ဟိစ်စလာမ်) သည် နှစ်ပေါင်း ၉၅၀ တိတိ ဇွဲလုံ့လဖြင့် ဖိတ်ခေါ်ခဲ့သော်လည်း လူမျိုးများက မလိုက်နာခဲ့ကြပေ။ ဤသည်မှာ ဒါအီသ် (ဖိတ်ခေါ်သူ) များအတွက် စိတ်ရှည်ရန် သင်ခန်းစာဖြစ်သည်။
  • အလ္လာဟ်အရှင်မြတ်ကိ


📜 အာယာသ် 12-16 — စူရာ အလ်-အန်ကာဘူတ်

12وَقَالَ الَّذِينَ كَفَرُوا لِلَّذِينَ آمَنُوا اتَّبِعُوا سَبِيلَنَا وَلْنَحْمِلْ خَطَايَاكُمْ وَمَا هُم بِحَامِلِينَ مِنْ خَطَايَاهُم مِّن شَيْءٍ ۖ إِنَّهُمْ لَكَاذِبُونَ
စင်စစ် ‘ကာဖိရ်’သွေဖည်ငြင်းပယ်သော သူတို့က’မုအ်မင်န်’ သက်ဝင်ယုံကြည်သောသူတို့အား ‘အသင်တို့သည် ကျွန်ုပ်တို့၏ လမ်းစဉ်လိုက်နာကြလေကုန်၊ ကျွန်ုပ်တို့သည် အသင်တို့၏ ပြစ်မှုများကို ထမ်းရွက်ကြမည်’ ဟု ဆိုကြကုန်၏။စင်စစ်သော်ကား ၎င်းတို့သည် ထိုမုအ်မင်န် သက်ဝင်ယုံကြည်သူတို့၏ ပြစ်မှုများအနက်မှ အနည်းငယ်(သောပြစ်မှု) ကိုမျှပင် ထမ်းရွက်နိုင်ကြမည့်သူများ မဟုတ်ပေ။ စင်စစ်ဧကန် ၎င်းတို့သည် မုသာဝါဒီများပင် ဖြစ်ကြကုန်၏။
13وَلَيَحْمِلُنَّ أَثْقَالَهُمْ وَأَثْقَالًا مَّعَ أَثْقَالِهِمْ ۖ وَلَيُسْأَلُنَّ يَوْمَ الْقِيَامَةِ عَمَّا كَانُوا يَفْتَرُونَ
သို့ရာတွင် မုချစင်စစ် ၎င်းတို့သည် မိမိတို့၏ဝန်များကို လည်းကောင်း၊ မိမိတို့၏ဝန်များနှင့်အတူ အခြားသောဝန်များကို လည်းကောင်း၊ ထမ်းဆောင်ကြပေမည်။ ထိုမှတစ်ပါး မချွတ်ဧကန် ၎င်းတို့သည် ‘ကိယာမတ်’ ရှင်ပြန်ထမည့်နေ့တွင် မိမိတို့ လီဆယ်ဖန်တီးခဲ့ကြကုန်သော အရာများနှင့်စပ်လျဉ်း၍ စစ်ဆေးမေးမြန်းခြင်းကိုလည်း ခံကြရကုန်အံ့သတည်း။
14وَلَقَدْ أَرْسَلْنَا نُوحًا إِلَىٰ قَوْمِهِ فَلَبِثَ فِيهِمْ أَلْفَ سَنَةٍ إِلَّا خَمْسِينَ عَامًا فَأَخَذَهُمُ الطُّوفَانُ وَهُمْ ظَالِمُونَ
ထို့ပြင် မလွဲဧကန် ငါအရှင်မြတ်သည် ‘နူဟ်’အား ၎င်း၏အမျိုးသားတို့ထံ(ရစူလ်တမန်တော်အဖြစ်)စေလွှတ်တော်မူခဲ့ရာ ထိုနူဟ်သည် ၎င်းတို့တွင် နှစ်ပေါင်းကိုးရာငါးဆယ်တိုင်တိုင် နေထိုင်ခဲ့လေ၏။ ထို့နောက် ရေလွှမ်းမိုးခြင်း(ပြစ်ဒဏ်)သည် ၎င်းအမျိုးသားတို့အား ဖမ်းဆီးကွပ်မျက်ခဲ့လေ၏။ အမှန်သော်ကား ထိုအမျိုးသားတို့မှာ မတရားသောသူများပင် ဖြစ်ခဲ့ကြကုန်၏။
15فَأَنجَيْنَاهُ وَأَصْحَابَ السَّفِينَةِ وَجَعَلْنَاهَا آيَةً لِّلْعَالَمِينَ
ထို့နောက် ငါအရှင်မြတ်သည် ထို’နူဟ်’ အားလည်းကောင်း၊ သင်္ဘော၌ပါရှိခဲ့သောသူတို့အား လည်းကောင်း၊ ကယ်တင်တော်မူခဲ့၏။ ထိုမှတစ်ပါး ငါအရှင်မြတ်သည် ထိုသင်္ဘောကို ကမ္ဘာသူကမ္ဘာသား ခပ်သိမ်းတို့အဖို့ သက်သေလက္ခဏာတစ်ရပ် ပြုလုပ်တော်မူခဲ့ပေသတည်း။
16وَإِبْرَاهِيمَ إِذْ قَالَ لِقَوْمِهِ اعْبُدُوا اللَّهَ وَاتَّقُوهُ ۖ ذَٰلِكُمْ خَيْرٌ لَّكُمْ إِن كُنتُمْ تَعْلَمُونَ
ထိုမှတစ်ပါး အိဗ်ရာဟီမ်အား(လည်းငါအရှင်မြတ်သည် ရစူလ်တမန်တော်အဖြစ် စေလွှတ်တော်မူခဲ့၏။)အကြင်အခါဝယ် ထိုအီဗ်ရာဟီမ်သည် မိမိ အမျိုးသားတို့အား(ဤသို့) ပြောကြားခဲ့လေ၏။ (အချင်းတို့၊) အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ဆည်းကပ်ကိုးကွယ်ကြလေကုန်။ ၎င်းပြင် အသင်တို့သည် ထိုအရှင်မြတ်အား ခန့်ညားကြောက်ရွံ့ကြလေကုန်။ အကယ်၍ အသင်တို့သည် သိရှိကြလေသော် ဤသည် အသင်တို့အဖို့ အကောင်းဆုံးပင် ဖြစ်ပေသည်။
အလ်-အန်ကာဘူတ်ကုရ်အာန် ညွှန်းကိန်း
69အာယာသ်
MeccanRevelation
14အာယာသ်

ဘာသာပြန် — အလ်-အန်ကာဘူတ် 14

စူရာ အလ်-အန်ကာဘူတ် အာယာသ် 14 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထို့ပြင် မလွဲဧကန် ငါအရှင်မြတ်သည် ‘နူဟ်’အား ၎င်း၏အမျိုးသားတို့ထံ(ရစူလ်တမန်တော်အဖြစ်)စေလွှတ်တော်မူခဲ့ရာ ထိုနူဟ်သည် ၎င်းတို့တွင် နှစ်ပေါင်းကိုးရာငါးဆယ်တိုင်တိုင် နေထိုင်ခဲ့လေ၏။ ထို့နောက်…

စူရာ အာယာသ် 14/69 — စူရာ အလ်-အန်ကာဘူတ် العنكبوت (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-အန်ကာဘူတ် နားထောင်, စူရာ အလ်-အန်ကာဘူတ် ဘာသာပြန်, စူရာ အလ်-အန်ကာဘူတ် mp3, စူရာ အလ်-အန်ကာဘူတ် pdf. အာယာသ် 12–16. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Friday, October 2, 2026

Don't forget us in your sincere prayers